“သူငယ်- မနေ့ က မင်း အပင့်နဲ့  ကလေးတစ်ယောက် လာပင့်ချိန်မှာ ငါ ၀မ်းနှုတ်ထားလို့  သည်နေ့ မှ လာဖြစ်မယ်-လို့  ပြောလိုက်တာ ရသလား”
“ရပါတယ် အရှင်အာနန္ဒာဘုရား”
“သူငယ် ဘယ်လိုအကြောင်းများရှိသလဲ”
“အရှင်ဘုရား- မြတ်စွာဘုရားလည်း လွန်တော်မူပြီဆိုတော့ တရားနာချင်တယ်ဆိုလျင် အသင့်လျော်ဆုံးက အရှင်ဘုရားထံ ချဉ်းကပ်ရမှာ မဟုတ်လား။ အရှင်ဘုရားဟာ ဘုရားသျှင်နဲ့ အချိန်များစွာ အတူနေခဲ့တာပဲ”
“ဘယ်လိုတရားများ မေးမြန်းချင်တာလဲ၊ သူငယ်”
“မြတ်စွာဘုရားဟာ လူတွေကို တရားထဲ ဘယ်လိုသွင်းတယ်ဆိုတာ သိပါရစေ အရှင်”
“သူငယ်- ဘုရားသျှင်ဟာ တရားသုံးပါးရဲ့ ကျေးဇူးဂုဏ်တွေကို ပြောဆိုပြီး၊ တရားမှာ လူတွေကို သွတ်သွင်းတာပဲ”
“တရား သုံးပါးက ဘာတွေလဲ အရှင်”
“သီလ၊ သမာဓိ၊ ပညာ- ပဲ၊ သူငယ်”
“သီလ ဆိုတာ ဘယ်လိုဟာလဲ အရှင်”
“ဘုရားရဲ့ တရား နာရပြီး၊ သံဝေဂရကာ ရဟန်းပြုကြတယ်။ လူအများကို စောင့်ရှောက်တဲ့ အနေနဲ့ သတ်ဖြတ်ညှဉ်းဆဲ၊ ဆင်းရဲစရာတွေ မလုပ်ဘူး။ သည်ခံတယ်။ တရားတော်နဲ့ ဆန့်  ကျင်တဲ့ အသက်မွေး၊ နေထိုင်မှုတွေ မလုပ်ဘူး။ ဣနြေ္ဒရှိရှိ နေတယ်။ ပစ္စည်းလေးပါးကို မျှတရုံ ရောင့်ရဲတယ်။ ဒါတွေဟာ သီလတရားတွေပဲ သူငယ်”
“သမာဓိ တရားဆိုတာ ဘယ်လိုလဲ အရှင်”
“သူငယ်- သီလအစုနဲ့ ပြည်စုံသူဟာ ဥပါဒါန်ရဲ့ အာရုံခန္ဓာတွေမှာ အဘိဇ္ဈာကင်းတဲ့စိတ်၊ ဗျာပါဒ ကင်းတဲ့စိတ်၊ ထိနမိဒ္ဓ ကင်းတဲ့စိတ်၊ ဥဒ္ဓစ္စ ကုက္ကုစ္စကင်းတဲ့စိတ်၊ ၀ိစိကိစ္ဆာကင်းတဲ့ စိတ်ဖြစ်ပြီး စိတ်ကို ပွင့်လင်းစင်ကြယ်အောင်နေတယ်”
သူငယ်- ဥပမာ ကြွေးယူပြီး အလုပ်လုပ်ရသူ၊ လုပ်ပြီး ကြွေးအကျေဆပ်ပြီးသလို။ ဒါမှမဟုတ် အနာရောဂါက လွတ်သလို။ ထောင်အချုပ်က လွတ်သလို၊ ကျွန်ဘ၀ကလွတ် သလို၊ အဘိဇ္ဈာ စတဲ့ စိတ်အညစ်အကြေး၊ အဆို့ အပိတ်တရားတွေရဲ့ လွတ်မြောက်နေပုံကို တွေးခေါ်သုံးသပ်ပြီး နှစ်သက်ချမ်းမြေ့ ငြိမ်သက်မှု ဖြစ်တယ်။ ဒါလည်း သမာဓိတရား အစုမှာ ပဌမဈာန် သမာဓိဆိုပြီး အပါအ၀င်ဖြစ်တယ် သူငယ်”
ပဌမဈာန်အနေနဲ့  ပြည့်စုံသူဟာ ၀ိတက်၊ ၀ိစာရကို ကျော်လွန်ပြီး ဒုတိယဈာန်နဲ့  နေတယ်။ ဒါလည်း သမာဓိတရားပဲ။ တတိယဈာန်၊ စတုတ္ထဈာန်နဲ့ နေပါတယ်။ ဒါလည်း သမာဓိတရား အစုတွေပဲ။ ဒါတွေဟာ သမာဓိတရားတွေပဲ”
“ပညာတရားဆိုတာ ဘယ်လိုဟာတွေပါလဲ အရှင်”
“အလှအပမြင်စရာမှာ အလှအပမြင်သူ အဖြစ်က၊ မလှမပလို့  မြင်သူအဖြစ် တန်ခိုးဖန်ဆင်း ပါတယ်။ မလှမပမြင်စရာမှာ မလှမပလို့ မြင်သူအဖြစ်က အလှအပလို့ မြင်သူအဖြစ်၊ တန်ခိုး ဖန်ဆင်းပါတယ်။ ဒါလည်းပညာတရားအစုထဲမှာ တစ်ခုပါပဲ သူငယ်။
သူငယ်- ဒိဗ္ဗသောတ၊ စေတောပရိယ၊ ပုဗ္ဗေနိဝါသာနုဿတိ၊ ဒိဗ္ဗစက္ခု၊ အာသွက္ခယ။ ဒါတွေ ဖြစ်ပါတယ်။ ဒါတွေကလည်း ပညာတရားအစုထဲက တွေပါပဲ”
၉။ သာဝတ္ထိသို့  ကိစ္စရှိ၍ ရောက်လာသော တေဒေယျပုဏ္ဏားကြီး၏ သား သုဘလူငယ်၏ ပင့်လျှောက်ချက်အရ သူတည်းခိုသောအိမ်ပ၌ ရှင်အာနန္ဒာ ဟောသောတရား
Labels:
မဟာပေါဌက ပထမ အစု အပိုင်း(၁)