၅။ ဗုဒ္ဓဘုရားဟာ အရိယသစ္စာကို စတင်ဖော်ထုတ်သူပဲ

တကယ်တော့ ဗုဒ္ဓဘုရားဟာ “အရိယသစ္စာ” ကို စတင်ဖော်ထုတ်သူပဲ ဖြစ်ပါတယ်။ အရိယ သစ္စာတရား သိကြသူတွေဟာ အရိယာ ဖြစ်ကြဖို့ ပေါ့။ ဗုဒ္ဓဘုရား ဖော်ထုတ်ခဲ့တဲ့ အရိယသစ္စာ တရား သိသူတွေဟာ အရိဟာကို ဖြစ်စေနိုင်တာ အထင်အရှား တွေ့ နိုင်ပါတယ်။

အရိယာဖြစ်တယ်ဆိုတာ အစွဲနဲ့ ပြုမူပြောဆိုနေထိုင်မှု ခပ်သိမ်း ငြိမ်းသူရဲ့ နာမည် ဖြစ်ပါတယ်။ ဒါငြိမ်းသူဟာ လောကမှာ ရိုးသားဖြူစင်သူပါပဲ။

အရိယသစ္စာဟာ ဒါတွေ ငြိမ်းကြောင်းအမြင်တွေဖြစ်ဖို့ တွက်ချက်ပြချက်တွေပါပဲ။ သည်တွက် ချက် ပြချက်တွေကို တွေ့ သိရသူတွေဟာ သည်လိုငြိမ်းဖို့  ဖြစ်စေတာကို ၀န်ခံကြမည့်သူတွေ ချည်း ဖြစ်ကြပါတယ်။ တစ်နဲ့  နှစ်ပေါင်းလို့  သုံး- ဖြစ်တာကို ဘယ်သူမှ အငြင်းမထုတ်နိုင် သလိုမျိုး ဖြစ်ပါတယ်။

ရိုးသားလိုသူ မှန်သမျှဟာ သည်အရိယသစ္စာကို ညွှတ်ရှိုင်းကြရပါမယ်။ သည်အရိယသစ္စာကို မညွှန့် ရှိုင်းဘဲ ရိုးသားသူဆိုတာ လောကမှာ လုံးဝမရှိရပါဘူး။ ရိုးသားဖို့ အတွက် သည်အရိယ သစ္စာမှ တပါး တခြားမရှိလို့ ပါပဲ။ ပြီးတော့ သည်အရိယသစ္စာကလည်း ဗုဒ္ဓဘုရား မဖော်ထုတ်ပဲ အလိုအလျောက် ပေါ်ပေါက်လာတာ မဟုတ်ပါဘူး။ ဗုဒ္ဓဘုရား ဖော်ထုတ်မှ သည် အရိယသစ္စာတရား လောကမှာ ပေါက်ပွား ထွန်းပေါ်လာရတာ ဖြစ်ပါတယ်။

Website counter

Back to TOP