လူတစ်ယောက်ကပြောဖူးပါတယ်။ သူတဲ့ တချိန်က သေချင်တဲ့စိတ် ပေါက်တယ်တဲ့။ သူ့ ကိုယ်သူ လူရေးလူရာမှာ စိတ်ညစ်စရာကလေး ဖြစ်ပွားတုန်းက နေမှာပေါ့။ အခုတော့ သူ့  အိမ်ရှေ့ က ကလေးတစ်ယောက် အဆိပ်သောက်ပြီးတော့ သတ်သေလိုက်တာ အခုတောင် မသာမချရသေးဘူးနဲ့ တူတယ်လို့  သူသိခဲ့ရတယ်တဲ့။ အခုအချိန်ကျတော့ အဲ ဒါတွေ့ လို့  သူများ အဲဒီလို သေချင်သေး သလားလို့  ဆိုတဲ့ စဉ်းစားကြည့်တဲ့အခါကျတော့ သူများ သေသွားတာ မြင်ရတော့ သူမသေချင်တော့ဘူးတဲ့။
သူ့ စိတ်ထဲမှာ ဘာဖြစ်လို့  မသေချင်တာ တုန်းလို့ ဆိုတော့ သေသွားရင် တော်တော်ကြာ လူကလေး ငယ်ငယ် ပြန်ဖြစ်နေရင် ပိုပြီးတော့ ဒုက္ခ သုက္ခတွေ များနေတော့မယ်။ အခုလို လူကြီးကြီးအဖြစ်နဲ့  နေရတာကမှ ကိုယ့်ဟာကိုယ် နည်းနည်းရောက်လာတဲ့ ဒုက္ခကလေးတွေကို ဟိုလို ဖြေရှင်း ဒီလို ဖြေရှင်းနဲ့  ဖြေရှင်းနည်းလေးတွေကို သိသိနေရတော့ ဒုက္ခက သက်သာသေးတယ်။ အဲဒီလိုမျိုးကြောင့် သေသွားရင် ငယ်သွားမှာ စိုးရိမ်တဲ့ အတွက်၊ ငယ်သွားရင် ပိုပြီးတော့ ကိုယ့်ပြဿနာ ကိုယ်မရှင်းနိုင်ဖြစ်ပြီး ဒုက္ခပိုများမှာကို စိုးရိမ်တဲ့အတွက် သူမသေချင်တော့ ဘူးလို့  ကျုပ်ကိုဒီလိုပြောသွားတယ်။
ရှေ့ ဘ၀ နောက်ဘ၀ ဘုရားမဟောဘူး
အဲဒီလို ပြောသွားတဲ့အခါကျတော့ အမယ်လေးဆိုပြီး ကျုပ်တို့ ရင်ထဲမှာ ဖြစ်မိတယ်။ ဘယ်လိုအမယ်လေးတုန်း ဆိုတော့ ကျုပ်တို့ က သူတို့ ကို အဓိကဆုံးမတာမှ တယ်တရား မှ မရချင်နေ ရချင်ရ ရှေ့ ဘ၀ နောက်ဘ၀တော့ မတွေးရဘူးနော်လို့ ဆိုတာလောက်က တော့ ကျုပ်တို့ ကို ချဉ်းကပ်နေတဲ့ ချာတိတ်ကလေးတောင် သိတန်ရာတယ်လို့ ထင်တယ်။ အဲဒီတော့ သူဆိုလိုတာက ကျုပ်တို့ အနားမှာ အချဉ်းကပ်ရဆုံး သူလဲဖြစ်တယ်။ ကျုပ်တို့  ကိုလည်း ငွေနဲ့ ကြေးနဲ့  အများဆုံး၊ အကုန်အကျအခံရဆုံး ပြုစုတဲ့ သူတစ်ယောက်လည်း ဖြစ်တယ်။ အဲဒါတောင်မှ ကျုပ်တို့ ရဲ့ အစဆုံး စလုံးရေးစ၊ ၀စံ္စတောင် မထည့်ရသေးတဲ့ အစဆုံး။ အဲဒီအစဆုံးဖြစ်တဲ့ ရှေးဘ၀၊ နောက်ဘ၀ မတွေးရဘူးလို့  ဆိုတဲ့ဟာကို ရှေးဘ၀ နောက်ဘ၀ဟာ တကယ် မြတ်စွာဘုရား မဟောဘူး။ ကျုပ်တို့ ကလည်းပဲ ရှေးဘ၀၊ နောက်ဘ၀ကိုတော့ဖြင့် လုံးဝမဟောကြားဘူး။ ရှေ့ ဘ၀ နောက်ဘ၀ကို ယူတဲ့သူ ဆိုရင်ဖြင့် မိစ္ဆာဒိဌိဆိုပြီး သကာလ၊ ကျုပ်တို့ နဲ့ ပဋိပက္ခ နေအထားမှာ ရှိတယ်လို့  ပြော တာကို သူမကြားခဲ့ဖူးသလို ဖြစ်နေတယ်။
လူကိုကျော်တွေးတဲ့ အတွေးမျိုး
တကယ်တော့ ဒါလောက် ကျုပ်တို့ က ဆိုဆုံးမတာရဲ့ အစ ကလေးတောင် သူမသိဘူး ဆို ရင် ဘ၀ခရီးသွားတဲ့ အခါမှာ ကြုံရတဲ့ ဘေးရန် အန္တရာယ်တွေကို၊ တိုက်ခိုက်ဖို့  ပေးတဲ့ လက်နက်တွေကို ဘယ်လိုလုပ် သူရမှာလဲ။ အဲဒီ အစဆုံးဖြစ်တဲ့ ဒီ ရှေ့ ဘ၀၊ နောက်ဘ၀ လို့ ဆိုတဲ့ လူကိုကျော်ပြီးတွေးတဲ့ အတွေးမျိုးတောင်မှ မဖျောက်နိုင်ဘူးလို့ ဆိုခဲ့လို့ ရှိရင် သူ့ အဖို့ မလွယ်ဘူး။ ရှေ့ ဘ၀ နောက်ဘ၀ မရှိဘူးဆိုတဲ့ ယုံကြည်မှုကလေး အခံရှိပြီးမှ တခြား ကျုပ်တို့ ပေးတဲ့ လက်နက်တွေဟာ အစွမ်းထက်မယ်။ ဘာပြုလို့ တုန်းဆို ကျုပ်တို့  က ဘယ်လောက်ကောင်းမွန်တဲ့ သဘောတရားကြီးကို ဖြန့်် ဝေပါတယ်။ ချီးမြှောက်ပါတယ် ပေးကမ်းပါတယ်လို့  ဆိုနေနေ အဲဒီရှေ့ ဘ၀ နောက်ဘ၀လို့ ဆိုတဲ့ လူကိုကျော်လွန်သွား တဲ့၊ လူကိုကျော်လွန်သွားတဲ့ အတွေးအခေါ်မျိုး တွေးခေါ်နေပြီလို ဆိုရင် ဘာမှ လုပ်လို့ မရ တော့ဘူး။ ဘာပြုလို့ တုန်းဆိုတော့ လူမှာဖြစ်နေတာက ကောင်းကျိုးပဲဖြစ်ဖြစ်၊ ဆိုးပြစ်ပဲ ဖြစ်ဖြစ် ဒီမှာ ပြုလုပ်လို့  ဖြစ်တာ ဆိုတာကို အရင်ခံယူရမှာ။
စည်းကမ်းရှိ နည်းလမ်းသိမှ
ကျုပ်တို့  ပြောကြတယ်။ တရားဓမ္မတွေက ဘယ်အခါမှာ သုံးဖို့ လဲ မဟုတ်ဘူး။ ဘာသုံးဖို့  လဲမဟုတ်ဘူး။ ဘယ်အခါမှာ အစွမ်းထက်ဖို့ လဲ မဟုတ်ဘူး။ ဘာအစွမ်းထက်ဖို့ မှလည်း မဟုတ်ဘူး။ အခုရောက်နေတဲ့ လူ့ ဘ၀၊ စားရေး၊ ၀တ်ရေး၊ နေရေး၊ ပေါင်းသင်းရေး၊ ဆက် ဆံရေး၊ အဲဒီအရေးအရာတွေမှာ အသုံးချဖို့  အတွက်သာဖြစ်တယ်။ အစွမ်းထက်မယ် ဆိုရင်လည်းပဲ အဲဒီအရေးအရာတွေမှာဘဲ အစွမ်းထက်ရမှာ ဖြစ်တယ်။ ကိုယ့်မှာ သားတွေ လင်တွေ၊ ဇနီးတွေ သမီးတွေနဲ့ နေနေရတာ။ မိတွေ၊ ဖတွေ၊ မိတ်တွေ၊ ဆွေတွေနဲ့  နေနေ ရတာ။ တကယ့်ကို ပေါင်းသင်းနေရတာ။ လူ့ ဘ၀ ဆိုတာ ဘယ်သူမှ မရုန်းကန်ဘဲ နေလို့  ရတယ်ဆိုတာ မရှိဘူး။ အဲဒီလို ရုန်းကန်နေရတဲ့ အခါမှာ စည်းရှိရှိ၊ ကမ်းရှိရှိ၊ နည်းရှိရှိ၊ လမ်းရှိရှိ ကလေး ရုန်းကန်မိဖို့  လိုတယ်။ စည်းမမြင်၊ ကမ်းမမြင်၊ နည်းမမြင်၊ လမ်းမမြင်နဲ့  များ ရုန်းကန်နေရပြီ လို့ ဆိုရင် လူ့ ဘ၀ဟာ မသာမယာ၊ မလှမပ ဖြစ်ကြရမှာပဲ။
မသေချင်တော့ဘူး
Labels:
ဘာသာတရားက ပေးသော ဆုလာဘ်