၁၃။ အချိန်နေရာဒြပ် သုညရောက်သူတွေဟာ လောကတခုလုံး ခန္တီသစ္စာမေတ္တာ ထားချင်ကြတဲ့ လူလည်တွေဖြစ်တယ်

သည်ပုဂ္ဂိုလ်တွေထဲမှာ ဗုဒ္ဓနဲ့  နိဂန္ထ လွဲသူတွေဟာ အချိန်သုည၊ နေရာသုည အရောက် ပေါက်ပြီးကြသူများ ဖြစ်ကြပါတယ်။ လီဟုန်ကြည်လည်း သည်လိုပဲပေါက်ပြီးသူ ဖြစ်ပါတယ်။ အချိန်နဲ့  နေရာ သုည ရောက်ပေါက်အောင် သိပြီးသူများဟာ စကြ၀ဠာ လောကအတွင်း ရှိရှိ သမျှတွေကို ခန္တီ သစ္စာနဲ့  မေတ္တာများ ထားချင်သူတွေ ဖြစ်ကြပါတယ်။ လောဘ၊ ဒေါသ၊ မောဟတွေ မထားကြစေချင်ပါဘူး။ ဒါတွေထားလို့  မှားကြတာမျိုးမြင်ပြီး မဖြစ်စေချင်လို့  ပါပဲ။ လူလည်ဟာ လူမိုက်ကို မမိုက်စေချင် သလိုပါပဲ။

လူတွေ မဟာဝီသင်္ခါရတွေနဲ့  မိုက်နေကြတာတွေကို အဆုံးသတ် နိုင်အောင် ထာဝရ သင်္ခန်းစာ ကို တွေ့ အောင် အားထုတ်ကြစေချင်တယ်။ မမြင်သေး သော်မှ အယုံဝင်ကြစေချင်တယ်။ မြင်ရင် ဖြစ်ဖြစ် မမြင်သော်မှ ယုံရင်ဖြစ်ဖြစ်၊ သည်အသင်္ခတ ထာဝရကြီးက ကောင်းကျိုး ချမ်းသာတွေ ဖန်ဆင်းပေးမှာဖြစ်တယ်- လို့ ပဲ။

ဘယ်လို ဖန်ဆင်းပေးမှာလဲ ဆိုတာ လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်ထောင့် ခြောက်ရာကျော်က ရေးခဲ့ တဲ့ ထေရ၀ါဒ ဗုဒ္ဓဘာသာ အနက်ဖွင့်ကျမ်းထဲမှာ ဆိုတာတယ်။ “နိဗ္ဗာနံ အာဂမ္မ ရာဂါဒယော ခီဏာ” လို့ ပဲ။ ထာဝရ ဆီရောက်ရင် တဏှာ ရာဂ ဒေါသ မောဟတွေ ကုန်တာပဲလို့  ဆိုလို တယ်။ ဒါတွေကုန်ရင် ဒါတွေကြောင့် အယိုယိုအဖိတ်ဖိတ် ဖြစ်ရတဲ့ ကောင်းကျိုးချမ်းသာတွေ ပြည့်လျှံ ဖြစ်ထွန်း ကြရပြီပေါ့။

ကောင်းကျိုးချမ်းသာ မင်္ဂလာဆိုတာ တွေဟာ ထာဝရဖြစ်တဲ့ အသင်္ခတဓါတ်က ဖန်ဆင်းထား ခံရတာတွေပဲ။ ဆိုးဝါး ယုတ်ညံ့မှု မှန်သမျှဟာ မာန- လို့ ဆိုရတဲ့ မာရ်နတ် ဖန်ဆင်းချက်တွေ ပေါ့။ သူ့  အပေါင်းအဖက်တွေက လောဘ၊ ဒေါသ၊ အစစ်တွေပဲ။ ဒါတွေက ခန္တီသစ္စာမေတ္တာ ဆိုတာ ချိုနဲ့ လား - တွေပဲ။

အင်္ဂလိပ်ခေတ်က မြန်မာပြည်မှာ ဆရာတော်ကြီးတပါး ကလည်း သည်လိုရေးခဲ့တယ်။ တော သူကြီး တစ်ဦးဟာ လူဆိုး ဓားပြတွေဘေး ကြောက်နေရတယ်။ တနေ့ တော့ သူက ဘုရင်ကို ခစားတယ်။ ဘုရင်က သူ့ ကို မြို့ ဝန်အရာ တတ်ပေးလိုက်တော့ သူက လူဆိုး မကြောက်ရ တော့ဘူး။ လူဆိုးတွေက သူ့ ကြောက်ရတယ်။ အဲသည်မှာ တောသူကြီးက မာနပိုင်နက်ထဲက လူပဲ၊ ဘုရင်က ထာဝရ အသင်္ခတပေါ့။ သူကြီးဟာ အသင်္ခတ မတွေ့ ခင်က တမျိုး၊ တွေ့ တော့ တမျိုးပေါ့။ ဒါကြောင့် ထာဝရဖြစ်တဲ့ အသင်္ခတဟာ ကောင်းကျိုး ချမ်းသာ ခပ်သိမ်းရဲ့ ဖန်ဆင်း ရှင်ပဲ။

ထာဝရဖြစ်တဲ့ အသင်္ခတဟာ အမှန်ဖြစ်တဲ့ စကြ၀ဠာ လောကဖြစ်တယ်။ အဲဒါရဲ့ တရားဟာ ခန္တီ သစ္စာနဲ့  မေတ္တာဖြစ်တယ်။ ထာဝရ စကြ၀ဠာ လောကဟာ ဂုဏ်ရှင်၊ ခန္တီ၊ သစ္စာနဲ့  မေတ္တာတွေ က ဂုဏ်တွေပဲ။ သည်ဂုဏ်တွေက ကောင်းကျိုးချမ်းသာတွေ ဖြစ်စေတာပဲ။

Website counter

Back to TOP