ဘုရား(၃၂) ယေဘုယျ ဖိုစိတ်ဟာ အစွဲကလာ

ယောက်ျားဖြစ်ပြီး မိန်းမစိတ်ဖြစ်နေသူ မိန်းမလျာနှင့် မိန်းမဖြစ်ပြီး ယောက်ျားစိတ်ဖြစ်နေသူ ယောက်ျားလျာတွေ အထင်အရှား ရှိခဲ့တယ်။ သူတို့ဟာ ရုပ်ဓါတ်တွေ ချို့ တဲ့ဖောက်ပြန်လို့  မဟုတ်ဘူး။ အစွဲကြောင့်ဖြစ်နေရတာ ကျားဖြစ်တဲ့ အတိုင်း ကျားစိတ်နှင့် မဖြစ်တဲ့ အတိုင်း မစိတ်၊ ဒါတွေဖြစ်တာဟာလည်း ရုပ်ဖြစ်ပေါ်လာလို့ လို့  လူတွေယူကြတယ်။ ရုပ်ပြည်စုံလာလျှ ဒီစိတ်တွေ မရှိသူ တစ်ချို့  နှင့် ရှိအောင် လုပ်နိုင်သူ တစ်ချို့  ရှိတာကို ကြည့်ရင် ရုပ်ပြည့်စုံမှုနဲ့  မဆိုင်တာကို သိနိုင်တယ်။ ဒီတော့ ဖိုမ စိတ်ဟာ အတဲ့ပဲရှိရှိ၊ လွဲချော်ပြီးပဲရှိရှိ အားလုံး အစွဲကြောင့်ဖြစ်တာ တွေ့ ရမယ်။



ဖိုမစိတ်ကပေးတဲ့ ဒုက္ခဟာ သဘာဝမဟုတ် ဝိဘာဝကြောင့်

ဖိုစိတ်၊ မစိတ်ဟာ လူကို အလွန်ဒုက္ခပေးတာကို လူတိုင်း သိကြတယ်။ ဒီထဲမှာ အဖိုက မစိတ်ပေါ်၊ အမက ဖိုစိတ်ပေါ် ဒီသူတွေရဲ့ ဒုက္ခကတော့ ပြောမကုန်အောင်ပဲ။ ဒီဒုက္ခတွေဟာ လူတွေရဲ့ သဘာဝ ပစ္စည်းမဟုတ်ဘူး။ ကာမဂုဏ် မှားယွင်းကျင့်တာတွေကြောင့် ရရှိတာတွေ ဖြစ်တယ်။

မစ္ဆာစာရ ရှောင်ကြမှ
ဒါကြောင့် ကလေးတွေကို ကျားကျားမမ ဘယ်သူမဆိုက ဘယ်သူမဆိုကို ဖြစ်ဖြစ် ဘယ်အရာမှာ ထားပြီး ဖြစ်ဖြစ် ဖောက်ပြန်တဲ့ စိတ်ဓါတ်နဲ့  ခံစားမှုယူပြီး ပွေ့ ဖက်တာ၊ နမ်းစုတ်တာ၊ ချီမတာ၊ ကိုယ့်လိင်အင်္ဂါနဲ့ တို့  ထိ ပွတ်တိုက်တာ၊ အစုတ်ခိုင်းတာ၊ အလျက်ခိုင်းတာ အစစတွေ ရှောင်ရှားသင့်ကြတယ်။ ဒီစိတ်နဲ့  မျက်လုံးခြင်း ဆုံကြည့်တာမျိုး၊ မျက်စိမှိတ်တာမျိုး၊ ခေါင်းညိတ်တာမျိုး မလုပ်မိကြဖို့  သတိထားသင့်ကြတယ်။ ဒီကျူးလွန်မှုရဲ့ ဆုံးရှုံးနစ်နာတဲ့ အတိုင်းအတာဟာ ကြီးမားလွန်းတယ်။ လောကကို ညစ်ထေးစေတယ်။

ဒီသီလအဖွင့်က ဘုရားပုံပေါ်လွင်
ဒီသိက္ခာရဲ့ အနက်ဟာ လူကို မလွန်ဘူး။ များပြားပေမယ့် ပြတ်သား ရှင်းလင်းတယ်။ ဒီအဖွင့်မျိုးကို ဘယ်သူမှ မဖွင့်ပေမယ့် လူတိုင်း နားလည်စေနိုင်တဲ့ အတွက် လူတိုင်းထောက်ခံရမှာ ဖြစ်တယ်။ ဘုရားရဲ့ အဖွင့်ဟာ ဘုရားရဲ့ ရုပ်လွှာကို တစ်စိတ်တစ်ဒေသ ရှုမြင်ရချက်ပဲ ဖြစ်တယ်။ ဒီအဖွင့်အရ တွေ့ မြင်ရတဲ့ ဘုရားရဲ့ ရုပ်လွှာဟာ သန့် ရှင်းတယ်၊ နက်နဲတယ်၊ တိကျတယ်ဆိုတာ တွေ့ ခွင့်ရှိတယ်။

ချွတ်ယွင်းပြောတိုင်း သီလမပျက်
ဂရုဓမ္မသီလ မလိမ်ရ သိက္ခာပုဒ်မှာ ယူရမယ့် မလိမ်ရပုံကို ဘုရားဘယ်လို ဖွင့်တယ်လို့  ကြည့်ရမယ်။ စကား မမှန်မှု အားလုံးကို ရှောင်ရှားခြင်းလို့  ဒီသိက္ခာပုဒ်အရ ယူရမယ့်ပုံမရှိဘူး။ ဘုရားဟာ ဝိနည်းပညတ်ချက်မှာ မမှန်စကားကို အမျိုးအစား နှစ်ခုခွဲခြားပြီး ပညတ်တာ ရှိတယ်။ ကိုယ့်ဘဝနဲ့  စပ်ပြီး ပြောတဲ့ မမှန်စကားနဲ့  ကိုယ့်ဘဝမဟုတ်တဲ့ အရာကို ပြောတဲ့ မမှန်စကားတွေပဲ။

ချွတ်ယွင်းစကား နှစ်မျိုးပြား
ကိုယ့်မှာ မရှိဘဲ ရှိတယ်ပြောတာမျိုး ကိုယ့်မှာ မဖြစ်ဘဲ ဖြစ်တယ် ပြောတာမျိုး၊ ကိုယ်မသိဘဲ သိတယ်ပြောတာမျိုး ဒါတွေဟာ ကိုယ့်ဘဝနဲ့  စပ်ပြီး ပြောတဲ့ မမှန်စကားတွေပဲ။ တခြား မမှန်စကားတွေကတော့ ကိုယ့်ဘဝနဲ့  မစပ်တာမျိုးပေါ့။ ချိုတဲ့ အစာကို မချိုဘူး။ နီးတဲ့ အရာကို မနီးဘူး။ ကြီးတဲ့ အရာကို မကြီးဘူး။ ရှိတဲ့အရာ ဖြစ်တဲ့ အရာကို မရှိဘူး မဖြစ်ဘူး။ အစရှိတဲ့ ကိုယ့်ဘဝနဲ့  မပတ်သက်တဲ့ နေရာတွေမှာ ပြောဆိုချက်တွေဟာ မမှန်တဲ့ စကားတွေဘဲ ဒါတွေဟာ ကိုယ့်ဘဝ မဟုတ်တဲ့ အရာတွေကို ပြောတဲ့ မမှန်စကားတွေဘဲ။

ဘဝလိမ်မှ သီလပျက်

ဒီမမှန်တဲ့ စကားနှစ်မျိုးဟာ လိမ်တာတွေဘဲ။ ဒီသိက္ခာပုဒ်မှာ ဒီနှစ်လိမ်လုံးရဖို့  မရှိဘူး။ ရှေ့ တစ်လိမ်ပဲယူရဖို့  ရှိတယ်။ နောက်တစ်လိမ်ဟာ ဒီသိက္ခာပုဒ်အရ အကျုံးမဝင်လောက်ဘူး။ နောက်လိမ်နည်းမျိုးနဲ့  လိမ်လို့  မလိမ်ရ ဆိုတဲ့ ဂရုဓမ္မသီလ မပျက်ဘူးလို့  ဆိုလိုတယ်။
ဘုရားဟာ ဒုတိယ လိမ်မှုကို အပြစ်နည်းနည်းပဲ ပညတ်တယ်။ သစ်ရွက်ကလေး တစ်ရွက် ခူးယူလို့  ရတဲ့ အပြစ်လောက်ပဲ ပညတ်တယ်။ ပထမလိမ်မှုကိုတော့ အဆုံးစွန် အပြစ်ကြီး အဖြစ် ပညတ်ထားတယ်။ စကုတ္ထပါရာဇိက သိက္ခာပုဒ်ဟာ ဘဝလိမ်မှုရဲ့ အပြစ်ပြတဲ့ ပညတ်ချက်ပဲ။
ဒါကြောင့် ဒါပဲ မလိမ်ရ ဂရုဓမ္မသီလအရ ယူစရာ ဖြစ်တယ်ဆိုတာ ထင်ရှားတယ်။ ဒါထက်ပိုပြီး ယူစရာရှိရင် အဲဒါ တွေကိုလည်း ဒီလို အပြစ်ကြီးကြီးပဲ ပညတ်ရမယ်။ အပြစ်သေးသေးပဲ ပညတ်တာထောက်ပြီး ဒါ့ထက်ပိုယူစရာ မရှိတာ သိရတယ်။
ဒါကြောင့် လိမ်တာနဲ့  စပ်ပြီး အပျော်အပြောင်တောင် မပြောဝံ့ရမလို သိနေတာတွေကို ကျော်လွှားရမယ်။ ကိုယ့်မှာ ရှိတဲ့ ပစ္စည်း သူလာတောင်းတဲ့ အခါ မပေးနိုင်လို့  မရှိဘူးပြောတာလည်း လိမ်တာလို့  ဒီသီလမှာ ယူဖို့  မဟုတ်ဘူး။ ကိုယ်ရောင်းတဲ့ပစ္စည်း အမြတ်ရအောင် ပိုပြောထားတဲ့ဈေးကို အရင်းအတိုင်းဈေးပါပဲလို့  ပြောတာလည်း ဒီသီလမှာ လိမ်တာမမြောက်ဘူး။ ဒီလိုမျိုးတွေကို အများအပြားသိရမယ်။
ဒါတွေလည်း အမှန်က ချွတ်ယွင်းတာတွေဖြစ်လို့  လိမ်တာတွေပါပဲ။ ဒါပေမယ့် ဒီသီလအရာမှာတော့ လိမ်တာလို့  မပြောပလောက်တဲ့ (အဝေါဟာရိက) လိမ်တာတွေပေါ့။ ဒီလိမ်တာတွေဟာ လူအစည်းအရုံးကို မချောက်ခြားစေပါဘူး။

Website counter

Back to TOP