အပြစ်အနာအဆာတွေကို ပွားများကြ

ဒါ့ကြောင့် ဒီအချက်ကလေး လေးချက်ပဲ။ နံပါတ်တစ်- လူနဲ့ မတိုက်မိပါစေနဲ့ ။ နံပါတ်နှစ်- တိုက်မိလို့ ရှိရင် ကိုယ်ကနေပြီးတော့ တောင်းပန်ပါ။ နံပါတ်သုံး- တိုက်မိဖို့ ရန်အတွက် စိတ်ဓါတ်များ ရှိနေသေးလို့ ရှိရင် ရှိနေသေးသလား ဆိုတာကို သိအောင် သတိထားပါ။ နံပါတ်လေး- တိုက်မိခဲ့တဲ့ သမိုင်းတွေရဲ့ ဆိုးပြစ်တွေကို ကိုယ်ကနေပြီး တစ်စမကျန် အကုန် လုံးမြင်အောင် ရှုပါ။ ကောင်းပြီ ဒါ အဲဒီအစကလေး တစ်ခုလောက် လုပ်မိတယ် ဆိုရင်၊ တကယ်လို့  တိုက်မိတယ်ဆိုရင်တောင် ပြင်မှာပါ။ တိုက်မိဖို့ ရန် စိတ်ထားမျိုးကို ကိုယ်ကနေပြီး သတိထားပြီးတော့ ငါ ဖြစ်နေသလား၊ အဲဒီစိတ်ထားမျိုး ရှိနေသလား- မရှိ ဘူးလား လို့ ဆိုတာ သတိထားကြ။ တိုက်မိတဲ့ အပြစ်အနာအဆာတွေကို ပွားများကြလို့  ဒီလိုပြောရမယ်။ ဒုက္ခကလွတ်မြောက်ပြီ အဲဒီလိုမျိုးဆိုခဲ့ရင် ဘာသာတရားရဲ့ အစ ခြေချမိပြီ။ သီလ၊ သမာဓိလို့  ဆိုတဲ့ဟာမျိုး။ အဲဒီလို ခြေချမိပြီဆိုရင်တော့ ဘာသာတရားရဲ့ အလင်းရောင်ဟာ ကိုယ့်ကိုယ်ပေါ်မှာ ပို၊ ပိုပြီးတော့ တစ်နေ့ ထက်တစ်နေ့  လင်းချင်းလာလိမ့်မယ်။ အဲဒီလို လင်းချင်းလာခဲ့လို့  ရှိရင် ဘာနဲ့ မှ မတိုက်မိဘဲနဲ့  ထာဝရလွတ်မြောက်မှုကြီးကို ရမယ်။ အိုလဲလွတ်မြောက် လိမ့်မယ်။ ဘာက လွတ်မြောက်တုန်းဆိုရင် လူတွေနဲ့  တိုက်မိတာက လွတ်မြောက်တာပဲ။ လူတွေနဲ့  မတိုက်မိရင် ဒုက္ခကလည်း မရောက်တော့ဘူး။ ဒုက္ခကလွတ်မြောက်တယ်လို့  ပြောလဲ ဖြစ်တာပေါ့။ အဲဒီတော့ဗျာ ကျုပ်တို့ က ဘာမှမသိနိုးနားနဲ့ မဖြစ်ရလေအောင် ဒီ အဆိုအဆုံးအမစကားကို သတ်သတ်မှတ်မှတ် ခင်ဗျားတို့  အတွက်ကို အတိအကျရည်စူး ပြီး ပေးလိုက်ပါတယ်။ ဒါကလေးကို ခင်ဗျားတို့ က အထပ်ထပ် နားလည်အောင် ပွားများပြီး ကျင့်ကြံနိုင်ကြပါစေလို့ ကျုပ်က အဆိုဆုံးမစကားအဖြစ်နဲ့ ပြောလိုက်ပါတယ်။ ဒါကို ၀မ်းသာနိုင်ကြတယ် ဆိုရင် သာဓု ခေါ်ကြပါလို့  ပြောရင်း နိဂုံးချုပ်ပါတယ်။ သာယာချမ်းမြေ့ရှိကြပါစေ။ သျှင်မိုးပြာ

Website counter

Back to TOP