ဒီလိုဖြစ်ပေမယ့် သူ့ ကိုယ်ကို ကြီးစိုးတဲ့စိတ်ဟာ ငြိမ်မနေခဲ့ဘူး။ ဒီအတိုင်းထားလို့  လောကကြီးပြိုလဲပျက်စီး သွားမှာပေါ့ လို့ မြင်နေခဲ့တယ်။ ဒါကြောင့် ဒီတရားကို ဟောပြောရင် မသိသူချည်းတော့ မဟုတ်ဘူး။ သိသူနည်းနည်းတော့ ရှိနိုင်တယ်။ အသိဉာဏ်မျက်စိရှိသူဟာ မရှိတာမဟုတ်ပေမယ့် အများအပြားရှိတာတော့ မဟုတ်ဘူး။ ဒီသူတွေကို ဟောဦးမှပဲလို့  စိတ်ဖြစ်ခဲ့တယ်။ ရွှံ့ ညွံတွေထဲက တက်လာတဲ့ ကြားဖူးတွေဟာ ရွှံ့ ညွံနားမှာပဲ ရှိသေးတာရှိသလို ရေလယ်လောက် ရောက်နေတဲ့ ကြားဖူးတွေလည်း ရောက်နေကြပြီပဲ။ ရေမျက်နှာပြင် အနီးအပါးရောက်နေတဲ့ ကြားဖူးတွေလည်း ရောက်နေကြတာပဲ။ ရေမျက်နှာပြင်အထက် တက်စပြုနေတဲ့ ကြားဖူးတွေလည်း တက်စပြုနေကြတယ်။ ရေမျက်နှာပြင်က လွတ်ပြီးပွင့်အာနေကြတဲ့ ကြာပွင့်တွေလည်း ပွင့်နေကြပြီ။ လူတွေလည်း ဒီအတိုင်းပဲပေါ့။
တရားဟောရမယ့်သူကို ဘုရားရွေး
ဘယ်သူ့ ကို အဦးဆုံး ဟောပြောရမလဲ။ အာဠာရတို့  ဥဒကတို့ လား၊ သူတို့ ဟာ ကျေးဇူးများသူတွေ ဖြစ်တာတော့ အမှန်ပဲ။ ဒါပေမယ့် သူတို့ ဟာ လွန်နေကြပြီပဲ။ သူတို့ ဟာ လောကကြီးကို လဟာပြင်အဖြစ် အမြင်ပေါက်သူတွေ ဖြစ်နေခဲ့ကြပြီ။ ၀ိရမီ၊ တဗ္ဗ ၊ ၀တ္ထုအာရူဆိုတာကို သူတို့ နားမလည်တဲ့ အဖြစ်ရှိခဲ့ပြီ။ ပြောရင်သူတို့ ဟာ နား ၊ မျက်စိ ၊ မရှိသူ တွေဖြစ်ခဲ့ပြီ။
ဒီလိုဆိုတော့ ဘယ်သူ့ ကို ဟောပြောရမလဲ။ တခြားကျေးဇူးများသူတွေကတော့ ကောဏ္ဍညတို့ လူသိုက်ပဲ။ သူတို့ ဟာ လိုလေသေးမရှိအောင် ငါဘုရားကို တရားရှာနိုင်အောင် စောင့်ရှောက်ပြုစုခဲ့သူတွေပဲ။ ပြီးတော့ သူတို့ ဟာ လွတ်မြောက်လိုသူတွေ ဖြစ်ကြတာလည်း အမှန်ပဲ။ အိမ်ရာထောင်တဲ့လူဘောင်မှာနေရင် မင်းရဲ့  ကျွန်ပြုခံရတယ်ဆိုပြီး တောမှာနေ၊ တောမှာစားလုပ်နေခဲ့ကြတာ။ ဒီတော့ သူတို့ ဟာ ငါဘုရားဆီက လွတ်မြောက်မှုတရားကို အစောင့်စာကြီး စောင့်စားနေကြသူတွေပဲ။ ငါဘုရားက အဲဒီအတွင်းက အားထုတ်တဲ့တရားကို မျက်နှာလွှဲ ကျောခိုင်း လိုက်လို့ သူတို့ တွေ စိတ်နှလုံးမသာမယာနဲ့  ငါ့ကို ကျောခိုင်း ထွက်ခွာသွားကြတာ ဖြစ်တယ်။
ပဉ္စ၀ဂ်တို့ လုပ်ရပ်ဂုဏ်ပြု
ငါ့ကိုဒီလိုကျောခိုင်းသွားကြတာကိုက သူတို့ ကို ချီးကျူးစရာပဲ။ သူတို့ ငါ့ကို ပြုစုယုယမှုတွေ လိုလေသေးမရှိ ပြုစုယုယ ကြတာပဲ။ တရားဓမ္မကို ငါကကျောခိုင်းတော့ တရားဓမ္မမရှိတဲ့ငါ့ကို သံယောဇဉ်အမျှင် တွဲမနေပဲ ငါ့ကို ခွဲထားခဲ့ပြီး ကျောခိုင်း သွားကြတာ ဖြစ်လို့ ပဲ။ သူတို့ ဟာ ငါ့လူတွေ မဟုတ်ကြဘူး။ တရားရဲ့ လူတွေ ဖြစ်ကြတယ်။ ဒီလောက်လွတ်မြောက်မှု တရားအပေါ် သစ္စာခံတဲ့သူတွေဟာ လွတ်မြောက်မှုတရား နာကြားရဖို့ အထိုက်တန်ကြီး ထိုက်တန်သူတွေပေါ့။ ဒီတော့ ငါအနေနဲ့ သူတို့ ရှိရာ မဂဒါတောဘက် မနက်ဖြန်မှာ ခရီးထွက်မယ်။ ပြီးရင်သူတို့ ကို ငါရတဲ့ တရား ဟောကြားမယ်လို့  ဆုံးဖြတ်လိုက်တယ်။
ဘုရား၏ဓမ္မခရီးအတွင်းမှဥပက
ဘုရားရှင်ဟာဂယာမှ မိဂဒါဘက်ခရီးထွက်ခဲ့တယ်။ ၀ါဆိုလ္ဆန်းရက်ထဲမှာပဲ တစ်နေရာမှာ ဥပကအမည်ရှိတဲ့ တက္ကတွန်းတစ်ဦးကို စကားပြောရတယ်။ သူကငါ့ကိုမေးတယ်။ ဘယ်သူကိုရည်မှန်းပြီး ရဟန်းပြုတာလဲလို့  ပဲ။ ငါ့ဆရာကိုမေးတာ ပေါ့။ ငါ့မှာလည်း ဆရာရယ်လို့  ညွှန်ပြရမယ့် သူက ရှိတာမဟုတ်ဘူး။ ဒီတော့ ဒီအိတိုင်းပဲ ဖြေလိုက်တယ်။ ငါ့မှာ ဆရာရယ်လို့  ညွှန်ပြစရာ မရှိဘူးလို့ ပဲ ဒီတော့ ငါ့ကို ဘယ်လိုသိမှတ်ပေး ရမလဲလို့ မေးတယ်။ မာရ်တွေ အောင်မြင်ပြီး ထားသူလို့  သိပေးရမယ်လို့  ဖြေလိုက်တယ်။
ဥပကဟာ ဒီအဖြေကို လက်ခံချင်ပုံ မပေါ်ဘူး။ ဒါပေမယ့် အတွန့် တက်ပြီး ငြင်းတာမျိုးလည်း မလုပ်ဘဲ စကားတုန့် ပြန် တာတစ်ခုကို သူလုပ်သွားခဲ့တယ်။ အဲဒါက ဟုတ်မှာပါပဲ။ ဟုတ်မှာပါပဲလို့ ပဲ။ သူ့ ရဲ့ ဒီလိုတုန့်  ပြန်မှုဟာ သူ့ ကို တရား ဟောဖို့ နေရာ မရှိပုံဖော်ပြချက်ပဲ ဖြစ်တယ်။
ဘုရားမိဂဒါရောက်
တစ်ရွာဝင် ၊ တရွာထွက် ၊ တစ်တောဝင် တစ်တောထွက်နှင့် နေ့ ရက်တွေ လွန်လာတဲ့အခါ မိဂဒါတောဘက် ဆက်သက်လာခဲ့တယ်။ ရက်က ၀ါဆိုလပြည့်ဖြစ်ပြီ။ ညနေခင်းမှာ ပဉ္စ၀ဂ် စခန်းကိုချဉ်းကပ်မိတယ်။ ပဉ္စတို့  ဟာ ငါဘုရားလာနေတာကို အဝေးကပဲ မြင်ကြတယ်။ ပဉ္စ၀ဂ်တစ်ဦးတိုင်းရဲ့ ခေါင်းတွေဟာ အလုပ်တွေကို လျင်မြန်စွာပဲ လုပ်ပြစ်လိုက်ကြတယ်။
ဘုရားအတွက် ပဉ္စ၀ဂ်တို့ တွေး
တစ်ချိန်မှာ သူတို့ အချင်းချင်း ကတိက၀တ်ပြုထားခဲ့ကြတာ ရှိတယ်။ သိဒ္ဓတ္ထကို ဒို့ ရဲ့ ဆရာဂုရုအဖြစ်က စွန့်  လွှတ်ကြ စတမ်းလို့ ပဲ။ အခုသူတို့  စွန့် ပစ်ခံထားရတဲ့ သိဒ္ဓတ္ထဟာ သူတို့ ဆီကို ဦးတည်စိုက်ပြီး လာနေတာကို သူတို့ မြင်ကြတယ်။ ဘယ်လိုလဲ ဘယ်လိုလဲလို့ ပဲ။
တစ်ဦးရဲ့ မျက်နှာကို တစ်ဦး ကြည့်လိုက်ကြတယ်။ အတူအညီပဲ၊ နားလည်ချက်တစ်ခုကိုသူတို့  ရသွားကြတယ်။ ဒီအကြောင်းကို သူတို့ သိကြတယ်။ ဒို့ ကတိကို ဒို့ နှုတ်လိုက်ကြအောင်လို့ ပဲ။ ဒါကိုမျက်စိနဲ့  စကားပြောတာနဲ့ ပဲ အရယူလိုက်ကြတာပဲ။ ဒီအချိန်မှာ ဘုရားရှင်ဟာ ပဉ္စ၀ဂ်တို့  စခန်းအနီးအပါးအတွင်း ၀င်ရောက်လာခဲ့ပြီ။
ပဉ္စ၀ဂ်တို့ ဆုံးဖြတ်ချက်ဖျက်ကြ
ပဉ္စ၀ဂ်တို့ ဟာ ဘုရားကို ကိုယ်စီကိုယ်ငှ ခရီးဦးကြို ပြုကြတယ်။ နေရာထိုင်းခင်း ပြင်သူက ပြင် ၊ ခြေဆေးရေထည့်သူ ကထည့် ခြေသုတ်အ၀တ် ပေးသူကပေး ၊ ရေအေး ရေချမ်းတိုက်သူက တိုက် ၊ ယပ်လေ ခတ်ပေးသူက ခပ်ပေး ၊ ကိစ္စအရပ်ရပ်ကို အလပ် မကျန်အောင် ကိုယ်စီကိုယ်ငှ ဆောင်ရွက်ကြပြီး အလ္လာပသလ္လာပ ပြောကြဆိုကြတာတွေ လုပ်နေကြတယ်။
ဘုရား(၁၃) ၀န်လေးပေမယ့် မဟောလို့  မဖြစ်ပုံ ဘုရားတွေး
Labels:
ဘုရား