၁၄။ ထာဝရဆိုက်တဲ့ လမ်းကို လီဟုန်ကြည်က တိတိပပ ပြလိုက်တယ်

ဒါကြောင့် ထာဝရဖြစ်တဲ့ အချိန်နဲ့  နေရာ သုညအဖြစ်ကို ရောက်ဖို့  လမ်းဟာ ခန္တီ၊ သစ္စာနဲ့  မေတ္တာတွေပဲ။ ဒါတွေဖြည့်လို့  ပြည့်ချိန်ဟာ ထာဝရဆိုက်မှာပဲ။ ဒါကြောင့် လီဟုန်ကြည်က ပြောတာပဲ။ “မကောင်းမှု အပြုခံရသူဟာ အခံခက်မှာ ဖြစ်ပေမယ့် ခံရင် အကျိုးရတာကို မြင်အောင်ပြပြီး ခံနိုင်မှု မွေးစေတာပဲ။ သည် ခံနိုင်မှု မွေးတာထဲမှာ ခန္တီရော သစ္စာနဲ့  မေတ္တာပါ သက်ဝင်ပါတယ်။ ခံနိုင်တာက- ခန္တီ၊ ရတာ မြင်တာက - သစ္စာ၊ ပြုသူကို မမုန်းတီးစေတော့ တာက- မေတ္တာပေါ့။

လီဟုန်ကြည်ရဲ့ သည်ပြချက်ဟာ အချိန်နဲ့ နေရာ သုညဖြစ်တဲ့ ကောင်းကျိုး ချမ်းသာ ခပ်သိမ်းကို ဖြစ်စေတဲ့ ဖန်ဆင်ရှင်ဆီ အရောက် ပို့ နိုင်တဲ့ လမ်းပဲ။ သည်လမ်းကို ဘယ်သူမှ သည်လို တိတိပပ မဖောက်နိုင်ကြသေးဘဲ လီဟုန်ကြည် ဖောက်လိုက်တာပဲ။ ဒါကြောင့် လီဟုန်ကြည်ဟာ ဘာသာတခုရဲ့ ခေါင်းဆောင်၊ နေရာ သုညဖြစ်တဲ့ ဖန်ဆင်းရှင်ရဲ့ တမန်တော် တစ်ယောက်အဖြစ် လောက်လောက်လားလား နေရာရှိသူ ဖြစ်ပါတယ်။

ဒါကြောင့် လူတွေကလည်း ဒါကို အသိအမှတ်ပြုပြီး ကာလတို အတွင်းမှာပဲ ချဉ်းကပ်သူ ဆယ် ကုဋေမျှ ရှိလာသူ ဖြစ်ပါတယ်။ သူ့ ရဲ့ မြင်ပြ စွမ်းအားကလည်း ကြီးမားပါတယ်။ လီဟုန်ကြည် ဟာ ဗုဒ္ဓဘာသာအတွင်းမှာ သက်ဆင်းပြီး ကြီးမြင့်လာသူ ဖြစ်ကောင်း ဖြစ်မယ်။ ဒါပေမယ့် ဗုဒ္ဓ ရဲ့ အရိယသစ္စာကွယ်ရာမှာ ကြီးမြင့်လာသူပဲ ဖြစ်ပါမယ်။

လီဟုန်ကြည်ရဲ့ ဆရာအရိယာ ဘယ်သူလဲ? အပြခက်ပါ့မယ့်။ အရိယသစ္စာ ကွယ်ရာမှာ ထွန်းကားကြတဲ့ ဗုဒ္ဓဘာသာ တွေဟာ အချိန်မဲ့ နေရာမဲ့တွေဆီ လမ်းကြောင်း ပေါက်ပေါက် သွားခဲ့ကြရိုး ရှိပါတယ်။ အဲဒါလည်း နှစ်တွေ နည်းနည်းနောနော မဟုတ်ဘူး၊ နှစ်ထောင့် သုံးရာ ၀န်းကျင်လောက် ရှိခဲ့ပြီ။

Website counter

Back to TOP