၎။ ပရမတ်သမားတွေဟာ သူတို့ အသိဟာ ဘုရားအသိနဲ့  ထပ်တူလို့  ဆိုကြ

ဗမာပြည်က တချို့ တရားသမားတွေ ဆိုသူတွေလည်း လီဟုန်ကြည် နီးနီးလောက် ပြောဆိုကြ တာတွေရှိပါတယ်။ သူတို့  သိတာဟာ ဘုရားသိတာနဲ့  ထပ်တူဖြစ်ပြီး ၊ ဘုရားလည်း သူတို့  သိနေတာထက် ပိုလွန်သိသူ မဟုတ်ဘူး ဆိုတာမျိုးတွေပဲ။

အဲသည်သူတွေဟာ ပရမတ္ထသစ္စာသမားတွေ ဖြစ်ကြပါတယ်။ သူတို့ ဟာ ပရမတ်တရားတွေကို ရှုကြည့်လေ့လာ ကြတယ်။ ရုပ်ပရမတဖြစ်ဖြစ်၊ နာမ်ပရမတ် ဖြစ်ဖြစ် တခုခုထဲက ပရမတ် တခုခုကို မြင်အောင် ကြည့်နိုင်ပြီ ဆိုရင် အဲသည် ပရမတ်ရဲ့ လက္ခဏာဖြစ်တဲ့ ဥပါဒ်နဲ့  ဘင် (၀ယ) ကိုမြင်တော့တာပဲ။ တစ်ခုကို သည်လိုမြင်လျင် ကျန်တဲ့ ပရမတ်တွေကိုလည်း အတူတကွ ဖြစ်နေတော့ မြင်တော့တာပေါ့။

သည်လိုမြင်တော့ ပရမတ်ဟာ အလကားပဲလို့  သဘောပေါက်ပြီး ပရမက်ကို စိတ်မ၀င်စားဘူး၊ စိတ်ကုန်တယ်ပေါ့။ ပရမတ် စိတ်ကုန်သူဟာ ပရမတ်အာရုံကို အာရုံအဖြစ် မယူကြတော့ဘူး။ ပရမတ် အာရုံရဲ့ လက္ခဏာဖြစ်တဲ့ ၀ယ- ဆိုတဲ့ အပျက်- ကြောင့် မရှိဖြစ်နေရတဲ့ လဟာ- လို့  ဆိုရတဲ့ “ ဘာမှ မရှိတဲ့ အဖြစ် ” အာရုံကို အာရုံအဖြစ် သူတို့ စိတ်ကို မှီထားကြတယ်။

အဲသည် လဟာ အာရုံကိုလွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ထောင်ကျော်က အပ္ပ၀တ္တ နိဗ္ဗာနံ ဆိုပြီး ကျမ်း စာတစ်စောင်က “သုညတ အနိမိတ္တ အပ္ပဏိဟိတနိဗ္ဗာန် ဆိုတာ ဒါပေါ့” လုပ်ပေးခဲ့တော့ သည်နေ့  သူတွေက အမြတ်ဆုံး ပန်းတိုင်တွေ့ ပြီ ဆိုပြီး တတ်ထောင်ကုန်ကြတာပဲ။ သည်သူ တွေဟာ လူ့ အချည်းနှီးတွေ၊ ဘာအသုံးမှ မကျကြသူတွေပဲ။ ဘယ်ကြောင့် ဘာအသုံးမှ မကျ ကြတာလဲ - ဆိုရင် ဘာသိစရာမှ ရှိတာ မဟုတ်တာကို သိနေသူတွေ ဖြစ်ကြလို့ ပဲ။

သည်လိုဖြစ်လျက်နဲ့  သည်သူတွေဟာ သည်အာရုံကို ဘယ့်ကြောင့် မက်စက်နေတာလဲ? မေးချင်ဖွယ် ဖြစ်တယ်။ သည်အာရုံဟာ သိတဲ့ အတိုင်းပဲ တခြားအာရုံတွေလို စိတ်ကို မလှုပ်ရှား မခြောက်ခြား စေဘူးပဲ။ စိတ်ကို လှုပ်ရှား ခြောက်ခြားစေတဲ့ အာရုံတွေဟာ စိတ်ကို ခါရမ်း ပန်းနွမ်းတာတွေ ဖြစ်စေတယ်။ အပန်းအနွမ်း သက်သာလို့ သည်အာရုံကို တန်ဖိုးထားမိ ကြတာပဲ။

စိတ်ဟာ အပန်းအနွမ်းမခံရအောင် ထားနိုင်ရင် ရုပ်မှာလည်း ရောဂါဘယတွေ မဖြစ်ပွားစေဘူး။ ဖြစ်ပွားပြီးတွေလည်း ပျောက် ကောင်းစေနိုင်တယ်။ အသက်လည်း ရှည်စေနိုင်တယ်ပေါ့။ သည်တော့လည်း ဒါကို မတ်တော့တာပေါ့။

သည်သူတွေဟာ ကျန်းမာသက်ရှည်တွေ ဖြစ်ကြပေမယ့် စိုက်ပင်တွေအတွက် ပြုစုထားတဲ့ မြေ ရေ သြဇာစားပြီး စိုက်ပင်တွေကြားမှာ ဖွံ့ ဖြိုးကြီးထွားနေတဲ့ ပေါင်းပင်ကြီးတွေ လိုပဲ ဖြစ်တယ်။ ပေါင်းပင်ဟာ ဘာအသုံးကျသလဲ? အဲသည်သူဟာ ပေါင်းပင်လိုပဲ ဆန်ကုန်မြေလေးပဲ။

သူ့ ဆီမှာ သည်ထက်ပိုးဆိုးတာလည်း ရှိတယ်။ ပေါင်းပင်ဟာ ဘာမှ အသုံးချမရရုံမက စိုက်ပင် အတွက် ပြုစုမှု ခပ်သိမ်းကို သုံးစားပစ်နေရုံမျှလည်း မကလည်း ရှိသေးတယ်။ အဲဒါက သူ့ ဆီ က ရောဂါတွေကို စိုက်ပင်တွေမှာ အကူးစက်ခံရစေတာပဲ။

သည်လိုပဲ အသုံးမကျဆုံး အာရုံကို အသုံးအကျဆုံး အဖိုးအတန်ဆုံး အာရုံအဖြစ် သိမှတ်အာရုံ ပြုနေသူရဲ့ ဦးနှောက်ဟာ ပလာဖြစ်နေပါတယ်။ ပလာကျင်းနေတဲ့ ဦးနှောက်ထဲကို အာရုံအချက် အလက် တခုခု ခွန့် မပေးလိုက်နဲ့ ၊ ပေးလိုက်ရင် အဲသည်အာရုံရဲ့ အနက် အဓိပ္ပါယ်ကို ပုံမှန် ကောက်နိုင်တဲ့ အရည်အချင်း သူ့ ဆီမှာ ချို့ တဲ့နေတယ်။ သူ့ ကိုယ်သူ ချို့ တဲ့မှန်းလည်း မသိဘူး။ သည်တော့ အဲသည် ခွန့် အပေးခံရတဲ့ အာရုံကို အဓိပ္ပါယ်ဖော်ချင်သလို ဖော်ပစ်လိုက်တယ်။

အဲသည် အဓိပ္ပါယ်ကလည်း သူကိုယ်တိုင် မြင်လာကြားလာ တွေ့ လာတယ်။ ဘာ့ကြောင့် သည်လို ဖြစ်လာတယ်လည်း သူမသိဘူး။ တကယ်တော့ ဦးနှောက် ဖရိုဖရဲဖြစ်ရာက ဖြစ်လာ တာတွေပဲ။ သည်အဓိပ္ပါယ်ဖော်ချက်ဟာ လက်ငင်းမှာ စံလွဲနေရင်တော့ ရှုးနေတယ်- ပြောရ တာပေါ့။ လက်ငင်းမှာ စံလွဲတဲ့ အဖြစ် မရှိဘူးဆိုရင် နတ်စီးတယ်၊ ဓါတ်စီးတယ်၊ ဘုရားကြွတယ် စသည် ပြောရတာပဲ။ ရှေ့ ဖြစ်ဟောတာတွေဟာ အဲသည်တွေက လာတာတွေ ပဲ။ ဒါတွေဟာ ဘာသာရှိ၊ ဘာသာမဲ့ အားလုံးတို့ ဆီမှာ ရှိနေတယ်။

သူတို့ ကို လူအများက အထင်ထားကြတယ်။ သည်တော့ သူတို့ ကလည်း သူတို့ ကိုယ်ကို သူတို့  အထင်ထားကြပြန်တော့တာပဲ။ “ဗုဒ္ဓဘုရားလည်း ငါတို့ လောက်သိတာပါပဲ” ဆိုတာမျိုး ပေါ့။ လီဟုတ်ကြည် ကတော့ “ဗုဒ္ဓဘုရားတောင် ငါ့လောက်မသိဘူး” - ဆိုတဲ့ အဓိပ္ပါယ်ပေါ့။

Website counter

Back to TOP