၇။ ဓမ္မစက်လည်တယ်ဆိုတာ

လီဟုန်ကြည်ဟာ ဓမ္မစက်လှည့်ပတ်တယ်လို့  ပြောတယ်
ဘယ်ဟာက ဓမ္မလဲ?
အဲသည် ဓမ္မက ဘာတွေနဲ့  စက်ဖြစ်တာလဲ?
ဘယ်လို လည်ပတ်တာလဲ?

ဓမ္မစက် လည်စေချင်တယ် ဆိုလျင် ဘယ်ဟာ ဓမ္မဖြစ်တယ်၊ ဘာတွေနဲ့ စက်ဖြစ်တယ်၊ ဘယ်လို လည်ပတ်တယ် ပြဖို့ လိုပါတယ်။

ဗုဒ္ဓဘုရားရဲ့ ဓမ္မစက်လည်ပတ်မှု ပြချက်ဖြစ်တဲ့ ဓမ္မစက္ကပ၀တ္တနမှာ သည်မေးခွန်းတွေရဲ့ အဖြေ ဖြစ်တဲ့ ပြချက်တွေ ရှင်းရှင်းလင်းလင်း တွေ့ ရတယ်။ ဗုဒ္ဓဘုရားက သမ္မာတဲ့ လူ့ အမှု ရှစ်ချက် ကို လူဆောင်ရမည့် အဆောင်ဓမ္မအဖြစ် ဟောပြောခဲ့တယ်။ အဲသည် ဓမ္မဆောင်ရင် ဆောင်သူဟာ လွတ်မြောက်တယ်။ လွတ်မြောက်လို့  လွတ်မြောက်သူဟာ လွတ်မြောက် ကြောင်းဓမ္မကို ဆောင်သူ ဖြစ်တယ်။ ဆောင်သူဖြစ်လို့  - လွတ်၊ လွတ်လို့ - ဆောင်သူဖြစ်၊ သည်လို လည်ပတ်တယ်။

မြန်မာမှာ ဒါကို စကားပုံတခုပြောရတဲ့ အထိရှိတယ်။ * “တရားဆောင်လို့  တရားဆောင်သူ ဟာ တရားရဲ့ အဆောင် ခံရတယ်” လို့ ပဲ။ တရားကို ဆောင်လို့  တရားဆောင်သူကို တရားက ပြန်ဆောင် တယ်ဆိုတဲ့ သဘောပဲ။ ဒါ လည်ပတ်ပုံပေါ်လွင်စေတဲ့ စကားပုံပေါ့။

သည်လို တရားနဲ့  တရားလည်ပတ်မှုကို ဗုဒ္ဓဘုရား ဟောပြောသလို အဲသည်လို လည်ပတ်မှု ဟာ ဘယ်လိုတွေနဲ့  စက်ဖြစ်တာလဲ - ဆိုတာရဲ့ အဖြေလည်း ဗုဒ္ဓဘုရား ဟောပြောတာပဲ။

သမာတဲ့ လူ့ အမှုအခြင်းအရာ ရှစ်ချက်ကို ဆောင်လိုက်တာကြောင့် မသမာကြတဲ့ လူ့ အမှု အခြင်းအရာတွေရဲ့ အပြစ်အနာအဆာတွေဟာ အသိခံတွေအဖြစ် အသိအမြင် ခံလာကြရတယ်။

သည်လို အသိခံထိလာတော့ သည်မသမာတဲ့ လူ့ အမှု အခြင်းအရာတွေပေါ်မှာ လွဲလွဲ ချော်ချော် သိနေတာတွေ၊ သည်လိုသိနေလို့  အကောင်းထင်မှားနေတာတွေ၊ သည်လိုထင်လို့  မြတ်နိုးတနာ ဖြစ်ချင်နေတာတွေ၊ သည်လိုတွေအပေါ် ယစ်မူးနေတာတွေ၊ ပျံ့လွင့်နေတာတွေ ... အစစတွေ အဖယ်ရှားခံထိ အမှုတွေ ဖြစ်ကြရတယ်။

ဒါတွေ အဖယ်ရှားခံထိပြီး မရှိကြတော့ ဒါတွေမရှိဘဲလည်း မသမာကြတဲ့ လူ့ အမှုအခြင်းအရာ ရှစ်မျိုးက ဖြစ်လို့ ရတာ မဟုတ်တဲ့အတိုင်း လူမှာတက်ပြီး မင်းမူချင်တိုင်း မင်းမူနေတဲ့ မသမာ တဲ့ လူ့ အမှုအခြင်းအရာဆိုင်ရာ လွန်ကျူးမှု ခပ်သိမ်း အပြတ်လွတ်ငြိမ်းတဲ့ဆီ ရောက်တာပဲ။

သည်အစိတ်အပိုင်း တစ်ခုဖြစ်တဲ့ သမာမှုဓမ္မ၊ မသမာမှုဘ၀၊ မသမာမှုဒဿန၊ မသမာမှု ဘ၀နဲ့  ဒဿနငြိမ်းရာ။ ဒါတွေဟာ အရိယသစ္စာစက်ရဲ့ အစိတ်အပိုင်းတွေ ဖြစ်ပါတယ်။

သည်စက်ရဲ့ အစိတ်အပိုင်းလေးခုမှာ သမာတဲ့ လူ့ အမှုအခြင်းအရာ ရှစ်ချက်ဟာ ဆောင်ရမယ့် အရာဖြစ်တဲ့အတွက် “ဓမ္မ” ပါပဲ။ ဒါက စက်အစိတ်အပိုင်း တစ်ခုပါ။

ဒါကိုဆောင်လို့  အပြစ်အနာအဆာအဖြစ် အသိခံရတာဟာ “ဘ၀”ပါ။ သည်တော့ ဘ၀ဟာ စက်အစိတ်အပိုင်းတစ်ခုပါ။

ဒါကိုသိလို့  နောက်ထပ်ငြိသွားတဲ့ စက်အစိတ်အပိုင်း တစ်ခုဟာ မသမာတဲ့ လူ့ အမှုအခြင်း အရာ ရှစ်ချက်အပေါ်မှာ ထားတဲ့ မိစ္ဆာဒဿနတွေ ပျောက်ကုန်ကြမှုပဲ။

သည်လို မိစ္ဆာဒဿနတွေ ပျောက်ပျက်သွားတာကြောင့် ငြိတဲ့ စက်အစိတ်အပိုင်းကတော့ ဘ၀ ငြိမ်းမှုပဲ။ ဘ၀ငြိမ်းတော့ အဆောင်ဓမ္မဖြစ်တဲ့ သမာတဲ့ လူ့ အမှုအခြင်းအရာ ရှစ်ချက်ဆီ ပြန်ရောက်ပြီး လည်ပတ်တာပဲ။

ဆောင်ရတာက စက်အစိတ်အပိုင်း တစ်ချက်။
ဆောင်လို့  ဘ၀သိတာက စက်အစိတ်အပိုင်း နှစ်ခုမြောက်အချက်။
ဘ၀သိလို့  ဘ၀ဖြစ်ကြောင်း မိစ္ဆာဒဿန ပယ်တာက စက်အစိတ်အပိုင်း သုံးခုမြောက် အချက်။
ဒါပယ်လို့  ဘ၀မဖြစ်တော့ဘဲ ငြိမ်းတာက စက်အစိတ်အပိုင်း လေးခုမြောက် အချက်ပဲ။ ဒါကြောင့် ဆောင်စရာကို ဆောင်ပြီး ဖြစ်သွားပြီး သည်အတိုင်း ဆက်လည်တာပဲ။

ဗုဒ္ဓဘုရားဟာ ဓမ္မကိုရော၊ ဓမ္မက ဘာတွေဖြစ်စေတယ် ဆိုတဲ့ စက်အဖြစ်ကိုရော၊ ဘယ်လို ကိစ္စတွေ ဆောင်ပြီး လည်ပတ်ကြပုံတွေကိုရော အရှင်းလင်းဆုံး ဖော်ပြပြီး တရားစက်လည်ပုံ ဟောပြောပါတယ်။

လီဟုန်ကြည်က ဓမ္မကို ဘယ်လို ပြောသလဲ?

လီဟုန်ကြည်ရဲ့  ဟောပြောချက်တွေဟာ လီဟုန်ကြည်ရဲ့  ဓမ္မတွေလား? ဒါတွေဟာ ဓမ္မဖြစ်ပြီ ဆိုရင် ဒါတွေရဲ့  အရတွေဟာ ဘာတွေလဲ? ဒါတွေဟာ လီိဟုန်ကြည်ရဲ့  ကိုယ်စွမ်းကိုယ်စနဲ့  စိတ်စွမ်းစိတ်စတွေ ပါဝင်နေကောင်း ပါဝင်နေမှာ ဖြစ်ပေမဲ့ အဲဒါတွေကို ဖော်ပြနေတဲ့ စကားလုံးတွေ မပါဘဲနဲ့ တော့ ပါဝင်လို့  မဖြစ်ပါဘူး။ အဲဒါတွေ ဖော်ပြတဲ့ စကားလုံးကလည်း တခြားဖော်ပြတဲ့ စကားလုံးနဲ့ တူလို့ လည်းမဖြစ်ပါဘူး။

* “ ဓမ္မေဟဝေ ရက္ခ ဓမ္မစာရီ”

Website counter

Back to TOP