ဘုရား(၄) သိဒ္ဓတ္ထနတ်ထမင်းစား

သိဒ္ဓတ္ထလည်း ဆိတ်ကျောင်းညောင်ပင်အောက်မှာ တစ်ယောက်တည်း နေလိုက်တယ်။ မိုးသောက်ယံ ဝေလီဝေလင်းမှာ ညောင်ပင်ကို လာရောက်ပူဇော်သူ အမျိုးသမီးတစ်ဦး လှူဒါန်းသွားတဲ့ ဆွမ်းကိုစားရတယ်။ အမျိုးသမီးက ညောင်ပင်စောင့်နတ်အဖြစ် လှူသွားဟန်ရှိတယ်။ တောထဲရောက်မှ မစားရဘူးအောင် ကောင်းမွန်တဲ့ နတ်ဆွမ်းပဲ။ ဒီဆွမ်းစားရတာဟာ စိတ်လက်ကြည်ရွှင် လန်းဆန်းမှုတွေ ပိုဖြစ်ရတယ်။


သိဒ္ဓတ္ထကိုပဉ္စ၀ဂ်တို့စွန့်ခွာပြီ

သိဒ္ဓတ္ထက ငြင်းပါတယ်။ ဒီလိုဆိုရင် သင်လွတ်မြောက်တဲ့အခါ သူ့ကိုလည်းပြောပေးပါလို့ ဘုရင်က တောင်းဆိုလိုက်တယ်။ သိဒ္ဓတ္ထဟာ အသားအရေ ဖြိုးပြည့်ပြီး အရောင်အဆင်းလည်း ၀င်းဝါလာပါတယ်။ ပဉ္စ၀ဂ်တွေက ဒို့အယူအဆ အမှန်ဖြစ်ပြီ။ ဒီလိုသူ့ကို ပြုစုနေလို့ ဒို့ဘာမှ ရမှာမဟုတ်ဘူး။ ဒီကသွားကြမယ်ဆိုပြီး မိဂဒါဘက်ထွက်သွားကြတယ်။

ဆွမ်းစားပြီး နေရဉ္စရာမြစ်ကလေးဘေးက ခွာလာခဲ့တော့ မြက်ရိတ်သမား တစ်ဦးစီက မြက်ဆုပ်အချို့ကို အလှူခံလာခဲ့တယ်။ ဗောဓိ ညောင်ပင်အောက်သွားပြီး မြက်ပင်တွေနဲ့ နေရာကလေးလုပ်ပြီး တရားရှာ မဆုံးသမျှ ဒီက မရွှေ့တော့ဘူးလို့ ဆုံးဖြတ်ခဲ့တယ်။ သိဒ္ဓတ္ထဟာ ဒီလိုဆုံးဖြတ်ပေမယ့် တရားဟာ ဘာလဲဆိုတာ မသိပါဘူး။ သိအောင် ဘယ်လို ရှာရမယ်ဆိုတာတောင် မသိဖြစ်နေရတယ်။ တရားတွေ ရှာလာခဲ့တာလည်း ကုန်ပြီ။ အဲဒီ တရားတွေကလည်း သူ့ဆန္ဒကို နည်းနည်းမှ မဖြည့်နိုင်ကြ။ ဒီတရားတွေအတွက် ပေးခဲ့ရတာက တိုင်းပြည်နဲ့ ထီးနန်း။ အခု သူရနေတာက သစ်ပင်အောက်က မြက်ခင်းပေါ်မှာ။ ဒါတွေ သူ့အတွေးအစဉ်မှာ မ၀င်အောင် မတတ်နိုင် ဖြစ်လာတယ်။ နိဂုံးချုပ်တော့ သူ ဘယ်သွားနေတာလဲ၊ သူ ဘာကို ရနေတာလဲ။ ဒါအတွက် အဖြေတွေက ရင်မအေးစရာတွေပဲ။ သိဒ္ဓတ္ထစိတ်တွေ လှုပ်လှက်ခတ်နေတယ်။

သိဒ္ဓတ္ထစိတ်ဓါတ်ကျ
လူ့လောကရဲ့ စနစ်အသစ်တည်ဆောက်ဖို့မှာ သူဟာ လူ့လောကရဲ့ အပြင်ဘက်က ညောင်ပင်အောက် မြက်ပင်ပေါ်မှာ နေရတဲ့အဖြစ် ရောက်ပြီလား။ ဒါမှမဟုတ် တိုင်းပြည်နဲ့ ထီးနန်းလက်ရှိဖြစ်ရင် ဒီထက် ကောင်းမွန်တဲ့ စနစ် ဖန်တီးနိုင်မလား။ ဒီလိုလည်း မဟုတ်သေးဘူး။ မဟုတ်သေးဘူး ဆိုရင် မဟုတ်ပုံကို ဘာနဲ့ ပြမလဲ။ လှေပြိုင်ပွဲမှာ ကိုယ့်ဘက်ကိုယုံပြီး ခုန်ဆင်းလောင်းလိုက်တာ ကိုယ့်ဘက်က ရှုံးတော့ ခုန်ဆင်ပြီးပေးရလို့ ကိုယ်ပိုင်ဘာမှ မရှိသူထက် ဆိုးတဲ့အဖြစ်မျိုး ကြုံနေရတာကို သိဒ္ဓတ္ထ ခံစားနေရတယ်။ သိဒ္ဓတ္ထမြင်ကွင်းမှာ မြင်နေရတာတွေက ဖိလိုက်စီးလိုက် နှိပ်စက်လိုက်တော့မှာလိုလို ကြားရတဲ့ အသံတွေကလည်း မြင်ရတာနဲ့ တစ်ထပ်ထဲပဲ။ ဒါတွေဟာ ငါ့မှာ ဘာတွေ ဖြစ်နေတာလဲ။ ငါဟာ သူတို့ရဲ့ ၀ိုင်းဝန်းဖျက်ဆီးတာ ခံရတော့မှာလား။

ဟိနမာန်ကို အောင်မြင်
ဒီလိုခံရအောင် ငါက မမှန်ဘူးလား။ ငါလုပ်သမျှတွေဟာ ဒီမဟာပထ၀ီ မြေကြီးပေါ်မှာချည်း ဖြစ်တယ်။ ဒီမြေကြီးဟာ ငါ့ရဲ့ တည်ရာပဲ။ ဒီမြေကြီး တည်ငြိမ်သမျှ ငါ့ရဲ့ ရည်မှန်းချက် ပဏိဓိဟာ မပျောက်မပျက် တည်ငြိမ်တယ်။ မြေကြီးထင်ရှားသလို ငါ့ပဏိဓိဟာ ထင်ရှားတယ်။ ငါဟာ ပဏိဓိ မရှိသူ မဟုတ်ဘူး။ သိဒ္ဓတ္ထဟာ စောက်ထိုးကျသွားတဲ့ စိတ်ဓါတ်ကို ကောင်းကောင်း ပြန်ဆည်နိုင်ခဲ့တယ်။

မဇ္ဈိမပဋိပါဒါရဲ့လမ်းစတွေ့
သိဒ္ဓတ္ထရဲ့ စိတ်ဓါတ်တွေဟာ အထူးလန်းဆန်းနေတယ်။ အားအင်တွေလည်း အပြည့်ရှိလာတယ်။ ငါ့မှာကျင့်စရာ တရားမရှိဘူးဆိုတာ ဘယ်မှာ ဖြစ်နိုင်ပါ့မလဲ ။ ငါငယ်စဉ်က ငါ့ဖခင် လယ်ထွန်မင်္ဂလာလုပ်ရာ ငါ့ကိုခေါ်သွားတယ်လို့ ငါသိရတယ်။ ငါ့အထိန်းတွေဟာ ငါ့ကို သပြေပင်ရိပ်မှာ သိပ်ပြီး ဖခင်လယ်ထွန်ရာကို သွားငေးနေကြတာ ငါ့ကို မေ့နေကြတယ်။ သတိရလို့ ကြည့်တဲ့အခါမှာ ငါ့သိပ်တဲ့နေရာက သစ်ပင်ရိပ်က ခွာသွားပြီ ။ ဒီအဖြစ်မှာ ကြည်စင်စွာ ရှိတဲ့ ငါ့ကိုတွေ့ရပြီး ငါ့ဖခင်ကိုယ်တိုင် ငါ့ကို ချီးမွမ်း ထောမနာမှု လုပ်တယ်လို့ သိရတယ်။ လသားအရွယ်သာရှိသေးတဲ့ ငါ့ကို ဖခင်က ဘာကြောင့် ထောမနာ ၀န္ဒနာစကား ဆိုရသလဲ။ အငိုယို မဆိုးဆာတာကြောင့်ပဲ။ မဆိုးဆာတာဟာ အလိုမကြီးတာရဲ့ လက္ခဏာဖြစ်တယ်။ လသားအရွယ် ကလေးငယ်ကိုတောင် အလိုအမျက်မဲ့မှုဟာ ထောမနာဝန္ဒနာ ဖြစ်စေနိုင်တယ် ဆိုရင်လို့ သိဒ္ဓတ္ထက ဆက်တွေးတယ်။ ငါဟာ ပက်လက်သာ အိပ်တတ်သေးတဲ့ အရွယ်မဟုတ်ဘူး ။ ပြောတတ် ၊ဆိုတတ်၊ သွားတတ်၊ လာတတ်၊ စဉ်းစားတွေးတောမှုတွေ တောင်လုပ်တတ်သူပဲ ။ ငါက အလိုနဲ့ အမျက်ဖြစ်တဲ့ အဘိဇ္ဈာ နဲ့ ဒေါမနဿကို ခွာပြီးနေနိုင်ရင် အမှန်ပဲ အဖိုးများစွာ တန်စရာရှိတယ်။ ဒါကို ငါကျင့် ရမှာပဲ။ ဒါကိုသိဒ္ဓတ္ထကဆုံးဖြတ်လိုက်တယ်။

ဓမ္မာနုဓမ္မပဋိပတ်ကျင့်ပြီ
သိဒ္ဓတ္ထဟာ သူ့ကိုယ်ကာယ လှုပ်ရှားရများကို လှုပ်ရှားလုပ်ကိုင်တယ်။ အဲဒီ လှုပ်ရှားမှုတစ်ခုမှ အဟန့်အတား အချိုးအဖျက်မလုပ်ဘူး။ အဲဒီလို နေထိုင်မှုတိုင်းမှာ အဘိဇ္ဈာနဲ့ ဒေါမနဿများ ပါဝင်သလား သတိထားပြီး ပါဝင်တယ်ဆိုရင် သူ့ရဲ့ မကောင်းပုံကို ဆင်ခြင်ကာ သူ့ကို အပျောက်ဖျောက်ပစ်တယ်။ ထိုင်တာ ၊ထတာ၊ ရပ်တာ၊ သွားတာနဲ့ စားတာ ၊စွန့်တာ မကျန်အားလုံးမှာလည်း ဒီအတိုင်း လုပ်တယ်။ လေသွင်း ၊လေထုတ် ဖြစ်တဲ့အသက်ရှုတာ ရှိုက်တာမှာပင် ဒီအတိုင်း လုပ်တယ်။ တစုံတရာ ခံစားမှုဖြစ်တယ်ဆိုလည်း ဒီအတိုင်းပဲ လုပ်တယ်။ အကောင်းခံစားချက် အဆိုးခံစားချက် အစစခံစားချက်များ ဖြစ်ပွားစဉ်မှာလည်း အဘိဇ္ဈာ နဲ့ ဒေါမနဿကို ဖျောက်ဖျက်တယ်။ စိတ်ကူးစိတ်သန်း တွေကိုလည်း ဘာကိုမှ အချိုးအဖျက် အဟန့်အတား မလုပ်ဘူး။ ကျည်းကျည်းကျယ်ကျယ် ဘယ်စိတ်ကူးမဆိုတိုင်းမှာလည်း အဘိဇ္ဈာနဲ့ ဒေါမနဿကိုပဲ ဖျောက်တယ်။ သဘောတရားတရပ်ရပ်တိုင်းမှာလည်း ဒီလိုပဲ ဘယ်သဘောတရားကိုမှ အဟန့်အတား မလုပ်ဘူး။ အဲဒီ သဘောတရားတိုင်းမှာ ပါဝင်လာတဲ့ အဘိဇ္ဈာနဲ့ ဒေါမနဿကို သိအောင်လုပ်၊ အပြစ်မြင်ပြီး ပယ်ဖျောက်တာကို လုပ်တာပဲ။ သိဒ္ဓတ္ထဟာ ဒီလုပ်ရလို့ မပင်ပန်းရုံမျှမက ကိုယ်ရေကိုယ်သားပင် မျှတကြည်လင်လာတာ တွေဖြစ်ကြတယ်။ ဒီအဘိဇ္ဈာ ဒေါမနဿ သဘောတွေရဲ့ အဖြစ်ခံရသူများ အလားအလာ မကောင်းတဲ့ လက္ခဏာ၊ လိုလားစရာ မကောင်းတဲ့ လက္ခဏာ၊ အနှစ်သာရဆိတ်သုဉ်းနေတဲ့ လက္ခဏာ၊ ဒီလက္ခဏာ တွေကို ဈာန်ဝင်စားတဲ့အထိ အထပ်ထပ် ဆင်ခြင်မှုတွေ လုပ်နေတယ်။

လက္ခာဏူပနိဇ္ဈာနဈာန်ဝင်
အဘိဇ္ဈာ သို့မဟုတ် ဒေါမနဿ သို့မဟုတ် အဘိဇ္ဈာ ဒေါမနဿတို့ကြောင့်ဖြစ်တဲ့ ကိုယ်၊ နှုတ်၊ နှလုံး အမှုတစ်ခုခု ဒါတွေပေါ်မှာ မှတ်သားစရာအဖြစ် ဖြစ်ရတဲ့ အလားအလာ မကောင်းပုံ သို့မဟုတ် လိုလားစရာ မကောင်းပုံ သို့မဟုတ် အနှစ်သာရ ဆိတ်သုဉ်းပုံ အာရုံ့များမှာ သူ့စိတ်ကို တင်ပေးတယ်။ သုံးသပ်တယ်။ ဒီအသိအမြင်ပေါ်မှာ နှစ်သက်တယ်။ ချမ်းသာတယ်။ အဲဒါတွေမှာပဲ စိတ်ဟာ စုနေတယ်။ သိဒ္ဓတ္ထဟာ ဒါတွေကို အစအဆုံး အထပ်ထပ် ၀င်စားတယ်။ ကြိမ်ဖန်များလာတဲ့အခါ ဒါတွေကို သုံးသပ်ဖို့ပင် မလိုတော့ပဲ နှစ်သိမ့်ချမ်းမြေ့ စူးစိုက်နေတာကို ၀င်စားတယ်။ ဒါကိုဝင်စားဖန်များလာတဲ့ အခါ နှစ်သိမ့်မှုပင် မပါတော့ပဲ ချမ်းမြေ့ စူးစိုက်မှုကိုပဲ ၀င်စားလာတယ်။ နောက်ဆုံး၌ ချမ်းမြေ့မှုကိုပင်ခွာထုတ်ပြီးပြည့်ဝစူးစိုက်မှုကိုပဲဝင်စားနေတော့တယ်။

Website counter

Back to TOP