ဘာကြောင့်ဖြစ်ဖြစ် အညစ်အကြေးတွေရဲ့ အကြောင်းတွေနဲ့ အကျိုးဝိပါက်တွေမသိကြရတာဟာ လူ့  လောကကို အတိုင်းမသိ နစ်နာစေခဲ့တယ်။ လူ့  လောက အမှောင်ကျတဲ့ အထိပဲ။ လူတွေမှာ အားအင်တွေ ကုန်ခမ်းပြီး ပန်းဆုံး အဖြစ်မှာတည်ရှိစေခဲ့တယ်။ အသက်မသေသေးပေမယ့် အသေကောင်ဘဝ ရောက်တဲ့ အထိရှိတယ် ပြောမှ ပြည့်စုံစရာ ဖြစ်မယ်။
ဒါမသိတော့ လူ့ လောကရဲ့ အခက်ကို ဘယ်လိုမှ မပယ်ဖျက်နိုင်ဘူး။ အဲဒီအခက်ကိုပဲ လက်မြောက် အရှုံးပေးကြရတယ်။ ဒါမသိတော့ ယုံမှားကင်္ခါ အားလုံးသိမ်းကြုံယူတာကို လွန်ဆန် နိုင်တဲ့ အနေအထား မရှိတဲ့ အဖြစ်ခံကြရတယ်။ ကိုယ့်မှာ ဖြစ်နေတဲ့ လိုလားအပ်တာတွေ၊ မလိုလားအပ်တာတွေ အထွေထွေ ဖြစ်ပွားမှုတွေဟာ ဘာကို အကြောင်းခံ ဖြစ်သလဲဆိုတာ မသိချင်သူ မရှိဘူးလို့  ပြောရမှာပဲ။ လူ့ လောကမှာ စိတ်ဝင်စားခံရတဲ့ အရာဟာ အဲဒီအသိပဲ ဖြစ်တယ်။ ဒါသိမှလည်း ကိုယ့်ကိုယ်ကို ကိုယ်လိုချင်တာ အရောက်ပေါက်မြောက်အောင် ကြိုးကိုင်နိုင်မယ် မဟုတ်လား။ ဒါကြောင့် ဒါကို စိတ္တဇ မဝင်တဲ့လူတိုင်း အလိုလားဆုံး အရာ အဖြစ် ထားကြတာပဲ။
ဒါကြောင့် လူ့ လောကမှာ ဖြစ်ပွားနေတဲ့ အထွေထွေ လိုလားစရာ၊ မလိုလားစရာတွေဟာ ကောင်းကင်မှာရှိတဲ့ နေ၊ လ၊ နက္ခတ်တွေမှာ အကြောင်းခံတယ်လို့  ခံယူသူလည်း ခံယူတာပဲ။ ဓါတ်တွေကြောင့် ခံယူသူတွေလည်း များတယ်။ တခြား အကြောင်းတွေကြောင့်လို့  ယူသူတွေလည်း ရှိကြမှာပဲ။
မသိဘဲ ခံယူသမျှ ဝိပါက်နဲ့ ချည်း
ဒီအသိကို လူ့ လောကဟာ အဆုံးစွန်ကျအောင် စိတ်ဝင်စားတယ်။ ဒါပေမယ့် ဒီအသိနဲ့ စပ်ပြီး နည်းနည်းမှ မသိ ဖြစ်နေတယ်။ ဒါကြောင့် ပြောလာသမျှတွေဟာ ခံယူရမယ့် အရာတွေ ဖြစ်နေတယ်။ ဒါကြောင့် ဒီလိုတွေ တွေ့ ရာမှာ ခံယူမိကြတာပဲ။ ဒီလိုခံယူပေမယ့် ခံယူတဲ့ အတိုင်း အတိအကျဖြစ်တယ်လို့  မဟုတ်တာလည်း သူတို့ တွေ့ ကြတယ်။ ဒါပေမယ့် မဖြစ်တာတွေ့ ရသလို ဖြစ်တာတွေ့ ရတာလည်း ရှိတာဆိုတော့ ဒါက အိုနေကံ အဖြစ် လက်ခံထားလိုက်ကြ တယ်။
ဒီခံယူချက်တွေ အားလုံးက အတိအကျမှန်ကန်တဲ့ ခံယူချက်တွေ မဟုတ်ဘူး။ အမှားတွေပဲ ဖြစ်ကြတယ်။ ဒါပေမယ့် မှန်ကန်တဲ့ ခံယူစရာ မတွေ့ တော့ဒါပဲ ခံယူရာက မရွေ့ ကြတော့တာပဲ။ ဒီလို မှားယွင်းတဲ့ ခံယူချက်ကို ရင်မှာပိုက်နေရပြီ ဆိုတော့ သူတို့ ဘဝရဲ့ ပန်းတိုင်က ဘယ်မှာမြင်စရာ ရှိတော့မလဲ။ ကလေကချေ အဖြစ်ဆိုက်တော့ တာပေါ့။
လူ့ လောကဟာ ကိုယ့်မှာ ကျရောက်နေတဲ့ အညစ်အကြေးနဲ့  အဲဒါတွေရဲ့ အကြောင်းဟိတ်၊ အဲဒါတွေရဲ့ အကျိုးဝိပါတ် ဒါတွေ မသိတာနဲ့  ဘာကိုပဲဖြစ်ဖြစ် ယုံလောက်အောင် ပြောသူနောက် ကောက်ကောက်ပါ ယုံတော့တာပဲ။ ဒီအယုံတွေ ဟာ မှန်ကန်တဲ့ အယုံတွေ မဟုတ်ကြဘူး။ အားလုံးဟာ ယုံမှားတွေပဲ ဖြစ်တယ်။ စိတ်တွေ ဝေဝါးပြီး အားအင်တွေ နည်းပါးသူဟာ ခေါ်သူထက် အထင်ထားလောက်အောင် ခေါ်ရင် နောက်ခေါ်သူနောက် ပြောင်းပြီး လည်း လိုက်မှာပဲ။
အကြောင်းအကျိုးနဲ့  သံသရာ
အညစ်အကြေးနဲ့  ဒါရဲ့ အကြောင်းကိုရော အကျိုးကိုပါ သိကြရင် ဒီအညစ်အကြေးရဲ့ အကျိုးဝိပါက်တွေက အညစ်အကြေးရဲ့ အကြောင်းတွေ တဖန်မွေးဖွားပေးတာကို မသိဘဲ မနေဘူး။ အညစ်အကြေးတွေရဲ့ အကျိုးတွေဟာ အညစ်အကြေးတွေရဲ့ အကြောင်းတွေကို မွေးဖွားပေးနေကြတယ်။ အညစ်အကြေးတွေရဲ့ အကြောင်းတွေဟာ သူတို့  ဟာသူတို့  အလိုလို ဖြစ်ပွားနေကြတာတွေ မဟုတ်ကြဘူး။ အညစ်အကြေးရဲ့ အကျိုးဝိပါက်တွေက ပေါက်ပွားပေး ခံရတာတွေချည်း ဖြစ်တယ်။ အညစ်အကြေးရဲ့ အကြောင်းဟိတ် မှတ်သမျှဟာလည်း အညစ်အကြေးတွေအတွက် အကြောင်းဟိတ် ဖြစ်နေပေမယ့် သူတို့ မှာလဲ အကြောင်း ရှိတာချည်း ဖြစ်နေကြတယ်။
ဒီလိုသိရင် အညစ်အကြေးတွေရဲ့ အဖြစ်အပျက်တွေကို ပိုင်းပိုင်းခြားခြား သိပြီပေါ့။ အညစ်အကြေးတွေရဲ့ အကြောင်း ဟိတ်ကြောင့် အညစ်အကြေးတွေ ဖြစ်တယ်။ အညစ်အကြေးကြောင့် အညစ်အကြေးရဲ့ အကျိုးဝိပါတ်ဖြစ်တယ်။ အညစ်အကြေးရဲ့ အကျိုးဝိပါက်ကြောင့် အညစ်အကြေးရဲ့ အကြောင်းဟိတ်ပြန်ဖြစ်ပြီး ဒီလို အညစ်အကြေး လည်ပတ်မှု သံသရာကို ပိုင်းခြားမိအောင် သိတော့တာပေါ့။
သံသရာသိတာ ယုံမှားပျောက်
ဒီလို အညစ်အကြေး လည်ပတ်မှု သံသရာရဲ့ အစိတ်အပိုင်းတွေ သိပြီဆိုတော့ ဒီအညစ်အကြေးတွေဟာ နတ်ကြောင့် လား၊ ဓါတ်ကြောင့်လား၊ နက္ခတ်ကြောင့်လား၊ ရှေးကကြောင့်လား အစစ အရေးတွေ ဖြစ်တဲ့ ကင်္ခါလို့ ခေါ်တဲ့ ယုံမှား အမျိုးမျိုးတွေ ဝင်မရတော့ပြီပေါ့။
အယုံအမှားတွေ မဝင်အောင် လုပ်နိုင်တာဟာ အညစ်အကြေးတွေကို ဘာကြောင့်ဖြစ်တယ်။ ဘယ်အကျိုးကို ပွားတယ်။ အဲဒီအကျိုးက အကြောင်းကို ဘယ်လို ဖြစ်အောင် ဆိုတာကို အမှန်မြင်လို့  ဖြစ်တယ်။ ဒီသမ္မာ ဒဿနမျိုး မဖြစ်ရင် ဒီယုံမှား ကင်္ခါက မပျောက်ဘူး ဖြစ်တယ်။ ဒီသမ္မာဒဿနမျိုး မဖြစ်ရင် ဒီယုံမှား ကင်္ခါက မပျောက်ဘူး ဖြစ်တယ်။
ယုံမှားပျောက်တာ မျက်စိပေါက်
ဒီတော့ ယုံမှားပျောက်တာ အရေးကြီးတယ်။ သမ္မာဒိဌိရဲ့ အမည်တစ်မျိုး ဖြစ်လို့ ပဲ။ ဒီယုံမှား မပျောက်ပဲနဲ့  လွတ်မြောက်မှု အတွက် ဘယ်လောက်ကျင့်ကျင့် မလွန်မြောက်နိုင်ဘူး။ မျက်စိမပါပဲ လမ်းသွားသူလိုပဲ ဖြစ်လိမ့်မယ်။ လွတ်မြောက်စရာ မရောက်ပဲ ရောက်ချင်ရာ ရောက်နေမှာပဲ။
မျက်စေ့လည်ရင် မပွားနဲ့ 
ယုံမှား ကင်္ခါက တန်းလန်းနဲ့  လောဘ၊ ဒေါသ ဆိုတာကို ပါးရှား ပပျောက်အောင် လုပ်သူတွေ ရှိကြတယ်။ ဒီသူတွေဟာ လုပ်တဲ့ အမှားထဲ ရောက်တာပဲ၊ သူတို့ ဟာ လုပ်တဲ့ အမှားကိုတော့ အမှားမှန်း မသိကြဘူး မဟုတ်လား။ ကိုယ်လုပ်လို့  ရတာဆိုတော့ မှန်တယ် လို့ ကလည်း မထင်အောင် မတတ်နိုင်ကြဘူးပဲ။
သူတို့ ဟာ မြင်မြင်သမျှ၊ ကြားကြားသမျှ အစစတွေ အပေါ်မှာ အလိုလောတွေ မဖြစ်အောင်နဲ့  အမျက်ဒေါသတွေ မထားမိအောင် ကျင့်ကြမယ် ဆိုပြီး ကျင့်ကြတယ်။ အဲဒီအာရုံတွေဟာ ကိုယ့်အတွက် အကျိုးရှိ၊ အကျိုးမဲ့ နှစ်မျိုးထဲက တစ်မျိုးမျိုး ဖြစ်စေတာတွေပါတယ်။ ဆိုပါတော့ အဲဒီအာရုံကို မလိုချင်အောင် မဖျက်ချင်မိအောင် ဘယ်လိုလုပ်မလဲ။ သူ့ ဘာသာသူ လိုချင်ဖျက်ချင်စိတ်က ပေါ်ပြီးသားပဲ။ လူဟာ ကိုယ့်အကျိုးကိုယ် တည်ဆောက်ရမှာ မဟုတ်လား။ ဒီတော့လည်း ကိုယ့်အကျိုး ရှိမယ့်ဟာကို လိုချင်ရမှာပေါ့။ အကျိုးပျက်မယ့်ဟာ ဆိုရင် ဖျက်ချင်ရမှာပေါ့။ ဒီစိတ်ပေါ်တာ ဟာ ကိုယ်တိုင်က ကိုယ့်ကိစ္စကို ကိုယ်ဆောင်ရွက်တာ ဖြစ်တယ် မဟုတ်လား။
ဘုရား(၁၁) ကံနှင့် ဝိပါက်ဆက်မှု မသိတာ ဒုက္ခဇာစ်မြစ်
Labels:
ဘုရား