ဒီယနေ့  အသက်တစ်ရာ ရှိတဲ့လူတွေ ရှာပြီးမေးကြည့်။ တရာရှိတဲ့လူတွေ ရှာရတာ မောတယ်လို့  ဆိုရင် ခုနှစ်ဆယ်၊ ရှစ်ဆယ် ရှိတဲ့လူတွေတော့ အများအပြား။ ဘယ်ဟာ တရားလဲ ဘယ်ဟာကို ဆုပ်ကိုင်နေမှ ဘ၀မှန်မလဲ၊ ဘယ်ဟာကို ပိုက်ဖက်ထားရမလဲလို့  မေးကြည့်ပါ။ အတိအကျ ဘယ်သူမှ မပြောနိုင်စေရဘူး။ ပြောပြီဆိုရင်လဲပဲ စောဒနာကြည့် ပါ။
လုံးဝ သူပြန်ပြီးတော့ မပြင်ဘဲ မနေစေရဘူး။ ပြင်စေရမယ်။ ဆိုလိုတာက သူက အမြူ တေကျတဲ့ စကားပြောနိုင်တာမှ မဟုတ်တာ။ ဘာဖြစ်လို့  အဲဒီဟာကို ကိုးကွယ်ရတုန်း။ အဲ ဒါကို ကိုးကွယ်ရင် ဘယ်လိုဖြစ်မှာတုန်းလို့  အဆင့်ဆင့် စကားကလေး လေးငါး ဆယ်ခွန်း လောက်အထိ ဒီပြဿနာကို ဆစ်ပြီးမေးကြည့်။ သူဟာသူကိုပဲ ဝေေ၀၀ါးဝါးနဲ့  ပျက်သွား စေရမယ်။ ဆိုလိုတာက တော့ဖြင့် အဲဒီ ဘာသာဆိုတာရဲ့ အလင်းရောင်ကို မရဘူးဆိုရင် လူဟာ ကိုယ်ဘာသာကိုယ် အမှန်တရားကို သိမသွားနိုင်တတ်ကြဘူးလို့  လူအများစုရဲ့ လက္ခဏာက အဲဒီလိုဖြစ်တဲ့အတွက် ဘာသာ သိပ်လိုတယ်။
ဘာသာက သိပ်အရေးကြီးတယ်
သိပ်လိုတဲ့အတွက်လဲပဲ ရှေးကလူကြီးတွေက ဘာသာကို အများကြီး ကျိုးနွံကြဖို့ ၊ ကိုင်းရှိုင်း ကြဖို့ ကို နည်းမျိုးစုံနဲ့  ပြောခဲ့တယ်။ မိခင်- ဖခင်များနဲ့  ဘာသာတရားနား၊ ဘုရားနား ချဉ်း ကပ်သွားတယ် ဆိုရင် ရှိခိုး- ရှိခိုး။ ကိုယ့်သားသမီးကလေး ရှိမခိုးတတ်သေချင်နေ ရှိခိုး- ရှိခိုး။ ဟာ … ဒါကလေးကို လှူချင်လာအောင် တန်းချင်လာအောင်၊ ရော့ … ဒါလေး သားလေးကလှူလိုက်၊ သမီးကလေးက လှူလိုက် သင်တယ်။ ဒီအထဲမှာ ပျော်စရာတွေနဲ့  တီးမှုတ်ကခုန်ပြီးတော့လဲဘဲ ဒီဘာသာတရားထဲ မရောက်ရောက်အောင် သွင်းတယ်။ ကြောက်စရာတွေနဲ့  ခြောက်ပြပြီးတော့လဲ မရောက်ရောက်အောင် ဒီဘာသာတရားထဲ သွင်းတယ်။ အဲဒီလိုသွင်းတာဟာ ဘာဖြစ်လို့ သွင်းတာလဲ။ ဘာသာအရေးကြီးလို့  သွင်းတာ။ ဒီအထဲမှာ တချို့ များ ဆိုလို့ ရှိရင် လည်ပင်းမှာ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ အစရှိသည် ဖြင့် သရဏံဂုဏ် ကလေးကို ငွေပြားကလေးပေါ်ရေးပြီး လိပ်ကာ လည်ပင်းဝတ် ပေးထား တဲ့ အဖြစ်မျိုး၊ လက်ကောက်ဝတ် ၀တ်ပေးထားတဲ့ အဖြစ်မျိုး။ ဒါမှ မဟုတ်လို့  ရှိရင် တိဗက် လူမျိုးတို့ ရဲ့ ဒေသဆိုရင် ကြိုးကလေး အထုံးကလေး သုံးထုံး ဘုရား၊ တရား၊ သံဃာဆိုပြီး ၀တ်ပေးတယ်။ ဒါဘာတုန်းဆိုရင် ဘာသာတရား အရေးကြီးလွန်းလို့ ။ သူတို့  ဟာ သူတို့ ရဲ့ သားသမီးတွေကို သားစဉ်မြေဆက် မပျောက်မပျက် ရှိစေချင်လို့  ပေးခဲ့တာ။ တကယ်လဲ အရေးကြီးပါရဲ့။ ဘာသာတရားက သိပ်အရေးကြီးတယ်။
ကောင်းမွန်မှန်ကန် တိကျနေဖို့ လိုတယ်
ကိုယ်က ယဉ်ကျေးပြီးသား လူ့ အသိုင်းအ၀ိုင်းထဲမှာ ရောက်ပြီးတော့ နေတော့လဲပဲ ဘာသာတရားလို့  ဆိုတာဟာ အမေတို့  အဖေတို့ ကလည်း ကိုးကွယ်တယ်။ ဒီထက် ဘိုး တို့  ဘွားတို့ ကလည်း ကိုးကွယ်တယ်။ ကိုယ့်အပေါင်းအသင်း မိတ်ဆွေသင်္ဂဟတွေ ကလည်း ကိုးကွယ်တယ်ဆိုတော့ ကိုးကွယ်ပေမယ့် အဲဒါမရှိလဲ တို့ ဘာမှ သိပ်မဖြစ်ပါဘူး လို့ ထင်ချင်စရာလိုလို ရှိတယ်။ တကယ်လည်းပဲ ဒီကနေ့  ကိုးကွယ်ပြီးသားဖြစ်တဲ့ ရိုးရာကို ကိုးကွယ်မှု အနေအထားအရ နုတ်ကြည့်ပါ။ နုတ်ကြည့်လို့ လဲ ဒီကနေ့ အခြေအနေက လောက်တော့ ရှိမှာပါပဲ။ ဒီကနေ့  အမေ အဖေအပေါ်မှာထားတဲ့ မေတ္တာစေတနာ သဘော ထား၊ မွေးချင်းအချင်းချင်းနဲ့  မိတ်တွေသင်္ဂဟတွေ အပေါ်မှာထားတဲ့ မေတ္တာစေတနာ သဘောထား၊ ယုတ်လျော့မှာ မဟုတ်တော့ပါဘူး။ ဒီထက်လည်း ရိုင်းပြမှာ မဟုတ်တော့ ပါဘူး။ ဒါကြောင့် အဲဒီ ဘာသာတရားဆိုတာတောင်မှ မသိတဲ့အဖြစ်ရောက်ပါလိမ့်မယ်။ တကယ်လဲပဲ အကျိုးဆောင်တဲ့ အနေအထားမရှိတော့တဲ့ အတွက်ပါပဲ။ ဒီထက် ကိုယ့် အဖေ အဖေအပေါ်မှာ ကိုယ်ကထားရမယ့် သဘောထား၊ ကိုယ့်သားသမီးအပေါ်မှာ ကိုယ် ကထားရမယ့် သဘောထား၊ ကိုယ့်ရဲ့ မွေးချင်းအချင်းချင်းနဲ့  မိတ်ဆွေသင်္ဂဟတွေ အပေါ်မှာ ထားရမယ့် သဘောထား။ ဒီထက်ကိုယ်က ကောင်းမွန်မှန်ကန် တိကျနေဖို့  လိုတယ်။
လူဟာ ကိုယ့်ဘာသာကိုယ် အမှန်တရားကို သိမသွားကြဘူး
Labels:
ဘာသာတရားက ပေးသော ဆုလာဘ်