၁၀။ မတရားပြုသူရဲ့ အပြုကို ခံရသူဟာ ကုသိုလ်ကောင်းမှုတွေ ရသွား၊ ဖြစ်သွားတယ် ဆိုတာ တကယ်ပဲလား?

နောက်တစ်ချက်ဖြစ်တဲ့ မတရားပြု သူဆီက ပဲ့ထွက်လာတဲ့ ကုသိုလ်ကောင်းမှုတွေဟာ အပြုခံ ရသူမှ ရရှိတယ်- ဆိုတာလည်း စိစစ်ကြည့်သင့်တယ်။ ဒါ တကယ် ဟုတ်ပ့ါမလား? ဟုတ်တယ်- ဆိုရင် အလားတူ တစ်ခုလည်း ဟုတ်ရလိမ့်မယ်။ အဲဒါက “မတရားမှု ပြုသူရဲ့ အပြုခံရသူဟာလည်း တရားမှုပြုလို့  ပဲ့ထွက်လာတဲ့ မတရားမှု အထိအမှန်ခံရပြီး အဲသည် မတရားမှုကို ရရှိသူ ဖြစ်မလား? - ဆိုတာပါပဲ။

ဒါတော့ လီဟုန်ကြည် ခေါင်းငြိမ့်နိုင်မှာ မဟုတ်ဘူး။ မတရားအပြုခံရသူဟာ မတရားပြုသူဆီက ပဲ့ထွက်လာတဲ့ တရားကို ပိုင်ဆိုင် ရရှိတယ် ဆိုရင်တော့ တရား ပြုသူဆီက မတရားတွေ ပဲ့ထွက်လာမှာပဲ။ အဲသည်အပဲ့တွေကို တရားအပြုခံရသူအဖို့  ဓမ္မတာမဆိုက်ဘူးလား? မတရား ပြုရင် ပြုသူဆီက တရားတွေ ပဲ့ထွက်တာ ခံရသလို၊ တရားပြုရင်လည်း ပြုသူဆီက မတရားတွေ ပဲ့အထွက်ခံရမှာပဲ။ သည်တော့ တရားအပြုခံရသူဟာ တရားပြုသူဆီက ပဲ့ထွက် လာတဲ့ မတရားကို ရရမှာပေါ့။

သည်တော့ မတရား၊ အဆက်ဆံခံရသူဟာ မတရားဆက်ဆံသူဆီက ပဲ့ထွက်လာတဲ့တရားကို ပိုင်ဆိုင်ရရှိသူ ဖြစ်သလို တရားနဲ့  ဆက်ဆံခံရသူဟာလည်း တရားနဲ့  ဆက်ဆံသူ့ ဆီက ပဲ့ ကျွေထွက်လာတဲ့ မတရားတွေ ရရှိသူဖြစ်ပြီး၊ တရားနဲ့  ဆက်ဆံ ခံရသူဟာ အလိုအလျောက် မတရားသူ ဖြစ်တော့တာပေါ့။ ဒါကြောင့် တရားနဲ့  ဆက်ဆံမည့်သူကို အဆက်ဆံခံမည့်သူက ရှောင်ရမလို ဖြစ်ပြီပဲ။ သည်လိုကော ဖြစ်သင့်ရဲ့လား? တရားနဲ့  ဆက်ဆံသူကို ရှောင်ရရင် လူ ဟာ ဘယ်လိုသူနဲ့  ဆက်ဆံရမလဲ?

လီဟုန်ကြည်ရဲ့ ခန္တီ၊ သစ္စာနဲ့  မေတ္တာ ပါရမီဆိုင်ရာ ကျင့်ဖို့ အတွက် အမြင်တွေဟာ အမြုတေ မကျတာ ပေါ်လွင်ပါတယ်။ ကျင့်ဖို့ ပဲ လိုတယ်၊ ကျင့်ဖို့  အမြင်မလိုဘူး ပြောမလား? သည်လို ပြောရင် မှားမှာပါ။ အမြင်မှားနဲ့  ခန္တီ၊ သစ္စာ၊ မေတ္တာတွေ ဖြစ်အောင်လုပ်ရင် အမြင်မှား ခန္တီ၊ အမြင်မှား သစ္စာ၊ မေတ္တာတွေပဲ ဖြစ်မှာပါ။

အမြင်မှားနဲ့  တည်ဆောက်လို့  ဖြစ်တဲ့ ခန္တီ၊ သစ္စာ၊ မေတ္တာတွေလည်း ခန္တီ၊ သစ္စာ၊ မေတ္တာတွေပဲ မဟုတ်ဘူးလား - ပြောလို့ တော့ရပါတယ်။ ဒါပေမယ့် ပြောလို့ ပဲ ရတာ ဖြစ်ပြီး ထာဝရခန္တီ၊ သစ္စာ၊ မေတ္တာဆီ မရောက်စေနိုင်ပါဘူး။ ယာယီ ရွေ့ လျားတဲ့ ခန္တီ၊ သစ္စာ၊ မေတ္တာပဲ ဖြစ်လို့ ပဲ။

ယာယီခန္တီ၊ သစ္စာ၊ မေတ္တာတွေ ဖြစ်ပေမယ့် ဖြစ်ပွားစေသူဟာ အကျိုးဂုဏ်တွေတော့ ထင်နိုင် လောက်ပါတယ်။ ဒါကို လီဟုန်ကြည်က ကားတိုက်ခံရသူနဲ့  ငြိမ်းပေါ်ကကျလာတဲ့ သပိုက်ကြီး ခေါင်းပေါ်တည့်တည့် ကျလာပြီး များစွာ ထိခိုက် မခံရသူ အစစတွေ ပြပါတယ်။ သည်အကျိုး တွေဟ အဲသည် ခန္တီစတဲ့ အကြောင်းတွေကြောင့် ဟုတ်ကောင်း ဟုတ်မှာပါ။ ဟုတ်ကောင်းမှ လည်း ဟုတ်မှာပါ။

ကလေးတွေလဲကျရာမှာ ကျိုးပဲတာ နည်းပါတယ်။ လူကြီးတွေ ဆိုရင် ကျိုးပဲ့တာ များကြတယ်။ အကြောင်းကတော့ လူကြီးဟာ အဲသည်လို ဖြစ်မယ်ဆိုရင် ယောင်ကန်းကန်းနဲ့  တုန့် ပြန် ပါတယ်။ ကလေးကတော့ တုန့် ပြန်မှုမဲ့လို့ ပါပဲ။ ယောင်ကန်းကန်း တုန့် ပြန်မှုဟာ ခန္တီ၊ သစ္စာ၊ မေတ္တာပျက်ရာ ရောက်ပါတယ်။ သည်လို မတုန့် ပြန်တာဟာ ခန္တီ၊ သစ္စာ၊ မေတ္တာရှိရာ ရောက် လို့ ပဲ။

သည်တရားက ကျန်းမာရေးဖြစ်စေတာလည်း လီဟုန်ကြည် ညွှန်းပါတယ်။ လောကမှာ လူတိုင်းပဲ မကျန်မာတာကို ကြောက်ရွံ့ ကြတယ်၊ ကျန်းမာတာကို လိုလားကြတယ်။ သည်တရားဟာ ကျန်းမာမှုတွေ ဖြစ်စေတာလည်း ဟုတ်လောက်မှာပဲ။ ဟုတ်ကောင်းမှလည်း ဟုတ်မှာပဲ။

သည်တရားကို နာကြားလေ့လာရလို့  ကျန်းမာတယ် ဆိုတာ ... မခံနိုင်ဖြစ်ပြီး ဒေါကန်တာ၊ သစ္စာပျက်ပြီး လုပ်ချင်ရာလုပ်လို့  သွေးလေတွေ ဖောက်ပြန်တဲ့ စိတ်ကြောင်းရင်းခံ ရုပ်ရောဂါ တွေ ရနေသူဆိုရင်တော့ သည်တရားဟာ အဲဒီရောဂါတွေ ငြိမ်းစေစရာရှိမှာ အမှန်ပဲ ဖြစ်တယ်။

သည်လိုမဟုတ်တဲ့ ရောဂါတွေ ပျောက်ပျက်နဲ့  မဖြစ်ပွားစေတာ ဆိုတော့ ဟုတ်ကောင်းမှ ဟုတ်မှာပဲ။ ထန်းသီးကျွေခိုက် ကျီးနင်းလိုက် သဘောမျိုး၊ သည်တရားလေ့လာတဲ့ အချိန်နဲ့  ရောဂါပျောက်မည့်အချိန် မတော်တဆ ကိုက်ညီနေတာမျိုး ဖြစ်ကောင်း ဖြစ်စရာ ရှိပါတယ်။

Website counter

Back to TOP