နေကြီးက လင်းနေပြီးသား။ နေမရှိတဲ့အခါ အလင်းရောင်တွေ လရောင်တွေက လင်းနေပြီး သား။ ဘယ်လိုများအလင်းရောင် လိုသေးသလဲလို့  ပြောစရာရှိတယ်။ နေကလင်းတာ မျက်စိအသုံးချဖို့  အတွက် အလင်းရောင်ပဲ ဖြစ်တယ်။
ဒါဖြင့် ဗုဒ္ဓဘာသာအလင်းရောင်က ဘာအတွက် လင်းတာတုန်းလို့  ဆိုရင် မျက်စိအတွက် လင်းရုံလေးနဲ့  လူ့ ဘ၀ မပြီးဘူး။
မျက်စိအတွက် လင်းတော့ တုံးတို့ ၊ တိုင်တို့  မတိုက်ဘူးပေါ့။ တွင်းတို့  ချောက်တို့  မကျဘူးပေါ့။ ဒါပဲရှိတယ်။ လောကကြီးမှာ သူနဲ့ ကိုယ်နဲ့ ပေါင်းရတာ၊ မိနဲ့ ဖနဲ့  ပေါင်းရတာ၊ သားနဲ့ သမီးနဲ့  ပေါင်းရတာ၊ မိတ်နဲ့ ဆွေနဲ့  ပေါင်းရတာ။ ပေါင်းတဲ့ အခါမှာကျတော့ တုံးကြီးလို တိုင်ကြီလို မျက်စိနဲ့  မြင်ရတာ မဟုတ်ဘူး။ ဒီလို ပေါင်းသင်းတတ်ရဲ့လား။ ဒီလို မပေါင်းတတ်ဘူးလား။ ဒီသူက ကံတွေကောင်းနေတဲ့သူမှ ဟုတ်ရဲ့လား။ ဆိုးဆိုးဆာဆာ လူများလား။ ဒီသူကတော့ရော ကံတွေများ ဆိုးနေတဲ့ လူများလား။ ကောင်းကောင်းမွန်မွန် လူမှ ဟုတ်ရဲ့လား။ ဒါ သိဖို့ ရန်ကတော့ နေအလင်းရောင်တွေ၊ မီးအလင်းရောင်တွေ ဆယ် စင်းကြီးထွက်၊ မီးခွက်တွေ အခွက်ပေါင်း များစွာ ထွန်းပြီးတော့ ကြည့်ကြည့် မမြင်ရဘူး။ အနိဒဿဏံ သူက တစ်ခါတည်း မျက်စိနဲ့  မမြင်ရတဲ့ အရာ။ အဲဒီလို ဖြစ်တဲ့အတွက် သူက တကယ့် ဦးနှောက်နဲ့ မှ မြင်ရတာ၊ အသိဉာဏ်နဲ့ သာ မြင်ရတာလို့  ပြောကြစို့ လေ။
လူမှာ အလင်းရောင် သိပ်လိုတယ်
ကိုယ့်ဦးနှောက်ထဲကိုထည့်ပြီး တွက်ချက်ပြီးတော့မှ ရတဲ့အသိဥာဏ်နဲ့ မှ မြင်ရတာ။ အဲဒီလို ဆိုတော့ဒီသူ့ ကို ငါဘယ်လောက်နေရာထား ပေါင်းရမလဲ၊ တခြားသူကို ငါ ဘယ်လောက် နေရာထား ပေါင်းရမလဲ ဆိုတာမျိုးဟာ သူ့ တန်ဖိုးတွေ သူရှိတယ်။ အဲဒီသူ့ တန်ဖိုးတွေ သူရှိနေတဲ့ဟာကို ဘာဖြစ်လဲ ဒီအလင်းရောင်သာ မရလို့ ရှိရင် မမြင်ရဘူး။ မြတ်စွာဘုရား ညွန်ပြခဲ့တဲ့ သစ္စာဓမ္မလို့ ဆိုတဲ့ အလင်းရောင်သာ မရလို့ ရှိရင် မမြင်ရဘူး။ ဒီတော့ ငါ့မျက်စိ ကြီးပါတာပဲ၊ နေတွေ လတွေလဲ လင်းနေပြီးသားပဲ၊ ဘာအလင်းရောင်များ နောက်ထပ်လို သေးလဲ မအောင်းမေ့နဲ့  တကယ်ကို လိုတာ။ လူမှာ အလင်းရောင် သိပ်လိုတယ်။
ခံစားမှုကောင်းတာနဲ့  လူမြင့်မြတ်တာနဲ့  မပတ်သက်ဘူး
ဘာသာဆိုတဲ့အလင်းရောင် သိပ်လိုတယ်။ ဘာဖြစ်လို့ လဲဆိုရင် လူက မွေးလာတယ်ဆိုက တည်းက ကိုယ့်ကိုယ်ကို ဘယ်လိုထားရင် သာတယ်၊ ကိုယ့်ကိုယ်လေး ဘယ်လိုထားတာ ခံရတဲ့အတွက် နာတယ်လို့  ကိုယ်သိတယ်။ နာတာလဲ သိတယ်၊ သာတာလဲ သိတယ်။ နာတာသိတဲ့ အတွက် နာတာလဲ ရွံမုန်းတယ်။ သာတာ သိတဲ့အတွက် သာတာကိုလဲ မြတ် နိုးတယ်။ အဲဒီသာတာ မြတ်နိုးတယ်၊ အဲဒီနာတာ ရွံမုန်းတယ် ဆိုတာ ဝေဒနာတွေရဲ့၊ ခံစား မှုတွေရဲ့ လက္ခဏာတွေပဲ။ ဒီခံစားမှုတွေကပဲ ကိုယ့်ကိုယ်ကို တစ်ခါတည်း မိုးသီးမိုးပေါက်လို လွှမ်းမိုးလာခဲ့တာ ဆိုတော့ အဲဒီ ခံစားမှုတွေကို ကိုယ်ကလွန်ပြီး မတွေးတတ်ဘူး။ ပြောမယ် ဆိုရင် လူဆိုတာ အဲဒီခံစားမှုတွေနဲ့  အသက်ရှင်ပြီး နေရတာဆိုတော့ အဲဒီခံစား မှုနဲ့ လွတ်ပြီး မတွေးတတ်ဘူး။ ခံစားမှုနဲ့ ကျော်လွန်တဲ့ အနက်အဓိပ္ပါယ်ကို မဖော်တတ်ဘူး။ အဲဒီလို မဖော်တတ်တော့ ခံစားမှုကလည်း အမှန်တွေ မပြဘူး။ တချို့ ခံစားမှုတွေဟာ ကောင်းတယ်။ ကောင်းပေမယ့်လည်း တကယ်ကျတော့ လူကို မျက်စီးအောင် ဖျက်တယ်။ တချို့ ခံစားမှုတွေက ဆိုးတယ်။ ဆိုးပေမယ့် လူကို ကြီးမြတ်အောင် မတယ်။ ကြည့်စမ်း၊ ခံစားမှုနဲ့  လူကြီးမြတ်မှုနဲ့ က မပတ်သက်ဘူး။ ခံစားမှုဆိုးတာနဲ့  လူနိမ့်ကျတာနဲ့  ကလည်း မပတ်သက်ဘူး။ အဲဒီတော့ ခံစားမှုက လူကို လွှမ်းမိုးထားတော့ လူကလဲ ခံစားမှုပဲ သိတယ်။
ဗုဒ္ဓညွန်ပြခဲ့တဲ့ ဓမ္မသစ္စာရဲ့ အလင်းရောင်
တကယ့်ကြီးမြတ်မှုနဲ့  နိမ့်ကျမှုအပိုင်း ဆိုင်ရာတွေကျတော့ လူတွေက မသိဘူး။ အဲဒီတော့ အဲဒီ ခံစားမှုတွေကပဲ လူတွေကို လွှမ်းမိုးထားတော့ လူက ခံစားမှုလိုပဲတွေးတယ်။ ခံစားမှု လိုပဲတွေးတော့ အသက်နှစ်ဆယ် ဖြစ်ပါစေ၊ ခံစားမှုပဲ။ ကလေးတုန်းကတော့ ခံစားမှုနဲ့  တွေးတယ်။ အနှစ်နှစ်ဆယ်လောက်များဆိုရင် ခံစားမှုကလွတ်ပြီး တွေးတတ်လာမလား မအောင်းမေ့နဲ့ ။ အနှစ်အစိတ်ရှိ၊ အနှစ်သုံးဆယ်ရှိ၊ အနှစ်လေးဆယ်၊ ငါးဆယ်၊ ခြောက်ဆယ်၊ ခုနှစ်ဆယ်၊ ရှစ်ဆယ်၊ ကိုးဆယ်၊ တစ်ရှာရှိရှိ ဘာသာလို့ ဆိုတဲ့ ဗုဒညွှန်ပြခဲ့ တဲ့ သစ္စာဓမ္မ အလင်းရောင်ကို မရဘူးလို့ ဆိုရင် သူ့ ဘ၀မှာဖြင့် ဘယ်ဟာ ဟုတ်တယ် လို့  ဆိုတာ သူမပြောနိုင်ဘူး။
အသိဉာဏ်နဲ့ သာ မြင်ရတာ
Labels:
ဘာသာတရားက ပေးသော ဆုလာဘ်