ဘုရား(၆) အရိယသစ္စာလေးပါးသိခဲ့

ဘုရားရှင်ဟာ လူ့ လောကရဲ့  ယိုယွင်းပျက်စီးနေတဲ့ ဘ၀ကိုလည်း တိတိကျကျ ဖော်ထုတ်နိုင်ခဲ့ပြီ။ ဒီဘ၀တွေက လွတ်မြောက် ငြိမ်းချမ်းရာကိုလည်း ဖော်ထုတ်နိုင်ခဲ့ပြီ။ ဒီဘ၀တွေ ဘယ်လိုဖြစ်နေတယ် ဆိုတာကိုလည်း ဖော်ထုတ်နိုင်ခဲ့ ပြီ။ ဘ၀တွေ ငြိမ်းချမ်းအောင် ဘာလုပ်ရမယ် ဆိုတာ အထိ တိတိကျကျ ဖော်ထုတ်နိုင်ခဲ့ပြီ ဖြစ်တယ်။


ဒုက္ခအသိလွဲပုံကို လောကထဲချပြီး ကျယ်ကျယ်ပြန့် ပြန့် ဆင်ချင်
ဘုရားရှင်ရဲ့ အမြင်မှာ လူတွေမှာဖြစ်နေတဲ့ ကြပ်တည်းကျဉ်းမြောင်းမှု၊ စိုးရိမ် ငိုကြွေးရမှု၊ ပင်ပမ်းဆင်းရဲမှုမှန်သမျှဟာ သူတို့ ကိုယ် နှုတ်တစ်ခုခု လွန်ကျူးမှုရဲ့  အမည်တွေသာ ဖြစ်ကြတယ်။ ကိုယ်၊ နှုတ်၊ နှလုံးတစ်ခုခု လွန်ကျူးမှု မဖြစ်ပဲ ကြပ်တည်းကျဉ်းမြောင်းမှု၊ စိုးရိမ်ငိုကြွေးရမှု ပင်ပန်းဆင်းရဲမှုဖြစ်တယ်ဆိုတာ မရှိရဘူးဆိုရင် နာကျင်ပျက်စီးတဲ့လူ့  အဖြစ် မရှိရဘူးလို့ မြင်ခဲ့တာ ဖြစ်တယ်။
လောကဟာ ဒါကို မမြင်ကြဘူးလို့ လဲ ဘုရားရှင်ဟာ သိတယ်။ လောကဟာ လာဘလို့ ခေါ်တဲ့ ဥစ္စာကိုဖြစ်စေ၊ သက္ကာရခေါ်တဲ့ အာဏာကိုဖြစ်စေ၊ သိလောကခေါ်တဲ့ ဂုဏ်သိရ်ကိုဖြစ်စေ မရရှိကြတာတွေဟာ ကြပ်တည်းကျဉ်း မြောင်းရခြင်း ဖြစ်တယ်။ စိုးရိမ်ငိုကြွေးရခြင်း၊ ပင်ပန်းဆင်းရဲခြင်းဟာ ဒါတွေပဲ ဖြစ်တယ်လို့ သိကြတယ်။
လောကဟာ ခံစားချက်တွေကိုပဲ သိသူဖြစ်တယ်။ ခံစားချက်ကို ခံစားတတ်ဘို့ ကလည်း ဘယ်ပညာရှင်ထံမှ ဆည်းကပ်သင်ကြားဘို့ လည်း မလိုဘူး မဟုတ်လား။ ဒါ့ကြောင့် လောကလူတွေဟာ ခံစားချက်ရဲ့  သားကောင်တွေပဲ၊ လာဘ၊ သက္ကရ၊ သိလောကတွေဟာ ခံစားချက်ကောင်းကို ပေးနိုင်တာတွေ မဟုတ်လား။ ဒီတော့ ဒါတွေမရတာဟာ ဒုက္ခဖြစ်တာ မြင်ကြတာပေါ့။
တကယ်တော့ လာဘ၊ သက္ကရ၊ သိလောကတွေဟာ မိမိကိုယ် မဟုတ်ဘူး။ မိမိကိုယ်ရဲ့ အပြင်က အပကဖြစ်တယ်။ ဒီအပ ပစ္စည်းရှိမှ ငြိမ်းချမ်းတယ်။ မရှိရင် မငြိမ်းချမ်းဘူးဆိုရင်တော့ လောကမှာ ထာဝရငြိမ်းချမ်းတာဆိုတာ ဘယ်လိုမှ မရှိနိုင် ဖြစ်မှာပေါ့။
လောကဟာ ခံစားချက်တွေကိုပဲ သိသူဖြစ်တယ်။ ခံစားချက်ကို ခံစားတတ်ဘို့ ကလည်း ဘယ်ပညာရှင်ထံမှ ဆည်းကပ်သင်ကြားဘို့ လည်းမလိုဘူး မဟုတ်လား။ ဒါ့ကြောင့် လောကလူတွေဟာခံစားချက်ရဲ့  သားကောင်တွေပဲ၊ လာဘ၊ သက္ကရ၊ သိလောကတွေဟာ ခံစားချက်ကောင်းကို ပေးနိုင်တာတွေ မဟုတ်လား။ ဒီတော့ ဒါတွေ မရတာဟာ ဒုက္ခဖြစ်တာ မြင်ကြတာပေါ့။
တကယ်တော့ လာဘ၊ သက္ကရ၊ သိလောကတွေဟာ မိမိကိုယ် မဟုတ်ဘူး။ မိမိကိုယ်ရဲ့ အပြင်က အပကဖြစ်တယ်။ ဒီအပ ပစ္စည်းရှိမှ ငြိမ်းချမ်းတယ်။ မရှိရင် မငြိမ်းချမ်းဘူးဆိုရင်တော့ လောကမှာ ထာဝရ ငြိမ်းချမ်းတာဆိုတာ ဘယ်လိုမှ မရှိနိုင် ဖြစ်မှာပေါ့။
တကယ်လူ့ မငြိမ်းချမ်းမှုဟာ ဒီအပ ပစ္စည်း မရှိမှု မဟုတ်ဘူး။ အပ ပစ္စည်းတွေ မရှိတာ မဖြစ်အောင် လုံးပမ်းရတာတွေ နဲ့ ရှိရင် အပျောက်အရှ မရှိဖြစ်အောင် သိမ်းပိုက် ရတာတွေအတွက် ကိုယ်၊ နှုတ်၊ နှလုံးတစ်ခုခု လွန်ကျူးတာတွေပဲ ဖြစ်တယ်။
လာဘ၊ သက္ကရ၊ သိလောက မရှိတာက ဆင်းရဲဒုက္ခလား၊ ရှိအောင်နဲ့ ရှိတာ အပျောက်အရှမှရှိအောင် ကိုယ်၊ နှုတ်၊ နှလုံးလွန်ကျူးရတာက ဆင်းရဲတာလား၊ လောဘက ဒါကို မေးခွန်းထုတ်ရကောင်းမှန်းမသိ ဖြစ်နေခဲ့တယ်။ ဒါကြောင့် ဆင်းရဲဒုက္ခအရကို အကောင်မှား ကြတာပဲ။
ဆင်းရဲဒုက္ခအရကို မကောက်နိုင်ကြရင်တော့ အနာမသိသူအတွက် ဆေးမရှိဘူး ဆိုတဲ့အတိုင်း ဒီဆင်းရဲဒုက္ခကို ဘယ်လောက်မလိုလားမှုဖြစ်ဖြစ် အဲဒီဆင်းရဲတွေ ငြိမ်းအောင် မငြှိမ်းနိုင်ကြတော့ဘူးပေါ့။ ငြှိမ်းလေ မငြိမ်းပဲ ဆင်းရဲဒုက္ခက တိုးလေ အဖြစ်ကိုမလွဲမသွေ ရင်ဆိုင်ရပြီပေါ့။
လူတွေဟာ ကြပ်တည်းကျဉ်းမြောင်းနေရမှု၊ စိုးရိမ်ငိုကြွေးပူဆွေးနေရမှု၊ ပင်ပန်းဆင်းရဲနေရမှုများကို ကိုယ်တိုင် ကျရောက်ဖြစ်ပွား နေရပေမယ့် ဒီဖြစ်ပွားချက်တွေရဲ့  အရကို မကောက်နိုင်ကြဘူး။ ဒါကို မကောက်နိုင်တော့ ဒါရဲ့  အကြောင်းကို ရယူတဲ့အခါမှာ မမှားအောင် ဘယတတ်နိုင်တော့မလဲပေါ့။

ဒုက္ခသမုဒယသစ္စာမှာ အသိလွဲပုံဆင်ချင်

ဆင်းရဲမသိရင် ဆင်းရဲဖြစ်ကြောင်း ဘယ်သိတော့မလဲပေါ့။ ဒီတော့ ဆင်းရဲအရကို လာဘ၊ သက္ကရ၊ သိလောကတွေကို ရချင်တာပဲ ဖြစ်တယ်လို့ ကောက်တော့တာပေါ့။ ရချင်ခြင်းကြောင့်သာ မရတာဟာ ဆင်းရဲဖြစ်တယ်လို့ ဆိုလိုတာပဲ။
ဒါကြောင့် လောကဟာ လောဘစတာတွေရချင်တာဟာ ဆင်းရဲကြောင်းဖြစ်တယ်လို့ သတ်မှတ်ပြီး ဆင်းရဲမဖြစ်အောင် ဆင်းရဲကြောင်းကို ပယ်မှပဲလို့  လောဘ စတာတွေ ရချင်တာကိုပယ်ဖို့  ကြိုးစားကြတယ်။ ပယ်တော့ လိုချင်တာတောင် မရတာဆိုတော့ မလိုချင်တော့ပိုပြီး မရတာဖြစ်ပြီး မရတော့ ပိုဆင်းရဲတော့တာပေါ့။ ဒါ့ကြောင့်လောကဟာ လောဘ စတာတွေ ရချင်တာကို ပယ်ရမှာ သိပေမယ့် ဘယ်သူမှ မပယ်နိုင်ကြဘူးပဲ။
ဒါကိုချွင်းချက်အဖြစ် တွေ့ စရာဆိုလို့ လူလွန်ဆိုတဲ့ လောကက လွန်နေသူ အချို့ ပဲ။ ဒါကို ပယ်နေကြတယ်။ ပြောရမယ်။ ဒီသူတွေလည်း ဒါကို ပယ်နိုင်ပေမယ့် ဒုက္ခကတော့ မလွတ်ကြဘူး။ ဒါပေမယ့် ပယ်နိုင်အားနည်းသေးလို့  မလွတ်ကြတာလို့  ထင်ပြီး ဒီထက် ဒီပယ်နိုင်အောင်ပဲ လုပ်နေကြလေရဲ့ ပေါ့။
လောကစတာတွေကို လိုချင်တာကိုပယ်ရင် မရတာပဲ အဖတ်တင်မှာပဲ။ မရတာဟာ ဆင်းရဲပဲဆိုတာတော့ မလိုချင်တာကပဲ ဆင်းရဲရဲ့  အကြောင်းလို ဖြစ်နေတော့တာပေါ့။ လိုချင်မှုမဖြစ်ရင် ရဖို့ ဆိုတာ ဘယ်မှာဖြစ်တော့မှာလဲ။ လောဘ၊ သက္ကရ၊ သိလောကတွေဟာ လောကအတွက် အသုံးကျတာတွေဖြစ်တယ်။ ဒါတွေမရှိရင် လောကဟာ အကျိုးပြီးပါ့မလားပဲ။ ဘာအကျိုးမှ မပြီးစေနိုင်တဲ့ လောကပဲ။ ဒုက္ခက မလွယ်ဘူးပေါ့။ ဒါကိုကြည့်ပြီး လောဘစတာတွေ ကိုလိုချင်တာဟာ ဒုက္ခဖြစ်ကြောင့်လား၊ လောဘ စတာတွေအတွက် ကိုယ်၊နှုတ်၊ နှလုံးလွန်ကျူးချင်တာတွေဟာ ဒုက္ခရဲ့  ဖြစ်ကြောင်းလား မေးကြဖို့ ကောင်းပါတယ်။

ဒုက္ခငြိမ်းရာနိဗ္ဗာန် အသိလွဲကြပုံ ဆင်ခြင်
ဒုက္ခကို လွဲမှားသိတာနဲ့  ဒုက္ခဖြစ်ကြောင်းကို လွဲမှားသိပြီး ပယ်တာလုပ်တော့ ဒုက္ခငြိမ်းမှုဖြစ်တဲ့ ဒုက္ခက လွတ်မြောက် မှုကိုလည်းလောကက မသိတော့ပဲ ဖြစ်ရတယ်။
လောကဟာ လွတ်မြောက်တာကို လိုချင်ပေမယ့် လွတ်မြောက်ရာကို မသိဘူးပဲ။ လောကက လွတ်တယ် ဆိုတာ လွတ်မြောက်ရာလို့  မသိဘူးပဲ။ လောကက လွတ်တယ်ဆိုတာ လူ့ အဖြစ်က လွတ်တယ်လို့  ဆိုလိုတာပဲ။ လူဟာ လူက ဘယ်လိုလွတ်မလဲ ထင်စရာရှိတယ်။ ဒါပေမယ့် လောကကြီးက လူ့ လောကကို လူ့ လောကလို့ မထင်အောင် ရှုကြည့်ပစ်ကြတယ်။ ဖြစ်အောင်လည်း ရှုကြည့်နိုင်ကြတယ်။
လူဆိုတာ တကယ်ရှိတဲ့ အရာမဟုတ်ဘူး။ ငါတွေ၊ သူတပါးတွေ၊ ယောင်္ကျားတွေ၊ မိန်းမတွေဆိုတာတွေဟာ အရှိတွေ မဟုတ်ဘူးလို့  ဖြစ်သွားတဲ့ အထိပဲ။ အခုလိုတွေအဖြစ် အာရုံယူလို့  ကောက်လို့ မရတာဟာ အနိမိတ္တခေါ်တယ်။ လိုလားစရာအဖြစ်ကောက်လို့  မရတာဟာ ပဏိဟိတ ခေါ်တယ်။ ငါ၊ သူ အစရှိတာတွေက ကောက်စရာ မရှိအောင် ဆိတ်သုဉ်းနေတာ သုညတ ခေါ်တယ်။ အဲဒီ အနိမိတ္တ၊ ပဏိဟိတ၊ သူညတ အဖြစ်တွေဟာ ဒုက္ခက လွတ်မြောက်ရာရဲ့  နာမည်တွေ ဖြစ်တယ်လို့ အထိ မှတ်ယူကြတာပဲ။
လောကက ဒါကို စဉ်းစားဖို့ ကောင်းတာပေါ့။ လွတ်မြောက်တာတော့ ဟုတ်ပြီ ၊ လွတ်မြောက်သူက ဘယ်သူလဲလို့ ပေါ့။ လွတ်မြောက်တယ်ဆိုတာ အမှုရာ ကြိယာ စကားလုံးပဲ။ အမှုအရာဟာ အမှုအရာရှင်ဖြစ်တဲ့ သူရှိမှ ဖြစ်မှာပေါ့။ ဒီသူဟာ ကတ္တားပေါ့။ ကတ္တားမရှိတဲ့ ကြိယာဟာ စကားအဖြစ် ရောက်တယ်လို့ ပြောရရဲ့ လား။ ဒီလိုကလေး စဉ်းစားဖို့  ကောင်းတာပေါ့။
လွတ်မြောက်မှုရဖို့  စိတ်ကအားကြီးနေတော့ ဒီလွတ်မြောက်မှုကို တွေ့ တဲ့အခါ လောကဟာ ဈေးမဆစ်တော့တာနဲ့  တူတယ်လို့ ပဲ တွေးစရာရှိတယ်။ လောကက လွတ်မြောက်ပြီးသူဆို သူကိုပဲ ကိုယ်တိုင်က စား၊ ၀တ်၊ နေရေး၊ ကျန်းမာရေးတွေအတွက် စောင့်ရှောက် နေရတာပဲလို့  လုပ်နေဟန်ရှိတယ်။
လောကက လွတ်မြောက်တယ်ဆိုလို့  ကိုယ်ကြီးရှိနေပေမယ့် ကိုယ့်ကိုယ်ကိုလည်း ကိုယ့်ကိုယ်ကိုလို့  မမှတ်၊ ကိုယ့်ကိုယ်ကိုကလွဲတဲ့သူတွေကိုလည်း သူများမမှတ် လုပ်နေတော့ သူဟာ ဘာမှမမြင်တဲ့ အဖြစ်ရောက်ပြီ။ သူကလည်း ကိုယ့်ကိုမကယ်ဘူး။ ကိုယ့်ကယ်မဲ့သူလည်း မရှိပဲ မျက်စိသူငယ်၊ နားသူငယ်နဲ့  လောကအလယ်မှာ ဒုက္ခကြွယ်သူပဲ ဖြစ်စရာ မလွဲအောင် ရှိတာပေါ့။
လောကဒုက္ခလွတ်မြောက်ရာကို ဒီလိုပဲ လွဲသိတယ်။ ဒုက္ခက လွတ်မြောက်ရမှာကို ဒုက္ခလွတ်မဲ့ သူက လွတ်ရမှာလို့  ဖြစ်နေတယ်။ ဒီတော့ လောကဟာ လွတ်တယ်ဆိုတာ လူကလွတ်မြောက်တာလား။ လူမှာ ကျရောက်နေတဲ့ ဒုက္ခက လွတ်မြောက်တာလား။ ဒီမေးခွန်းကလေးကို မေးမိဖို့ လိုပါတယ်။

ဒုက္ခငြိမ်းကြောင်း မဂ္ဂမှာ အလွဲ သိကြပုံဆင်ခြင်
ဒါကြောင့် ဒုက္ခကို ပိုင်းပိုင်းခြားခြား မသိသူဟာ ဒုက္ခဖြစ်ကြောင်းနဲ့  ဒုက္ခကလွတ်မြောက်ရာကို မသိသူဟာ ဒုက္ခက လွတ်မြောက်ကြောင်းအဖြစ် လူကို အဆင့်လျှော့ပြီး ဖျက်တော့တာပါပဲ။ ဒါကို ဒုက္ခကလွတ်မြောက်ကြောင်းလို့  သိတယ်။
လောကဟာ လူကို ဘယ်လိုအဆင့် လျှော့သလဲ၊ ဘယ်လိုဖျက်သလဲ။ လူမှာ အစိတ်အပိုင်းနှစ်ခုရှိတယ်။ ကိုယ်ရယ်၊ စိတ်ရယ်၊ ကိုယ်ဟာ လူဆောင်ရွက်စရာကစ္စတွေကို ဆောင်ရွက်ဖို့ ပစ္စည်းဖြစ်တယ်။ ဒါကြောင့်ကိုယ်ဟာ လူ့ အစိတ်အ ပိုင်းပြောရတာပဲ။ စိတ်ကတော့ ကိုယ်က ဆောင်ရွက်ရမယ့်အရာ ဟုတ်မဟုတ် ခွဲခြမ်း တွက်ချက်ပေးတယ်။ တွေးခေါ် မြော်မြင်ပေးတယ်ပေါ့။ လူမှာ အကျိုးရှိမှာလား၊ အကျိုးနည်းမှာလား၊ သိအောင်ပဲ အကျိုးရှိမယ်လို့  တွက်လို့ ရတာ။ တွေးခေါ်မြော်မြင်လို့ ရတာကို ကိုယ်ကလူမှာ အကျိုးရှိဖို့  ဆောင်ရွက်တာပေါ့။ ဒါကြောင့် စိတ်ဟာလည်း လူ့ အစိတ်အပိုင်းတစ်ခု ဖြစ်တာပဲ။
လူကနေပြီး ဒီအစိတ်အပိုင်းနှစ်ခု အနက် တစ်ခုခုကိုနှုတ်ပစ်လိုက်ရင် ကျဆုံးသွားမယ်။ လူ့  အဆင့်လျော့သွားမယ်။ ပျက်စီးသွားမယ်လို့ ဆိုလိုတယ်။ ဟုတ်တယ်။ လူဟာ မိမိကိုယ်ကို ဘယ်နေရာရောက်ရောက် သိဖို့ အတွက် ရောက်နေတဲ့အချိန်၊ နေရာနဲ့  အသွင်သဏ္ဌာန် တစ်ခုထဲ သိနေလို့  မရဘူး။ ကိုယ်ရောက်နေတဲ့ အချိန်ရဲ့ ရှေ့ နဲ့  နောက်၊ ကိုယ်ရောက်နေတဲ့နေရာရဲ့ အတွင်း၊ အပြင်၊ အနီး၊ အဝေး။ ကိုယ်ဖြစ်နေတဲ့ အသွင်သဏ္ဌာန်ရဲ့  အယုတ်၊ အမြတ်၊ အကြမ်း၊ အနု ဒါတွေသိမှ သိနိုင်မှာဖြစ်တယ်။ ဒါတွေသိဖို့ အတွင်းဆိုရင် ဒါတွေထဲမှာ ကိုယ်ကရှိ မနေတော့ ဒါတွေကို ကိုယ်က မသိနိုင်ဘူး။ ဒါတွေမသိရင် ဒါတွေနဲ့ လိုက်လျောညီထွေဖြစ်အောင် ကိုယ်ကိုယ်ကိုယ် ဒါတွေက တိုက်စားသွားမှာပဲ။ အဲဒါဆိုရင် ဒီသူ ဒုက္ခရောက်တော့မယ်။ တိုးဝှေ့ တိုက်စားခံရသူဟာ ကိုယ်၊ နှုတ်၊ နှလုံးလွန်ကျူးမှု အပြစ်ကို မသိအောင် တွေဝေတဲ့ အဖြစ် ရောက်တယ်။

ရူပါ ရူပနှင့် လူအဆင့်လျော့
ဒီတော့ စိတ်တွေကို မကူးအောင် လုပ်တာပဲ ဖြစ်ဖြစ်၊ စိတ်တွေရော၊ ကိုယ်တွေရော၊ တကယ်မရှိ မဟုတ်အောင် လုပ်တာပဲဖြစ်ဖြစ်၊ ဒါတွေအားလုံးဟာ လူကိုဘာမှ မလုပ်တတ်တော့အောင် အဆင့်လျှော့ ချပစ်တာပဲ။ လူကိုဖျက်ဆီးတာပဲပေါ့။
ဒီတော့ တကယ်မေးရမယ်။ လူပျက်စီးအောင် လုပ်တာဟာ ဒုက္ခငြိမ်းကြောင်းလား။ ဒါမှမဟုတ် လူတိုးတက်အောင် လုပ်တာက ဒုက္ခငြိမ်းကြောင်းလားပေါ့။ ဒုက္ခငြိမ်းကြောင့်ဟာ လူပျက်အောင် လုပ်ရမှာလား။ ဒါမှမဟုတ် လူတိုးတက် အောင်လုပ်ရမှလားလို့  ဖြစ်တယ်။

လူ့ အဆင့်လျော့လို့  ဒုက္ခမငြိမ်း
ဒီမေးခွန်းကို ပြောရမယ်ဆိုရင်တော့ လူဖျက်ဆီးတာဟာ ဒုက္ခငြိမ်းကြောင်းဖြစ်တယ်ဆိုလို့  ရမှာမဟုတ်ဘူး။ ဟုတ်တယ်။ တကယ်ပဲ လူဖျက်တဲ့ လုပ်ငန်းကတော့ ဒုက္ခငြိမ်းကြောင်း လုပ်လို့  မတော်ဘူးပေါ့။ ဒုက္ခငြိမ်းကြောင်း အဖြစ် လူဟာတော်ရမှာပဲ။ သိပ်ကိုတော်ရမှာပဲ။

Website counter

Back to TOP