ဘုရား(၅) ပုဗ္ဗေနိဝါသာနုဿတိအဘိညာဉ်ပေါက်

ဒီဈာန်တရားတွေကို အထပ်ထပ်ပွားနေတဲ့ သိဒ္ဓတ္ထရဲ့ စိတ်ဓာတ်ဟာ အဘိဇ္ဈာ ဒေါမနဿနဲ့ စပ်တဲ့အပိုင်းမှာ အလွန်ချွန်မြ ထက်မြက်တယ်။ လက်ငင်းပြစ်မှားနေတဲ့ အဘိဇ္ဈာ ဒေါမနဿရဲ့ လက္ခဏာများကို သိရု့မျှမက အတိတ်ကဖြစ်ခဲ့ဖူးတဲ့ အဘိဇ္ဈာ ဒေါမနဿနဲ့ အဘိဇ္ဈာ ဒေါမနဿကို ကြောင်းရင်းခံပြီး ဖြစ်ပွားခဲ့တဲ့ ကံသင်္ခါရများရဲ့ လက္ခဏာများကိုပင် အလွယ်တကူ ထင်နိုင်တဲ့အဖြစ် ရှိနေခဲ့ပြီ။ နီးနီးအတိတ်သာမက အလွန်ဝေးလံလှတဲ့ ငယ်ရွယ်စဉ် အတိတ်အထိ အားလုံးကို လက်ဝါးပေါ်တင်ပြီး မြင်ရသလို ဖြစ်နိုင်ခဲ့ပြီ။ သိဒ္ဓတ္ထဟာ နီးဝေးမဟူ အတိတ်က ပြုလုပ်ခဲ့ချက်များကို ဖော်လာနိုင်တဲ့အခါ အတိတ်က နေခဲ့ဘူးတဲ့ ခန္ဓာလို့ ဆိုရတဲ့ ရုပ်အစု ဝေဒနာ သညာ ၊သခါင်္ရ ၀ိညာဉ်အစုတွေကို ပြန်လည်အောက်မေ့နိုင်သူ ဖြစ်လာတယ်။ သိဒ္ဓတ္ထဟာ ဒီလိုရှေးက နေခဲ့ဖူးတာတွေ ပြန်လည် အောက်မေ့နိုင်တဲ့ အသဥာဏ်ရတာအတွက် အားတက်ရွှင်လန်းမှုများ ဆထက် ထမ်းပိုးတိုးလို့ ဖြစ်ရတယ်။ သူရှာဖွေခဲ့တဲူ့အိုမင်းမစွမ်းဖြစ်မှု အစစတွေရဲ့ အကြောင်းရင်းကို ယထာဘူတာကျကျ သိစပြုလာတာ ကြောင့်ဖြစ်တယ်။

ဒိဗ္ဗစက္ခုအဘိညာဉ်ပေါက်

အစွဲအလန်းဆိုတဲ့အရာတွေဟာ လူမှာမရှိတာ မဟုတ်ပေမယ့် လူမှာရှိတဲ့ လူက မသိရတဲ့အရာတွေ ဖြစ်နေတာကို သိဒ္ဓတ္ထဖော်လာနိုင်ခဲ့ပြီ။ အတိတ်က နေခဲ့ဖူးတဲ့ ခန္ဓာတွေဟာ ဒီဖြစ်တည် တည်ဆောက်တဲ့ ခန္ဓာတွေနဲ့ ပုံတူတွေ ဖြစ်နေတယ်။ ပစ္စုပ္ပန်ခန္ဓာ တည်ဆောက်တာဟာ အတိတ်ခန္ဓာအစွဲနဲ့ တည်ဆောက်ထားတာပဲ။ ဒါပေမယ့် အတိတ်က နေခဲ့ဖူးတဲ့ ခန္ဓာဟာ ပစ္စုပ္ပန်ခန္ဓာတည်ဆောက်သူ စိတ်ထဲမှာ ပေါ်ပေါ်လွင်လွင် ထင်မနေတာ့ဘူးလို ဖြစ်နေတယ်။ ဒါကို သိဒ္ဓတ္ထ ကောင်းကောင်းမြင်သွားပြီ ။ အတိတ်က နေဖူးတဲ့ ခန္ဓာအပေါ်မှာ တက်စွန်းတဲ့အစွန်းဟာ အိုမင်းမစွမ်းတဲ့အဖြစ် နာဖျားမကျန်းတဲ့အဖြစ် အသက်မ၀င် မရှင်မသန်တဲ့ အဖြစ်ဆိုတဲ့ အို၊ နာ၊ သေ၊ အဖြစ်တွေဖြစ်တာပဲ။ သိဒ္ဓတ္ထဟာ လူတွေမှာ ဖြစ်ပွားနေတဲ့ အို၊ နာ၊ သေအဖြစ်တွေနဲ့ စပ်ပြီး လိပ်ပတ်လည်အောင် သိမြင်သူအဖြစ် အသိဥာဏ် ဖြစ်ပေါ်ခဲ့တယ်။ နတ်မျက်စိဆိုတာ ရသူပမာ အသိဖြစ်ပွားတော့တာပဲ။

ပုဗ္ဗေနိဝါသာနုဿတိအဘိညာဉ်ပေါက်

အာသ၀က္ခယအဘိညာဉ်ပေါက်
ဒီတော့ သိဒ္ဓတ္ထဟာ ပစ္စုပ္ပန်မှာ ဖြစ်ပွားတဲ့ ခန္ဓာများအပ်ါမှာ အလားအလာ မကောင်းပုံ အစရှိတဲ့ လက္ခဏာတွေကို မြင်တာဆိုတော့ အနာဂတ်အတွက် အတိတ်ခန္ဓာအဖြစ် တည်ရှိရမယ့် ဒီပစ္စုပ္ပန်ခန္ဓာအပေါ်မှာ အတက်အစွန်း ကင်းသွားခဲ့တယ်။ ဒါကြောင့် အနာဂတ် ခန္ဓာဟာ အခု ပစ္စုပ္ပန်ခန္ဓာဆီက အစွဲယိုစီးမှုက ကင်းလွတ်တဲ့ ခန္ဓာပဲဖြစ်တော့တယ်။ ဒါကြောင့် အနာဂတ်ခန္ဓာဟာ ကံကြောင့်ဖြစ်တဲ့ ခန္ဓာပဲဆိုတဲ့ ဥပါဒါနက္ခန္ဓာ မဟုတ်တော့တာ ဖြစ်တယ်။

သူရှာဖွေတဲ့ နိရောဓမျက်မှောက်ပြုပြီ
ကံကြောင့်ဖြစ်တာမဟုတဲ့ ခန္ဓာဟာ အစွဲခန္ဓာမဟုတ်တဲ့ အနုပါဒါနက္ခန္ဓာပဲ။ ဒီအနုပါဒါနက္ခန္ဓာဟာ အဲဒီခန္ဓာ ပိုင်ဆိုင်သူကို လန်းဆန်းတက်ကြွ ရှင်သန်နေစေတယ်။ လန်းဆန်းတက်ကြွ ရှင်သန်နေမှုဟာ လွတ်လပ်သူရဲ့ လက္ခဏာတစ်ချက်ပဲ။ သိဒ္ဓတ္ထဟာ လူ့လောကရဲ့ အမြတ်ဆုံးကို ရောက်တဲ့အသိဥာဏ်ပေါက်သူ ဖြစ်ခဲ့ပြီ။
အဲဒီအချိန်က သူ့အသက် ၃၅ နှစ်ပြည့်တဲ့ နေ့ပဲ။ အဲဒီအချိန်မှာ သူဟာ ဗုဒ္ဓအဖြစ် ၀န်ခံနိုင်သူဖြစ်သွားခဲ့တယ်။ ဘုရားဖြစ်တယ်ပေါ့။ ဘုရားဖြစ်စမှာပဲ ဥဒါန်းစကားတစ်ခု ဖြစ်ပေါ်ခဲ့တယ်။ စကားကတော့....

အနေက ဇာတိ သံသာရံ သန္ဓာဝိဿံ အနိဗ္ဗိသံ၊
ဂဟကာရံ ဂဝေသန္တော ဒုက္ခာ ဇာတိ ပုနပ္ပုနံ၊
ဂဟကာရက, ဒိဌောသိ ပုနဂေဟံ နကာဟသိ၊
သဗ္ဗာ တေ ဖာသုကာ ဘဂ္ဂါ ဂဟကူဋံဝိသင်္ခတံ၊
၀ိသခါၤရဂတံ စိတံၱ တဏွာနံ ခယမဇၩဂါ။

ဒုက္ခအဖြစ်တွေ အထပ်ထပ်ဖြစ်နေတဲ့ ဒုက္ခအိမ်ဆောက်သမားကို ရှာဖွေနေတဲ့ ငါဟာ ဒုက္ခအဖြစ်အများအပြားထဲမှာပဲ မပြတ်မပြတ် ပြေးသွားနေရတယ်။
အိမ်ဆောက်သမားကို အခုတွေ့ပြီ။ နောက်ထပ်အိမ်ဆောက်မခံတော့ဘူး။
အခြင်ယနယ် အားလုံးကို ဖျက်ပြီး အိမ်ခေါင် အဖြစ်မခံတော့ဘူး။
စိတ်ဟာ ကံအဖြစ်ရောက်တာ မရှိတော့ပဲ တဏှာကုန်ရာ ရောက်ခဲ့ပြီလို့ပဲ။
ဒါဟာ ဥဒါန်းလို့ ဆိုတဲ့အတိုင်း သူ့စိတ်မှာ ဖြစ်ပွားချက်ဟာ စိတ်မှာ မနေနိုင်တော့ပဲ နှုတ်အထက်ဆီ တက်လာတဲ့ စကားပေါ့။

ရပြီးတဲ့ ဥတ္တရိ မနုဿဓမ္မကို အထပ်ထပ်ဆင်ခြင်
ဘုရားဟာလောကရဲ့ အမြတ်ဆုံးအရာကို သိပြီးနောက် ဒီတရားရဲ့ အကျိုးများကို အချိန်နဲ့ အမျှဖြန့်ကျက်ပွားများ နေတယ်။ လောကဟာ မိမိလွန်ကျူးမှုကို ကောင်းထင်တယ်။ ထင်လို့ လွန်ကျူးမှုလုပ်တယ်။ လုပ်လို့ လွန်ကျူးဥာဉ်ကပ်တယ်။ ဒီဥာဉ်ကြောင့် ဥာဉ်နဲ့ညီတဲ့ စိတ်အသစ် ကိုယ်အသစ် ဖြစ်တယ်။ ဒီအဖြစ်ကြောင့်ပဲ မျက်စိ၊ နားအစရှိတဲ့ အာရုံခံအင်္ဂါ ပေါက်တယ်။ ပေါက်လို့လွန်ကျူးမှုကို ကောင်းထင်ပြီး ထပ်လွန်ကျူးချင်တာ ဖြစ်တယ်။ လူ့လောကဟာ လွန်ကျူးမိတာ တစ်ခုခုကို ပြုမိရင် ဒီလွန်ကျူးမှု ၀ဲသြဃက လွှဲမထွက်နိုင်တော့ပါကလား။ လွန်ကျူးမှုကို အကောင်းထင် လွန်ကျူး ၊ လွန်ကျူးစရာဖြစ်ပြီး ခံစား၊ တခြားကို သူဘာမှ မသိမမြင်တော့ပါကလား၊ လွန်ကျူးမှုကိုယ်တိုင်က စိတ္တဇမှု ဖြစ်နေတော့ ဘယ်မှာ နုပျိုလန်းဆန်း သက်ဝင်မှု ဖြစ်တော့မလဲပေါ့။ လူဟာ ကိုယ့် ကိုယ်၊နှုတ် ၊နှလုံး တစ်ခုခုလှုပ်ရှားချက်ကို မှန်သလား၊ မှားသလားဆိုတာ သိနိုင်တဲ့အဖြစ် မရှိဖြစ်နေခဲ့တယ်။ သိတယ်ဆိုတာ ဆင်ခြင်မှ ဖြစ်တယ်။ ဆင်ခြင်တဲ့စိတ်က အစွဲဝင်နေပြီ ဆိုရင် အမှန်ကို မြင်တာထက် အစွဲကပြတာကို မြင်ရတော့မှာပေါ့။ လူဟာ ဒီလောက်လွဲလာပြီဆိုရင် ဒုက္ခအဖြစ်ဟာ ၀င်ရပြီပဲ။ အသက်မ၀င်တဲ့ အဖြစ်လည်း ရရပြီပေါ့။ ဒီတော့ ဒါတွေရဲ့အကြောင်းဟာ ရှင်းနေပြီ။ နတ်လိုလို၊ ဓါတ်လိုလို၊ နက္ခတ်လိုလို သံသယတွေဘာဖြစ်စရာ ရှိသေးတော့သလဲ။ ဒါကို ဘုရားရှင်က ဥဒါန်းလုပ်ထားတာ ရှိတယ်။

ဘုရားဖြစ်စဥဒါန်းများ

ယဒါဟဝေပါတုဘ၀န္တိဓမ္မာ
အာတာပီနောဈာယတောဗြဟ္မဏဿ၊
အထဿကခါင်္ဝပ္ပယန္တိသဗ္ဗာ၊
ယတောပဇာနာတိသဟေတုဓမံ္မ။

“ဈာန်ရအောင်အားထုတ်ထားတဲ့ရဟန္တာဟာ
တရားတွေထင်ရှားလာတဲ့တစ်ချိန်မှာ
အကြောင်းကြောင့်ဖြစ်ပွားတာတွေသိတာကြောင့်
အဲဒီဖြစ်ပွားချက်တွေမှာ ယုံမှားတွေ ပျောက်ကုန်ကြတယ်”လို့ပဲ။
ဒီဥဒါန်းလုပ်ပြီးနောက် အပြန်အားဖြင့် ဆင်ခြင်ပြန်တယ်။ လွန်ကျူးမှု ခပ်သိမ်းရဲ့ အလားအလာ မကောင်းပုံ၊ မလိုလားအပ်ပုံနှင့် အနှစ်မဲ့ပုံတွေကို သိတဲ့သူဟာ သိတာကြောင့် မလွန်ကျူးဘူး။ မကျူးလို့ ဥာဉ်မကပ်၊ မကပ်လို့ ဥာဉ်နှင့်သိတဲ့ စိတ်တွေ ကိုယ်တွေမဖြစ်၊ မဖြစ်လို့ မျက်စိ၊ နားစတဲ့ အာရုံခံအင်္ဂါင်္တွေ မပေါ်၊ မပေါ်လို့ အာရုံတွေကို မတွေ့၊ မတွေ့လို့ မခံစားရ၊ မခံစားရလို့ ထပ်ကျူးလွန်ချင်တာ မဖြစ်၊ မဖြစ်လို့ ဒုက္ခမဖြစ် စတာတွေမဖြစ်ဘဲ ငြိမ်းချမ်းတယ်။ လူဟာ ကိုယ်၊ နှုတ်၊ နှလုံးလှုပ်ရှားမှု ကျူးလွန်ချက်ရဲ့ အလားအလာကောင်း မရှိပုံ၊ လိုလားစရာမရှိပုံနဲ့ အနှစ်သာရ ဆိတ်သုဉ်းနေပုံတွေကို သိတော့ မလွန်ကျူးတော့ဘူး။ မကျူးလွန်တော့ ဥာဉ်မကပ်တော့ပဲ ဒုက္ခအဖြစ် ငြိမ်းတာပဲ။
ဒီလိုဆင်ခြင်မိတော့လည်း ဥဒါန်းတစ်ခု နောက်ထပ်လုပ်မိပြန်တယ်။ ဒီဥဒါန်းကတော့...
ယဒါဟဝေ ပါတုဘ၀န္တိဓမ္မာ၊
အာတာပိတေနာ ဈာယတော ဗြဟ္မဏဿ၊
အထႆ ကခါၤ ၀ပၸယႏၲိသဗၺာ၊
ယေတာခယံ ပစၥယာနံ အေ၀ဒိ။

“ဈာန်ရအောင် အားထုတ်ထားတဲ့ ရဟန္တာဟာ
တရားတွေထင်လာတဲ့ တစ်ချိန်မှာ
အကြောင်းတရားတွေ ကုန်နေတာ သိတာကြောင့်
အဲဒီ ကုန်နေချက်တွေမှာလည်း “ဟိုလိုကြောင့်လား၊ ဒီလိုကြောင့်လား” ယုံမှားချက်တွေ ပျောက်ကုန်ကြတယ်”လို့ပဲ။

ဒီဥဒါန်းလုပ်ပြီးနောက် အပြန်အားဖြင့် ဆင်ခြင်ပြန်တယ်။ လွန်ကျူးမှု ခပ်သိမ်းရဲ့ အလားအလာ မကောင်းပုံ၊ မလိုလား အပ်ပုံနှင့် အနှစ်မဲ့ပုံတွေကို သိတဲ့သူဟာ သိတာကြောင့် မလွန်ကျူးဘူး။ မကျူးလို့ ဥာဉ်မကပ်၊ မကပ်လို့  ဥာဉ်နှင့်သိတဲ့ စိတ်တွေ ကိုယ်တွေမဖြစ်၊ မဖြစ်လို့  မျက်စိ၊ နားစတဲ့အာရုံခံအင်္ဂါတွေ မပေါ်၊ မပေါ်လို့ အာရုံတွေကိုမတွေ့ ၊ မတွေ့ လို့  မခံစားရ၊ မခံစားရလို့  ထပ်ကျူးလွန်ချင်တာမဖြစ်၊ မဖြစ်လို့  ဒုက္ခဖြစ် စတာတွေမဖြစ်ပဲ ငြိမ်းချမ်းတယ်။

လူဟာ ကိုယ်၊ နှုတ်၊ နှလုံးလှုပ်ရှားမှု ကျူးလွန်ချက်ရဲ့ အလားအလာကောင်းမရှိပုံ၊ လိုလားစရာမရှိပုံနဲ့  အနှစ်သာရ ဆိတ်သုဉ်းနေပုံတွေကို သိတော့ မလွန်ကျူးတော့ဘူး။ မကျူးလွန်တော့ ဥာဏ်မကပ်တော့ပဲ ဒုက္ခအဖြစ် ငြိမ်းတာပဲ။
ဒီလိုဆင်ခြင်မိတော့လည်း ဥဒါန်းတစ်ခု နောက်ထပ်လုပ်မိပြန်တယ်။ ဒီဥဒါန်းက -
ယဒါဟဝေ ပါတုဘ၀န္တိဓမ္မာ၊ အာတာပိတေနာ
ဈာယတော့ ဗြဟ္မနဿ၊ အထဿ ကင်္ခါဝပ္ပ
ယန္တိသဗ္ဗာ၊ ယတောခယံ ပစ္စယာနံ အဝေဒိ။
ဈာန်ရအောင် အားထုတ်ထားတဲ့ ရဟန္တာဟာ တရားတွေထင်လာတဲ့ တစ်ချိန်မှာ အကြောင်းတရားတွေ ကုန်နေတာသိတာကြောင့် အဲဒီ ကုန်နေချက်တွေမှာလည်း “ဟိုလိုကြောင့်လား၊ဒီလို ကြောင့်လား” ယုံမှားချက်တွေ ပျောက်ကုန်ကြတယ်လို့ ပဲ။
ဒီအချက်တွေကို အထပ်ထပ် တွဲစပ်ပြီး ဆင်ခြင်ပြန်တယ်။ လွန်ကျူးမှုရဲ့ အကျိုးယုတ်တာမသိလို့  လွန်ကျူးတာ။ လွန်ကျူးမှုရဲ့ အကျိုးယုတ်တာသိတော့မလွန်ကျူးဘူး။ လွန်ကျူးလို့ ဥာဉ်ကပ်တာ၊ မလွန်ကျူးရင် ဥာဉ်မကပ်ဘူး။ ဥာဉ်ကပ်လို့ စိတ်လက်ပေါ်တာ၊ ဥာဉ်မကပ်ရင် စိတ်လက်မပေါ်ဘူး။ စိတ်လက်မပေါ်လို့ မျက်စိ စတာတွေပေါက်လို့  အာရုံတွေကို တွေ့ တာ၊ မပေါက်ရင် အာရုံတွေမတွေ့ ဘူး။ အာရုံတွေတွေ့ လို့ ခံစားမှုဖြစ်တာ၊ အာရုံတွေမတွေ့ ရင်ခံစားမှုတွေမဖြစ်ဘူး။ ခံစားမှုဖြစ်လို့  လွန်ကျူးလုပ်ချင် စတာတွေဖြစ်တာ၊ ခံစားမှုမဖြစ်ရင် လွန်ကျူးလုပ်ချင်မှု စတာတွေမဖြစ်ဘူး။ လွန်ကျူးချင်မှု စတာတွေဖြစ်လို့ သောကပရိဒေ၀ဒုက္ခ ဒေါမနဿ ဥပါယာသတွေဖြစ်ပြီး ဒုက္ခတုံးကြီး ဖြစ်တာ။ လွန်ကျူးချင်မှုစတာတွေ မဖြစ်ယင် သောက အစရှိတာတွေ မဖြစ်ပဲ သဘောဓမ္မတွေပဲ ဖြစ်မှာလို့  ပဲ။ ဒီလိုဆင်ခြင်ပြီးတော့ နောက်တစ်ခါထပ်ပြီး ဥဒါန်းတစ် လုပ်မိတယ်။ အဲဒါက -
ယဒါဟဝေပါတု ဘ၀န္တိဓမ္မာ၊ အာတာပိနော
ဈာယတောဗြဟ္မဏဿ၊ ၀ိဓူပယံ တိဋ္ဌတိ မာရသေနံ
သူရိယောဝ သြဘာသယ မန္တလိက္ခံ။

ဈာန်ရအောင် အားထုတ်ထားတဲ့ ရဟန္တာဟာ တရားတွေထင်လာတဲ့ အချိန်မှာ ကောင်းကင်တစ်ခုလုံး လင်းစေတဲ့ နေမင်းအလား မာရ်စစ်သည်တွေရဲ့  အခိုးကင်းပြီး လင်းနေတယ်လို့ ပဲ။

Website counter

Back to TOP