Friday, March 20, 2009 ၈။ စကြာဝဠာရဲ့  သဘာဝဟာ ခန္တီသစ္စာမေတ္တာ ဟုတ်ရဲ့ လား?

စကြာဝဠာရဲ့ သဘာဝ ဆိုတာတွေဟာ လီဟုန်ကြည်ရဲ့  ဓမ္မလား? ခန္တီ, သစ္စာနဲ့  မေတ္တာ၊ သည်သုံးပါးဟာ စကြာဝဠာရဲ့ သဘာဝလို့  အခွင့်သင့်တိုင်း လီဟုန်ကြည်ပြောတာ တွေ့ ရပါ တယ်။

ဒါကို လီဟုန်ကြည် ဘယ်ကရလို့ သိတာလဲ? ခန္တီ,သစ္စာ, မေတ္တာ သည်သုံးပါဟာ စကြာဝဠာ ရဲ့  သဘာဝ ဖြစ်တယ်ဆိုရင် စကြာဝဠာက ဘယ်လိုဖြစ်နေပြီး အဲဒီသဘာဝတွေက ဘယ်လိုဖြစ်နေလို့ လဲ? သည်မေးခွန်းတွေ လီဟုန်ကြည်ဆီ ရောက်တယ်။

စကြာဝဠာဆိုတာ သြကာသလောကကြီးရဲ့  အမည်ပဲ။ ဒါပေမဲ့ သြကာသလောကကြီးပေါ်မှာ နေကြသူတွေရဲ့  အမည်ကို သြကာသကြီးမှာ တင်စားပြီး သြကာသလောကဖြစ်တဲ့ စကြာဝဠာ ကြီးလို့  ဋ္ဌာနျူပစာစကား ဆိုရင်တော့ လူတွေဟာ စကြာဝဠာဆိုတဲ့ စကားရဲ့ အနက် ဖြစ်မှာပဲ။ ကမ္ဘာပေါ်ရှိ လူများ စစ်ဖြစ်နေကြတာကို ကမ္ဘာစစ်ဖြစ်တယ် ပြောရ တာမျိုးပေါ့။

စကြာဝဠာဆိုတာကြီးကတော့ သက်မဲ့သြကာသကြီး ဖြစ်တဲ့အတွက် ခန္တီတာ၊ မခန္တီတာတွေနဲ့  သစ္စာတာ၊ မိစ္ဆာတာတွေရော၊ မေတ္တာ တာ၊ ဒေါထတာတွေပါ ဘာမှလုပ်နိုင်မှာ မဟုတ်တာတွေပဲ။ ဒါကြောင့် စကြာဝဠာရဲ့  အရဟာ လူတွေပဲဖြစ်ပါတယ်။ သည်ထက်ပိုရင် သက်ရှိခပ်သိမ်းပေါ့။ ထားပါတော့၊ သက်ရှိခပ်သိမ်းရဲ့  ဦးဆောင်ဟာ လူလို့  ပြောတာလောက်မို့  လူပဲ ဆိုနိုင်ပါတယ်။

စကြ၀ဠာဆိုတာကြီးကတော့ သက်မဲ့ သြကာသကြီး ဖြစ်တဲ့အတွက် ခန္တီတာ မခန္တီတာတွေနဲ့  သစ္စာတာ မိစ္ဆာတာတွေရော၊ မေတ္တာ တာ၊ ဒေါထတာတွေပါ ဘာမှ လုပ်နိုင်မှာမဟုတ်တာတွေ ပဲ။ ဒါကြောင့် စကြ၀ဠာရဲ့ အရဟာလူတွေပဲ ဖြစ်ပါမယ်။ သည်ထက်ပိုရင် သက်ရှိခပ်သိမ်းပေါ့။ ထားပါတော့ သက်ရှိခပ်သိမ်းရဲ့ ဦးဆောင်ဟာ လူလို့  ပြောတာလောက်မို့  လူပဲ ဆိုနိုင်ပါတယ်။

စကြ၀ဠာဟာ လူဆိုရင် လူဟာ ခန္တီ၊ သစ္စာ၊ မေတ္တာ သဘာဝ ရှိသလား? သည်နေရာမှာ သဘာဝရဲ့ အနက် ဖွင့်ကြည့်ဦးမှပဲ။

“သဘာဝ” ဆိုတာ သ-နဲ့  ဘာဝ- စကားနှစ်လုံးပေါင်း စကားလုံးပဲ။ ဘာဝ- ဆိုတာ ဗမာလို အဖြစ်လို့  အဓိပ္ပါယ်ရတယ်။ သ-ကတော့ ရှိတယ်ပေါ့။ အဓိပ္ပါယ်က “ အဖြစ်ရှိတယ်” ဆိုတော့ သူ့ ဟာသူ ဘာကမှ မပြုပြင်ဘဲ ဖြစ်ရှိနေမှုပဲ။

လူဟာ ခန္တီ၊ သစ္စာ၊ မေတ္တာတွေ ဖြစ်ရှိနေသူလား?
သည်မေးခွန်းကို ဖြေကြည့်မည့် သူတိုင်းဟာ ဘယ်ကလာ- လို့  ဖြစ်မှာလဲ။ လူတွေရဲ့ ခန္တီမဲ့တဲ့ အဖြစ်၊ သစ္စာ မေတ္တာတွေမဲ့တဲ့ အဖြစ်တွေပဲ လူတွေရင်ဆိုင်နေကြရလို့ ပဲ။ သည်လို ဖြစ်လျက် ထူးခြားစွာပဲ လီဟုတ်ကြည်က စကြ၀ဠာရဲ့ သဘာဝဟာ ခန္တီ၊ သစ္စာ၊ မေတ္တာလို့  ပြောလိုက်တာ ဟာ ဘာကို မြင်လို့  ပြောလိုက်တာလဲ? ဘယ်လိုမြင်လို့  ပြောလိုက်တာလဲ?

သည်လို အမြင်များမြင်အောင် ဘာတွေ လုပ်ရသလဲ?
အဲသည်အလုပ်ကို ဘယ်သူ့ ညွှန်ပြချက်ရလို့  လုပ်တာလဲ?
ဘယ်သူ့  ညွှန်ပြချက်မှ မရဘဲ လီဟုန်ကြည်ဟာဘာ လုပ်တာလား?
လီဟုန်ကြည်ဟာ ဗုဒ္ဓတရားဟောသူအဖြစ် ရပ်တည်ပြတာ တွေ့ ရပါတယ်။ သည်တော့ လီဟုန်ကြည်ဟာ ဗုဒ္ဓဘာသာဖြစ်ဖို့  ရှိပါတယ်။ ဗုဒ္ဓဘာသာဟာ ဗုဒ္ဓဘုရားရဲ့ အလင်းရောင် ညွှန်ပြချက်ရကြသူတွေ ဖြစ်ပါတယ်။

သည်တော့ လီဟုန်ကြည်လည်း စကြ၀ဠာရဲ့ သဘာဝတွေဖြစ်တဲ့ ခန္တီ၊ သစ္စာ၊ မေတ္တာတွေကို မမြင်နေကြသူတွေထဲက ထွက်ခွာပြီး မြင်သူဖြစ်တာဟာ ဗုဒ္ဓဘုရားရဲ့ ညွှန်ပြချက် ရလို့ လား ထင်မှတ်ဖွယ် ရှိပါတယ်။

ဒါကို လီဟုန်ကြည်က ခေါင်းငြိမ့်ချင် ငြိမ့်မှာပဲ။ ခေါင်းခါချင် ခါမှာ ဖြစ်ပါတယ်။ ခေါင်းခါရင် လီဟုန်ကြည်နဲ့  ဗုဒ္ဓဘုရားဟာ ဘာမှ အဆက်အစပ် မရှိသူ ဖြစ်ပါမယ်။ ခေါင်းငြိမ့်လျင် စကြ၀ဠာရဲ့ သဘာဝကို ဘုရားညွှန်ပြချက် ထောက်ပြဖို့  တာဝန်ကျပါတယ်။

ဗုဒ္ဓဘုရားက စကြ၀ဠာရဲ့ သဘာဝဖြစ်တဲ့ လူ့ သဘာဝဟာ ခန္တီဖြစ်တယ်၊ သစ္စာ၊ မေတ္တာတွေ ဖြစ်တယ်၊ ဒါတွေကို လူတွေမသိ မမြင်ကြတာ ကိလေသာတွေ ဖုံးနေလို့ ပဲ၊ ဒါကို မြင်အောင် ဘာတွေ လုပ်ရမယ် - ဆိုတာမျိုး ပြောခဲ့ကောင်း ပြောခဲ့တန်ရာပါတယ်။ သည်လိုပြောခဲ့ တာမျိုး ရှိတယ် ဆိုရင် အဲဒါကိုများ လီဟုန်ကြည် တွေ့ မိဖူးသလား? တွေ့ မိတယ် ဆိုရင် တွေ့ မိချက် အရင်းအတိုင်း လီဟုန်ကြည် ပြောဖို့  တာဝန်ရှိပါတယ်။

ဗုဒ္ဓဘုရားဟာ စကြ၀ဠာရဲ့ သဘာဝကို တွေ့ စေနိုင်တယ်- ဆိုတာမျိုး ဟောပြောကောင်း ဟော ပြောမှာပဲ။ တကယ်လို့  ဟောပြောလည်း အဲသည်ဟောပြောချက်ကို လီဟုန်ကြည် တွေ့ ဖူး မယ် မထင်မိဘူး။ သည်လိုပြောလိုက်တာဟာ အကြောင်းမဲ့ မဟုတ်ပါဘူး။ သူ့ ညွှန်ပြချက်တွေ ကြည့်ပြီး ပြောလိုက်တာပါ။

လီဟုန်ကြည်ရဲ့ ညွှန်ပြချက်မှာ တန်ခိုးကျင့်စဉ်ကို များစွာ အားမပေးတာ တွေ့ ရတယ်။ စကြ၀ဠာရဲ့ သဘာဝမြင်ဖို့  အကျင့်အဖြစ် ပါရမီတွေ ဆိုတာမျိုး ဖြစ်နေတာ တွေ့ ရတယ်။

အဲသည် ပါရမီတွေ ဖြစ်နိုင်ဖို့  အမြင်ပိုင်း မြင်ပြတာ အဖြစ်လည်း အချက်နှစ်ချက် တွေ့ ရတယ်။
(၁) ပဌမတစ်ချက်က နောက်နဲ့ နောင် ဖြစ်ပွားမယ့် အချက်တွေ မြင်ပြတာပဲ။
(၂) ဒုတိယအချက်က မတရားပြုသူ ရဲ့ အပြုကို ခံရသူဟာ ကုသိုလ်ကောင်းမှုတွေ ဖြစ်သွား တယ် ဆိုတာမျိုးပဲ။

“မသေခင်က ကောင်းတာလုပ်သူဟာ သေပြီးနောင်မှာ ရမည့်ကောင်းကျိုးတွေကို မြင်ပြီး ကောင်းမှု ပါရမီတွေ လုပ်ကြဖို့ နဲ့  သူတပါးရဲ့ မတရား အပြုအမူ ခံရသူဟာလည်း ခံရတဲ့ အတွက် အကျိုးယုတ်သလိုဖြစ်ပြီး မခံနိုင်ကြမှာကို ခံနိုင်အောင် မြင်ပြတဲ့ အနေနဲ့  မတရား ပြုသူဟာ ပြုတဲ့ အတွက် ကောင်းမှုတွေ ပဲ့ထွက်သွားခံရတာ တွေကို အပြုခံရသူက အဲသည် အပဲ့တွေ ရတယ်” - လို့  မြင်ပြချက်အရ ပါရမီကုသိုလ်တွေ လုပ်ကြဖို့ ပေါ့။

ဒါတွေကို ဘယ်လောက် ညွန်ပြသလဲဆိုရင် “ ဒါတွေကို လုပ်ဆဲမှာသာလုပ်နေတာ မဟုတ်ဘူး။ လုပ်ပြီးသူလည်း လုပ်နေတာ ဖြစ်တယ်” -လို့ အထိပဲ။ သည်အထိညွှန်ပြချက်ဟာ မှားကောင်း မှားမယ်။ ဒါပေမယ့် သည်ညွှန်ပြချက်အဖြစ် မြင်ပြချက်တွေ မှန်ကြောင်း လီဟုန်ကြည် အနေနဲ့  သက်သေ ပြစရာမရှိ ဖြစ်နေဖို့  ရှိတယ်။

Website counter

Back to TOP