၃။ လီဟုန်ကြည်သည် ဗုဒ္ဓထက် သူ သာလွန်တယ်လို့  ယူဆ

ပဌမ လေ့လာချက်အဖြစ် ဦးဆုံးလေ့လာပါ့မယ်။
လီဟုန်ကြည်ရဲ့ ဓမ္မစကြာ လည်စေသော်- ဆိုတဲ့ ညွှန်ပြချက်ဟာ ဗုဒ္ဓဘာသာဆိုင်ရာ ညွန်ပြချက်လား?
သည်အဖြေအဖြစ် လီဟုန်ကြည်ကတော့ ဟုတ်တယ် ... ပြောမှာ တွေ့ ရတယ်။

သူ့ ညွှန်ပြချက်ထဲမှာ ဗုဒ္ဓဘာသာတရားဓမ္မမှာ ရပ်တည် ညွှန်ပြနေတယ် ဆိုတဲ့ သဘောတွေ လည်း အများအပြားတွေ့ ရတယ်။ ပြီးတော့လည်း ဗုဒ္ဓဘာသာသမိုင်းဝင် အကြောင်းအရာတွေ ကို အခါ အားလျော်စွာ ထုတ်ပြတာတွေလည်း ရှိတယ်။ နောက်ဆုံးအနေနဲ့  ဗုဒ္ဓဘာသာရဲ့ တွေးခေါ်မြော်မြင်ပုံအဖြစ် သည်နေ့  တည်ရှိနေတဲ့ ဗုဒ္ဓဘာသာတို့ ရဲ့ အတွေးအခေါ်မျိုးတွေ တွေးခေါ်မြော်မြင်ပြတာတွေ တွေ့ ရတယ်။

သည်တော့ သည်ညွန်ပြချက်ဟာ ဗုဒ္ဓဘာသာဆိုင်ရာ ညွှန်ပြချက်ဖြစ်တယ် ပြောရတော့မှာပေါ့။ ဒါပေမယ့် သည်ညွှန်ပြချက်ဟာ တကယ်ပဲ ဗုဒ္ဓဘာသာ တရားဓမ္မညွှန်ပြချက် ဟုတ်ပြီလား? လို့ တော့ မမေးဘဲထားလို့  မဖြစ်ဘူး။ ဘယ့်ကြောင့်လဲ ဆိုတော့ သူ့ ညွှန်ပြချက်ထဲမှာ ညွှန်ပြ သူဟာ “ ဘုရားထက်သာလွန်တယ် ” ပြောဆိုချက် ပါနေလို့ ပဲ။

ဗုဒ္ဓဘာသာမှာ ဗုဒ္ဓဟာ ဆရာပဲ။ ဗုဒ္ဓဘာသာဝင် ဆိုသူတွေဟာ ဗုဒ္ဓဘုရား ညွှန်ပြပို့ ချတာတွေ အရ အသိပေါက်သူတွေရဲ့ အမည်တွေပဲ။ ဗုဒ္ဓဘာသာဝင် ခံယူပြီး ဗုဒ္ဓဘုရားထက် အသိတွေ အတတ်တွေ ပိုလွန်သွားပြီဆိုတော့ ဗုဒ္ဓဘာသာဝင် အဖြစ်က လွန်သွားသူ၊ ဗုဒ္ဓဘာသာဝင် မဟုတ်တော့ဘဲ ဖြစ်ရမှာပဲ။

သည်နေရာမှာ ပြောစရာတော့ နည်းနည်း ရှိတယ်။ ဘာလဲ ဆိုတော့ ဗုဒ္ဓဘာသာဝင်ဟာ ဗုဒ္ဓ ဘုရားထက် အသိတွေ အတတ်တွေ အားလုံး မလွန်ရတော့ဘူးလား? ဆိုတာပဲ။ သည်လိုတော့ မဟုတ်ဘူး၊ ဗုဒ္ဓဘုရား ဖော်ထုတ်လိုက်တဲ့ အသိပိုင်း အတတ်ပိုင်းဆိုင်ရာ အသိ အတတ်ထက် မလွန်ရမှာသာ ဖြစ်တယ်။ ဗုဒ္ဓဘုရား ဖော်ထုတ်လိုက်တဲ့ အသိအတတ်ပိုင်း ဆိုင်ရာ မဟုတ်တဲ့ အသိအတတ်တွေမှာတော့ ဗုဒ္ဓထက် ပိုချင်လည်း ပိုခွင့်ရှိပါတယ်။

ဟုတ်တယ်။ ဗုဒ္ဓဘာသာဘုရားရဲ့ တပည့်အဖြစ် ခံယူတာဟာ ကိုယ်တတ်သိနေတဲ့ အတတ် အသိတွေထက် ဗုဒ္ဓဘုရားက ပိုမိုတတ်သိနေတယ် ခံယူပြီး တပည့်ခံယူတာ မဟုတ်ပါဘူး။ ကိုယ်တတ် သိနေတာတွေထဲက ဗုဒ္ဓဘုရား မတတ်မသိတာတွေ အများအပြားပဲ ရှိစရာ ရှိပါ တယ်။ ဗုဒ္ဓဘုရားဟာ အရာရာမှာ ကိုယ့်ထက်တော်သူ သိသူ မဟုတ်နိုင်ပါဘူး။

ဒါပေမယ့် ကိုယ်ဘယ်လိုမှ မသိနိုင်တဲ့ ကိုယ်နဲ့ အတူ လူတွေ ဘယ်လိုမှ မသိနေကြတဲ့ လူလမ်း ကြောင်းအမှန်ကလေး တခုကို တီထွင်ဖောက်ထုတ်သွားနိုင်တဲ့ တစ်ဦးတည်းဖြစ်တဲ့ ပုဂ္ဂိုလ်မြတ် ဖြစ်ပါတယ်။ သည် အတတ်အသိဟာ လူ့ လောကအတွက် အတိုင်းမသိ အကျိုး ကျေးဇူး ကြီးမားပါတယ်။ ဒါပေမယ့် သည်အတတ်အသိဟာ လောကထဲမှာရှိနေတဲ့ အတတ် အသိတွေ အားလုံးကို တတ်တာ သိတာတော့ မဟုတ်ပါဘူး။

သည်အတတ်အသိဟာ လောကထဲရှိသမျှ အတတ်အသိအားလုံးကို တတ်သိတဲ့ အတတ် အသိ မဟုတ်ပေမယ့် အဲသည် အတတ်အသိတွေ အားလုံးထက် အရင်းကျ အရေးပါပြီး လူကို ကျေးဇူးအများစေဆုံး အတတ်အသိတော့ ဟုတ်တယ်။

အတတ်အသိတွေ မှန်သမျှဟာ နည်းနည်းဖြစ်ဖြစ်၊ များများ ဖြစ်ဖြစ် လူကို ကျေးဇူးပြုတာတွေ ချည်းပါပဲ။ ကောင်းအောင် ဖြစ်ချင်ဖြစ်မယ်၊ ဆိုးအောင်လည်း ဖြစ်ချင် ဖြစ်ပါမယ်။ ကျေးဇူး တစ် ခုခုတော့ ပြုမြဲပါပဲ။ လူ့ အကျိုးကို သယ်ပိုးတဲ့ အတတ်အသိချည်း ဖြစ်ပါတယ်။

အဲသည် အတတ်အသိတွေဟာ လူ့ ပတ်ဝန်းကျင်တွေနဲ့  လူကို ဘယ်လိုတည်ဆောက်ရမယ် ဆိုတာ သိတာနဲ့  တတ်တာတွေ ဖြစ်တဲ့ အသိအတတ်တွေ ဖြစ်နေကြတယ်။

ဗုဒ္ဓညွှန်ပြတဲ့ အတတ်အသိဟာ လူကို မစင်ကြယ်အောင် ပတ်ဝန်းကျင်က ကပ်လာတွေက လ ယောင်ဆောင်နေတာတွေကို သိမြင်တဲ့ အသိနဲ့ ၊ ဒါတွေကို ဖယ်ရှားတတ်တဲ့ အတတ်ဖြစ်တဲ့ လူစင်ကြယ်စေတဲ့ အသိနဲ့  အတတ် ဖြစ်ပါတယ်။

ဗုဒ္ဓညွှန်ပြတဲ့ အတတ်အသိမရဘဲ လောကထဲက အတတ်အသိမျိုးစုံး ရနေပြီး ကိုယ်လိုချင်တဲ့ ပတ်ဝန်းကျင်အမျိုးမျိုးကို တည်ဆောက်နိုင်ဦးတော့တောင်မှ ဗုဒ္ဓညွှန်ပြတဲ့ အတတ်အသိ မရရင် အဲသည် မရသူကို အဲသည် ပတ်ဝန်းကျင်က ကျေးဇူးတွေ တကယ် မပြုနိုင်ပါဘူး။ အဲသည်ကျေးဇူးတွေ တကယ် မခံစားရဘူးလို့  ဆိုလိုတာပါ။

တနည်း ပြောရရင် အိုးခွက် ပန်းကန်ကို စင်စင်ကြယ်ကြယ် သုံးချင်လို့  အိုးခွက်ပန်းကန်ကို စင်
ကြယ်အောင်ဆေးကြောချင်ရင် မဆေးကြောခင်မှာ ဆေးကြောမယ့် လက်ကို စင်ကြယ်အောင် ဆေးကြောသင့်ပါတယ်။ ဆေးကြောမယ့် လက်က မစင်ကြယ်ရင် အိုးခွက် ပန်းကန် စင်စင် ကြယ်ကြယ် သုံးချင်တာလည်း အပိုပဲနေမယ် မဟုတ်လား။

ဗုဒ္ဓဘုရားရဲ့ အတတ်အသိတွေဟာ လူကို ပတ်ဝန်းကျင်ကောင်းတွေနဲ့  ပံ့ပိုးဖို့  မဟုတ်ဘဲ အပံ့ အပိုးခံလူကို စင်ကြယ်စေဖို့ သာ ဖြစ်ပါတယ်။ စင်ကြယ်စေဖို့် ဟာ လူအတွက် ပဓာန အကျဆုံး ဖြစ်တဲ့အတွက် ဗုဒ္ဓဘုရားရဲ့ အတတ်အသိဟာ အတတ်အသိများထဲက တမျိုးသား ဖြစ်ပေမယ့် လူ့ မှာ ရှေ့ တန်းအကျဆုံး အတတ်အသိ ဖြစ်တယ်။

သည်အတတ်အသိကို တတ်သိရာမှာတော့ ဗုဒ္ဓဘာသာဝင်ဖြစ်ဖြစ်၊ ဗုဒ္ဓဘာသာဝင် မဟုတ်သူ ဖြစ်ဖြစ်၊ ဘယ်သူမှ ဗုဒ္ဓထက် သာလွန်သူ မရှိရပါဘူး။ ခေတ်စကားနဲ့  ပြောရရင် ရလေးတီဗီတီ (Relativity) ဆိုတဲ့ သီဝရီ (Theory) ကို အိုင်းစတိုင်း (Einstein) ဆိုသူ ဖော်ထုတ်ခဲ့တယ်။ သည်သီဝရီကို အိုင်းစတိုင်းထက် ပိုသိသူဆိုတာ မရှိကောင်းပါဘူး။ ပိုသိတယ် ဆိုရင် အဲသည် သူဟာ အိုင်းစတိုင်း အမှားကို သိသူပဲ ဖြစ်မယ်။

အခုလည်း လီဟုတ်ကြည် ပိုသိတယ် ဆိုရင် ဗုဒ္ဓမှားလို့  ဖြစ်ရပါမယ်။ ဗုဒ္ဓ အသိနဲ့  အတတ်ဟာ အဖက်ဖက်က မမှားဘူး ဆိုရင် လီဟုန်ကြည်သိတဲ့ ဗုဒ္ဓတရားဆိုတာ မှားလို့  ဖြစ်ရပါမယ်။ နှစ်ဦးလုံးလည်း မမှားကြဘူး။ လီဟုန်ကြည်ဟာ ဗုဒ္ဓထက်ပိုလွန်တဲ့ အတတ်အသိရှိသူ ဖြစ်တယ် - ဆိုတာတော့ မဖြစ်နိုင်ရဘူး။

မဖြစ်နိုင်ဘူး ဆိုရပေမယ့် ဖြစ်နေပြီလို့  လီဟုန်ကြည်က ဆိုးထားတော့ လီဟုန်ကြည်က သည် အဆိုအရ ဗုဒ္ဓဘာသာ တစ်ယောက် မဟုတ်ရဘူး ဖြစ်ရမယ်။ ဗုဒ္ဓဘာသာဆိုတာ ဗုဒ္ဓညွှန်ပြတဲ့ အလင်းကို ခံယူသောက်စို့ သူလို့  အဓိပ္ပါယ်ရတဲ့ စကားပဲ။ လီဟုန်ကြည်က အဲသည် လိုသူ မဟုတ်ဘူးဆိုတော့ လီဟုန်ကြည်ကို ဗုဒ္ဓဘာသာလို့  ပြောဖို့  အကြောင်းမရှိ ဖြစ်တာပေါ့။ ဗုဒ္ဓ အလင်းထက်လွန်တဲ့ အလင်းကိုတောင် ဖော်ထုတ်နိုင်ပြီဆိုတော့ ဗုဒ္ဓဟာ သူ့ ဆရာလည်း မဟုတ်တော့ဘူးပေါ့။ ဗုဒ္ဓကို ဆရာလို့  မညွှန်ပြနိုင်တော့သူကို ဗုဒ္ဓဘာသာလို့  ဘယ်လို ပြောမလဲ။

Website counter

Back to TOP