ဒါကလေးကို သတ်သတ်မှတ်မှတ်ကတော့ ဟေ့ … စည်းကလေး တားခဲ့ကြ။ ဘယ်လို တားခဲ့ကြရမလဲ ဆိုရင် တို့ ဟာ သိသိထင်ထင် မြင်ပြီး တကယ့်ကို လက်ညှိုးထောင်ပြီး တော့ ဒါဟာ ငါကိုယ်တိုင် သိတဲ့ အမှန်တရားလို့  ပြောနေတဲ့ သူရဲ့  အဆိုအဆုံးမကို တို့ နာကြားနေတာ၊ အဲဒီသူကိုလဲပဲ တို့ ပြုစု ယုယပြီး သကာလ တို့ ကိုးကွယ် ဆည်းကပ်နေ တာ၊ ဒီတော့ အဲဒီပုဂ္ဂိုလ်က ငါတို့ ကို ဆုံးမတယ်၊ ဘယ်လိုဆုံးမသလဲဆိုရင်
တို့ မသိတာကို သိလေယောင် မလုပ်ရဘူးတဲ့လို့  ဒါတရားပါတယ်။ မသိတာ သိလေယောင်လုပ်ရင်တော့ လူဝါ လူညာပဲ။ မသိမှ မသိတာ ဆိုရင်တော့ဖြင့် မသိဘူးလို့ ဆိုတဲ့ စာရင်းထဲကို ထည့်လိုက်။ အဲဒီ မသိဘူးဆိုတဲ့ စာရင်းကို ထည့်ပြီးရင် သုံးမနေတာ့နဲ၊ သိမှမသိတဲ့ဟာ ကြီး။ မသုံးနဲ့ ၊ မသိဘူး။ စာရင်းထဲ ထည့်ပြီးသားကြီး ဆိုရင် မသုံးနဲ့ ။ တို့ နောက်ဘ၀ သိသလား၊ မသိဘူး။ အေး….. ဒါ မသိဘူးစာရင်းထဲ အသေကိုသွင်းထားရမယ်။ နည်းနည်းကလေးမှ ခေါင်းပြူမလာစေနဲ့ ။ သိသလိုမျိုး ဟန်ဆောင်ပန်ဆောင် ခေါင်းပြူ မလာစေနဲ့ ။ အဲဒီ နောက်ဘ၀ဆိုတာဟာ မသိဘူးစာရင်းထဲမှာ အသေသွင်းထားရမယ်။
မသိသာ ရိုက်တာကတော့ တော်တော့်ကိုနာတယ်
အဲဒီ မသိဘူးစာရင်းထဲ အသေသွင်းပြီးသွားလို့  ရှိရင်လဲပဲ အဲဒါကတော့ဖြင့် မသိစာရင်းထဲ ကဟာကြီး ဖြစ်တဲ့အတွက် သွားများမသုံးလိုက်လေနဲ့ ။ မသိတာ သွားသုံးမိလို့ ရှိရင် အဲဒါ ကြီးက လူကို ရိုက်မယ်ဗျာ။ မသိတာ ရိုက်တာကတော့ တော်တော့်ကိုနာတယ်။ မသိတာ ရိုက်လို့ နာတာ သိချင်လို့ ရှိရင် အမှောင်ထဲ သွားကြည့်ပါ။ အမှောင်ထဲ သွားရင် မသိတာက ရိုက်လိုက်မှာပါဗျာ။ ဒါမှမဟုတ်ရင် ရေထဲမှာ တစ်ခါတည်းသွားကြည့်ပါ။ ချောက်ရှိသလား မသိ၊ ခလုတ်ရှိသလား မသိ၊ ဆူးရှိသလား မသိ ဆိုတဲ့ ကိုယ်မကျွမ်းကျင် တဲ့ ရေထဲသွားကြည့်ပါ။ မသိဘဲနဲ့  သွားတာဆိုတော့ ဟော ငုတ်ကြီးတို့ ၊ တံစူးကြီးတို့ လဲပဲ ၀င်တိုးမိချင် တိုးမိမှာဗျာ။ တစ်ခါတည်း အောက်က ချောက်ကြီးလဲပဲ ကျချင်ကျမှာဗျာ။ မသိ တဲ့နေရာဟာ အင်မတန်ဆိုးတာ။ အတိုင်းအဆမရှိ ဆိုးတာ။ ဒါ့ကြောင့်မို့ လို့  မသိတာ ရိုက်တာက သိပ်နာတယ်။ မသိတာ ကိုက်တာက သိပ်နာတယ်လို့  ဒီလိုပြောချင်တယ်။ ဒါ့ကြောင့် မသိတာရိုက်တာက သိပ်နာတာဖြစ်တဲ့အတွက် အဲဒီ မသိစာရင်းထဲ သွင်းထားပြီးတဲ့ အရာကတော့ဖြင့် ခေါင်းကို ထောင်မလာစေနဲ့ ၊ တစ်စက်မှ အသုံးမချနဲ့ ။
တရားကို နားပါးတလည်ရှိနိုင်ဖို့ 
တို့ မသိတာဟာတော့ဖြင့် တို့ မသိစာရင်းထဲကို သူကနေပြီးတော့ လူရည်လည် မလုပ်စေရ ဘူးလို့  ဒီိလိုလေးပြောတယ် မှတ်ပါ။ တကယ်တော့ ကျုပ်တို့ က အဲလိုလေး စည်းတား ထားပြီးမှကိုပဲ ဒီစည်းကလေးကတော့ မကျော်ကြနဲ့ ဟေ့လို့  အသေပြောရမယ်။ ဘာဖြစ်လို့ လဲ၊ တရားတော်ဆိုတဲ့အရာကို တရားတော်မှန်း သိလာဖို့ ရန်အတွက် တရားတော်ဆိုတာကို ပေါ်လာဖို့ ရန်အတွက် တရားကို နားပါးတလည် ရှိနိုင်ဖို့ ရန်အတွက် အဲဒီခြေဆင်းမပါရင်၊ အဲဒီအခင်းအကျင်း မပါရင် ဖြစ်ကိုမဖြစ်ဘူး။
လူဆိုတာ ကောင်းမှုကောင်းရာလေးကို ဆောင်ရွက်ချင်တယ်
တရားရချင်ကြမှာပါ။ ကိုယ်လဲ ဗုဒ္ဓဘာသာဆိုပြီးတော့ ခံယူတယ်။ ဗုဒ္ဓဘာသာရဲ့  အလုပ်အ ကျွေးကိုလဲ ငယ်ငယ်တုန်းကတည်းက ပြုစုလုပ်ကျွေးလာခဲ့တယ်။ ပြီးတော့ ဗုဒ္ဓဘာသာနဲ့  စပ်လျဉ်းလို့ လဲပဲ ကိုယ် ဗုဒ္ဓဘာသာထဲ ရောက်သည်ဖြစ်စေ၊ မရောက်သည်ဖြစ်စေ လူကလေး ဖြစ်လာတဲ့ အလျောက်တိုင်း လူဆိုတာဟာ ကောင်းမှု ကောင်းရာလေးကို ဆောင်ရွက်ချင်တယ်။ ဒါလူ့ ဓလေ့။ မဆောင်ရွက်အားရင်၊ မဆောင်ရွက်နိုင်ရင်၊ မဆောင် ရွက်သာရင် ရှိရမယ်၊ ကောင်းမှု ကောင်းရာလေးကို လူ့ ဓလေ့အရ ဆောင်ရွက်ချင်တယ်။ ဆောင်ရွက်နိုင်တဲ့ အနေအထားလဲရှိတော့ ဆောင်လဲဆောင်ရွက်လာခဲ့တယ်။ အဲဒီလို ကောင်းမှုကောင်းရာလေး ဆောင်ရွက်ပြီး လာခဲ့ပေမယ့် ဘာဖြစ်သေးလဲ။ မသိစာရင်းထဲကို မသိတာကို မသိတဲ့အတိုင်း ထည့်မထားမိဘူးဆိုရင်ဖြစ်ဖြစ် သို့ မဟုတ် မသိတာကို မသိစာရင်းထဲ ထည့်ပေးမယ့် သူကနေပြီးတော့ ခေါင်းထောင်ထလာပြီး လူရည်လည် လုပ်တာကို ခံရတယ်ဆိုရင် ဖြစ်ဖြစ် ဘယ်လောက် ဘာသာတရားရဲ့  အမှုတော်တွေကို ထမ်းထမ်း၊ ဘယ်လောက် ဘာသာတရားတွေကို တစ်ခါတည်း ကျိုးကျိုးနွံနွံ ကိုင်းကိုင်း ရှိုင်းရှိုင်းနဲ့  ဆည်းကပ်ဆည်းကပ် ဘယ်တော့မှ အဲဒီ ဘာသာတရားရဲ့  အကျိုးကျေးဇူးကို မခံစားရဘူး။
စာရင်းထဲ အသေကို ထည့်သွင်းထားရမယ်
Labels:
ဘာသာတရားက ပေးသော ဆုလာဘ်