၁၁။ လီဟုတ်ကြည်ရဲ့ ခန္တီ၊ မေတ္တာ၊ သစ္စာအမြင်ဟာ ဗုဒ္ဓဘုရားရဲ့ အမြင်နဲ့  မတူဘူး

ခန္တီ၊ သစ္စာနဲ့  မေတ္တာတွေဟာ ကောင်းတဲ့ သဘာဝတွေပဲ။ ကောင်းတဲ့ သဘာဝတွေ ဖြစ်တဲ့ အတိုင်း ကောင်းကျိုးတွေ ဖြစ်စရာ ရှိပါတယ်။ ဒါပေမယ့် အားလုံးကောင်းဆိုတော့လည်း မဟုတ်ဘူးပေါ့။

လီဟုန်ကြည်ရဲ့ ခန္တီ၊ သစ္စာ၊ မေတ္တာ ဖြစ်ဖို့ ပြတဲ့ အမြင်တွေဟာ ဗုဒ္ဓဘုရား မြင်ပြတဲ့ အမြင်ကို မတွေ့ ဘူးပဲ။ လီဟုန်ကြည် မြင်တတ်သလို မြင်ပြတဲ့ အမြင် ဖြစ်နေတာတွေ့ နိုင်ပါတယ်။

ခန္တီ၊ သစ္စာနဲ့  မေတ္တာဟာ လူ့ လောကတည်ဆောက်ဖို့  အလွန်ကောင်းမွန်တဲ့ တရား ဖြစ်ပါတယ်။ သည်တရားတွေ ရှိရင် လောကကြီး ငြိမ်းငြိမ်းအေးအေး ချမ်းချမ်းမြေ့မြေ့ရှိပြီး၊ တိုးတက်မှာ အမှန်ဖြစ်တာ လူတိုင်း မျှော်မှန်းမိကြပါတယ်။

ဒါပေမယ့် ကိုယ်ကိုယ်တိုင် သည်တရားတွေ ပျက်ဖို့  ခွင်ထဲရောက်သွားခံရရင် ပျက်မှ ဖြစ်မယ်- လို့  ဆိုတဲ့ အသိ အ၀င်မခံရအောင် မတတ်နိုင်ဖြစ်ပြီး သည်တရားတွေ ချိုးဖျက်ကြတာဟာ လူ တိုင်းရဲ့ ဓမ္မတာပဲ။

သည်တရားတွေရှိမှ တိုးတက်မယ်လည်း လူတိုင်းသိကြသလို သည်တရားတွေ ငါ့အတွက် ဖျက်မှ ဖြစ်မယ်လို့ ကလည်း လူတိုင်း ဖြစ်ကြတယ်။ သည်တရားရှိမှ လောကတိုးတက်မှာ ဖြစ်ပေမယ့် သည်တရား ဖျက်မှ မိမိတိုးတက်မယ်ဆိုတာလည်း ဖြစ်နေတော့ တခုကို ရွေးတဲ့ အခါ မိမိတိုးတက်ဖို့ ပဲ ရွေးမိရတော့တာပဲ။

မိမိရယ်၊ လောကရယ် သည်နှစ်ခုမှာ ဘယ်အရာက အရေးပါသလဲ?
ဒါကိုဖြေရရင် “လောက” လို့ ဖြေမိမှာ မဟုတ်ကြဘူး။ မိမိမရှိရင် လောကရှိမှန်းပင် မသိနိုင်တာ ဖြစ်လို့ ပဲ။ နှစ်ခုလုံးအရေးပါတယ် သိဖို့ လည်း သိပ်မလွယ်ဘူး။ လောကမရှိပဲ မိမိချည်းပဲ ရှိတာ ကို မစဉ်းစားကြလို့ ပဲ။

မိမိဟာ ၀န်ထမ်းသမား၊ လောကဟာ ၀န်ထုပ်။
သည်လိုမြင်ပြီး လောက ရွေ့ လျားဖို့  အတွက် ၀န်ထမ်းသမား မိမိက ခိုင်မာတောင့်တင်းမှု ရှိဖို့  လိုတယ်။ ဒါကြောင့် လောကနဲ့ မိမိသသည် နှစ်ခုမှာ မိမိဟာ အရေးအပါဆုံးလို့  နေရာပေးမိ မှာ ဖြစ်တယ်။

လောကမရှိရင် မိမိမရှိနိုင်တာကို လွှတ်ထားလို့ လည်း လောကဟာ အကျိုးနည်းလှပြီ။ ဒါကို လောကကို ခြုံငုံ သိမြင်သူတွေဟာ မိမိ ပဓာနစိတ်ဓါတ်ကို နဖားကြိုး ထိုးချင်ကြတယ်။ ဗုဒ္ဓ ဘုရားက လွဲတဲ့ ဘာသာတရားတွေဟာ အဲဒါတွေ လုပ်ကြတာပဲ။

ဟိန္ဒူ၊ ခရစ်ယာန်၊ မွတ်ဆလင် အားလုံးပဲ သူတို့  အဆိုအရ လူဟာ ကိုယ့်ကိုယ်ကို ကိုယ်ပိုင်သူ မဟုတ်ကြဘူး။ လူဟာ ဘုရားသခင်ရဲ့ ဖန်ဆင်းရုပ်ပဲ။ သည်အရုပ်ဟာ ဘုရားသခင် ခွင့်ပြုတာ အတွင်းမှာပဲ လှုပ်ရှားခွင့် ရှိတယ်။ ခွင့်မပြုတာ လှုပ်ရှားမိတဲ့ သည်အရုပ်ဟာ ဘုရားသခင်ရဲ့ ချိုး ဖျက်ပစ်တာ ခံရမယ်။

သည်ဘာသာဝင်တွေဟာ ဒါတွေကို ယုံကြည်ကြတယ်။ သည်တော့ မိမိပဓန စိတ်ဓါတ် လျှော့ ပါးပြီး ငါတကော ကောမှုတွေ ပျောက်လွင့်ကြတာပေါ့။ သည်တော့ ခန္တီ၊ မေတ္တာ၊ သစ္စာတွေ ဖြစ်တာပဲ။ သည်ဘာသာတရားတွေက မိမိပဓာန စိတ်ဓါတ် နှာကြောသန်နေတဲ့ လူတွေကို နဖားကြိုးတပ်တဲ့ အနေနဲ့  “မင်းတို့ ဟာ ဘုရားသခင်ရဲ့ ဖန်ဆင်းရုပ်တွေ ဖြစ်တယ်၊ ဘုရား ပေးသမျှ ရနေကြတာ၊ ဘုရားခွင့်ပြုတာ လွန်ရင် ခံရပြီသာမှတ်ပေတော့” လို့  သည်လို အယုံ သွင်းပေးကြတာပဲ။

သည်အယုံတွေကို လက်ဦးဆုံး ရခဲ့သူတွေက ဘယ်လိုလဲ? - မေးဖွယ်တွေပဲ။ သည်သူတွေ ဟာ လူတွေနှကြောကို နဖားကြိုးတပ်ချင်လို့  လိမ်ညာပြောခဲ့တာကို စွပ်စွဲမယ် ဆိုရင် စွပ်စွဲချင် စရာတွေ ရှိတယ်။ သည်လို လိမ်ညာရင် သူက သစ္စာအပျက်ခံပြီး သူများသစ္စာရှိအောင် လုပ်သလို ဖြစ်မှာပေါ့။ ဒါကြောင့် သည်လို လုံးလုံးဘဲ မဟုတ်နိုင်ရပါဘူး။

Website counter

Back to TOP