အသိတရားကိုသာ ဦးဆောင်လမ်းညွန်အဖြစ်ထား

လူမှာက တရားမျှတတဲ့ စည်းကမ်း ကလနားလေးနဲ့  လှုပ်ရှားရမှ အေးချမ်းမယ်၊ တရားမျှ တတဲ့ စည်းကမ်း ကလနားဆိုတာမှ ဘယ်ဟာမှန်း မသိတော့ဘူးဆိုတော့ သိယောင် ပေါက်သလို ဖြစ်ပေမယ့် တကယ်ကျ မသိဘူး ဆိုတဲ့အခါကျတော့ လူ့  လောကကြီးမှာ လှုပ်ရှားနေရတာက ကိုယ့်သားအပေါ်မှာ ဖြစ်စေ၊ ကိုယ့်သမီးအပေါ်မှာ ဖြစ်စေ၊ ကိုယ့်မြေး ကိုယ့်မြစ်အပေါ်မှာဖြစ်စေ အဲဒီလိုပဲ ကိုယ့်ရဲ့ အဖော်အဖက် တွေပေါ်မှာဖြစ်စေ ဟော- သူများ လှုပ်ရှားသလို တော်သလိုသာ လှုပ်ရှားနေတော့ ဘယ်လိုစည်းကမ်းကို မဏ္ဍိုင်ထား ပြီး တိတိကျကျငါ လှုပ်ရှားနေတာလို့  မရှိတော့ဘူး။ အဲဒါ ကိုယ့်ရဲ့ အဖော်အဖက်ဖြစ်တဲ့ သားတို့  သမီးတို့  ဆိုတဲ့သူတွေက တော်ရင်တော်ပါရဲ့၊ မတော်လို့ များ သူတို့ က ကိုယ့်ကို ချောက်ထဲဆွဲပြီး ချပြီလို့  ဆိုရင် သေချာပေါက် လိမ့်ကျရမယ်။

အဲဒီအခါကျမှ နဂိုကတောင် လမ်းက ပျောက်ပြီးမှ ချောက်ကျတာဆိုတော့ လမ်းကောင်းပေါ်ကို ပြန်မရောက်တော့ဘူး။ ကိုယ်ကအဲဒီလို မဖြစ်ရလေအောင် ကိုယ့်ဘ၀မှာ ဘယ်အခြေအနေ ရောက်နေနေ၊ဘယ် လာကဓံမုန်တိုင်းကြီးက တိုက်ခိုက်လိုက်လို့  တစ်ခါတည်း လွင့်ပါးသွားနေနေ ဒီကွန်ပါလို့  ဆိုတဲ့ဟာလေး ရှိနေတဲ့သူက တောင် - မြောက်ကို အမြဲတမ်းပြနေတော့ သူ့ အနေနဲ့  ဘယ်လိုမှ မျက်စိလည်လို့  မရသလို ကိုယ့်မှာလဲပဲ မသိခြင်းတရားကို ဦးဆောင် လမ်းညွန် အဖြစ်နဲ့ မထားမိဘဲ အသိတရားကိုသာ ဦးဆောင်လမ်းညွှန်အဖြစ်နဲ့  ထားမိတဲ့သူက ကိုယ် သိတာမှ ကိုယ်ကနေပြီးတော့ လက်ခံတယ်လို့  ဆိုတဲ့သူက တောင် - မြောက် အိမ်မြှောင် ကကိုယ့်မှာ အမြဲပါနေတာဖြစ်တဲ့ အတွက် ဘယ်တော့မှ မျက်စိလည်လမ်းမှား မဖြစ်တော့ ဘူး။
မြတ်စွာဘုရားဟောကြားတဲ့ တရားတော်ကိုလဲပဲ နာရမှာ
အဲဒီလို မျက်စိလည်လမ်းမှား မဖြစ်ရလေအောင် ဘာပြောရမလဲဆိုတော့ ကိုယ်မသိတဲ့ ဟာကို သိလေယောင်မျိုး၊ ကိုယ့်မှာ မင်းမူလာတာမျိုး မဖြစ်ကြရပါစေနဲ့ လို့  ဟောဒီလို ပြောရမယ်။ ကိုယ်မသိတဲ့ ဟာလေးက ကိုယ့်ကိုသိတယ်လိုလိုမျိုးနဲ့  မင်းမူလာတာမျိုး မဖြစ်ဘူးလို့  ဆိုရင်ကတော့ ဘာသာတရားရဲ့ အမှန်ကို ရတော့မယ်။ ပြောမယ်ဆိုရင် ခင်ဗျားတို့ ကိုးကွယ်ကြတဲ့ မြတ်စွာဘုရား၊ အဲဒီ မြတ်စွာဘုရားက နှစ်ပေါင်း နှစ်ထောင်ငါး ရာကျော်လောက်ကနေ ပြီးတော့ ပရိနိဗ္ဗာန်စံခဲ့ပြီ။ အဲဒီ ဘုရားက နှစ်ပေါင်း နှစ်ထောင့်ငါး ရာကျော်ကြီးတောင်မှ ကြာခဲ့ပြီ ဆိုလိုတော့ ဘယ်လိုမှ မတွေ့ နိုင်တော့ပေမယ့် တကယ် လို့  များ ကိုယ်ကနေပြီးတော့ မသိတာကို အစိုးမိုးမခံဘဲနဲ့  လုံးဝ ကိုယ့်အသိတရားကိုပဲ ကိုယ်က ဦးဆောင်အဖြစ်နဲ့  ထားတော့မယ်လို့  ဆိုရင် တကယ်မြတ်စွာ ဘုရားဘုရားလဲ တွေ့ မှာလို့  ပြောချင်တယ်။ မြတ်စွာဘုရား ဖူးရတာ သက်သက်မျှသာလားလို့  မေးတော့ မဟုတ်ဘူး။ မြတ်စွာဘုရားဟောကြားတဲ့ တရားတော် ဆိုတာလဲပဲ နာရမှာ၊ သိရမှာ။ မြတ်စွာဘုရား ဟောကြားတဲ့ တရားတော်သာ နာကြားရမှာ မဟုတ်ဘူး။ မြတ်စွာဘုရားရဲ့ တပည့်သား သံဃာ ဆိုတာလဲပဲ ဧကန်ဧက သိရမှာလို့  ကျုပ်တို့ က ပြောချင်တယ်။

ဘုရားကို တကယ်မြင်ဖူးမြင်ရလဲ ဘုရားမှန်းမသိဘူး
အဲဒီလို မြတ်စွာဘုရားနဲ့  မြတ်စွာဘုရားရဲ့ တပည့်သားတော်တွေရော မြတ်စွာဘုရား ဟော ကြားတဲ့ တရားတော်တွေကိုရော သိပြီလို့  ဆိုတဲ့ သူကတော့ တကယ့်သာသနာတော်ကို တွေ့ ပြီလို့  ဒီလိုပြောရမှာပေါ့။ အသိတရား မဟုတ်တဲ့ဟာတွေက အသိတရား ယောင် ဆောင်ပြီး သကာလ ကိုယ့်ရှေ့ မှာ ဆီးနေတာ၊ ဆို့ နေတာ မခံရဘူးလို့  ဆိုလို့ ရှိရင် ရတနာ သုံးပါး ဘုရား၊ တရား၊ သံဃာကို တွေ့ မယ်။ တကယ်လို့ များ အသိတရား မဟုတ် တဲ့ ဟာတွေက အသိတရားယောင်ပြီး သကာလ ကိုယ့်ရဲ့ အသိရှေ့ မှာ ဆီးနေတာ၊ ဆို့ နေ တာ ခံရလို့ ရှိ့ရင် ဒီသူတွေဟာ ဘယ်တော့မှ ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးကို မတွေ့ ဘူး။ နေ့ တိုင်း ဘုရားရှိခိုး၊ ဘုရားကို မတွေ့ ဘူး။ နေ့ တိုင်း တရားအားထုတ်ချင် အားထုတ် တရားကို မတွေ့ ဘူး။ နေ့ တိုင်း သံဃာကို ကိုးကွယ်ဆည်းကပ်ချင် ဆည်းကပ် နေနေ အဲဒီသူ သံဃာကို မတွေ့ ဘူး။ ဘာဖြစ်လို့ လဲ ဆိုလို့ ရှိရင် သူက တကယ် မသိတဲ့ ဟာက အသိကြီးလုပ်ပြီး သကာလ သူ့ အသိဉာဏ်ရဲ့ ရှေ့ ကနေ ပြီးတော့ ဆီးဆို့  ထား လိုက်တယ် ဆိုရင်တော့ အဲဒါကြီးက မာရ်နတ်ကြီးပဲ။ အဲဒါကြီးက ဆီးဆို့ လိုက်တဲ့ အခါကျ တော့ သူက တကယ့် ဘုရားကို မမြင်ရအောင်၊ တကယ့်တရားကို မမြင်ရအောင်၊ တကယ့် သံဃာကို မမြင်ရအောင် သူက လုပ်ထားတော့ သံဃာကြီးကို ကိုယ်ထိလက်ရောက် ဆည်းကပ်နေရလဲ သူ သံဃာမှန်း မသိဘူး။ ဘုရားကို တကယ့်ကို ဖူးမြင်နေရလဲ ဘုရားမှန်း မသိဘူး။ တရားတွေကို တကယ့်ကို ကျင့်သုံးနေရလဲဘဲ တကယ့်ကို သူ တရား မှန်း မသိဘူး။

ငါမသိတဲ့ဟာကိုဖြင့် မသိဘူးလို့ ပဲ ထားမယ်
တရားမှန်း မသိဘူးဆိုတာ တရားမဟုတ်တဲ့ အရာဘက်ဆီကို ဦးတည်လျက်နဲ့ ပဲ သူက တရားဖြစ်နေလိမ့်မယ်။ ဒါကြောင့်မို့ လို့  သူဟာ တရားကို ဆည်းကပ်မိလျက် မရှိဘူးလို့  ဒီလိုပြောချင်တယ်။ အဲဒီလောက် အရေးကြီးတယ်။ မသိခြင်း ဖယ်ရှားဖို့ ရန်ဟာ ဘုရား၊ တရား၊ သံဃာကို တွေ့ ဖို့ ရန် တံခါးဝပဲလို့  ပြောချင်တယ်။ ဘုရား၊ တရား၊ သံဃာကြီးကို ကိုယ်ကိုယ်တိုင် ကျင့်သုံးနေရလျက်နဲ့  ကိုယ်ကိုယ်တိုင် ဆည်းကပ်ပူဇော်နရလျက်သားနဲ့  တောင်မှ မတွေ့ နိုင်အောင် အထိ မသိခြင်းက နှောက်ယှက်နိုင်တယ်။ အဲဒီတော့ မသိခြင်း ရဲ့ အနှောက်အယှက်ကို မခံရအောင် ရိုးရိုးကလေး ပထမဆုံး ပြင်ပေးကြပါ။ ဘယ်လို ပြင် ပေးရမှာလဲဆိုရင် ငါမသိတဲ့ ဟာကိုတော့ဖြင့် မသိဘူးလို့ ပဲ ထားမယ်။ မသိတဲ့ဟာက ငါ့ သိလေယောင် ခေါင်းထောင်ထ လာပြီး ခြယ်လှယ်တဲ့ အနေအထားမျိုးကို ငါ တစ်စက်မှ မခံဘဲ လုပ်မယ်။ ရိုးရိုးကလေးပဲ။ ဒါ ငါတကယ် သိတဲ့ဟာလား၊ မသိတဲ့ဟာလား၊ ဒါကလေးပဲ စဉ်းစား။ ကိုယ်က တကယ်မသိဘဲဟာ ဆိုရင်ကတော့ဖြင့် တစ်စက်မှ ကိုယ့် ကိုယ်ကို မလာပါစေနဲ့ ။ အရိုးသားဆုံးလူ ဖြစ်ပါစေ။ ငြင်းပစ်။

Website counter

Back to TOP