ဒီတော့ အခုပြောခဲ့တဲ့ စကားကလေးကို ဘာလို့  ပြောရမလဲဆိုရင် ဘာသာတရားဆိုတာ ဟာ လူ့ ဘ၀ရဲ့ အလင်းရောင်ဖြစ်တယ်လို့ ဆိုတဲ့ ဟာကလေးကို သေသေချာချာကလေး ကိုယ်ကနေ ထားရမယ်။ အဲဒီတော့ ငါဟာ ခု ဘာသာတရားက ထွန်းညှိပေးတဲ့ အလင်းရောင်ကို ရရှိပြီလား၊ အဲဒီအလင်းရောင်ကို ငါ့ဘ၀ထဲမှာ ကောင်းနိုးရာရာအတွက် အသုံးချနိုင်နေပြီလား။ အဲဒါကို စစ်ကြောကြည့်ရမယ်။ အစောပိုင်းတုန်းက ပြောခဲ့တာက အဲဒီဘာသာတရား ဆိုတာ အလင်းရောင်။ အဲဒီဘာသာတရားရဲ့  အလင်းရောင်ကို မရရှိ အောင်ပိတ်ဆို့ နေတဲ့ မသိခြင်းလို့ ဆိုတဲ့ မသိဘဲနဲ့ သိသလိုလို လုပ်နေတဲ့ အရာတွေပေါ့ လေ။ အဲဒီအရာတွေကို ခွာပစ်ရမယ်။ အဲဒီတံခါးကြီးကို ဖွင့်ပစ်ရမယ်။ မသိခြင်းဆိုတာတွေ ကို မသိခြင်း စာရင်းထဲမှာ အပြီးထည့်ပိတ်ပြီးတော့ သွင်းရမယ်လို့  ပထမ ပြောခဲ့တယ်။ ဘာသာဆိုတာဟာ ကိုယ့်ဘ၀ရဲ့  လမ်းညွှန်၊ ကိုယ့်ဘ၀ရဲ့  အလင်းရောင်။ဲဒီဘာသာဆို တာ အလင်းရောင်ကို လက်လွှတ်ပြီး ကိုယ့်ဘာသာကိုယ် လမ်းမလျှောက်ပါနဲ့ ။ဒီဘာသာရဲ့ စည်းကမ်းကလနားကို ကိုယ့်ဘ၀လမ်းလျှောက်စရာရဲ့  စည်းကမ်းကလနား၊ နည်းလမ်းဆို ပြီးတော့ သတ်သတ်မှတ်မှတ်ထားပြီး လမ်းလျှောက်ပါလို့ ဒီစကားကို ပြောခဲ့တယ်။ ကောင်းပြီ ဒီလိုဆိုရင် စကားနှစ်ခွန်း ပြီးသွားပြီ။ နောက်ဆုံးစကား ကလေးတစ်ခွန်း ပြောကြစို့ ။ နောက်ဆုံးစကားကလေးတစ်ခွန်းက ဘာလဲဆိုရင် ဘာသာတရားက ဘာကို လမ်းညွှန်သလဲ။ ဒါကလေး ဒီဘာသာတရားနဲ့ စပ်လျဉ်းလို့  အမှားတွေကို ဖယ်ရှားလို့  ဘာသာရဲ့  အလင်းရောင်ကလေးရဲ့  တန်ဖိုးကို အခုပြောပြခဲ့တဲ့ စကားတွေကို ဆင်ချင်ကြည့်လို့  သိပြီဆိုရင်၊ ကောင်းပြီ ဒီလိုဆိုရင် ဘာသာတရားက တို့ ကို ဘာလမ်း ညွှန်သလဲ။ ဒီလိုဆိုရင် ဘာသာတရားနဲ့  စပ်လျဉ်းလို့ တို့ ဘာစ, ကျင့်မလဲ။ ဒါကလေးကို ပြီးခါနီး အပိုင်းကလေး နိဂုံးချုပ် အဖြစ်နဲ့  ကျုပ်တို့ က ဒါပြောရမယ်။ ဒါလဲ ခက်ခက်ခဲခဲကြီး ကျုပ်တို့ က ပြောရမှာ မဟုတ်ဘူး။ တကယ့်ကို မကျင့်နိုင်စရာကြီး ၊ အလုပ်ပစ် အကိုင်ပစ်၊ သားပစ် လင်ပစ်ဖို့  ဒီလိုပြောမှာမဟုတ်ဘူး။ ကိုယ်နဲ့ တိုက်မတာရပ်၊ နှုတ်နဲ့ တိုက်မတာရပ်၊ စိတ်နဲ့ တိုက်မတာရပ် ဘာသာတရား လမ်းညွှန်တာကလေးက ဘာလမ်းညွန်သလဲ ဆိုရင် အချက်ကလေး ပထမ အချက်က ငါ လူဖြစ်တယ်။ ဒါကလေးတစ်ချက်ထားရမယ်။ ငါလူဖြစ်တယ်။ လူဖြစ်တော့ ဘာဖြစ်သလဲ။ လူဖြစ်တဲ့အတွက် ငါ လူတွေနဲ့  ဆက်စပ်နေတယ်။ လူတွေနဲ့  ဆက်စပ်နေ တော့ ဘာဖြစ်သလဲ။ လူတွေနဲ့  ဆက်စပ်နေရင် ငါ လူတွေနဲ့  မတိုက်မ မခိုက်မိဖို့  လုပ်ရ မယ်။ ဟော … ဒါလေးကို ကိုယ်ကနေပြီးတော့ သဘောထားရမယ်။ ငါ လူဖြစ်တယ်။ လူဖြစ်တဲ့ အတိုင်း လူတွေနဲ့  ဆက်စပ်နေတယ်။လူတွေနဲ့  ဆက်စပ်နေတာဖြစ်တဲ့ အတွက် လူတွေနဲ့ တော့ဖြင့်ဘယ်လိုမှ ငါမတိုက်မိ မခိုက်မိအောင် နေရမယ်။ ငါကလဲ လူတွေကို သွားမတိုက်သလို လူတွေက ငါ့လာတိုက်ရင်တောင် တတ်နိုင်သမျှအထိ ငါက မတိုက်မိ အောင် ရှောင်မယ်။ ဒါလေးက ပထမ တချက်ထဲပါ။ အကုန်လုံးကို စုပြုံပြောလိုက်ရင် တစ် ချက်ထဲပါ။ ဆိုလိုတာတော့ဖြင့် လူတွေနဲ့  မတိုက်မိအောင် နေမယ်လို့  ဆုံးဖြတ်ရမယ် ဒီလို ဆိုလိုတာ။ လူတွေနဲ့  တိုက်မိတယ် ဆိုတာဟာ လူတွေကို လိမ်မိတယ်၊ လူတွေကို ဆဲမိတယ်၊ လူတွေကို ဂုံးတိုက်မိတယ်၊ လူတွေကို အဖျင်းအတင်း ပြောမိတယ်။ ဒါ ၀စီနဲ့  တိုက်မိတာ။ လူတွေကို နောက်ထပ်လူတွေနဲ့  တိုက်မိတယ်ဆိုတာ သူများပစ္စည်းကို သူမ ပေးဘဲနဲ့  ကိုယ်ကနေယူတယ်။ သူများကို နာအောင်ကျင်အောင်၊ သတ်တယ် ဖြတ်တယ်၊ ရိုက်တယ် ပုတ်တယ်။ နောက်ပြီးတခါ သူများကို အာရုံတွေကို ကိုယ်ကနေပြီး အခွင့်မရှိဘဲ ကျူးတယ်။ အဲဒါ လူနဲ့  ကာယကံနဲ့  တိုက်မိတာပဲ၊ ကာယကံမြောက် တိုက်မိတာပဲ။ လူတွေအပေါ်မှာ ကိုယ်ကနေပြီး အထင်လွဲတယ်။ လူတွေအပေါ်မှာ ကိုယ်ကနေပြီး အလို ကြီးတယ်။ လူတွေအပေါ်မှာ ကိုယ်ကနေပြီးတော့ ပျက်စီးစေချင်တဲ့ စိတ်တွေ ဖြစ်ပွားနေ တယ်။ အဲဒါဆိုရင်တော့ လူတွေကို ကိုယ်က စိတ်နဲ့  တိုက်မိတာပဲ။ ဒါ လူတွေကို တိုက်မိ ပုံကလေး ဆယ်ချက်နော်။ အကျဉ်းချုပ်လိုက်တော့ ကိုယ်နဲ့  တိုက်မိတာရယ်၊ နှုတ်နဲ့  တိုက်မိတာရယ်၊ စိတ်နဲ့  တိုက်မိတာရယ် လို့  ဒီလိုပြောရမယ်။