ဒါကြောင့် ကာမဂုဏ် မှားယွင်း ကျက်စားမှု ရှောင်မှုဟာ ကိုယ့်ကာပိုင် မဟုတ်သူကို မေထုန်ပြုမှုလို့  အဓိပ္ပါယ်ရမှာ မဟုတ်ဘူး။ ပစ္စည်း သုံးဆောင်မှု အားလုံးမှာ အကြောင်းမဲ့ သုံးဆောင်မှု (ဖြုန်တီးမှု) တွေ ဖြစ်လာမယ်။
လိုအပ်တာထက် ပိုပြီးစားတာ၊ ဝတ်တာ၊ သုံးဆောင်တာ တွေဟာ ကာမဂုဏ် မှားယွင်းခြင်းတွေဘဲ။ ကာမပိုင် ဖိုမပင် ဖြစ်ပါစေ အကြောင်းမဲ့ လိင်ဆက်ဆံမှု ဖြစ်ရင် ကာမဂုဏ် မှားယွင်း ကျက်စားမှု ဖြစ်မယ်။ ကာမပိုင် မဟုတ်တဲ့ သူတွေ အပေါ်မှာ လိင်ဆက်ဆံရင်တော့ ဆက်ဆံရခြင်း အကြောင်းရင်းဖြစ်တဲ့မျိုးပြန့်  ပွားမှု မရှိတာ အလွန်ထင်ရှားတယ်။ ဒါကြောင့် ဒါတွေဟာ ကာမဂုဏ် မှားယွင်း ကျက်စားမှုထဲ ပါဝင်တာ အထူး ပြောစရာ မရှိအောင် ဖြစ်တယ်။
ဒီကာမဂုဏ် မှားယွင်း ကျက်စားမှုဟာ အနက်အဓိပ္ပါယ် ကျယ်ဝန်းစရာ ရှိတယ်။ ကျယ်လို့  မလိုက်နာရင် အကျိုးနည်းစရာ ရှိတယ်။ ကျယ်တဲ့ အတိုင်း လိုက်နာရင် အကျိုးများမှာ အသေအချာပဲ။ ဒီလွန်ကျူးမှု အားလုံး (မှားယွင်း ကျက်စားမှု အားလုံး) ကို ပြုလုပ်သူဟာ ကိုယ်နဲ့ ပဲ ပြုလုပ်ရမယ်။ စားတယ်၊ ဝတ်တယ်၊ သုံးဆောင်တယ်၊ ကြည့်တယ်၊ နားထောင်တယ်၊ အစရှိတာတွေလည်း ကိုယ်နဲ့ ပဲ လုပ်ရတာ ဖြစ်တယ်။ ဒီကိုယ်နဲ့  အမှုတွေမှာ မှားယွင်းကျက်စားတာတွေဟာ ကာမဂုဏ် မှားယွင်း ကျက်စားတာတွေပဲ။
ဘယ်သူ့  အာရုံငါးပါးဖြစ်ဖြစ် မှားယွင်း ကျက်စားက ကာမေသုမိစ္ဆာစာရပဲ
အလှအပတစ်ခုကို အပျော်သဘော သက်သက်နဲ့  ကြည့်မယ် ဆိုရင် ကာမဂုဏ်မှားယွင်း ကျက်စားမှုက လွတ်ဖို့  မရှိဘူး။ အဲဒီ အာရုံကို အပျော်သဘောသက်သက် ဆွဲမြူညို့ ယူလည်း ဒီလိုပဲ။ သီချင်း၊ ဂီတကို အကြောင်းတစ်စုံ တစ်ရာ မရှိဘဲ ခံစားရဖို့  အတွက် နားထောင် သီဆို တာလည်း အပျော်သက်သက်ပေါ့။ ဒါဆိုရင် ကာမမိစ္ဆာစာရပဲ၊ ကိုယ်က မွေးထားတဲ့ ခလေးကိုအကြောင်းမရှိဘဲ နမ်းရှုံ့ ပွေ့  ဖက်တာလည်း ကာမဂုဏ် မှားယွင်း ကျက်စားမှု ဖြစ်တယ်။ ကလေးရဲ့ ကျန်းမာရေး ကိုယ်အနံ့ ၊ အငွေ့  သိဖို့ နမ်းတာ၊ ပွေ့  ဖက်တာတွေဟာ အဲဒါတွေရဲ့ အကြောင်းတွေပဲ။ ကာမပိုင် လင်မယားလည်း ဒီအတိုင်းပဲ။ ကာမပိုင် ဖြစ်ပေမယ့် အပျော်သဘောသက်သက်နမ်းရှုံ့  ပွေ့ ဖက်ရင် အမှားပဲ။ တစ်စုံတစ်ခုကို တွေ့ သိဖို့  နမ်းရှုံ့ ပွေ့  ဖက်မှ ကာမဂုဏ် မှားယွင်းကျက်စားမှုမှ လွတ်မယ်။
ကာမဂုဏ် မှားယွင်း ကျက်စားရှောင်မှု ဂရုဓမ္မသီလ သိက္ခာကို ဖွင့်ခဲ့တာ ရှည်သွားပြီ။ ဘုရား ယူတဲ့ အဓိပ္ပါယ် အတိအကျ ဖော်နိုင်ဖို့  လုပ်လိုက် တာပဲ။ ဘုရားက သူများမယား၊ သူများသားသမီး မေထုန်ပြုမှုက ရှောင်ဖို့  လို့  ဒီသိက္ခာရဲ့ အနက်ကို တုံးတိတိ မပြောဘူး။
ဒါကျူးက လူစဉ်မမှီဖြစ်
သူ့ ပြောချက်တွေကို ဖွင့်လိုက်မှ ပြောခဲ့တဲ့ အဓိပ္ပါယ်တွေ ထွက်လာတာ ဖြစ်တယ်။ ဘုရားဟာ ဒီသိက္ခာကို ဒီလောက် အနက်ဖွင့်ခဲ့တယ်။ ဒီသိက္ခာရဲ့ အနက်ဟာ သတ်မှု၊ ခိုးမှု မဟုတ်တဲ့ ကိုယ်နဲ့  မှားယွင်းမှု အားလုံး အကျုံးဝင်နေတယ်။ ဒီအမှားအယွင်းတွေဟာ လူတွေကို လူစဉ် မမှီ ဖြစ်စေတာ လူတိုင်း သိနိုင်တဲ့ အနေအထားရှိတယ်။
ဖိုစိတ် မစိတ် ဘယ်ကရ
ဒါနဲ့ စပ်လို့  နည်းနည်းလောက် သိသာအောင် ပြောရမယ်။ လူတိုင်း ဆီမှာ ဝင်နေတဲ့ ဖိုစိတ် မစိတ်တွေဟာ ဘယ်လို ဖြစ်တာလို့  မသိဘူး။ ဘယ်အချိန်က စဖြစ်တာလို့  မသိဘူး။ မွေးရာပါလို့  များတောင် ထင်ရတယ်။ သဘာဝတရားလို့  လက်ခံကြတယ်။ ဘဝအဆက်ဆက်က ဆည်းပူးခဲ့ တာတွေလို့ လည်း ပြောကြတဲ့ အထိရှိတယ်။
ဒီအကြောင်းတွေဟာ မသိတာကို ညွှန်ပြချက်တွေချည်း ဖြစ်တယ်။ သက်သေပြစရာလည်း မရှိဘူး။ ဒါကြောင့် ဒါတွေကို အခိုင်အမာလို့  ယူမဖြစ်ဘူး။ လူတွေဆီမှာ ရှိတဲ့ ဖိုမစိတ်ဟာ တစ်ခြား စိတ်ဖြစ်တဲ့ ကြောက်စိတ်၊ မက်စိတ် အစွဲတွေ အတိုင်းပါပဲ။
အာရုံတန်ဖိုးမှန် မသိစဉ်က အာရုံအပေါ် သဘောထားတွေမေ့
သိပ်ငယ်ရွယ်စဉ်က ကိုယ့်ဆီ ထင်ဟပ်လာတဲ့ အာရုံတွေကို မခွဲခြမ်းတတ်ဘူး။ ကြောက်ချင်ရင်လည်း ကြောက်တယ်။ မက်စရာဆိုမက်တယ်။ ဘယ်လောက် ကြောက်သင့် မက်သင့်တယ်လို့  တန်ဖိုး မသိဘူး။ ပြီးတော့ အဲဒီစိတ်ကြီးက မြုပ်သွားတယ်။ မက်တာနဲ့  ကြောက်တာပဲ ကျန်ခဲ့တယ်။ ကြောက်ဖို့  မက်ဖို့  ဖြစ်တဲ့စိတ်ဖြစ်ပေါ်ပုံတွေ အားလုံးက မေ့ပျောက်သွားတယ်။ ဒါကို ပဋိစ္စသမုပ္ပါဒ်စိတ် ပြောရတယ်။
ဒီတော့ ကြောက်စရာ မက်စရာဟာ တကယ်ဟုတ်ရဲ့လားလို့  ပြန်စစ်လို့ မရဘူး။ အစွဲဖြစ်သွားတယ်။ ဒီအစွဲအရ မီးခြစ်ကြောက်တဲ့ လူက ကြောက်တယ်။ တချို့ က မီးခွက်ကြောက်တယ်။ ဒါတွေ ကြောက်စရာလား။ ဒါပေမယ့် မကြောက်အောင် ဖျောက်မရဘူး။ ဒီလို ကြောက်ကြ သူတွေ ဒုနဲ့ ဒေးပဲ။
ဒီလို မက်သူတွေလည်း အတူတူပဲ ရှိတယ်။ ဘာ့ကြောင့် မက်ရတယ် ဆိုတာ မသိဘဲ မက်တာကို ဖျောက်မရရင် အစွဲကြောင့်ပဲ။ ဒီအစွဲဟာ သူတို့  မသိနိုးနားအရွယ်က ဖြစ်ခဲ့တာတွေပဲ။ ဒီတော့ လူတွေမှာ ရှိတဲ့ ဖိုစိတ် မစိတ်တွေဟာ သူတို့  ငယ်စဉ်က သူတို့  ပတ်ဝန်းကျင်ရဲ့ ပြုမှားမှု ဒဏ်ချက်တွေပဲ။
ကလေးဘဝအသင်ခံရ
သူတို့  ငယ်စဉ်က ဘာမှ မသိတတ်ကြဘူး။ ဒါပေမယ့် ပတ်ဝန်းကျင် ကာမဘီလူးပူးနေတဲ့သူတွေက သူတို့  အပေါ် ကာမဂုဏ် အကျင့်မှားတွေ ကျင့်ကြံ ဆက်ဆံကြတယ်။ ကျား ကလေးငယ်ကို ကျားနေရာမှာ တည်စေပြီး ကာမဂုဏ် အကျင့်မှားတာလည်း လုပ်ကြမယ်။ မ ကလေးငယ်ကိုလည်း မ နေရာမှာ တည်စေပြီး ကျင့်မှားတာလည်း ရှိမယ်။
ဒါကတော့ အများအပြားပေါ့။ ဒီလို မဟုတ်ပဲ။ အနည်းအပါး လည်းရှိတယ်။ ကျား ကလေးကို မနေရာမှာ ထားပြီး၊ မ ကလေးကို ကျားနေရာမှာ ထား ကာမဂုဏ် ကျက်စားတာလည်း လုပ်ကြမယ်။ ကလေးတွေဟာ သူတို့  အသုံးချသူတွေက လိင်ယှက် ခံစားရသလို သူတို့ ဆီကူးပြီး သူ တို့ လည်း လိင်ယှက်ခံစားကြတယ်။
လုပ်ရပ်မကျန် ဖြစ်ရပ်ကျန်
ဒီအကြောင်းတွေကို သိတဲ့ အရွယ်မှာ ပြန်မဖော်နိုင်ဘူး။ ခံစားမှုကတော့ စွဲကျန်ခဲ့တယ်။ ဒါ့ကြောင့် ကိုယ်တိုင် လှုပ်ရှားတတ်တဲ့ အခါ ကျား-မ ကလေးတွေဟာ ကျား-မ စိတ်တွေ ပေါ်လာတာပေါ့။ တစ်ခါ မ လိုဆက်ဆံခံရတဲ့ ကျားကလေးတွေဟာ ကိုယ်တိုင် လှုပ်ရှားနိုင်တဲ့ အခါမှာ ကျားစိတ် ပေါ်ရမယ့် အစား မ စိတ်ပဲပေါ်လာတယ်။ ကျား အရာထားပြီး ခံစားရတဲ့ မကလေးတွေက အရွယ်ရောက်တဲ့ အခါ မစိတ်မပေါ်ဘူး။ ကျားစိတ်ပဲ ပေါ်လာတယ်။
ဘုရား(၃၁) ကာမပိုင်လည်း မိစ္ဆာစာရဖြစ်
Labels:
ဘုရား