၁၂။ ဒြပ်ရဲ့အတွင်းကြည့်တော့ အချိန်နေရာဒြပ်မဲ့ကို မြင်ပြီး ၁၂။ ဒြပ်ရဲ့အတွင်းကြည့်တော့ အချိန်နေရာဒြပ်မဲ့ကို မြင်ပြီး ဒါကို ထာဝရလွတ်မြောက်မှုလို့  ယူကြတယ်

တကယ်တော့ သူဟာ လောကရဲ့ ခန္တီ၊ သစ္စာ၊ မေတ္တာမဲ့ကြတဲ့ အဖြစ်တွေ မြင်ပြီး ကြောက်ရွံ့  တုန်လှုပ်ဖြစ်လိမ့်မယ်။ ဒါကလည်း သိတတ် သူတွေဟာ သည်လို ဖြစ်ကြမြဲလည်း ဓမ္မတာ ဖြစ် တယ်။ သည်တော့ သည်လူတွေ ပန်းတိုင်ပြုပြီး အာရုံထားနေကြတဲ့ လိုလားမှု၊ မလိုလားမှု ဆိုတာတွေကို သည်လူတွေနဲ့  ထပ်တူ ပန်းတိုင်ပြု အာရုံထားမှုတွေ မလုပ်တော့ဘဲ ဒါကို ကျောခိုင်းပြီး အာရုံမပြုမိအောင် နေထိုင်လိမ့်မယ်။

လိုလားစရာ မလိုလားစရာတွေ အာရုံမပြုမိအောင် နေဖို့ ဟာ မလွယ်ပါဘူး။ အာရုံပြုမည့်သူ ဖြစ်တဲ့ ကိုယ်ကိုယ်တိုင်က ပတ်ဝန်းကျင် အာရုံတွေရဲ့ ဖြည့်ဆီးမှု၊ ဖျက်ဆီးမှုတွေနဲ့  ဆက်ဆံ နေရလို့ ပဲ။ ဖြည့်ဆီးစရာတွေ ဖြည့်ဆီးမှ ဖျက်ဆီးစရာတွေရဲ့ အဖျက်ဆီခံရမှုက လွတ်မှာ ဖြစ်မယ် မဟုတ်လား။

သည်အာရုံတွေနဲ့  ကင်းလို့ လည်းမရဘူး။ သည်အာရုံတွေနဲ့ ကင်းအောင် နေချင်တယ်- ဆိုတဲ့ အစွန်းနှစ်ရပ် လွန်ဆွဲတာ ခံရတော့ တာပဲ။ သည်တော့ လူကို အနည်းဆုံး စား-၀တ်- နေရေးနဲ့  ပြီးအောင် မွေးပြီး၊ စိတ်ကို ရွေ့ လျားနေတာ တခုခုမှာ ကပ်နေအောင် ထားတော့ တာပဲ။ ရွေ့  လျားနေတဲ့ အာရုံမှာ စိတ်ကို ထားပြီးတော့ အဲသည် အာရုံနဲ့  ထပ်တူ စိတ်ကလည်း ရွေ့ လျား နေလိမ့်မယ်။ ရွေ့ လျားပြီးတဲ့ အာရုံမှာ စိတ်ကိုလည်း မထားဘူး၊ ရွေ့ လျားမည့် အာရုံမှာလည်း စိတ်ကို မထားဘူး၊ ရွေ့ လျားနေတဲ့ အာရုံမှာပဲ စိတ်ကိုထားတော့ စိတ်ဟာ အချိန်မဲ့ ဖြစ်သွား တာပေါ့။

အချိန်ဆိုတာ သိသူအတွက် အသိခံအရာရဲ့ ရွေ့ လျားမှုကို ခေါ်ဝေါ်တဲ့ အမည်မဟုတ်လား။သိ သူရဲ့ အသိနဲ့  အသိခံအာရုံ ထပ်သွားပြီ ဆိုရင် အချိန်ပျောက် ခံသွားရမှာပဲ။ ဆက်တယ်လိုက် ဂြိုလ်တု ( Satellite) နဲ့  ကမ္ဘာလိုပေါ့။

သည်လိုကြည့်တော့ အချိန်ပျောက်ပြီး သက်သာရာ ရပေမယ့် ဒြပ်ကတော့ ကျန်တာပဲ။ သည်ဒြပ်တွေကို အဖြစ်အပျက် ကြည့်တယ်။ သည်ဒြပ်တွေကလည်း အစဉ်အမြဲ မပြောင်းလဲ ကြတာတွေမှ မဟုတ်တာပဲ။ သတိမမူလို့ သာ လူမမြင်- ဆိုတာလို ဖြစ်ကြတာပဲ။

ဒါကို ရှေးအခါက ပရမတ္တ၀ါဒီကြီးတွေဟာ ကောင်းကောင်း သိမြင်နိုင်ဖို့  မဟာကျမ်းကြီး တစောင် ပြုထားခဲ့ကြတာ ရှိတယ်။ အမည်က “ပဌာနကရဏ” လို့ ခေါ်တယ်။ ပဓာနပကရဏ ဖြစ်လို့ုပဲ။ ဒြပ်တွေက ရုပ်ဒြပ် နာမ်ဒြပ်တွေပေါ့။

အဲသည် ဒြပ်တွေဟာ ပဓာန အကြောင်းပစ္စည်းတွေရဲ့ အထောက်အပံ့နဲ့  ဖြစ်တည်နေတာတွေ ပဲ။ လူ့ မှာရှိတဲ့သူတွေလည်း အကြောင်းပစ္စည်းပဲ။ အာရုံတွေ ကြီးစိုးမှုတွေ အစစတွေလည်း အကြောင်းပစ္စည်းတွေပေါ့။

ဒါတွေက လူမှာရှိတဲ့ ရုပ်ဒြပ်နာမ်ဒြပ်တွေ ဖြစ်ပေါ်အောင် ကျေးဇူးပြုကြတာပဲ။ သည်တော့ ရုပ်ဒြပ်နာဒြပ်တစ်ခုတိုင်းဟာ သူ့  အလိုလို ဖြစ်ပေါ်လာတာလို့  မရှိဘဲ အကြောင်းကြောင်း ကြောင့် ဖြစ်တဲ့ အကျိုးပဲ ဖြစ်တာ တွေ့ ရတော့တာပေါ့။

အကြောင်းမရှိရင် အကျိုးဒြပ်တွေက ဖြစ်ခွင့်မရှိတာဆိုတော့ ဒြပ်တွေရဲ့ ဘ၀ဟာ မြဲမြံခိုင်ခံတဲ့ အနေမှာ မရှိတာ ပေါ်လွင်လာတယ်။ သည်တော့ ဒြပ်တွေရဲ့ အဖြစ်ဟာ ကောင်းတဲ့ နေရာမှာလည်း မရှိဘူး။ အနှစ်မဲ့အဖြစ် ဖြစ်တယ်။

အဲသည် ပဓာနပကရဏကို တတ်သူကတော့ ကျမ်းရဲ့သင်ကြားချက်အရ နှလုံးသွင်းပြီး ဒြပ်တွေ ရဲ့ အရှိမဲ့ အဖြစ်ကို သိကြတယ်။ မတတ်သူတွေကတော့ လူထဲက အဖြစ်တခုတိုင်းကို လေ့လာ ရပြီပေါ့။ တွေးကြည့်နိုင်တဲ့ အသိမရှိတော့ ပြေးကြည့်ပြီး အသိယူရတယ် ပြောရမယ်။ တွေး ကြည့်ပြီးသိနိုင်တာ မဖြစ်ဘူးပေါ့။ ပြောပဲ ကြည့်ကြည့်၊ တွေးပဲကြည့်ကြည့် အဲသည် ရုပ်နာမ်ဒြပ် တွေမှာ အဖြစ်အပျက် ရှိနေတာ သိကြတာတော့ တူပါတယ်။

အဖြစ်၊ အပျက်တွေ သိသူဟာ အဲသည်အဖြစ်၊ အပျက်တွေရဲ့ အဓိပ္ပါယ်မဲ့ အဖြစ်ကို သိရပြီး၊ အဲသည် အဖြစ်၊ အပျက်တွေကို ငြီးငွေ့ လွန်မြောက်လိုမှုတွေ ဖြစ်လာတယ်။ သည်တော့ ဒါတွေ ကို အထူးဆင်ခြင်တော့ ဒါတွေကို အပြည့်အ၀ သိတဲ့ အဖြစ် ရောက်ပြီး၊ သည်ရုပ် သည်နာမ် ဒြပ်တွေဟာ ပစ္စယသမ၀ါယတွေလို့  အလျော်သိသူများ ဖြစ်ပွားခါ ရုပ်ဒြပ်နာဒြပ် အဖြစ်မရှိရာ ဆီအရောက် သိသွားတာပါပဲ။ သည်သူဟာ ဒြပ်သုည၊ နေရာမဲ့အဖြစ် အမြင်ရောက်နေသူပါပဲ။

သည်သူဟာ အမှန်ဆိုလို့  ဒါပဲရှိတယ်၊ ကျန်တာတွေက မာယာတွေ- လို့ ဖြစ်တယ်။ သည်မာ ယာတွေဟာ အခိုင်အမာ ဘာမှမရှိဘူး၊ ပစ္စယသမ၀ါယလို့  ပြောရတဲ့ ပတ်ဝန်းကျင်ကြောင့် ဖြစ်တာတွေပဲ။ သည်ပတ်ဝန်းကျင်ဟာလည်း တခြားပတ်ဝန်းကျင်ကြောင့်ပဲ။

သည်တော့ ဆုံးစမရှိတဲ့ အနာဒိအနန္တ အသင်္ခတ အဇာတိ အဇရာ အဗျာဓိ အမရဏ ဖြစ်တဲ့ အရာရဲ့ ဖန်ဆင်းချက်တွေ ဖြစ်တယ် ဆိုပြီး နှာကြောတင်းလှတဲ့ လူ့ အခန်း ကဏ္ဍ မှေးမှိန် ပျောက်ကွယ် ဖျောက်ဖျက် ပေးခဲ့တာ ဖြစ်ပါတယ်။ လူကို နဖားတပ်ချင်လို့  အညာအဖျန်း ပြော ခဲ့တာ မဟုတ်ပါဘူး။ သူတို့ အမြင်ပေါက်ချက်အရ ပြောခဲ့ခြင်း မျှပါပဲ။

လူတွေက အပြင်ကြည့်ရတာ များပြီး အပြင်မှာ ကျက်စားရတဲ့ မူးနောက်ငြီးငွေ့  ကြတဲ့ အခါ အဲသည် မကြည့်မိအောင် အတွင်းမှာ စိတ်ကို ထားကြည့်ကြမြဲ ဖြစ်ကြတယ်။ ရှေးကလည်း သည်လိုပဲ၊ အခုလည်း သည်လိုပါပဲ၊ ဘာမှ မထူးပါဘူး။ အခု နည်းနည်းပိုတာက ကိရိယာတွေ ထွင်အားကောင်းလာလို့  အပြင်မှာ ကြည့်ရတာတွေ မကုန်နိုင်အောင်ဖြစ်ပြီး အပြင်ကြည့်လို့  မ၀နိုင် လွယ်တာလောက်ပါပဲ။ ဒါကြောင့် အတွင်းကြည့်အား နည်းနည်းပါးသွားသလိုတော့ ဖြစ်ရတယ်။ သိပ္ပံစနစ်တွေဟာ အပြင်ကြည့် စနစ်တွေပဲ။

ကွန်မြူနစ် စနစ်ဟာ အပြင်ကြည့်တဲ့ စနစ်ထဲက စနစ်တခုပဲ။ အဲသည်စနစ် အပေါက်ရောက် နည်းတဲ့ အခါ အတွင်း ကြည့်စနစ်တွေ ခေါင်းထောင်ထလာခွင့် ရတာပဲ။ ပီကင်းမှာ အတွင်း ကြည့်စနစ် ပြပွဲ ပြိုင်ပွဲတွေ လုပ်ခဲ့တာပဲ။ လီဟုန်ကြည်ဟာ အဲသည်မှာ အောင်ပွဲခံခဲ့တယ် သိရတယ်။

လီဟုန်ကြည်ဟာ အတွင်းကြည့် စနစ်မှာ ထိပ်တန်း ပေါက်ရောက်ခဲ့သူပဲ။ ခေတ်ဘာသာရေး အသုံးအနှုန်းနဲ့  သုံးမယ်ဆိုရင် ဘာသာရေးတခုရဲ့ ခေါင်းဆောင်၊ တမန်တော် တစ်ယောက် အဖြစ် ပြောရလောက်အောင်ရှိသူ ဖြစ်တယ် ပြောစရာဖြစ်တယ်။

အချိန်တို အတွင်းမှာ သူဟောပြောခဲ့တဲ့ ဓမ္မ ချဉ်းကပ်သူ ဆယ်ကုဋေလောက် ရှိတယ် ဆိုတာ ကြည့်ပြီး သိနိုင်တယ်။ ရှေးအခါက ဘယ် ဘုရားဆိုသူနဲ့  တမန်တော် ဆိုသူမှ သူ့ လောက် အချန်တိုအတွင်း သူတို့  တရားချဉ်းကပ်သူ များပြားခဲ့တာ မရှိခဲ့ဘူး။ ရာမတို့ ၊ ခရစ်ရှနားတို့  လည်း မရှိခဲ့ဘူး။ ဗုဒ္ဓတို့  နိဂန္ထတို့ လည်း မရှိခဲ့ဘူး။ ဟီဘရူးတို့  ခရစ်တို့  မိုဟာမက် တို့ လည်း မရှိခဲ့တာ တွေ့ ရတယ်။ အခု ခေတ်သစ်ထဲမှာ ခရစ်ရှနမူးရတီး တို့ လည်း သည်လိုပါပဲ။ အခု တောင် သူ့ တရား ဆည်းကပ်သူ တစ်ကုဋေရှိမှာ မဟုတ်ပါဘူး။

Website counter

Back to TOP