၁၈။ လီဟုန်ကြည်ရဲ့ လူ့ အမြင်ပေါ် သုံးသပ်ချက်

နောက်ဆုံးပေါ်လာတဲ့ တမန်တော် လီဟုန်ကြည်က လူ့ ဓမ္မကို ညွှန်ပြပြန်ပြီ။ လူ့ ဓမ္မကို ညွှန်ပြ ချင်သူဟာ လူ့ သဘာဝကို အမှန်သိပြီးသူ ဖြစ်ရမှာပါ။ လီဟုန်ကြည်ဟာ လူ့ သဘာဝကို အမှန် သိပြီးသူလား? လီဟုန်ကြည်ရဲ့ လူ့ အမြင်ပြဆိုချက်တွေကို ဓမ္မစကြာလည်စေသော်ထဲမှာ အထင်အရှား ဖော်ပြချက်တွေ တွေ့ နိုင်ပါတယ်။

လီဟုန်ကြည်ရဲ့ လူ့ သဘာဝအမြင်ဟာ ရှေးဟောင်း လူ့ သဘာဝအမြင်အတိုင်းပါပဲ။ မမွေးခင် တွေက ပြုခဲ့တာတွေအရ အခု လူဖြစ်နေပြီး အခုပြုတာတွေအရ သေပြီးနောင်မှာ ဆက်ဖြစ်မယ် - ဆိုတာမျိုးပါပဲ။

လူကို သည်လို မြင်ပြတာက မဖြစ်ဘဲနဲ့  ဖြစ်ပြတာ ဖြစ်ပါတယ်။ အမှောင်ထဲကအမြင် ဒါမှ မဟုတ် စိတ်ထဲကအမြင် (= စိတ္တဇအမြင်) လို့ ပြောရမှာပဲ။ သည်အမြင်ကို နည်းနည်း ခွဲစိတ် ကြည့်ရမယ်။

သည်အမြင်နဲ့  စပ်ပြီး မြင်သူရဲ့ စိတ်ထဲကို သည်အမြင်ဘယ်လို ရောက်လာတာလဲ? - လို့ ပေါ့။
သည်လို မြင်စရာ ရှိတယ်လို့ ပြောချက်စကားကို ကြားပြီး၊ သည်အမြင်ဟာ မြင်သူစိတ်ထဲကို ရောက်လာတာလား?

သည်အမြင်ကို မြင်သူကိုယ်တိုင် အာရုံငါးပါး တွေ့ သိချက်တွေကို တွက်ချက် ဆက်စပ်မိရာက မြင်သူ့ စိတ်ထဲ သည်အမြင် ရောက်လာတာလား?

သည်မေးခွန်း နှစ်ခုရဲ့ အဖြေနှစ်မျိုး၊ တမျိုးမျိုးကြောင့်ပဲ သည်လူ့ စိတ်ထဲ သည်အမြင် ရောက် လာစရာ ရှိတယ်။

သည်အမြင်ဟာ သူများ စကားကြားပြီး စိတ်ထဲရောက်လာတယ် ဆိုသော်မှ သည်စကား ပြောသူရဲ့ အစဆုံး သူ့ စိတ်ထဲ သည်အမြင် ရောက်လာပုံဟာ နောက်မေးခွန်းရဲ့ အဖြေမျိုးပဲ ဖြစ်ရစရာ ရှိပါတယ်။ ဒါကြောင့် ဒါကို ခွဲစိတ်ရမှာ ဖြစ်ပါတယ်။

သည်အမြင် ပဌမဆုံး စိတ်ထဲ ရောက်လာခံရသူဟာ အာရုံငါးပါးကို ဆက်စပ်ရာကနေ ရောက် လာတာ မဖြစ်နိုင်ဘူး။ ဆဌအာရုံဆိုတဲ့ စိတ်ရဲ့ အာရုံကနေ မြင်သူ့ စိတ်ထဲ ရောက်လာတော ဖြစ်စရာ ရှိပါတယ်။ ဆဌအာရုံဟာ ရှိတာကို မြင်တတ်သလို မရှိတာလည်း မြင်တတ်တာ တွေ့ ရပါတယ်။ မရှိတာ မြင်တတ်တာမှာ ဥပမာ ... အိပ်မက်မှာ မရှိတာတွေလည်း မြင်တာနဲ့  နောက်တခုအဖြစ် တစ္ဆေခြောက်ခံရရာမှာ မျက်စိ၊ နားတွေနဲ့  တပ်အပ် မြင်၊ ကြားတာမျိုးတွေ ဖြစ်ပါတယ်။

လူတွေဟာ မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ် အာရုံတွေရဲ့ ငြီးငွေ့ ဖွယ်တွေ ဒဏ်ခံရလွန်းတဲ့ အခါ အဲသည် အာရုံခံ အင်္ဂါတွေကို ပိတ်ထားနိုင်ဖို့  အတွက် အားထုတ်တတ်တာ ဓမ္မတာဖြစ်တယ်။ သည်တော့ ရုပ်သဘာဝကိုပဲ စိတ်နဲ့ သိနေတာ လုပ်ကြတယ်။ သည်လို လုပ်တာမှာ တည်သွား တဲ့အခါ အချိန်ပျောက်သွားပြီး ၊ သညာအထိန်းလွတ်သွားတယ်။ အဲသည်အခါမှာ စိတ်ဟာ သူထင်ချင်ရာ ထင်တာပဲ။ မအိပ်ဘဲ အိပ်မက်တွေ မက်တယ်၊ အိပ်မက်မဟုတ်ဘဲ မြင်တာ ဆိုတော့ တကယ့်အဖြစ်လို့ ပဲ ထင်တော့တာပေါ့။ နောက်- ကလာပြီး နောင်- ကို သွားမယ် ဆိုတဲ့ ဇာတ်လမ်းတွေဟာ သည်သူတွေက စတော့တာပါပဲ။

သည်သူတွေဟာ လေအရှူနည်းသူတွေပဲ။ လူဟာ လေထဲက ဓါတ်လည်း ပြည့်ပြည့်၀၀ ရဖို့  လိုပါတယ်။ တ၀က် တပျက်လောက်ရတဲ့ အချိန်များလာရင် လူ့ အသိဟာ ကမောက်ကမတွေ ဖြစ်ကုန်ကြမှာပဲ။ ငှက်ဖျားပိုးတွေ သွေးထဲများပြီး ဦးနှောက်ပို့ တဲ့ ဆံချည်မျှင် သွေးကြောထဲ ဆို့ ကုန်တာခံပြီ ဆိုရင် သည်လူဟာ ကယောင်ကတမ်းတွေ ရှောက်မြင်၊ ရှောက်ပြောတော့တာ ကြည့်ရင် သိနိုင်တယ်။

ဒါကို ရှေးက ငန်းဖျားပြီး ငန်းထတယ်လို့  ပြောတာပဲ။ ဦးနှောက် ပုံမှန် အလုပ်မလုပ်တာရဲ့ နာမည်ပဲ။ စိတ်ကို ရုပ်မှာပဲ ကြည့်နေဖို့ ထားသူဟာလည်း လေ၀င်လေထွက်တွေ မမှန်နိုင်ပါဘူး။ လိုတာတွေ လိုပြီး ပိုတာတွေ ပိုနေတာခံရဖို့  မလွဲပါပဲ။ သည် လူ့ ဦးနှောက်လည်း ပုံမှန်ကနေ ချွတ်ယွင်းတာ ဖြစ်ရမှာပါဘဲ။

သည်လိုသူတွေဟာ လူကို မြင်ပြကြလိမ့်မယ်။ လူဟာ မမွေးမီက တနေရာရာက လာခံတာ- လို့ ပေါ့။ သည်အမြင်ဟာ စိတ်မှန်နဲ့  မြင်တဲ့အမြင် မဟုတ်ဘူး။ စိတ်ဂယောင်ခြောက်ခြားနဲ့  မြင်တဲ့ အမြင်ပဲ ဖြစ်တယ်။ အခြေအမြစ် ရှိရှိလို့  ဆိုရတဲ့ တကယ့်အမြင်၊ အကြား၊ အနံ့ ၊ အရသာ၊ တွေ့ တွေတဲ့  တွက်ချက်စုခွဲလုပ်ပြီး သိရတဲ့ အသိ မဟုတ်ဘူးလို့  ဆိုလိုတယ်။

ဖန်ဆင်းရှင်ကို လက်ခံတဲ့ အသိုင်းအ၀န်းမှာ သည်လိုသိမြင်တာမျိုး နည်းပါးတာဟာ ထင်ရှားတဲ့ အချက် တချက်ပဲ။ သူတို့ မှာ နောက်- မရှိဘူး။ နောင်- ပဲရှိတယ် မဟုတ်လား။ သည်သူတွေရဲ့ အစုအမက်ဟာ ကမ္ဘာ့ဦးရေရဲ့ သုံးပုံနှစ်ပုံ ၀န်းကျင်ရှိမယ်။ နောက်- ကလာခံတာ လို့  ခံယူသူဟာ ကမ္ဘာ့လူဦးရေရဲ့ လေးပုံတစ်ပုံ လောက်ပဲ ရှိမှာ ဖြစ်မယ်။

သည်လူမရှိခင်က ရှိ၊ မရှိနဲ့  သည်လူမရှိတဲ့နောင်မှာ ရှိ၊ မရှိ လူကို နောက်- တွေ့၊ နောင်- တွေ နဲ့ မြင်ပြတာတွေ မဟုတ်ပါဘူး။ လူကို လူအတိုင်း မြင်ပြတာတွေတောင် လူ့ သဘာဝ မြင်ပြ တာတွေ မဟုတ်ပါဘူး။

Website counter

Back to TOP