၁၅။ ဓမ္မစကြာလည်စေသော်သည် ဗုဒ္ဓ၏ အရိယသစ္စာ ပြင်ပက လောကဓမ္မတခုသာ ဖြစ်တယ်

ဒါတွေကြောင့် ... ...
လီဟုန်ကြည်ရဲ့ “ ဓမ္မစကြာလည်စေသော်” ကို

ဗုဒ္ဓဓမ္မ မဟုတ်ဘူးလို့  သုံးသပ်ရမှာတောင် အားနာစရာ ဖြစ်တယ်။ လီဟုန်ကြည် တို့ က ဗုဒ္ဓဓမ္မ အဖြစ် ယုံကြည်စိတ်ချပြီး ကျင့်ကြံလာခဲ့ ရာက ရလာတာ ဖြစ်မှာ မဟုတ်လား။ ပြီးတော့လည်း တလောကလုံးကလည်း ဒါတွေကို ဗုဒ္ဓ ဘာသာတွေလို့  အသိအမှတ်ပြုပြီး ကလည်း ရှိတယ် မဟုတ်လား။ သည်တော့ ဗုဒ္ဓဘာသာ လို့  ရိုးသားစွာ ယူထားသူဆီက ဗုဒ္ဓဘာသာ မဟုတ်ဘူးလို့  ဆွဲမလုယက်နိုင်အောင် ဖြစ်ရပါတယ်။

အရိယသစ္စာရောက် ဗုဒ္ဓဓမ္မ မဟုတဘူး- ဆိုတာလောက်သာ သုံးသပ်ရပါမယ်။ အရိယ သစ္စာ ရောက် ဗုဒ္ဓဘာသာ မဟုတ်ဘဲ ဗုဒ္ဓဘာသာ လုပ်နေကြတာတွေဟာ ကမ္ဘာနဲ့  အ၀ှမ်း ဖြစ်နေ ကြတယ် မဟုတ်လား။ သည်လို ဖြစ်လျက်နဲ့  လီဟုန်ကြည် ဗုဒ္ဓဘာသာ ခံယူချက်ကျမှ ဗုဒ္ဓ ဘာသာ မဟုတ်ဘူးလုပ်လို့  တရားပါတော့မလားပေါ့။ ဒါပေမယ့် ဗုဒ္ဓဘာသာ စစ်စစ်ကတော့ အရိယသစ္စာအောက် အလျှော့ဖြစ်စေ၊ အရိယသစ္စာထက် အပိုဖြစ်စေ ဖြစ်နေရင် ဗုဒ္ဓဓမ္မ အဖြစ် ရောက်မှာ မဟုတ်ဘူးလို့ ဘဲ ပြောရမှာပဲ။

Website counter

Back to TOP