ဒါ့ကြောင့် ဘာသာတရားဆိုတာ အမှုမဲ့ အမှတ်မဲ့ ပစ္စည်းကလေးလို့  မထားပေးကြနဲ့ ။ ဒီ ယနေ့ လောက် ဖြစ်ထွန်းနေတာကတော့ ဘာသာတရားရဲ့ အကူအညီ အထိုက်အလျောက် ပါမှာ ဖြစ်ပေမယ့် ခေတ်ရဲ့ အကူအညီ၊ ပတ်ဝန်းကျင် တိုးတက်မှုရဲ့ အကူအညီနဲ့  ကိုယ်ဖြစ် နေတာလို့  ဒီလိုမျိုးလေး ပြောရမယ်။ အဲဒီတော့ ခေတ်ရဲ့ အကူအညီ၊ ပတ်ဝန်းကျင်ရဲ့ အကူ အညီ၊ နောက် ကိုယ့်ရဲ့ ငယ်ရွယ်နုပျိုမှု အားအင်ရဲ့ အကူအညီ၊ ဒီအကူအညီကလေးနဲ့  ဖြစ် ပွားနေတာ ဆိုတော့ ဟောဒါကလေးတွေ ပျက်ယွင်းသွားလိုက်ရင် ကိုယ်မှောက်သွားမယ်။ အဲဒီလိုမျိုး မဖြစ်ရလေအောင် ဘာသာတရားကို ကိုယ်ကနေပြီးတော့ ဟ … ငါ့အတွက် ဘာမှ အသုံးမကျတဲ့ဟာ မဟုတ်ဘူး တကယ် ငါ့ဘ၀ရဲ့ လုံးဝလမ်းညွှန်ဖြစ်တယ်လို့  ကိုယ် ကနေပြီးတော့ တိတိကျကျ သဘောထားရမယ်။ သဘောထားပြီးတော့ ဘာသာတရားနဲ့  စပ်လျဉ်းလို့  ကိုယ်ကနေပြီးတော့ အခုလောက်ကတည်းက ကျင့်သုံးသင့် ကျင့်သုံးထိုက် တယ်လို့  ဆိုတဲ့ အရာတွေကို မမှိတ်မသုန် ကျင့်သုံးရမယ်။
အဲဒီလိုကျင့်သုံးထားလိုက် တော့ ကိုယ့်အခန်းကဏ္ဍတွေ ရှိတုန်းက ကိုယ်ကိုယ်တိုင် မင်းမူပြီးတော့ တိုင်းပြည်ကို အုပ် ချုပ်မင်းလုပ်တေတုန်းက ဒါ ကိုယ့်ဘ၀ကလေး သို့ မဟုတ် ကိုယ်ပြုစုထားတဲ့ ကိုယ့်အိမ် ထောင်ကလေးမှာတော့ ကိုယ်ရှင်ဘုရင်၊ ကိုယ်ရှင်ဘုရင်ကတော် အဲဒီလိုမျိုး။ ကိုယ်မင်း လုပ်တုန်းက တိုင်းပြည်ရဲ့ ပုံစံကို အမှန်ကျအောင် တည်ဆောက်ပေးခဲ့ပါ။ ကိုယ်နန်းကျ ဘုရင်လို ဖြစ်ပြီးတဲ့ အချိန်ကျမှ ကိုယ်တိုင်းပြည်ကို ကိုယ်ကြိုက်တဲ့ ပုံသဏ္ဍာန်မျိုး အမှန်ကျ အောင် တည်ဆောက်မယ်ဆိုရင် တည်ဆောက်ခွင့် မရတော့ဘူး။ အဲဒီတော့ ကိုယ်ငယ် တုန်းရွယ်တုန်း၊ အားမာန်တွေ အပြည့်ရှိတုန်းက ဘာသာလို့ ဆိုတဲ့ ဗုဒ္ဓရဲ့ တရား အလင်း ရောင်အဖြစ်နဲ့  ကိုယ့်ကိုယ်ကို ထွန်းညှိပြီး ဒါကိုတော့ဖြင့် ငါ သိပြီးတော့ အကူအညီယူမယ်။ အလင်းရောင်ဟာ ငါ့ရဲ့ အင်အား ဖြစ်စေရမယ်လို့  ကိုယ်ကနေပြီတော့ ဘာသာအပေါ်မှာ ဒီလိုသဘောထားပါ။
ဘာသာတရားဆိုတဲ့ မာလိန်မှူးရဲ့ အိမ်မြှောင်လမ်းညွန်
ဘာသာတရားကို ကိုယ်ချဉ်းကပ်ရတယ်။ ကိုယ်ထိလက်ရောက် တကယ့်ကို ချဉ်းကပ်နေရ ပြီ။ ချဉ်းကပ်နေရပေမယ့် ကိုယ်ထိလက်ရောက် ချဉ်းကပ်သာ ချဉ်းကပ်နေရတယ် အဲဒီက ထွက်လာတဲ့ အကျိုးဆိုလို့ ဖြင့် တစ်စုံတစ်ရာ ဘာမှ မခူးရ၊ မဆွတ်ရဘူး။ မရိပ်ရ မသိမ်းရ ဘူးဆိုတာ မဖြစ်ပါစေနဲ့ ။ ကိုယ့်ကိုယ်ကို တစ်ခုတိုင်း တစ်ခုတိုင်း၊ ဖြစ်ရပ်တိုင်း ဖြစ်ရပ်တိုင်း ဟာ ငါ့ကို ဘာသာတရားက လမ်းညွန်လိုက်တဲ့ လမ်းညွန်ချက်ဟာ ပြောမယ်ဆိုရင် ပင်လယ်ထဲ သွားတဲ့ မာလိန်မှူး တစ်ယောက်ယောက်ဟာ အိမ်မြှောင်တစ်ခုခုကို လုံးဝ လမ်းညွန်ယူရမှာပေါ့။ အဲဒီလိုမျိုးလိုပဲ တကယ်ကတော့ စက်က သွားတာပါ။ သို့ မဟုတ် လှော်တဲ့ တက်တွေ၊ သို့ မဟုတ် ရွက်တွေကနေပြီးသကာလ ကိုယ့်လှေ ကိုယ့်သင်္ဘောကို သွားစေတာပေါ့။ အဲဒီလို သွားစေတာဖြစ်ပေမယ့် ဘာဖြစ်သလဲ။ မာလိန်မှူးကနေပြီး ပဲ့ကိုင် မပေးဘူးဆို သူသွားချင်ရာသွား၊ ပင်လယ်နက်ထဲရောက်သွားလို့  ကမ်းမမြင်၊ လမ်းမမြင်နဲ့  သေရဖို့ အကြောင်း ဖြစ်မှာပေါ့။ အခုလဲ ကိုယ့်အားကိုယ်အင်တွေက လှော်တက်တွေလို၊ ရွက်တွေလို သဘောထားပါ၊ စက်တွေလို သဘောထားပါ။ အဲ… ခုနက ဘာသာတရားလို့  ဆိုတဲ့ မာလိန်မှူး အိမ်မြှောင်လမ်းညွှန်ကလေးပေါ့ဗျာ၊ ယူပါလို့  ဒီလိုပြောချင်တယ်။ အဲဒါမှ သာလျှင် ကိုယ်သွားသင့်တဲ့ နေရာ၊ ကိုယ်သွားရမယ့်နေရာ၊ ကိုယ်သွားချင်တဲ့ နေရာကို ကိုယ်သိပြီး တိတိကျကျ လှော်သွားနိုင်တာ ဖြစ်ရလိမ့်မယ်လို့  ဒီလိုပြောချင်တယ်။
အလင်းရောင်ဟာ ငါ့ရဲ့အားအင်....
Labels:
ဘာသာတရားက ပေးသော ဆုလာဘ်