မသိတာကနေ ကိုယ့်ကို လူရည်လည်မလုပ်ပါစေနဲ့ 

အဲဒီသူဟာ ဘာသာတရားအစော်ကို မနံဘူး။ ဘာသာတရား မျက်လုံးပေါက်ဖို့ ရန်အတွက် အရာထယ်ကို မရှိဘူး။ အဲဒီသူဟာ တရားစော်မနံဘူး။ တရားမနီးဘူး။ တရားနဲ့ ကို မစပ် ဘူး။ ဒါလေးကို အသေအချာ ပြောတယ်လို့  မှတ်သားပါ။ ဒီတော့ ကိုယ်ဘာသာ တရားကို အလုပ်အကျွေးပြုရတယ်။

ဘာသာတရားနဲ့ စပ်လျဉ်းလို့  ကိုယ့်အရင်းအနှီးတွေ အများကြီး မြှုပ်နှံရတယ်။ အများကြီး ကျိုးကျိုးနွံနွံလဲပဲ ကိုယ့်မှာ ဆောင်ရွက်ရတယ်။ အဲဒီလို ဆောင် ရွက်တာရဲ့အကျိုးကို ရရှိဖို့ ရန်အတွက် ဘာလုပ်ရမလဲဆိုတော့ အဲဒီ မသိခြင်းစာရင်းထဲမှာ ထည့်ထားတဲ့ ကိုယ့်ရဲ့ မသိခြင်းတွေကို ခေါင်းထောင်မလာပစေနဲ့ ။ ဆိုလိုတာကတော့ဖြင့် ကိုယ်မသိတာကိုလဲ မသိဘူးဆိုတဲ့ စာရင်းထဲမှာ အသေ၀င်နေပါစေ။ အဲဒီစာရင်းထဲကနေ ခုန်ထွက်မလာပါစေနဲ့ ။ မသိတာကနေ ကိုယ့်ကို လူရေလည် မလုပ်ပါစေနဲ့ ။ မသိတာက နေဆွဲခေါ်ပြီး ကိုယ့်ကို ဒုက္ခ ပေးတာမျိုးကို မခံရပါစေနဲ့ လို့  ဟောဒါကလေးကို ပြောရမယ်။
ဘာသာတရားကပေးတဲ့ ဆုလာဘ်ကို ရတော့မယ်
မသိတာကလေး သေသေချာချာ စစ်ကြည့်။ ကိုယ်က ဒါကလေးကို ပြောမယ်ဆိုရင် ဖြစ်ဖြစ် ပြုမယ်ဆိုရင်ဖြစ်ဖြစ်၊ စဉ်းစားမယ်ဆိုရင် ဖြစ်ဖြစ် အဲဒါက ငါသိတဲ့ဟာ ဟုတ်ရဲ့လား။ ငါသိတဲ့ ဟာ ဟုတ်ရဲ့လား၊ ဒါက ငါမသိတာဘဲ၊ အေး … ငါမသိတာဆိုရင် သွား၊ မင်းမလာခဲ့နဲ့ ၊ အဲဒီ လိုမျိုးလေး မောင်းထုတ်ပါလို့  ဒီလိုပြောချင်တယ်။ အဲဒီလိုကလေး ပထမဆုံးမသိတာကို မသိဘူးလို့  စာရင်းသွင်းနိုင်လို့  မသိခြင်းထဲမှာ သူ့ ကို ထွက်မလာအောင် ပိတ်သိပ်ပြီး ထားနိုင်ပြီလို့  ဆိုရင်တော့ ဘာသာတရား အလင်းရောင်ကလေး ကိုယ့်အပေါ်မှာ လင်းဖို့  အတွက် အရာထည်ကလေး ဖြစ်လာပြီ။ အဲဒီသူကတော့ဖြင့် ဘာသာတရားကပေးတဲ့ ဆု လာဘ်ကို ကိုယ်က ရရှိပြီး ချမ်းသာသုခကို ကိုယ်ခံစားရတော့မယ်လို့  ဒီလိုပြောချင်တယ်။
သိတာ လာဖို့ ရန်အတွက် နေရာမရှိဘူး
ဘာသာတရားအမှန်ကို မသိသေးဘူးထား။ မသိတာလေးကို မသိခြင်းစာရင်းထဲမှာထားပြီး ကိုယ့်ဘ၀ကို မခြယ်လှယ်နိုင်အောင် လုပ်ထားပြီလို့ ဆိုရင်ကတော့ဖြင့် ဒီသူဟာ တကယ့် ကို သိစရာမှန်တွေကို မျက်လုံးပေါက်တော့မှာ။ အမှန်တွေကို သိချင်တယ်။ သိဖို့ ရန် အတွက်လည်းပဲ သူ့ မှာ အင်အားရှိတယ်။ ရှိပေမယ့်လို့  မသိတဲ့အရာတွေက သိသလိုလို နဲ့  ကိုယ့်ရှေ့ ကနေပြီးတော့ ပိတ်ဆို့  ပိတ်ဆို့ ပြီး လာလို ရှိရင် မသိတဲ့ဟာတွေက နေရာဦး နေတာနဲ့  မသိတော့ဘူး။ မသိဘဲနဲ့  သိယောင်ဆောင်ပြီး ကိုယ့်ဆီမှာ လာပြီးတော့ ခြယ် လှယ်နေတာ၊ လူရည်လည် လာလုပ်နေတာ။ အဲဒီသဘောတွေက ခြယ်လှယ်နေတော့ သိတာ လာဖို့ ရန်အတွက် နေရာမရှိဘူးဗျာ။ သိတာလာဖို့ ရန်အတွက် နေရာမရှိတဲ့ အတွက် သိလို့ မရတော့ဘူး။ ဘယ်ဟာကကောင်းပါလိမ့် ဘယ်ဟာက တရားပါလိမ့်၊ ဘယ်ဟာဆိုရင် မတရား မမျှမတများ ဖြစ်မလားဆိုတာ မသိတော့ဘူးဗျာ။

Website counter

Back to TOP