နိုင်ငံ ပစ္စည်းခိုးတာဟာ ဂရုဓမ္မသီလ မခိုးရ သိက္ခာပုဒ် မပျက်ဘူး။ ပစ္စည်း ပိုင်သူဟာ ပုဂ္ဂလိက မဟုတ်ဘဲ နိုင်ငံတော် ဖြစ်နေလို့ ပဲ။ သမဝါယပိုင်၊ မြို့ ပိုင်၊ ရွာပိုင်၊ အဖွဲ့ အစည်းပိုင်၊ ဌာနဆိုင်ရာပိုင် ပစ္စည်းတွေ ခိုးတာလည်း ဂရုဓမ္မ သီလ မခိုးရ သိက္ခာပုဒ် အရ အခိုးမမြောက်ဘူး။ ဒါပေမယ့် မြို့ ဥပဒေ၊ အဖွဲ့ အစည်း ဥပဒေ၊ ဌာနဆိုင်ရာ ဥပဒေ ဒါတွေအရတော့ အခိုးမြောက်ချင် မြောက်မယ်။ ဒါတွေက သူတို့ ကိုယ်သူတို့  ကာကွယ်ဖို့  သတ်မှတ်ထားကြတာတွေဘဲ။ သူတို့  သတ်မှတ်တိုင်း ဓမ္မမှာလည်း အပြစ်ရှိတယ်လို့  ယူလို့  မဖြစ်ဘူး။
မြို့ စည်းကမ်း၊ ရွာစည်းကမ်း၊ အဖွဲ့ အစည်း နဲ့  ဌာနဆိုင်ရာ စည်းကမ်းတွေဟာ ကာလ ဒေသအလျောက် သူတို့ သတ်မှတ် ထားကြတာတွေသာ ဖြစ်တယ်။ သူတို့  သတ်မှတ်တိုင်း ဓမ္မစည်းမဟုတ်ဘူး။ နွေရာသီ လမ်းပေါ် ဆေးလိပ်မသောက်ရ၊ အလုပ်ချိန်မှာ အလုပ် ဌာနမှာ ရှိနေရမယ်။ ဒါတွေ ပျက်ကွက်ပေမယ့် တရားမပျက်ဘူး။ ဒီလိုသိရမယ်။
မခိုးရပစ္စည်းများ အဖွင့်ဟာ ဘုရားဖွင့်ပဲ
ဒါတွေကြောင့် ဘုရားရဲ့ မခိုးရ သီလအနက်ဟာ လူဆောင်ဖို့  မခက်ခဲဘူး။ ဒါပေမယ့် မနက်နဲတာ မဟုတ်ဘူး။ လူအပေါ်မှာ မခိုးဘဲ စောင့်စည်း ခြင်းရဲ့ နက်နဲတဲ့ အတိုင်းအတာဟာ ပြောမရအောင်ရှိတယ်။ ဒါမရှိတာနဲ့  လူသားထု ငြိမ်းချမ်းမရ ဖြစ်တာ ကြည့်ရင် သိနိုင်တယ်။
ဘုရားဟာ မခိုးရ သိက္ခာရဲ့ အနက်ကို ဒီလောက် ရိုးသားပီပြင်အောင် အနက်ဖော်ခဲ့တယ်။ ဒါကိုကြည့်ပြီး သူ့  ရုပ်ဆင်း ပီပြင်ကြည်လင်မှုကို ကျွန်ုပ်တို့  မြင်ကြရတယ်ပေါ့။ မခိုးရသီလမှ ဘုရားပုံ တွေ့ ရှိရချက် ပါဘဲ။
ကာမေသုမိစ္ဆာစာရနှင့် အဗြဟ္မာစရိယ အတူတူ
ကာမဂုဏ် မှားယွင်းမှု ရှောင်တဲ့ ဂရုဓမ္မသီလ သိက္ခာမှာ ဘုရားက ဗြဟ္မစရိယနဲ့  ထပ်တူလုပ်ပြီး ဟောကြားခဲ့တာ တွေ့ ရတယ်။ ဗြဟ္မစရိယ ဆိုတာ မြင့်မြတ်သူတို့ ၏ အကျင့်လို့  အဓိပ္ပါယ်ရတယ်။ ဗြဟ္မစရိယဟာ အဗြဟ္မစရိယရဲ့ ဆန့် ကျင်ဘက်ပေါ့။
အဗြဟ္မာစရိယဟာ မေထုန်ရှောင်မှုမဟုတ်
အဗြဟ္မစရိယ ရှောင်မှုကို ရှစ်ပါးသီလမှာ ကာမေသုမိစ္ဆာစာရ အစား သိက္ခာပုဒ်တစ်ခု အဖြစ် တည်ထားတယ်။ အဲဒီမှာတော့ မေထုန် ရှောင်မှု လို့ အဓိပ္ပါယ် သိထားကြတယ်။ ဒီအသိအရဆိုရင် ကာမဂုဏ်မှားယွင်း ရှောင်မှုဆိုတာ မေထုန်ရှောင်မှု ဖြစ်သွားလိမ့်မယ်။ ဒီလို မဖြစ်ထိုက်ဘူး။ ဒါကြောင့် အဗြဟ္မစရိယ ရှောင်မှုဆိုတာ မေထုန်ရှောင်မှု မဟုတ်ဘူး။ ကာမဂုဏ် မှားယွင်းခြင်း ရှောင်မှုသာ ဖြစ်တယ်။
ဒါကိုလည်း ကာမပိုင် မဟုတ်သူကို မေထုန်မှု ပြုခြင်းလို့  အဓိပ္ပါယ် ဖော်ကြတယ်။ အရပ်စကားနဲ့ ဆိုရင် သူများ သားမယား မှားခြင်းပေါ့။ ဒီလိုဘဲ လူတွေ သိနေကြတယ်။ ဘုရားက ဒီလောက်ဘဲ ဆိုလိုဟန်ရှိပုံ မရဘူး။ ကာမဂုဏ်မှားယွင်းမှုကို ဗြဟ္မစရိယ ကျိုးပျက်မှုနဲ့  တန်းတူ ထားတဲ့ အဗြဟ္မစရိယလို့  ဟောတယ်။
ဗြဟ္မာနှစ်မျိုး
ဗြဟ္မစရိယဟာ ဗြဟ္မစိုရ် လို့  မြန်မာတွေ ခေါ်တဲ့ အရာဘဲ။ ဗြဟ္မအကျင့် မြင့်မြတ်သူတို့  အကျင့်ပေါ့။ ဗြဟ္မဟာ နှစ်စားရှိတယ်။ လောကီဗြဟ္မာ နဲ့  လောကုတ္တရာ ဗြဟ္မာဘဲ။ နှစ်ဦးစလုံး ကာမကို လွန်ကြတယ်။ လောကီဗြဟ္မက သာပြီး လွန်တယ်။
လောကုတ္တရာ ဗြဟ္မာက တန်ဖိုးပြတ်ပြီး လွန်တယ်။ လောကီဗြဟ္မက မထိစပ်အောင်နေပြီး လွန်တယ်။ လောကုတ္တရာ ဗြဟ္မာက ထိစပ်လျက် မငြိကပ်အောင်နေပြီး လွန်တယ်။ လွန်တာခြင်းတော့ ဒီလိုတူတယ်။
မေထုန်ရှောင်တာ တစ်ခုတည်း ဗြဟ္မာစရိယာမဟုတ်
ဗြဟ္မာတွေ လွန်ကြတဲ့ ကာမဂုဏ်ဟာ မေထုန်ထက် အဓိပ္ပါယ် ကျယ်ဝန်းပါတယ်။ ဒါကြောင့် ကာမဂုဏ် မှားယွင်း ရှောင်မှု သီလထဲက ကာမဂုဏ်ရဲ့ အရာဟာလဲ မေထုန်မှုလို့  ဆိုလိုလို့  မရဘူး။ ဒီထက် ကျယ်ဝန်းပါတယ်။ အဆင်းဟာလည်း ကာမဂုဏ်ဘဲ။ အစားစားတာတွေလဲ ကာမဂုဏ်ဘဲ။ အတွေ့ မှ အထူးအားဖြင့် လိင်ဆက်ဆံမှု၊ မေထုန်မှု အတွေ့ မှ ကာဂုဏ် မဟုတ်ဘူး။ အာရုံငါးပါးကို ကိုယ့်လိုအင်နဲ့  တွေ့ ထိမှု တွေဟာ အာမဂုဏ်တွေဘဲ။ ဒါတွေကို မှားယွင်းကျက်စား တာဟာ ကာမဂုဏ် မှားယွင်းကျက်စားမှုဘဲ။
ကာမကျက်စားနှစ်မျိုး
မှားယွင်း ကျက်စားမှုကို အဓိပ္ပါယ် နည်းနည်း ဖွင့်ရမယ်။ ကာမဂုဏ် ကျက်စားတာ မှားယွင်းကျက်စားတာနဲ့  မမှားယွင်း ကျက်စား နှစ်မျိုး နှစ်စား ရှိတယ်။ စားစရာတွေလည်း ကာမပဲ ဝတ်စရာတွေလည်း ကာမဂုဏ်ပဲ။ ကျန်တဲ့လူ့ အသုံး အဆောင် ပစ္စည်းတွေအားလုံးလည်း ကာမဂုဏ်တွေပဲ အသုံးကို လွန်ပြီး အကြိုက်အစွဲ အလျောက် ကျက်စားတာဟာ မှားယွင်းတဲ့ ကျက်စားမှုပဲ။
ဘုရား(၃၀) နတ်ပစ္စည်းခိုး သီလမပျက်
Labels:
ဘုရား