ကမ္ဘာကြီးကို အလင်းတံခါးဖွင့်ပေးသူ

by ဥာဏ်မျိုးဆက်(မန္တလေး)(၁၀-၂-၂၀၁၂)


လွန်ခဲ့တဲ့(၂၉)နှစ်
ဒီလိုနေ့မှာ
ဆရာတော်ဟာ
အဓမ္မစည်းဝိုင်းကို ကျောခိုင်း
အမှောင်ထုကိုဆန့်ကျင်
ကမ္ဘာကြီးကို အလှပန်းတွေဆင်ဖို့
သူ့ခြေလှမ်းတွေကို ရဲရဲပြင်ခဲ့တယ်။  



မတရားရဲ့ပြောင်းပြန်ဆန့်ကျင်ဖက်တွေဟာ
တရားဘဲဆိုတဲ့
ဆရာတော်ဟာ
သူ့စကားအတိုင်း မတရားရဲ့ပြောင်းပြန်တရားတွေကိုသာ
ဘ၀တစ်လျှောက်လုံး
ကျင့်သုံးဆောက်တည်ခဲ့
ဆရာတော်ရဲ့သမိုင်း
ဘယ်တုန်းကရိုင်းခဲ့ဖူးသလဲ
ဆရာတော်ဟာ
မတရားပြုသူမဟုတ်
မတရားအပြုခံရသူသာဖြစ်တယ်
မတရားအပြုခံရသူဟာ
အဓမ္မမဟုတ်
မတရားပြုသူကသာ
အဓမ္မဖြစ်တယ်

ဆရာတော်ဟာ
လက်တွေ့အလုပ်မဖြစ်တဲ့
ငါသူတပါးမရှိ အမြင်တွေကိုဖယ်ရှား
ရှိနေတဲ့ ငါသူတပါးတွေကို
စစ်မှန်တဲ့ကိုယ်ကျင့်တရားတွေနဲ့
အကောင်းဆုံးတည်ဆောက်ပြီး
လှပတဲ့ကမ္ဘာကြီးဖြစ်အောင်
ထုဆစ်နေသူဖြစ်တယ်

ဆရာတော်ဟာ
ကမ္ဘာကြီးရဲ့အဓမ္မအမှောင်တွေ
ချုပ်ငြိမ်းကွယ်ပျောက်စေဖို့
အရိယသစ္စာမီးအိမ်ကို
ထွန်းညှိသယ်ဆောင်လာသူဖြစ်တယ်
သုံးစားလို့မရတဲ့
တရားဓမ္မတွေနဲ့
ဝအီလို့နေတဲ့ကမ္ဘာကြီးကို
အလင်းတံခါးဖွင့်ပေးသူဖြစ်တယ်

ဗုဒ္ဒရဲ့သမိုင်းမှာ
ဒေ၀ဒတ်ဆိုတာ တစ်ယောက်သာရှိခဲ့
ဆရာတော်ရဲ့သမိုင်း
ဒေ၀ဒတ်တွေပတ်ချာဝိုင်းခဲ့ပေါ့
အရိယသစ္စာ ဆိုတာကို
နားဝင်မချိုနိုင်သူတွေက
ဆရာတော့်ကို နည်းအမျိုးမျိုးနဲ့
လုပ်ကြံခဲ့ကြ
ဒါပေမဲ့......
အဓမ္မဆိုတာ
ဓမ္မကို အနိုင်မယူနိုင်
အခိုက်အတံ့သာအောင်ပွဲခံနိုင်ပေလိမ့်မယ်။

အမှန်တရားဆိုတာ
အာဏာပိုင်ဆိုသူက
ကန့်သတ်လို့မရတဲ့
ဒိဋ္ဌဓမ္မတရားဖြစ်တယ်
အမှန်တရားဆိုတာ
ဓားနဲ့ထိုး ဓားကျိုး
လှံနဲ့ထိုး လှံကျိုး
မသေတဲ့အမျိုးဘဲ
ကျွန်တော်ဖတ်ဖူးတဲ့
ကဗျာတစ်ပုဒ်ထဲကစာသား
မှတ်သားစရာဘဲ မဟုတ်လား

အရိယသစ္စာဓမ္မ
ထွန်းလင်းခွင့်ရချိန်မှာ
ဘယ်သူဟာကျား ဘယ်သူဟာနွားလဲ
ဘယ်သူဟာတရား ဘယ်သူဟာမတရားလဲ
သဲသဲကွဲကွဲ ပြက်ပြက်ထင်ထင်
တွေ့မြင်ရပေလိမ့်မယ်
တရားအမှန်ဟာ
ဓားလှံတွေကို
အောင်ပွဲခံပေလိမ့်မယ်
အရိယသစ္စာ အမှန်ကို
သာဓုခေါ်သံတွေဟာ
ဘ၀ဂ်ထိ လျှံပေလိမ့်မယ်

ဆရာတော်ရဲ့တပည့်သား
ကျွန်တော်တို့ဟာ
အရိယသစ္စာကို
နောက်တစ်ကြိမ်
အပျောက်ပျက်မခံနိုင်
ကိုယ်တတ်စွမ်းတဲ့ဖက်က
ကိုယ်တတ်စွမ်းတဲ့နည်းနဲ့
ဆောင်ကျဉ်းရလိမ့်မယ်

မှောင်မဲနေတဲ့
ကမ္ဘာကြီးအတွက်
အလင်းတေးကို
ကျွန်တော်တို့
သံပြိုင်သီကြွေးရလိမ့်မယ်

တစ္ဆေသရဲတွေရဲ့
ခြေက်လှန့်ကုတ်ခြစ်တဲ့ဘေးဒါဏ်ကိ
ကျွန်တော်တို့တွန်းလှန်ရလိမ့်မယ်

၂၁ရာစုထဲကို
ရောက်နေမှန်းမသိဘဲ
လေးနဲ့မြားကို ဆက်ကိုင်ချင်နေတဲ့
မုဆိုးညစ်တွေရဲ့ ခပ်တုံးတုံးဦးနှောက်တွေကို
အရိယသစ္စာဓမ္မနဲ့
ဆေးကြောပေးရလိမ်.မယ်

တရားဂုဏ်တွေနဲ့လွဲချော်
ကျင့်ပွားလို့ အကျိုးမများတဲ့တရားဓမ္မတွေကြောင်
နာဖျားနေတဲ့ကမ္ဘာကြီးကို
ကျွန်တော်တို့ ဆေးကုသကြရမယ်

ရတနာသုံးပါးထဲက
နောက်ဆုံးတစ်ပါးဟာ
ကျွန်တော်တို့အတွက်တော့
တစ်ပါးတည်းသာရှိတဲ့
ကျွန်တော်တို့ရဲ့ ဆရာတော်
(၂၉)ကြိမ်မြောက်ဓမ္မ၀ိဟာရီနေ့မှာ
တပည့်သာဝကတွေရဲ့
ထိတွေ့ပူဇော်ခွင့်ကိုမရရှာတဲ့
ကျွန်တော်တို့ ဆရာတော်
အဝေးကဘဲ ပူဇော်ကန်တော့လိုက်ပါတယ်။

(ဘာသာရေးယုံကြည်ချက်အတွက် အကျဉ်းကျခံနေရသောဓမ္မ၀ိဟာရီအတွက်
ဥာဏ်မျိုးဆက်ရေးဖွဲ့ခဲ့တာပါ။)

Website counter

Back to TOP