အဲဒီတော့ တရားဓမ္မက ဘယ်အခါမှာ အသုံးကျဖို့ မှ မဟုတ်ဘူး။ ဘာအသုံးကျဖို့ မှ မဟုတ် ဘူး။ လူရဲ့ ဟောဒီ ကိုယ်ကောင်ကြီးဖြစ်တဲ့ လူ၊ ကိုယ့်ကိုယ်ကို ကိုယ်ဖြစ်စေတဲ့ လူ။
အဲဒီ လူ ကလေး မသေခင် အတွင်းမှာ ဘယ်လိုဘေးရန် အန္တရာယ်မှ မတွေ့ ဘဲနဲ့  လင်နဲ့ ပေါင်းရ ရင်လဲ ပေါင်းရတဲ့ ချမ်းသာသုခ၊ မယားနဲ့ ပေါင်းရရင်လဲ ပေါင်းရတဲ့ ချမ်းသာသုခ၊ သားနဲ့  ပေါင်းရရင်လဲ ပေါင်းရတဲ့ ချမ်းသာသုခ၊ မိတ်ဆွေ သင်္ဂဟနဲ့  ပေါင်းရရင်လဲ ပေါင်းရတဲ့ ချမ်းသာသုခ၊ နောက်ဆုံးပိတ် အိုဘေး နာဘေးလို့ ဆိုတဲ့ အအို အနာတွေ ဖြစ်တောင်မှ ချမ်းသာသုခပဲလို့ ။ အဲဒီလို ချမ်းသာသုခ ရနေတဲ့ အဖြစ်ကို ရောက်စေချင်တယ်။ အဲဒါကို ရနေဖို့ အတွက် လည်းပဲ ဒါဟောပြောနေတာဖြစ်တယ်။ တရားဓမ္မက အဲဒီနေရာမှာပဲ အသုံးချရမှာ။ မသေခင်မှာ မအောင်မြင်ဘူးလို့ ဆိုရင် မသေခင်မှာ ကိုယ့်ကိုဖြင့် မအောင် မြင်ဘူး၊ ကိုယ်နေတာ ထိုင်တာဖြင့် မအောင်မြင်ဘူးလို့  ဆိုရင် ဘာမှ ပြောမနေနဲ့ တော့ ငါတော့ ရှော်ပြီလို့ မှတ်။
ပျောက်ပျောက်ပျက်ပျက်နဲ့ 
မအောင်မြင်တာရဲ့ လက်သည်ဟာဘယ်သူမှ မဟုတ်ဘူး။ ကိုယ်ပဲ။ နောင်ဘ၀တွေလဲ အပြစ်မချနဲ့ ၊ သူများတွေလဲ အပြစ်မချနဲ့ ၊ ဘယ်မိုးတွေ ဘယ်မြေတွေမှလဲ အပြစ်မချနဲ့ ။ ရှော်ပြီဟေ့။ မအောင်မြင်ဘူးဟေ့ လို့ ဆိုလို့ ရှိရင်လဲ ကိုယ်ရော်လို့  အဲဒါပဲချ။ အဲဒီလိုမျိုး တော်ပြီလို့  ဆိုလို့ ရှိရင်လဲ မသိဘဲနဲ့ ပဲ တော်တော်၊ သိလို့ ပဲတော်တော်၊ ကိုယ်တော်လို့ ၊ အဲဒီလိုပဲ ချရမှာ ကိုယ့်ကိုယ်ကို တကယ်တမ်းကြတော့ အဲဒါကို မဖော်နိုင်ကြဘူး။ အဲဒီလို မဖော်နိုင်ကြတော့ ဘာဖြစ်လဲ။ တရားဓမ္မဆိုတာရဲ့ တန်ဖိုးလဲ မသိဘူး။ သိဖို့ ရန်လဲပဲ မြင် နိုင်ဖို့ ရန် သိပ်ခဲယဉ်းသလို ဖြစ်နေတယ်။ ဒါကြောင့် ဒါလေးကို တော်တော်လဲပဲ ရင်းရင်း နှီးနှီးနဲ့  အဖိုး အနဂ္ဃ ထားပြီးသကာလ ချဉ်းကပ်ကြရတယ်။ အဖိုးစားနားတွေ အများကြီး ပေးပြီး ချဉ်းကပ်ကြရတာပါ။ အဲဒီလိုမျိုး ချဉ်းကပ်ပါလျက်သားနဲ့ တောင် ဒါကို ပျောက်ပျောက် ပျက်ပျက်နဲ့  မရဘူးလို့  ဆိုရင်တော့ သိပ်နာပြီလို့  ပြောချင်တယ်။
ဒီမှာဖြစ်နေတဲ့ လက်သည်ဟာ
ဒီတော့ ဒီတရားဓမ္မဟာ လုံးဝ နောက်ဘ၀၊ နောင်ဘ၀လို့  ဆိုတဲ့ မသိနိုင်၊ နားမလည်နိုင် တဲ့ ၀ါဒ အတွေးကြီးဟာ မရှိကို မရှိမှ ဒီတရားဓမ္မကို မှုန်မှုန်မှေးမှေးကလေးတော့ မြင်နိုင်တဲ့ အနေအထား ရောက်မယ်။ နောက်ဘ၀ နောင်ဘ၀ ဖြစ်တယ် မဖြစ်ဘူးဆိုတဲ့ ပြဿနာကို အတွေးထဲမှာ နည်းနည်း ကလေးပဲဖြစ်ဖြစ် ထွက်လိုက်ရင်တော့ အင်း … ငါအခု ဆင်းရဲ နေတာကလည်းပဲ နောက်တုန်းက အကြောင်းတွေအတိုင်း ထင်ပါရဲ့၊ ငါ အခု ချမ်းသာနေ တာကလည်း နောက်တုန်းက အကြောင်းတွေထင်ပါရဲ့၊ ထင်ပါရဲ့ မဟုတ်ဘူးလေ၊ နောက် တုန်းက အကြောင်းတွေ နေမှာပါလို့  အဲဒီလိုမျိုး ကလေးများအတွေးထဲမှာ ဖြစ်လာပြီဆို ရင် ဘယ်တော့မှ ဒီတရားအစွမ်းမထက်တော့ဘူး။ ဒီတရား ဘယ်လိုအသုံးကျတယ် ဆိုတာလဲ မသိတော့ဘူး။ ဒီတရားရဲ့ အစော်ကို မနံတော့ဘူးလို့ ဒီလိုပြောရမယ်။ အဲဒီတော့ ဒီက တရားပြောတယ်။ တရားပြောတယ်ဆိုတာ အဓိက ဘာပြောတာတုန်းလို့ ဆိုတော့ ဒီမှာ ချမ်းသာဖို့ ရန်ကို ဒီမှာပဲ နေနည်းကား ထိုင်နည်းကား စည်းကမ်း ကလနားတွေ ပြော တာ။ နားထောင်တဲ့သူရဲ့နားက ဒီမှာမရှိဘူးဆိုပါတော့။ နောက်ဘ၀၊ နောင်ဘ၀ပဲ။ နောက် ဘ၀ကပြုခဲ့တဲ့ အတိုင်း တို့  ဒီမှာ ဖြစ်လာတာလို့ ခံယူထားပြီ ဆိုရင်ကတော့ ဘာပဲဖြစ်ဖြစ် နောက်ဘ၀မှာပဲ သူက ရှာဖွေတော့မှာဆိုတော့ ဒီမှာ ဖြစ်တာတွေရဲ့ လက်သည်ဟာ နောက်ဘ၀ ပဲလို့ လုပ်လိုက်တော့ ကျုပ်ပြောသမျှဟာ နားထဲမှာ တလုံးမှ မ၀င်ဘူး။ ဘယ် လောက် အာခေါင်ကြီး ခြစ်ပြီးတော့ ပြောပြော နားမ၀င်ဘူး။
တစ်နံပါတ်စည်း
တရား နားထောင်ဖိုဆိုရင် အနည်းဆုံးကလေး နားပြင်တဲ့အနေနဲ့  အဲဒီနောက်ဘ၀ ဖြစ်တယ်တို့ ၊ မဖြစ်ဘူးလို့ ဆိုတဲ့ ကိုယ့်ဘ၀ ကောင်းကျိုး ဆိုးပြစ်တွေရဲ့ လက်သည်ကို မမွေးခင်ကဆီတော့ မသိရာဆီကိုတော့ဖြင့် မပါစေမှလို့  ဆိုတာကို တစ်နံပါတ်စည်းတား တယ်။ အဲဒီ တစ်နံပါတ်စည်း တားတာကလေးတောင်မှ ကျုပ်တို့ ရဲ့ အရင်းအနှီးဆုံးဆိုတဲ့ သူက ကျော်ပြသွားတယ်ဗျာ။ ကျုပ်တို့ ကို ပြောင်သွားတာ မဟုတ်ဘူး။ သူရိုးရိုးသားသား ကလေး ပြောသွားတာ။ အမယ်လေး မသိခြင်းနှယ် ကြီးလိုက်တာနော်။ ငါတို့ များ ဘယ်လောက်ရော်တဲ့သူ ဖြစ်ပြီလဲ။ ဒါလောက်ပြောလျက်သားနဲ့ တောင် နားမ၀င်ဘူးလို့  ဆိုတော့ တို့ ပြောတဲ့ စကားက သူနားလည်တဲ့ စကားများ မပြေမိလျက် ဖြစ်နေရော့သ လားလို့  စိတ်ထဲမှာ အဲသည်လောက်အထိ ဖြစ်မိတယ်။ အဲဒီတော့ မင်းတို့ ကကော ဒီလိုမျိုး ဘယ်တော့မှ မဖြစ်ကြပါစေနဲ့ ။
ငါကတော့ ရှော်ပြီလို့ မှတ်
Labels:
ဘာသာတရားက ပေးသော ဆုလာဘ်