၆။ အရိယသစ္စာတရားရဲ့ အရည်အချင်းဂုဏ်ရည်

သည်အရိယသစ္စာတရားဟာ ရိုးသားသူအဖြစ် တည်ဆောက်တဲ့ အခါမှာ အလိုလည်း မရှိ၊ အပို လည်း မရှိတဲ့ တရား ဖြစ်ပါတယ်။

သည်အရိယသစ္စာတရားဟာ အပြစ်တင်စရာ ပြောဆိုချက် လုံးဝမရှိတဲ့ တရားဖြစ်ပါတယ်။ သာမန် အသိမျှ သိသူကပင် သည်လို အပြစ်တင် အပြောမပါကြောင်း သိနိုင်တဲ့ တရားဖြစ်ပါ တယ်။

သည်အရိယသစ္စာတရားဟာ ကိုယ်တိုင်သိမြင်နိုင်တဲ့ တရားဖြစ်ပါတယ်။ သာမန်အသိမျှ သိသူ ကပင် ကိုယ်တိုင်သိမြင်နိုင်တဲ့ တရား ဖြစ်ပါတယ်။

သည်အရိယသစ္စာတရားဟာ ကာအချိန်ရဲ့ အတိုက်အစားခံနိုင်တဲ့ တရားဖြစ်ပါတယ်။ သာမန် အသိကို သိသူကပင် ကာလအတိုက်စား ခံနိုင်ကြောင်း သိရတဲ့ တရား ဖြစ်ပါတယ်။

သည်အရိယသစ္စာတရားဟာ သူများကို တင်ပြလို့  ရတဲ့တရားဖြစ်ပါတယ်။ သာမန်အသိ သိသူ ပင် သူများကို တင်ပြလို့ ရတဲ့ တရား ဖြစ်ပါတယ်။

သည်အရိယသစ္စာတရားဟာ ကပ်ဆောင်ထားလို့ လည်း ရတဲ့တရား ဖြစ်ပါတယ်။ သာမန်မျှ သိသူပင် ကပ်ဆောင်ထားနိုင်တဲ့ တရားဖြစ်ပါတယ်။

သည်အရိယသစ္စာတရားဟာ လက်ငင်းလက်တွေ့  အကျိုးသိရတဲ့ တရား ဖြစ်ပါတယ်။ သာမန် အသိမျှ သိသူကပင် လက်ငင်းလက်တွေ့  အကျိုးသိရတဲ့တရား ဖြစ်ပါတယ်။

သည်အရိယသစ္စာတရားကို ဟောပြောဖော်ထုတ် တွေ့ ရှိသူဟာ ဗုဒ္ဓဘုရား ဖြစ်ပါတယ်။ ဗုဒ္ဓ ဘုရားဆိုတာ ဒါကို ဖော်ထုတ်နိုင်အောင် သိရှိသူရဲ့ အမည်နာမ ဖြစ်ပါတယ်။

သည်အရိယသစ္စာကို ပိုသိချင်လို့ လည်း ဘယ်သူမှ ပိုသိလို့  မရပါဘူး။ ဖော်ထုတ်သူ ဗုဒ္ဓဘုရား ထက် သည်အရိယသစ္စာ အရာမှာ အပိုအလိုလုပ်လို့  မရပါဘူး။

သည်အရိယသစ္စာတရားမှာ ဘာတွေ ပိုထည့်ပေးမှ ရိုးသားသူ ပိုဖြစ်မယ်လို့  ပြောလို့ လည်း မရဘူး။ ဘာမပါဘဲနဲ့ လည်း ရိုးသားသူ လုပ်လို့ ရတယ်လို့ လည်း ပြောလို့  မရဘူး။ ရိုးသားသူ ဖြစ်ဖို့ အတွက် အရိယသစ္စာစက် အပိုအလိုမရှိတဲ့ တရား ဖြစ်ပါတယ်။

ဒါတွေကြောင့် ... ...
လီဟုတ်ကြည်ဟာ ဗုဒ္ဓထက် သာလွန်ပြီ- ဆိုတာ ဘာသာလွန်တာလဲ? မေးခွန်း မေးဖို့  ရှိပါ တယ်။ တခြားဖြစ်တဲ့ ရေထဲမှာ မီးမွှေးပြတတ်တာတို့ ၊ လေထဲမှာ အလေးအပင် ပစ္စည်းတည် နေအောင် လုပ်ပြတာတို့  အစရှိတာတွေမှာ သာလွန်တယ် ပြောနိုင်တာမျိုး ဆိုရင်တော့ ဗုဒ္ဓ ဘုရားရဲ့ အသိအတတ်နယ်ပယ် မဟုတ်တာမှာ သာလွန်တာဖြစ်လို့  ဗုဒ္ဓဘုရားထက် သာတယ် မပြောရပါဘူး။

ဥပမာ- အိုင်းစတိုင်းဟာ ရလေးတီဗီတီကို ဖော်ထုတ်နိုင်သူ ဖြစ်ပေမယ့် ကောင်းကင်ကျွမ်းဘား ကစားရာမှာတော့ ဆပ်ကပ်ထဲက လူကို မမီနိုင်တန်ရာပါ။ သည်လိုဖြစ်တာနဲ့  ကျွမ်းဘား သမားဟာ အိုင်းစတိုင်းထက်သာသူလို့  ပြောကောင်းတယ် ထင်လို့  မရသလိုပါပဲ။

Website counter

Back to TOP