အကျိုးရှိတယ်၊ အကျိုးယုတ်တယ်ဆိုတာ မသိကြ

ကျုပ်တို့ ဟောတဲ့ တရားဆိုတာက လူချင်းလူမှာ ဖြစ်တတ်တဲ့ ပြဿနာ၊ လူချင်းလူမှာ တောင် အဝေးကလူကို မပြောလိုဘူး။ ဘာဖြစ်လို့ တုန်း၊ အဝေးကလူတွေဟာ ဝေးတဲ့ အတွက် ဘာမှ ကိုယ်နဲ့ မစပ်ဘူး။
ကိုယ်နဲ့ အနီးအပါးမှာ ရှိနေတဲ့ အနည်းဆုံး ကိုယ်မွေး ထားတဲ့ သားသမီး၊ ကိုယ်ပေါင်းသင်းနေရတဲ့ လင်မယား၊ မိဘ အစရှိသူတွေကတော့ တကယ့်ကို ကိုယ်နဲ့  ထိစပ်နေပြီးတော့ နေနေရတာ။

အဲဒီလို ထိစပ်နေရတာ ဆိုတော့ အဲဒီ ထိစပ်နေရတဲ့ သူတွေအပေါ်မှာ ကိုယ်က အင်မတန် အချိုးကျကျကလေးနဲ့  အင်မတန် ကိုယ့် ကဏ္ဍ၊ ကိုယ့်ပိုင်နက်ကလေးကို သိ၊ ထင်၊ မြင်ပြီး သကာလ ကိုယ်ကနေပြီးတော့ ကျင်လည်သွားနိုင်စေချင်တယ်။ ဒါလေးကို ကိုယ်ကျင်လည်မသွားနိုင်ဘူး၊ ပေါင်းသင်း ဆက်ဆံပြီးသကာလ နေထိုင်မသွားနိုင်ဘူးဆိုရင် အကျိုးယုတ်တာတွေက အဆုံးအဆ အတိုင်းအရှည်ပြလိုတောင် မရနိုင်လောက်အောင် ရှိတယ်။ ဒါပေမယ့် လူကတော့ မျောပြီ ဆိုရင် မသိတော့ဘူး။ အကျိုးယုတ်တယ်ဆိုလဲပဲ အကျိုးယုတ်တာကြီးက ကိုယ်ဖြစ်နေ တော့ ဘယ်လိုအကျိုးယုတ်ထားမှန်းကို မသိဘူး။ အကျိုးရှိတယ် ဆိုလဲပဲ မတော်တဆ ကောင်းတာကို ထိုင်မိလို့  အကျိုးရှိရင်လဲပဲ အကျိုးရှိတာကြီးထဲမှာ ကိုယ်ရောက်နေတဲ့ အတွက် အကျိုးရှိတာကိုလဲ မသိဘူး။ ဘာကြောင့် အကျိုးရှိမှန်းလဲ မသိဘူး၊ ဘာ့ကြောင့် အကျိုးယုတ်မှန်းလဲ မသိဘူး၊ အဲဒီလိုဖြစ်နေတယ်။

တိုးတက်ရာ တိုးတက်ကြောင်း အချက်အလက်တွေ
အဲဒီလိုနဲ့ ပဲ လူဟာ ကိုယ့်ကိုယ်ကို မမြင်ရဘဲဖြစ်ပြီး၊ နိမ့်ရင်လဲ နိမ့်တာထဲမှာတွင်ပဲ၊ မြင့်ရင် လဲ မြင့်တာထဲမှာတွင်ပဲ မျောပြီးတော့ ဒီလိုသွားရတယ်။ တကယ်တော့ ကိုယ့်ကိုယ်ကို မသိတာလောက် ဆိုတာ မရှိဘူး။ အဲဒီလိုမသိတော့ စည်းရှိတယ်မှန်းလဲ မသိဘူး။ ငါ မြင့် မြတ်ရာဆီကို သွားချင်ရင် ဘယ်စည်းကနေ သွားရမှာလဲ၊ ငါနိမ့်ကျရာဆီကို မရောက်ချင် ဘူးဆိုရင် ဘယ်စည်းကနေ မရောက်အောင် နေရမှာလဲဆိုတာကို မသိကြဘူး။ ဒါလေးကို သိတယ်ထင်ပြီး ဟိုတိုး ဒီတိုး၊ စမ်းတ၀ါးဝါး၊ မှန်းတ၀ါးဝါးနဲ့ နေတာမျိုး၊ မဖြစ်ဘဲနဲ့  သိသိထင်ထင်နဲ့  သွားကြစေချင်တယ်။ ဘယ်လိုနေရမှလဲ။ တို့ မကျဆုံးအောင် ဘယ်လို နေရမှာလဲ၊ မင်းတို့ မကျဆုံးအောင် ဘယ်လိုနေရမှာလဲ၊ တို့  တိုးတက်အောင် ဘယ်လိုနေ ရမှာလဲ၊ မင်းတို့ တတွေ တိုးတက်အောင် ဘယ်လိုနေရမှာလဲလို့  တိတိကျကျ စည်းနဲ့  ကမ်းနဲ့ ၊ နည်းနဲ့ လမ်းနဲ့ တိုးတက်ရာ တိုးတက်ကြောင်းရဲ့ အချက်အလက်ကို ပြချင်တယ်။ မကျဆုံးရာ မကျဆုံးကြောင်းရဲ့ အချက်အလက်တွေကို တိတိကျကျ သိစေချင်တယ်။

အသုံးကျစေချင်လွန်းလို့ 
တို့ များ ဟောပြောနေတယ် ဆိုတဲ့ တရားဓမ္မဟာ အဲဒီမှာ အသုံးချရမှာ။ ဒီပြင် ဘယ်မှာမှ အသုံးမချရဘူး။ ဒီမှာပဲ အသုံးချရမှာဘဲ။ လူရေးလူရာရဲ့ ဆက်ဆံရေးမှာဘဲ အသုံးကျရမှာပဲ။ လူရေး လူရာရဲ့ နေထိုင်ရေးမှာပဲ အသုံးကျရမှာပဲ။ အဲဒီအသုံးကျရာမှာကို ကိုယ်က ဒါလောက်တော့ ကိုယ့်ဘာသာကိုယ်လဲ တတ်ပြီးသားပါ ဆိုပြီးနေရင် ကိုယ်သိ တာက ကိုယ်တွေ့ နဲ့ သိနေတာ။ တကယ့် စနစ်နဲ့  သိနေတာ မဟုတ်ဘူး။ စည်းရှိရှိ သိနေ တာမဟုတ်ဘူး၊ စနစ်ကလေးနဲ့ သိနေတာ မဟုတ်တော့၊ ကိုယ်တွေ့ နဲ့ သိနေတာဆိုတော့ အဲဒီ ကိုယ်တွေ့  တောင်တည့်မှန်ကန်ချက်လေးနဲ့ အတိုင်း တွေ့ နေသေးတော့လဲပဲ မှန် တာပေါ့။ တော်တည့်မှန်ကန်ချက်ကနေပြီး မတော်တဆများ လွဲချော်ပြီးတော့ တဖက်ဖက် က ဖောက်လို့ ပဲဖြစ်စေ၊ ကိုယ်ကပဲ ဖောက်လို့ ဖြစ်စေ၊ ကိုယ်တွေ့ ရဲ့ တော်တည့် မှန်ကန် ချက်ကလေး ပျောက်ပြီဆိုလို့ ရှိရင် ဘယ်နားပြန်ပြီး စမ်းရမယ် မသိတော့ဘူး။ ဒါလူ့  ဓလေ့ ဗျ။ အဲဒီတော့ သတ်သတ်မှတ်မှတ် သိပ်ကိုပဲ ဒီ စည်းရှိရှိ၊ စနစ်ရှိရှိနဲ့  ကိုယ့်ဘ၀ မကျဆုံး တဲ့ လမ်းကြောင်းကို ကိုယ်ဘာသာကိုယ် ထင်မြင်ပြီးတော့ ဘယ်သူက ဘာကြီးပြောပြော၊ ဘယ်လိုကြီးပဲ လည်သွားအောင် နာရွက်ဆွဲလှည့်ပြီး မဟုတ်ရာဆီ ခေါ်သွားသွား မပါဘဲ နေတတ်နိုင်စွမ်း ရှိဖို့ လိုသဗျ။ အဲဒီလို အသုံးကျ စေချင်လွန်းလို့ ဒီတရား ဓမ္မကို ဟောနေ တာ။

Website counter

Back to TOP