မစဉ်းစားနိုင်ကြတဲ့ အထဲ.....

ငါအခု အားအင်တွေရှိတယ်။ ငါတို့ မှာ အားအင်တွေရှိတယ်။ စီးပွားရေးလဲ ရှာမယ်။ လူမှု ရေးလဲ ပေါင်းမယ်၊ သင်းမယ်၊ အားအင်တွေရှိတယ်။ ဒါပေမယ့် အားအင်ဆိုတာက တနေ့  မှာ ဆုတ်ယုတ်ပျောက်ကွယ်မှု မဖြစ်ဘူး မပြောနိုင်ဘူး ဖြစ်ကြမယ်။ ဘာဖြစ်လို့ လဲ။ အိုတယ် ဆိုတာလဲ မဖြစ်ဘဲနေမှာ မဟုတ်ဘူး။ နာတယ်ဆိုတာလဲ မဖြစ်ဘဲနေမှာ မဟုတ်ဘူး။ အဲဒီလို အိုပြီ နာပြီဆိုရင် အခုရှိနေတဲ့ အားအင်ကတော့ ပျောက်ကွယ်သွား မှာဘဲလို့  ဒီလိုပြောချင်တယ်။

အဲဒီလို ပျောက်ကွယ်သွားမယ် ဆိုရင် အခု အဲဒီအင်အား တွေနဲ့  တည်ဆောက်လို့ မို့  ငါ့ကိုယ်ဟာ လူတစ်လုံး သူတစ်လုံး အဖြစ်နဲ့  ရောက်နေတယ်။ အဲဒီ အင်အားမရှိတော့ရင် အခုလောက်လွတ်မြောက်မှု ကလေးများ ငါ တကယ်များ မြဲပါ့မလားလို့  စဉ်းစားရမယ်။ ဒါ အတော်များများ မစဉ်းစားကြဘူး။ မစဉ်းစား လဲ မစဉ်းစားနိုင်ကြဘူး။ အဲဒီ မစဉ်းစားနိုင်တာကလဲပဲ မသိခြင်းက ရှေ့ ကနေ ကာဆီးကာ ဆီးနဲ့  ပိတ်ဆို့ နေတဲ့အတွက် ဘာသာတရားဆိုတဲ့ ဗုဒ္ဓက ထွန်းညှိထားခဲ့တဲ့ အလင်းရောင် ရဲ့ အရောင်အ၀ါ ကိုယ့်ဆီကို မရောက်လာတာလို့  ဒီလိုပြောရမယ်။ အဲဒီတော့ ကိုယ်က အဲ ဒီ လိုမျိုးလို မစဉ်းစားနိုင်ကြတဲ့ အထဲ ကိုယ်မပါဖို့  လိုလာတယ်။
ဘာသာတရားအလင်းရောင်ရဲ့ အကူအညီ
ဒီလို မစဉ်းစားနိုင်ဘဲနဲ့  ဟော … အိုမှုကို ရင်ဆိုင်သွားကြပြီ။ အိုတဲ့အခါကျတော့ ကိုယ့်မှာ ပြောမယ်ဆိုရင်တော့ လိပ်ပက်လက်လှန်ထားတယ် ဆိုတဲ့ဟာမျိုးလို ဘာမှ မတတ်နိုင်ကြ တော့ဘူး။ အံပဲကြိတ်နေကြရတော့တယ်။ တစ်ခါတည်း တစ်ချိန်တုန်းကတော့ သူတို့ ဟာ ငါ့လက်ပေါ်ကြီး လာခဲ့ကြတာပါ ဆိုတာမျိုးနဲ့  မကျေမနပ် မျက်နှာမျိုးနဲ့ ပဲ နေကြရတယ်။ ဘာမှ ကိုယ်ကနေပြီးတော့ လှည့်ပြောင်းနိုင်တဲ့ အဖြစ် ပြန်မရောက်တော့ဘူး။ နဂိုနေ ကိုယ် သာခဲ့ရတဲ့အနေကို ပြန်မရောက်တော့ဘူးလေ။ ဒါ ကိုယ့်သား ကိုယ့်သမီးကလေးလောက် အပေါ်မှာ ပြောပါတယ်နော်။ နောက်မှာ ဒါတွေကလဲ အဲဒီဘာဖြစ်လို့  ဒီလိုဖြစ်တာတုန်း။ သူတို့ ဟာ ဘာသာတရားရဲ့ အလင်းရောင်ကို တကယ်ရမသွားလို့ လို့  ဒီလိုပြောချင်တယ်။ ငယ်တုန်း ရွယ်တုန်း ကိုယ်ကိုယ်တိုင် ဘ၀ရဲ့ အခန်းကဏ္ဍတွေကို ဟောတစ်မျိုး ဟောတစ် မျိုးနဲ့  ကားလိပ်တွေဆွဲဖွင့်လှစ်ပြီး မောင်နှင်တုန်းကာလက ဒီဘာသာတရား အလင်းရောင် ရဲ့ အကူအညီကို မရခဲ့ဘဲနဲ့  ကိုယ်တတ်သမျှ မှတ်သမျှကလေးနဲ့ ပဲ ကိုယ့်ဘ၀ခရီး လျှောက်နေရတဲ့ အတွက် ဒီလိုဖြစ်ခဲ့တာလို့  ပြောချင်တယ်။

လှိုင်းကြီးလှေအောက်ဆိုတာမျိုး
အဲဒီတော့ ကိုယ်ကတော့ ဒီလို မဖြစ်တော့ဘဲနဲ့ ဟေ့ … ငါ့အား ငါ့အင်လဲ စွမ်းလှပြီ။ ငါ့ခြေ ငါ့လက်နဲ့  ငါ့ဦးနှောက်၊ ငါ့မျက်စိ၊ ငါ့နားတွေရဲ့ စွမ်းအင်တွေ ရှိလှပြီ။ ငါခံစားရခဲ့လှပြီ။ အဲဒီ အထဲမှာ ငါ့အားင့ါအင်အပြင် ဗုဒ္ဓအရှင်မြတ် ရှာဖွေလို့  ရရှိထားခဲ့တဲ့ သစ္စာတရားရဲ့ စွမ်းအင် အလင်းရောင် အကူယူမယ်။ အဲဒီလိုမျိုး ထားလိုက်တယ်။ အဲဒီ ဗုဒ္ဓရှာဖွေခဲ့တဲ့ သစ္စာတရား ရဲ့ အလင်းရောင်သာ ငါ့အားငါ့အင်ပေါ်ကို မွမ်းမံပြီး ငါက ဖြည့်လောင်းလိုက်ရရင်တော့ ငါဟာ အစအဆုံးမရှိ လွတ်မြောက်တဲ့သူ တယောက် ဖြစ်မယ်။ ဘယ်လိုလွတ်မြောက်မလဲ ဘယ်လိုအိုလဲ။ ဘယ်လိုမှ မဆင်းရဲဘူး။ ဘယ်လောက် ချစ်သူတွေနဲ့  ကွဲကွဲ၊ ဘယ်လောက် မုန်းသူတွေနဲ့  တွဲတွဲ။ ဘယ်လိုမှ မဆင်းရဲဘူး။ အဲဒီအနေအထားမျိုးကို ရောက်အောင် ဘယ်လောကဓံဖြစ်ဖြစ်။ ပြောမယ်ဆိုရင်တော့ လှိုင်းကြီးလှေအောက် ဆိုတာ မျိုးလိုပဲ ကိုယ်ကိုယ်တိုင်က အင်မတန် လှေကျွမ်းကျင်တဲ့သူ တယောက်ဆိုရင် ဘယ်လောက် လှိုင်းကြီးကြီး ကိုယ့်အောက်ရောက်သွားမှာပါပဲ။ အဲဒီလိုပဲ ဘယ်လောက် ချစ်သူနဲ့  ကွဲပါတယ်၊ ဘယ်လောက်မုန်းသူနဲ့  တွဲရပါတယ် လို့ ဆိုတဲ့ ကိုယ်မလိုလားတဲ့ ဖြစ်ရပ်ကြီးတွေနဲ့  ကြုံနေလဲပဲ ကိုယ်ကဘာဖြစ်လဲ ဗုဒ္ဓထွန်းညှိခဲ့တဲ့ ဘာသာလို့ ဆိုတဲ့ တရားတော်ရဲ့ အလင်းရောင်ကို အကူအညီရရှိထားတဲ့သူ ဆိုတော့ ကောင်းကောင်းလှော် ခတ်တတ်တာ ဖြစ်သွားမယ်။

Website counter

Back to TOP