၁၀။ နာလန္ဒမြို့ ၊ ပါဝါရိက သရက်ဥယျာဉ်၌ သူကြွယ့်သား ကေ၀ဋအား ဘုရားဟောသော တရား

“ဗုဒ္ဓအသျှင်- သည်နာလန္ဒမြို့  စည်ပင်ဖွံ့ ဖြိုးပါတယ်။ ဗုဒ္ဓအသျှင်ကိုလည်း အလွန်ကြည်ညို ကြပါတယ်။ ဒါကြောင့် ဗုဒ္ဓအသျှင်ထံ တောင်းဆိုလျှောက်ထားချင်ပါတယ် ဗုဒ္ဓသျှင်။”
“ကေ၀ဋ - လျှောက်နိုင်ပါတယ်”

“သည်မြို့ မှာ တန်ခိုးပြာဋိဟာပြနိုင်တဲ့ ရဟန်းတစ်ပါး ခန့် ထားပေးဖို့  ဖြစ်ပါတယ်။ သည်လိုဆိုလျင် သိပ်အကျိုးများမယ် ထင်လို့ ပါ”
“ကေ၀ဋ- တန်ခိုးပြာဋိဟာ -ဟာ ငါ့တရားနဲ့  မစပ်ဆိုင်ဘူး”

“သည်လို မငြင်းပယ်ပါနဲ့  ဗုဒ္ဓအသျှင်”
“တန်ခိုးပြာဋိဟာ - ဟာ အမှန်သိဖို့ အတွက် အကန့် အကွက်သာ ဖြစ်တယ်”

“သည်လိုတော့ မလုပ်ပါနဲ့  ဗုဒ္ဓအသျှင်”
“ကေ၀ဋ- ပြာဋိဟာ သုံးပါးရှိတယ်”

“ဘာတွေပါလဲ ဘုရား”
“တန်ခိုးပြာဋိဟာ၊ အတတ်ပြော ပြာဋိဟာ၊ အဆုံးအမ ပြာဋိဟာ၊ - ပဲ။ ရှေ့ ပြာဋိဟာ နှစ်ပါးဟာ လူတွေကို အမှန်မသိနေရာက မထွက်နိုင်အောင် အမှောင်ချသလိုဖြစ်တယ်။ ငါ- ဟောကြားတဲ့ သစ္စာနဲ့ ဆန့် ကျင်တယ်- လို့ ဆိုလိုတယ်။ ဒါကြောင့် တန်းခိုးပြာဋိဟာ ပြပြီး ဆုံးမမယ့် ရဟန်း ခန့် ထားဖို့  မတောင်းနဲ့  ကေ၀ဋ”

“ပိုကြည်ညိုလာမလားလို့ ပါ ဘုရား”
“တန်းခိုးပြာဋိဟာ ပြလျင် ပိုကြည်ညိုသူ ရှိနိုင်ပါတယ်။ ပိုမကြည်ညိုသူတွေလည်း ရှိမှာပဲ။ ပို ကြည်ညိုသူလည်း သစ္စာမသိတော့ဘူး”

“ဘယ်လို ပိုကြည်ညိုမှာလဲ ဘုရား”
“ဒါတွေဟာ ဂန္ဓာရီ အတတ်တွေပါ။ ဒါမျိုး ငွေကြေးလေး တစ်ပဲတစ်ပြားနဲ့  လှည့်လည်ပြသ နေတာတွေ ဒုနဲ့ ဒေး - လို့  ပြောပြီးတော့ပေါ့”

“ပိုကြည်ညိုသူက ဘယ်လိုကြောင့် သစ္စာမသိမှာလဲ- ဘုရား”
“ဥပမာနဲ့  ပြောမယ်။ ရောဂါသည်ဟာ သူမခံစားရတာတွေကို ခံစားရတယ် ထင်အောင် ဆေးဆရာကိုပြလျင်၊ ဆေးဆရာက ခံစားရချက်အားလျော်စွာ ရောဂါ သတ်မှတ်ပြီး ဆေး ဆုံးဖြတ်ရမှာ မဟုတ်လား။ မဟုတ်မှန်တဲ့ ခံစားရချက်ကို ဆေးဆရာ အနေနဲ့  ထည့်သွင်း တွက်ချက်တော့ မဟုတ်တဲ့ ရောဂါ ထွက်လာမှာပဲ။ သည်တော့ ဆရာကလည်း အဲသည် ရောဂါအတွက် ဆေးပေးမယ် ဆိုတော့ တယ်ဖြစ်နေတဲ့ ရောဂါအတွက် ဆေးငတ်ပြီး မပျောက်သလို မှတ်ရမယ်”

“နားလည်ပါပြီ ဗုဒ္ဓအသျှင်”
“ကေဋ- ပြာဋိဟာ သုံးပါးထဲက အဆုံးအမ ပြာဋိဟာ- ကိုပဲ ငါခွင့်ပြုတယ်”

“အဆုံးအမဟာ ပြာဋိဟာ ဖြစ်ပါ့မလား ဘုရား။”
“ဘာဖြစ်လို့ လဲ ကေ၀ဋ”

“ဘာမှ မထူးဆန်းလို့ ပေါ့ ဘုရား”
“ထူးပြီလား ကေ၀ဋ”

“ဘယ်လို ထူးတာလဲ ဘုရား”
“မှားမှား ယွင်းယွင်း သိ၊ မြင်၊ ပြောဆို၊ ပြုမူနေတာတွေကို မှန်မှန်ကန်ကန် တွေးခေါ်၊ ပြောဆို၊ ပြုမူလာအောင် နှိမ်နင်းတဲ့ လုပ်ငန်းကို အမှန်အကန် အဆုံးအမဟာ မပြုနိုင်ဘူးလား ကေ၀ဋ”

“ပြုနိုင်ပါတယ် ဘုရား”
“ဒါဆိုလျင် အရဟတ္တအဆုံးအမဟာ အရေးပါဆုံး ပြာဋိဟာပေါ့”

“ဟုတ်ပါပြီ ဘုရား”
“ကေ၀ဋ- ရှေးက ပုံဝတ္ထုတစ်ခုရှိတယ်”

“မှတ်သားပါရစေ ဘုရား”
“ရဟန်းတစ်ပါးဟာ ကြမ်း၊ နု၊ တွန်း၊ ဆွဲ၊ ပူ၊ အေး၊ လှုပ်၊ ငြိမ် သည်ဓါတ်တွေ ဘယ်နေရာမှာ အကြွင်းမဲ့ ချုပ်ငြိမ်းလိမ့်မလဲ- လို့ တွေးတယ်။ သူဟာ ကာမသုဂတိ ကံတရားတွေရဲ့ သမိုင်း တွေမှာ အထပ်ထပ်လေ့လာတယ်။ မရဘူး၊ ရူပကံပဌမဈာန်အပိုင်းမှာ ဗြဟ္မာ့ပါရိသဇ္ဇာ အဆင့် သမိုင်းတွေထဲမှာလည်း လေ့လာတယ်။ မရဘူး။ ဗြဟ္မာ့ပုရောဟိတာအဆင့်မှာ လေ့လာပြန်တယ်။ မတွေ့ ဘူး။ မဟာဗြဟ္မာအပိုင်းမှာ လေ့လာပြန်တယ်။ မတွေ့ ဘူး။ နောက် သူသတိရလာတယ်။ ငါဟာ သာသနာထဲမှာနေပြီး သာသနာပမှာ အဖြေရှာမိတာ အတွက် ဒုက္ကဋ်အာပတ်ပင် သင့်နေတယ်။ မဟာဗြဟ္မာ ဖြစ်နေတဲ့ သူ့ ဈာန်သမာပတ်ဗြဟ္မာ က သိပေးတာကိုး။ ဒါနဲ့  သည်ရဟန်းဟာ ဆရာဖြစ်တဲ့ ဘုရားဆီပြန်ပြီး သည်ပြဿနာ မေးတယ်။ သည်တော့ ဘုရားက ရဟန်းကို ပြောတယ်-
ရဟန်း ဓါတ်ကြီးလေးပါး ဘယ်မှာ ချုပ်သလဲ မမေးရဘူး။ ဘယ်မှာ ဓါတ်ကြီးလေးပါး ထောက်တည်ရာ မရပါသလဲ၊ ဘယ်မှာ ရှည်တို၊ ကြမ်း၊ နု၊ လှ၊ မလှတို့  ထောက်တည်ရာ မရပါသလဲ၊ နာမ်၊ ရုပ်တို့  ဘယ်မှာ အကြွင်းမဲ့ချုပ်ပါသလဲ- လို့ မေးရမှာ ဖြစ်တယ်လို့ ။ သည်အမေးအတွက် အဖြေဟာ သည်လိုဖြစ်တယ်- လို့  ဆက်ဟောတယ် -
ဝိညာဏ်ညွှန်ပြစရာ မရှိတဲ့ လုံးဝလင်းချင်းတဲ့ အဆုံးမဲ့ရာ၌ ဓါတ်ကြီးလေးပါး မတည်။ ကြမ်း၊ နု၊ ရှည်၊ တို၊ လှ၊ မလှလည်းမရှိ။ နာမ်၊ ရုပ်လည်း အကြွင်းမဲ့ချုပ်တယ်။ အဲသည် နာမ် ရုပ်ဟာ အဲသည်မှာ ၀ိညာဉ်ချုပ်တာကြောင့် အကြွင်းမဲ့ချုပ်တာပဲ”
“ ၀မ်းသာ လှပါတယ် ဘုရား”

Website counter

Back to TOP