ဘာဖြစ်လို့ လဲ။ အခုလောက်ရနေတဲ့ အခြေအနေကနေပြီးတော့ ဒါတောင်မှ မမြင်ဘဲနဲ့  မတော်တဆနဲ့  ဒီလိုရနေသေးတယ် ဆိုရင် စည်းရှိရှိ၊ ကမ်းရှိရှိ အသိအမြင်ရှိရှိနဲ့ သာ ကိုယ်က လှမ်းသွားလိုက်လို့  ရလာတဲ့ဟာဆိုရင် မပျောက်မပျက်တော့ဘူး။ အကုပ္ပါမေ ၀ိမုတ္တိလို့  မြတ်စွာဘုရား ဟောခဲ့တဲ့အတိုင်း ငါ့လွတ်မြောက်လာတာကတော့ မပျက်တော့ ဘူးဟလို့  အခုမိဘများနဲ့  အတူတူနေကြတယ်။
မိဘများနဲ့  ကိုယ်နဲ့  ပေါင်းသင်းဆက်ဆံ ပြီးတော့ နေတဲ့အခါမှာ မိဘတွေအပေါ်မှာ ကိုယ်ငြိုငြင်စရာလည်းမရှိဘူး။ မိဘတွေက ကိုယ် ငြိုငြင်ခံရတာလဲ မရှိဘူး။ လွတ်မြောက်နေတယ်။ ဒါလွတ်မြောက်နေတယ်လို့  ပြော ရမယ်။ မွေးချင်း အပေါ်မှာ ကိုယ်ပေါင်းသင်းနေထိုင်ရတယ်။ ကိုယ်ကမွေးချင်း အပေါ်မှာ ငြို ငြရတာလဲ မရှိဘူးဆိုရင် ဒါလွတ်မြောက်တယ်လို့  ပြောရမယ်။ ကျန်တဲ့ မိတ်ဆွေသင်္ဂဟ တွေနဲ့  ပေါင်းသင်းပြီးနေထိုင်ရတယ်။ ကိုယ့်သားသမီးတွေနဲ့  ပေါင်းသင်းပြီးနေထိုင်ရတယ် သူတို့ ကလဲကိုယ့် ငြိုငြင်စရာမရှိဘူး။ ကိုယ်ကလည်း သူတို့  ငြိုငြင်နေတာ မရှိဘူး။ လွတ် မြောက်နေတယ်လို့  ပြောရမယ်။ ဒါပေမယ့် ဒီလွတ်မြောက်မှုက စမ်းတမ်း ပမ်းတမ်းနဲ့  လွတ်မြောက်မှု၊ စမ်းတ၀ါးဝါးနဲ့  လွတ်မြောက်မှု။ အခုလွတ်မြောက်နေပေမယ့် တော်တော် ကြာ ထတိုက်ချင် တိုက်နိုင်တယ်လို့  ဒီလိုပြောရမယ်။ ဒါ ဘာဖြစ်လို့ လဲ စည်းရှိရှိ ကမ်းရှိရှိ ဘာအသိအမြင်နဲ့ မှ ကိုယ်ကနေ လွတ်မြောက်နေတာ မဟုတ်ဘူး။ ဒါကြောင့်မို့ လို့  မပျက်ပြုန်းတဲ့ လွတ်မြောက်မှု မဟုတ်ဘူး။ ပျက်ပြုန်းသေးတဲ့ လွတ်မြောက်မှု။ လောကီ လွတ်မြောက်မှုလို့  ဒီလိုပြောရမယ်။
စည်းမှန်ကမ်းမှန်ကနေ ပျက်ပြားသွားမှာ
မြတ်စွာဘုရားက သူ့ လွတ်မြောက်တာကတော့တဲ့ အကုပ္ပါမေ ၀ိမုတ္တိ- ငါ့လွတ်မြောက်မှုက တော့ မပျက်တော့ဘူးတဲ့၊ မြတ်စွာဘုရားက ပြောတယ်။ အသိဉာဏ်ရှိရှိနဲ့  သူ့ လွတ် မြောက်မှုကို တည်ဆောက် ထားတာကြီးဖြစ်တဲ့ အတွက် မပျောက်တော့တာဗျ။ ကိုယ်က အသိဉာဏ်ရှိရှိနဲ့  တည်ဆောက်ထားတာ မဟုတ်တော့ မတော်တဆ လွတ်မြောက်နေတာ လို့ တောင် ပြောချင်စရာ။ ကိုယ့်ရဲ့ အခြေအနေ အရပ်ရပ်တွေက ပေးနေတယ်။ ပေးနေ တယ်ဆိုတာ ကိုယ်က ရိုင်းစိုင်းဖို့ ရန်လဲ သိပ်မရှိဘူး။ သူတို့ တတွေက ကိုယ့်အပေါ် ရိုင်းစိုင်း ဖို့ ရန်လဲ သိပ်မရှိဘူး။ သူတို့ တတွေက ကိုယ့်အပေါ် ရိုင်းစိုင်းဖို့ ရန်လဲ သိပ်မရှိဘူး။ သိပ်တော့လဲပဲ မရိုင်းစိုင်းကြဘူး။ မရိုင်းစိုင်းကြတော့လဲပဲ စည်းမှန်ကမ်းမှန် နည်းလမ်းမှန် ကလေးပေါ်မှာ မတော်တဆကျနေကြတယ်။ အခွင့်အလမ်းကလေးပေးတော့ အဲဒီအခွင့် အလမ်း ကလေးကပေးတော့ အဲဒီအခွင့် အလမ်းကလေးသာ ပျက်ပြယ်သွားစမ်း။ ဟော … စည်းမှန်ကမ်းမှန် ကနေ ပျက်ပြယ်သွားမှာနော်။ အဲဒါဆိုရင် တစ်ယောက်နဲ့  တစ်ယောက် တိုက်ရမှာပဲ။ အဖေနဲ့ လဲ တိုက်ရမှာပဲ။ အမေနဲ့ လဲ တိုက်ရမှာပဲ။ ကိုယ်မွေးထားတဲ့ သားသ မီးနဲ့ လဲ ကိုယ့်နို့ ချိုတိုက်ထားရတာပဲ။ ငါလုပ်ထားတဲ့လူပဲလို့  မမှတ်နဲ့  တိုက်ရမှာပဲ။ အဲဒီ အခါဆို မလွတ်မြောက်တော့ဘူးလို့ ဒီလိုပြောရမယ်။
မပျက်ပြယ်စေနိုင်တဲ့ လွတ်မြောက်မှုကိုရမှ ကိုက်မယ်
ဘာသာတရားဟာ အဲဒီလောက် အရေးကြီးတယ်။ တကယ်တော့ တို့ ဘာသာတရားက ပေးတဲ့ အခွင့်အလမ်းကို ရတယ်လို့ တောင်ထင်ချင်စရာ မရှိဘူး။ ဘာဖြစ်လို့ လဲ။ တို့ က ယဉ်ကျေးတဲ့ လူမှုပတ်ဝန်းကျင်ထဲကို ရောက်ပြီးသား ဖြစ်တဲ့အတွက် ဘာသာတရား ကိုး ကွယ်တဲ့ အပိုင်းတုန်းက ပေးတဲ့ အမူအကျင့်တွေရဲ့ ရရှိတဲ့ ဆုလာဘ်ကိုတော့ဖြင့် မရသည် ဖြစ်စေ၊ တို့  ဒါလောက်တော့ လူဖြစ်အောင် လုပ်နိုင်ပါရဲ့လို့  ထင်ချင်စရာရှိတယ်။ တကယ် လဲလုပ်လောက်ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ ရရှိနေတဲ့ အခွင့်အရေးက တကယ်တမ်း မပျက်ပြယ်တဲ့ အခွင့်အရေး မဟုတ်ဘူး။ ကိုယ့်ဘ၀ရဲ့ လွတ်မြောက်နေတဲ့ အနေအထားက တကယ်တမ်း မပျက်ပြယ်တဲ့ အနေအထား မဟုတ်ဘူးလို့  ဒီလိုပြောချင်တယ်။ အဲဒီတော့ ဒါကလေးတွင် တင်းတိမ်ပြီးမနေဘဲ တကယ်တမ်း ကိုယ့်ကို မပျက်ပြယ်စေနိုင်တဲ့ လွတ် မြောက်မှုကိုရမှ ကိုက်မယ်။
လောကီလွတ်မြောက်မှုလို့  ဒီလိုပြောရမယ်
Labels:
ဘာသာတရားက ပေးသော ဆုလာဘ်