ဒါကို မဆောင်ရွက်ဖြစ်အောင် ဟန့် တားခံရတယ် ဆိုတော့ ဘယ်လို အကျိုးတရားတွေ ဖြစ်ပွားမှာလဲ။ လူစဉ်မမှီတာ ဟာ ပထမဆုံး ရမယ့် အကျိုးဖြစ်လိမ့်မယ်။ နောက်ဆုံးရမယ့် အကျိုးကတော့ လွတ်မြောက်မှု အတုကြီးကို ဒါပဲ လွတ်မြောက်မှု အစစ်ဖြစ်တယ် ဆိုပြီး ပိုက်ဖက်နေမှ ဒါကြီးကို ရလိမ့်မယ်။ ဒါလည်း အညစ်အကြေးတွေ လည်ပတ်မှု သံသရာကြီးထဲ လည်တာပဲ။ ဒီလူဟာ သိမ်းဆည်းရမယ့် ဟာကိုလည်း သိမ်းဆည်းရမယ့် ဟာလို့  မသိဘူး။ စွန့် ရမယ့် ဟာကိုလည်း စွန့် ပစ်ရမယ့် ဟာလို့  မသိဘူး။ သူဟာ အသက်ရှင်လို့  ဖြစ်ရုံကလေးအတွက် စား၊ ဝတ်၊ နေရေးကို မှီဝဲ နေလိမ့်မယ်။ သူဘာမှ မြင်မှာမဟုတ်ဘူး။ သူ့ အနာဂတ်ဟာလည်း သူ့ အမြင်မှာ ပျောက်နေလိမ့်မယ်။ ဘာကိုမှလည်း မလိုချင်ဘူး ဖြစ်လိမ့်မယ်။ လက်ငင်းမှာလည်း အားလုံး သုဉ်းဆိတ်ပြီး အချည်းနှီးမှာပဲ။
ဒါတွေဟာ လွတ်မြောက်မှုတွေ မဟုတ်ကြဘူး။ ဒါတွေကို လွတ်မြောက်တာ လုပ်လို့ တော့ လောကကြီး ကောင်းကောင်း ပျက်ရပြီပေါ့။ ယုံမှားတွေ မပျောက်ဘဲ အလိုနဲ့  အမျက်တွေကို ပယ်လိုက်လို့  ရလာတဲ့ လွတ်မြောက်မှုက ဒါတွေပဲ။ လူ့ ကြောက်စရာကောင်းတဲ့ လွတ်မြောက်မှုပဲ။
ယုံမှားရှိသူ အလိုအမျက်မှန်းမသိ
လူ့ လောကက ပယ်ရမယ့် အလိုနဲ့  အမျက်က မြင်မြင်သမျှ၊ ကြားကြားသမျှ အစစ အာရုံတွေ အပေါ်မှာ ဖြစ်တဲ့ အလိုနဲ့  အမျက်တွေ မဟုတ်ကြဘူး။ ဒါကို ယုံမှားကင်္ခါတွေ ပျောက်ပြီး သူက သိနိုင်တယ်။ မပျောက်သေးသရွေ့  ဒါကို မသိနိုင်ဘူး။
ယုံမှားပျောက်က အမှန်ရ
ယုံမှား ကင်္ခါပျောက်ပြီးသူဟာ ဖြစ်ပွားနေတဲ့ အညစ်အကြေးတွေဖြစ်တဲ့ ကိုယ်၊နှုတ် နှလုံးတစ်ခုခု လွန်ကျူး ကမ္မတွေနဲ့  အဲဒါရဲ့ အကြောင်းတွေ အကျိုးတွေ တစ်ခုကို တစ်ခုက ထောက်ဆပြီး ဖြစ်ပွားနေတာတွေကို အမှန်မြင်မှုတွေ ဖြစ်တယ်။ ဒီအမှန်မြင်တွေကို အထပ်ထပ်ရှုကြည့်တဲ့ အခါ ဒီဖြစ်စဉ်ကြီးဟာ လူကို အထပ်ထပ်ရစ်ပတ်ပြီး လူ့  စွမ်းအား တွေ ပပျောက်စေတာကို တွေ့ ရတယ်။ မြွေတစ်ကောင်ရဲ့ အရစ်အပတ်ခံရတဲ့ အရာဟာ နောက်ဆုံးမှာ မြွေရဲ့ အစာ အဖြစ်ခံရသလိုပဲ။ ဒီဖြစ်စဉ်ကြီးရဲ့ အရစ်အပတ် ခံရသူဟာလည်း ဒီဖြစ်စဉ်ကြီးကို ဖြေဖို့ အတွက်ပဲ လူဖြစ်နေရတယ်လို့  ဖြစ်နေတာကို တွေ့ ရတယ်။
အမှန်မြင်က လက္ခဏာထင်
ဒါဟာ လူ့  လွတ်လပ်မှု ဆုံးရှုံးတာပါလားလို့ လည်း သိလာတယ်။ ဒါဆိုရင် ဆင်းရဲဒုက္ခ ဆိုတာလည်း မြင်လာတယ်။ ဒါဟာ ပျက်စီးနေတာဆိုတာလည်း လင်းချင်းလာတယ်။ ဒီတော့ ဒီအညစ်အကြေးတွေ အပေါ်မှာ မလိုမလား ဖြစ်လာ တယ်။ငြီးငွေ့ လာတယ်ပေါ့။ ဒါကြောင့် ဒီအညစ်အကြေးတွေကိုဆောင်ရွက်ဖို့  အကောင်းထင်နေတဲ့ အင်အားလည်း လျော့ပါးသွားတယ်။ ဒီအညစ်အကြေးတွေကိုလည်း ဆောင်ရွက်ရာမှာ လက်လေးလာတယ်။ ဒီအညစ်အကြေးကြောင့် ဖြစ်တဲ့ အကျိုးဝိပါက် အညစ်အကြေးတွေကိုလည်း မသင်္ကာစိတ်နဲ့  စီစစ်လာတယ်။ စီစစ်တော့လည်း ပိုတွေ့ ပြီး၊ အညစ်အကြေးရဲ့ အကြောင်းတွေမှာ အားအင် မထက်မသန် ဖြစ်ရတယ်။ နောက်ဆုံးမှာ ဒီအညစ်အကြေးတွေရဲ့ အကြောင်းဟိတ်တွေ မဖြစ်ပေါ်လာတဲ့ အထိ အကြောင်းဟိတ်တွေကို ပယ်တာ ဖြစ်လာတယ်။
ဒီတော့ ပယ်ရမယ့် အလိုနဲ့  အမျက်က အစစတွေမှာ ဖြစ်ပွားတဲ့ အလိုနဲ့ အမျက် မဟုတ်ဘူး ဖြစ်နေတယ်။ ကိုယ်၊ နှုတ်၊ နှလုံး တစ်ခုခု လွန်ကျူးမှု ကမ္မတွေရဲ့ အကြောင်း သမုဒယတွေ မဟုတ်ကြဘူး။ ဒါကြောင့် ဒီအညစ်အကြေးတွေရဲ့ အကြောင်း သမုဒယ မဟုတ်တဲ့ အလိုအမျက်တွေ ပယ်လို့ အညစ်အကြေးတွေ မပျောက်နိုင် မလွတ်မြောက်နိုင်လို့ ပဲ။
အလိုအမျက် အမျိုးမျိုးရှိ
အညစ်အကြေးတွေနဲ့  ဒါတွေရဲ့ အကြောင်းကျိုးတွေဟာ တစ်ခုကို တစ်ခု ထောက်ဆဖြစ်ပွားနေတာကိုလည်း အမှန်မြင်သူက အညစ်အကြေးတွေရဲ့ အပေါ်မှာ ယုံမှားမှု ကင်္ခါအားလုံးပျောက်ပြီး၊ ဒီအညစ်အကြေးတွေ လျော့ပါးကုန် ဆုံးဖို့ မှာ အခက်အခဲမရှိဖြစ်တယ်။ မြင်မြင်သမျှ အစစတွေမှာ အလိုအမျက်တွေ ဖြစ်ပေါ်သမျှတွေဟာ လိုအပ်တာ၊ မလိုအပ်တာအလျောက် ဖြစ်လာတာလား။ လိုအပ်တာ မလိုအပ်တာကြောင့် အလိုအမျက်တွေ ဖြစ်ပေါ်တာ မဟုတ်ဘဲ လိုလားဖူးတာကို သာယာတာနဲ့  လိုလားမှုမလိုလားမှု ဖြစ်တဲ့ အလိုအမျက်တွေ ဖြစ်ပေါ်လာတာလား။ ဒီလိုတွေ စီစစ်ပြီး လိုအပ်တာမလိုအပ်တာ အလျောက် အလိုနဲ့ အမျက်တွေ ဖြစ်တာဆိုရင်တော့ အဲဒီအလိုအမျက်တွေကို ဖယ်ရှားဖျောက်ဖျက်မှာ မဟုတ်ဘူး။ သရုပ်ဖော်နိုင်အောင်ပဲ ဖော်ဆောင်မှုကို လုပ်လိမ့်မယ်။
ပွားသင့်တဲ့ အလိုအမျက်လည်းရှိ
ဒီတော့ မြင်မြင်သမျှ အစစတွေမှာ အသုံးကျလို့  လိုချင်တာဆိုရင် ဖြစ်ဖြစ် ဒါတွေကို ဖျောက်ဖျက် မပစ်တော့ဘူး။ ဒါကြောင့် ဒါတွေကို ဖျောက်ဖျက်ခြင်းကြောင့် ဖြစ်ပွားရမယ့် ဆုံးရှုံးနစ်နာမှုတွေကို လွတ်မြောက်တယ်။ ဒါကြောင့် ဒီလူဟာ လူ့ အညစ်အကြေးတွေက လွတ်မြောက်တယ်။ ဒါကြောင့် ဒီလူဟာ လူ့ အညစ်အကြေးတွေက လွတ်မြောက် အောင်လုပ်ရတဲ့ အတွက် လူ့ လွတ်လပ်မှုပါ အပျောက်ခံရတာ မဖြစ်ဘဲ လွတ်လပ်မှုဖြစ်ပွားတယ်။
ဒါတွေကြောင့် ဒီကံနှင့် ကံအကြောင်းဟိတ်၊ ကံအကျိုးဝိပါက်အမြင်ဖြစ်တဲ့ ကမ္မဒဿနဟာ လူ့  လွတ်မြောက်မှုကို ဖောက်ဆောင်နိုင်တဲ့ အမှန်တရားဖြစ်ခဲ့ပြီဆိုတာ အထပ်ထပ်ဆင်ခြင်သိမြင် နေခဲ့တယ်။
တရားဟောဖို့  ဘုရားဝင်လေးစိတ်ဖြစ်
ဘုရားရှင်ဟာ လူ့ အမြတ်ဆုံး အမှန်သဘာဝကို သိမြင်ပြီးနောက် အဲဒီသိမြင်ရာ ၀န်းကျင်အနီအနားမှာပဲ နေထိုင်ရင်း သိခဲ့ပြီးတာတွေနဲ့ စပ်တဲ့ ဆင်ခြင်ဖွယ်အားလုံးသိမ်းကြုံးဆင်ခြင် နေထိုင်ခဲ့တယ်။ ဘုရားရှင်ဟာ ဒီလိုဆင်ခြင်ပြီးတဲ့အခါ မှာ ဒီအမှန်တရားတွေကို ဟောပြောဖို့ အတွက် ၀င်လေးတဲ့စိတ်များ အဖြစ်ပွားခံရတယ်။
ဘုရားရှင်ရဲ့ အမြင်မှာ လောကဟာ လာဘသက္ကာရ၊ သိလောကတွေဖြစ်ဖို့ ဘက်မှာပဲသူတို့  ခေါင်းတစ်ခုလုံးကို တစ်ချိုးထဲ ဦးခိုက်ထားနေကြတယ်။ လာဘ စတာတွေ မဟုတ်တာအတွက်သူတို့  ခေါင်းတွေ မရှိနေကြဘူး။ ဒီလောကကို တရားဟောတာ တောအုပ်အလယ်မှာ တစ်ယောက်ထဲ အော်ဟစ်နေတာလို ဖြစ်မှာပဲလို့  မြင်နေတယ်။ လောကကို တရားဟောဖို့  ၀န်လေးနေခဲ့တယ်။
ဘုရား(၁၂) မျက်စိလည်လျက် သွားလိုတဲ့ အမှား
Labels:
ဘုရား