အဲဒီလို လူတွေကိုငါ မတိုက်ဘဲနဲ့  နေမယ်။ မတိုက်မိအောင် နေမယ်။ တကယ်လို့ မှ ငါက မတိုက်မိအောင် နေတဲ့ကြားက သူက ငါ့ကို သေသေချာချာ စောင်းငန်းငန်းနဲ့ ကို သေသေ ချာချာ လာတိုက်တယ် ဆိုရင်တောင်မှ တတ်နိုင်ရင်ငါလွတ်အောင် ရှောင်မယ်၊ အဲဒါ လုပ် မယ်။ ဒါလေးဟာ ဘာသာတရားရဲ့ အစကလေး၊ အစကတည်းကိုက ကောင်းပြီ ဘာပြုလို့  လဲ။ မတိုက်မိဘူးဆိုကတည်းက မနာတော့ဘူးဗျ။ ငါလူ၊ ငါလူဖြစ်တဲ့ အတွက် ငါ အဖော် လုပ်ရမှာကတော့ လူနဲ့ ပဲ။ အဲဒီ လူနဲ့ ပဲ အဖော်လုပ်ရမှာ ဖြစ်တဲ့အတွက် ဘာဖြစ်လဲ သူတို့  နဲ့ တော့မတိုက်မိအောင်ကို နေမှ။ သူတို့ က လာတိုက် ရင်တောင်မှ ငါ့ကတော့ ရှောင်ပေး ရမှာပဲ။ ကြည့်နော်၊ လာတိုက်တဲ့ သူတောင် ရှောင်ပေးမှာ။ ကိုယ်ကဖြင့် သွားမတိုက်လိုက် သမှ ဖြစ်ခြင်း။ လူက တိုက်ချင်တယ်။ လူဆိုတာ တိုက်ချင်တယ်။ လူဆိုတာက ဘယ်သူမှ မတိုက်ဖူးတဲ့သူ မရှိဘူး။ ကလေးကတည်းက တိုက်လာခဲ့တာ။ ဘယ်သူဖြစ်ဖြစ်တိုက်တဲ့ သူ ချည်းပဲ။ တိုက်ဖူးတဲ့ သူချည်းပဲ။ ဒါကို ကိုယ်ကနေပြီးတော့ အေး … တိုက်တယ်ဆိုတာ အရိုင်းဟ၊ တို့ မသိတုန်းက ဘာသာတရားရဲ့ အလင်းရောင်ကို မရလို့ မို့ လို့ ၊ မှောင်မိုက် နေလို့ မို့ လို့  ဟိုတိုက် ဒီတိုက် တိုက်တာ။ ဘာသာတရားရဲ့ အလင်းရောင်က မတိုက်ရဘူး လို့  သေသေချာချာ လမ်းညွန်ထားတာ၊ ဒီ့ပြင် ဘယ်လမ်းညွန်တွေ၊ အရှည်ကြီး၊ အဝေးကြီး တွေ တို့ မပြောဘူး။ ပထမတစ်ချက် အဲဒီတော့ ဘာလုပ်ရမလဲ။ လူတွေကို ငါမတိုက်ရဘူး။ ငါ့လာတိုက်တဲ့ သူတောင်မှ ငါက မတိုက်ရဘူး။ ဘယ်တုန်းက ငါငယ်ငယ်တုန်းက ဘယ်လောက်တိုက်ခဲ့ တိုက်ခဲ့၊ ဘယ်လောက် လူစွမ်းကောင်းကောင်း မတိုက်ဘူး။ မတိုက်လို့  သူတို့ တိုက်တာ ခံရမလား ဆိုတော့ သူတို့ တိုက်တာလဲ ခံဖို့ မဟုတ်ဘူး။ သူတို့  တိုက်တာလဲတတ်နိုင်သမျှ အထိ လွတ်အောင်လဲ ရှောင်မှာပေါ့။ ဒါပေမယ့် ပြန်တိုက်ခြင်းအားဖြင့် မလုပ်တော့ဘူး။ တိုက်တာ ဟာ အရိုင်း၊ ကျွဲတို့ ၊ နွားတို့ ၊ ဆင်တို့ ရဲ့ လုပ်ငန်း။ ကျွဲတို့  နွားတို့  ဆင်တို့  ဆိုတာ ကြောက်စရာကြီးတွေ ဟုတ်လား။ ဒါ ပထမတစ်ချက်။ ဒါဘာသာတရားရဲ့ အဆိုအဆုံးမ။ ဒုတိယတစ်ချက် နောက်တစ်ချက်က တကယ်လို့ မှ မတိုက်ဘူး၊ တိုက်လာရင်တောင် ရှောင်မယ်လို့  ဆုံးဖြတ်ထားတဲ့ ကြားထဲက မေ့လျော့ပြီးတော့တိုက်မိသေးတယ် ဆိုရင် အဲဒီတိုက်မိတာကို တောင်းပန်မယ်။ ပြင်ဆင်မယ်။ သည်းခံခွင့်လွှတ်ပါ။ ဒေါသအလျောက် ပြုမိတာပါလို့  ဒီလိုကလေး လုပ်မယ်။ ဒါ ဒုတိယတစ်ချက်။ တတိယတစ်ချက် နောက် တတိယတစ်ချက်က အဲဒီလိုမျိုးကလေး မတိုက်မိတော့ဘူး၊ တိုက်မိတဲ့ဟာလဲ ပြင် ပြီးနေပြီ ဆိုတောင်မှ တိုက်ဖို့ ဆီများ ငါ့စိတ်ဓါတ်တွေ ရှိနေသေးသလား။ တိုက်ရလောက် အောင် စိတ်ဆိုး စိတ်ဆာတွေက ငါ့ကို လွှမ်းမိုးနေသေး သလားလို့  ဆိုတာကို သတိထား ပါ။ ဒါ တတိယတစ်ချက်။ စတုတ္ထတစ်ချက် စတုတ္ထတစ်ချက်အဖြစ်နဲ့  တိုက်မိကြတာတွေရဲ့ ကိုယ်အရင်တုန်းက တိုက်မိခဲ့ကြတာတွေ သူများတွေ တိုက်မိကြတာတွေရဲ့ အပြစ်အနာအဆာတွေ ဘယ်လိုလူတွေ ကျဆုံးကြတာပဲ၊ ဆုံးရှုံးကြတာပဲလို့  ဆိုတဲ့ဟာမျိုးကို များများကြီးတွေးခေါ်တာ၊ မြော်မြင်တာကိုလုပ်ပါ။ ဒါ ကလေး လုပ်လို့ ဖြင့် အလုပ်လဲမပျက်၊ အကိုင်လဲမပျက်။ တစ်ခါတည်း ကိုယ့်သားသမီး တွေနဲ့  အနေလဲမပျက်၊ အထိုင်လဲမပျက်၊ စီးပွားကြီးပွား ရှာ၊ အရှာလဲမပျက်၊ အဖွေလဲမ ပျက်။ ပိုတောင်မှ တိုးတက်ဦးမှာ မဟုတ်လား။ တိုက်တာဟာ အရိုင်း အဲဒီလို လူတွေကိုငါ မတိုက်ဘဲနဲ့  နေမယ်။ မတိုက်မိအောင် နေမယ်။ တကယ်လို့ မှ ငါက မတိုက်မိအောင် နေတဲ့ကြားက သူက ငါ့ကို သေသေချာချာ စောင်းငန်းငန်းနဲ့ ကို သေသေ ချာချာ လာတိုက်တယ် ဆိုရင်တောင်မှ တတ်နိုင်ရင်ငါလွတ်အောင် ရှောင်မယ်၊ အဲဒါ လုပ် မယ်။ ဒါလေးဟာ ဘာသာတရားရဲ့ အစကလေး၊ အစကတည်းကိုက ကောင်းပြီ ဘာပြုလို့  လဲ။ မတိုက်မိဘူးဆိုကတည်းက မနာတော့ဘူးဗျ။ ငါလူ၊ ငါလူဖြစ်တဲ့ အတွက် ငါ အဖော် လုပ်ရမှာကတော့ လူနဲ့ ပဲ။ အဲဒီ လူနဲ့ ပဲ အဖော်လုပ်ရမှာ ဖြစ်တဲ့အတွက် ဘာဖြစ်လဲ သူတို့  နဲ့ တော့မတိုက်မိအောင်ကို နေမှ။ သူတို့ က လာတိုက် ရင်တောင်မှ ငါ့ကတော့ ရှောင်ပေး ရမှာပဲ။ ကြည့်နော်၊ လာတိုက်တဲ့ သူတောင် ရှောင်ပေးမှာ။ ကိုယ်ကဖြင့် သွားမတိုက်လိုက် သမှ ဖြစ်ခြင်း။ လူက တိုက်ချင်တယ်။ လူဆိုတာ တိုက်ချင်တယ်။ လူဆိုတာက ဘယ်သူမှ မတိုက်ဖူးတဲ့သူ မရှိဘူး။ ကလေးကတည်းက တိုက်လာခဲ့တာ။ ဘယ်သူဖြစ်ဖြစ်တိုက်တဲ့ သူ ချည်းပဲ။ တိုက်ဖူးတဲ့ သူချည်းပဲ။ ဒါကို ကိုယ်ကနေပြီးတော့ အေး … တိုက်တယ်ဆိုတာ အရိုင်းဟ၊ တို့ မသိတုန်းက ဘာသာတရားရဲ့ အလင်းရောင်ကို မရလို့ မို့ လို့ ၊ မှောင်မိုက် နေလို့ မို့ လို့  ဟိုတိုက် ဒီတိုက် တိုက်တာ။ ဘာသာတရားရဲ့ အလင်းရောင်က မတိုက်ရဘူး လို့  သေသေချာချာ လမ်းညွန်ထားတာ၊ ဒီ့ပြင် ဘယ်လမ်းညွန်တွေ၊ အရှည်ကြီး၊ အဝေးကြီး တွေ တို့ မပြောဘူး။ ပထမတစ်ချက် အဲဒီတော့ ဘာလုပ်ရမလဲ။ လူတွေကို ငါမတိုက်ရဘူး။ ငါ့လာတိုက်တဲ့ သူတောင်မှ ငါက မတိုက်ရဘူး။ ဘယ်တုန်းက ငါငယ်ငယ်တုန်းက ဘယ်လောက်တိုက်ခဲ့ တိုက်ခဲ့၊ ဘယ်လောက် လူစွမ်းကောင်းကောင်း မတိုက်ဘူး။ မတိုက်လို့  သူတို့ တိုက်တာ ခံရမလား ဆိုတော့ သူတို့ တိုက်တာလဲ ခံဖို့ မဟုတ်ဘူး။ သူတို့  တိုက်တာလဲတတ်နိုင်သမျှ အထိ လွတ်အောင်လဲ ရှောင်မှာပေါ့။ ဒါပေမယ့် ပြန်တိုက်ခြင်းအားဖြင့် မလုပ်တော့ဘူး။ တိုက်တာ ဟာ အရိုင်း၊ ကျွဲတို့ ၊ နွားတို့ ၊ ဆင်တို့ ရဲ့ လုပ်ငန်း။ ကျွဲတို့  နွားတို့  ဆင်တို့  ဆိုတာ ကြောက်စရာကြီးတွေ ဟုတ်လား။ ဒါ ပထမတစ်ချက်။ ဒါဘာသာတရားရဲ့ အဆိုအဆုံးမ။ ဒုတိယတစ်ချက် နောက်တစ်ချက်က တကယ်လို့ မှ မတိုက်ဘူး၊ တိုက်လာရင်တောင် ရှောင်မယ်လို့  ဆုံးဖြတ်ထားတဲ့ ကြားထဲက မေ့လျော့ပြီးတော့တိုက်မိသေးတယ် ဆိုရင် အဲဒီတိုက်မိတာကို တောင်းပန်မယ်။ ပြင်ဆင်မယ်။ သည်းခံခွင့်လွှတ်ပါ။ ဒေါသအလျောက် ပြုမိတာပါလို့  ဒီလိုကလေး လုပ်မယ်။ ဒါ ဒုတိယတစ်ချက်။ တတိယတစ်ချက် နောက် တတိယတစ်ချက်က အဲဒီလိုမျိုးကလေး မတိုက်မိတော့ဘူး၊ တိုက်မိတဲ့ဟာလဲ ပြင် ပြီးနေပြီ ဆိုတောင်မှ တိုက်ဖို့ ဆီများ ငါ့စိတ်ဓါတ်တွေ ရှိနေသေးသလား။ တိုက်ရလောက် အောင် စိတ်ဆိုး စိတ်ဆာတွေက ငါ့ကို လွှမ်းမိုးနေသေး သလားလို့  ဆိုတာကို သတိထား ပါ။ ဒါ တတိယတစ်ချက်။ စတုတ္ထတစ်ချက် စတုတ္ထတစ်ချက်အဖြစ်နဲ့  တိုက်မိကြတာတွေရဲ့ ကိုယ်အရင်တုန်းက တိုက်မိခဲ့ကြတာတွေ သူများတွေ တိုက်မိကြတာတွေရဲ့ အပြစ်အနာအဆာတွေ ဘယ်လိုလူတွေ ကျဆုံးကြတာပဲ၊ ဆုံးရှုံးကြတာပဲလို့  ဆိုတဲ့ဟာမျိုးကို များများကြီးတွေးခေါ်တာ၊ မြော်မြင်တာကိုလုပ်ပါ။ ဒါ ကလေး လုပ်လို့ ဖြင့် အလုပ်လဲမပျက်၊ အကိုင်လဲမပျက်။ တစ်ခါတည်း ကိုယ့်သားသမီး တွေနဲ့  အနေလဲမပျက်၊ အထိုင်လဲမပျက်၊ စီးပွားကြီးပွား ရှာ၊ အရှာလဲမပျက်၊ အဖွေလဲမ ပျက်။ ပိုတောင်မှ တိုးတက်ဦးမှာ မဟုတ်လား။