ဘုရား(၁၄) ပဉ္စ၀ဂ်တို့ ကိုဘုရားတရားဟော

နေ၀င်ရီတရော ဖြစ်တဲ့ နေလုံးကြီး မ၀င်တ၀င်မှာ အရှေ့ အရပ်က လ၀န်းကြီးလည်း ကမ္ဘာမြေဘက်တက်လာနေခဲ့ပြီ။ ဒီအချိန်မှာ ဘုရားဟာ သူတရားလာခဲ့တာ အကြောင်း ဟောပြောမှု အစပြု လိုက်တယ်ဆိုရင်ပဲ တရားကလွဲပြီး တခြားဘာကိစ္စမှ ဂရုမစိုက်နိုင်အောင် အနေအထားမှာ ရှိခဲ့ကြတယ်။
ဘုရားရှင်တရားမဟောမီက ဘုရားရဲ့  အသွင်သဏ္ဍာန် ဟန်ပန်အနေအထားကြောင့် ဘုရားကို ယုံကြည်ရုံမျှရှိခဲ့ကြ တယ်။ ဘုရားရဲ့  အိနြေ္ဒရလွန်းတဲ့ အနေအထားကို မလွန်ဆန်မကျော်လွှားနိုင်ကြရာက ဘုရားရဲ့ ဟောပြောချက် ကြားရတဲ့အခါမှာတော့ သူတို့ ခေါင်းတွေကို သွက်သွက်ခါအောင် အလုပ်လုပ်စေတဲ့ အထိဖြစ်ခဲ့ပြီ။
ဘုရားက သူသိတဲ့တရားဟာ လွတ်မြောက်မှုဆီ အရောက်ဘယ်လို သယ်ဆောင်တယ် ဆိုတာ လည်ပတ်မှုအကြောင်း ဟောပြောတာဖြစ်တယ်။ ဒီအထဲမှာသူ့ တရားရဖို့  အကြောင်းပြတဲ့အခါမှာ သူ့  တရားရဲ့  ၀ိသေသကို ပထမဆုံးပြခဲ့ တယ်။


ပဉ္စ၀ဂ်တို့ တုန်လှုပ်ရတဲ့ဘုရားတရားရဲ့  ၀ိသေသ
ဒီပြချက်ဟာ ပဉ္စတို့  အသဲတို့  ဆွဲကိုင်လှုပ်သလို ဖြစ်တာပေါ့။ အဲဒါက နှစ်ခုဖြစ်တဲ့ ဒီတရားတွေကို တရားရှာသူတွေ မမှီဝဲရဘူးရဟန်းတို့  ဆိုတာပဲ ၊ နှစ်ခုဆိုတဲ့ စကားဟာ ပဉ္စ၀ဂ်တို့  ဦးခေါင်းကို တင်းပုတ်တစ်ခုနဲ့  ထုနှက်လိုက်သလို ဖြစ်တယ်။
ဒီစကားဟာ ဘာကြောင့် ဒီလိုဖြစ်ရတာလဲ မေးဖွယ်ပဲ။ ပဉ္စ၀ဂ်တို့  အသိတရားရှာသူ မမှီဝဲရမယ့် တရားဟာ တစ်ခုပဲ ရှိတယ်လို့  ဧကန်ဧက မှတ်သားထားချက် ရှိကြလို့ ပဲ။ တရားကျင့်သူ ရှောင်ရမယ့်တရားဟာ တစ်ခုပဲ။ အဲဒါက အာရုံငါးပါး ကာမဂုဏ်တရားကရတဲ့ ချမ်းသာကို စွဲငြိတာနောက်လိုက်စားတာပဲ။ တရားကျင့်သူဟာ ဒါကို ရှောင်ရမယ်။ ဒီလိုပဲ သူတို့ သိနေခဲ့တယ်။

ပဉ္စ၀ဂ်တရားဘုရားပယ်
အခုကြားလိုက်ရတာက တရားကျင့်သူ မမှီဝဲရမှာဟာ နှစ်ခုဆိုပါလား။ အဲဒါ ဘာလဲ ၊ အဲဒါ ဘာလဲပေါ့ ။ ကာမချမ်းသာ အစွဲနောက် မလိုက်တာအပြင် ဘာများ မမှီဝဲစရာရှိသေးသလဲ ၊ ဘာများရှိသေးသလဲ ၊ ဒီမေးခွန်းတွေ ဖြစ်နေချိန်မှာပဲ ဘုရားရဲ့  ဟောပြောမှုက ရောက်လာတယ်။ အဲဒါက အတ္တကိလမထာနုယောဂ ဆိုတဲ့ မိမိဖြစ်တဲ့ အတ္တကို ချိနဲ့ နုံချာအောင် လုပ်တာနောက်လိုက်တဲ့ ပံ့ပိုးမှု မလုပ်ဖို့ လို့ ပဲ။
အဲဒါက ဒို့ အလုပ်ပဲ ၊ ဒို့ အချိန်နှင့်အမျှ လုပ်နေတဲ့အလုပ်ဟာ ကိုယ့်ကို ချိနဲ့ နုံချာအောင်လုပ်တဲ့ ပံ့ပို့ မှုပဲ။ ဆင်ရိုင်းကို ကြုံးသွင်း အစာဖြတ်ပြီး ချိနဲ့ နုံချာအောင် လုပ်တော့တာပဲ။ ဒို့ အရိုင်းကိုလည်း ဒီလိုမနှိမ်ရင် ဘယ်လိုနှိမ်မှာတဲ့လဲ။ ဒို့ ကလည်း ဒို့ အားမာန်ကိုမှီပြီး မာန်မူကြတာ မဟုတ်လား။ ဒီအားမာန်ကို ချိုးနှိမ်တာ သဘာဝမကျဘူးတဲ့လား။ ဘုရားကတော့ ဒါဟာ တရားရှာသူ ရှောင်ရမယ့် အထဲထည့်သွားပြီ၊ ဒို့ ဘ၀ ပျောက်ပြီလား။ ဒို့ အလုပ်တွေ အမှားတွေ လို ချေဖျက်တာတော့ ခံလိုက်ရပြီ၊ ပဉ္စ၀ဂ်တွေက ဒီအတွေးတွေကို တုန်တုန်လှုပ်လှုပ်နဲ့  မတွေးအောင် မတတ်နိုင်ရှိကြ ရင်းနဲ့  ဘုရားရှင်ရဲ့  ဆက်လက်ပြောဆိုချက်ကို နားစွင့်နေကြရတယ်။

အစွန်းနှစ်ခုကြားတရားရှိဦးမတဲ့လား
ဒီအစွန်းလမ်းမှာ နှစ်ရပ်ကိုမကပ်တဲ့ အလယ်အလတ်ဖြစ်တဲ့လမ်းကို ဒို့  ထိုးထွင်းသိခဲ့ပြီ။ ဒီလို ဘုရားရဲ့  ပြောဆိုချက်ကို ကြေငြာချက်အဖြစ် နားထောင်ရသလို ပဉ္စ၀ဂ်တို့  အလွန်အံ့သြကြရတယ်။ ဒီအစွန်းနှစ်ရပ်မှာ အလယ်က အကြားအလပ်ဆိုတာ ရှိဦးမှာတဲ့လား ၊ ရှိသေးတယ်တဲ့လား။
ကာမအာရုံတွေနဲ့  ကာမအာရုံတွေက လွတ်တာတွေ ဒီနှစ်ခုဟာ အစွန်းလမ်းနှစ်ခုဖြစ်တယ်တဲ့။ ဒီနှစ်ခုရဲ့  အလယ်ဖြစ် တဲ့ အကြားအလပ်ဆိုတာ ရှိနိုင်သေးတယ်တဲ့လား။ ပဉ္စ၀ဂ်တို့ အံ့သြမှု မဆုံးနိုင်သေးခင်မှာလည်း ဘုရားရှင်က အစိတ်အပိုင်း ရှစ်ချက်ရှိတဲ့ အရိယာတို့ လမ်းဟာ အလယ်အလတ်လမ်းဖြစ်တယ်လို့  ထုတ်ပြန်လိုက်တယ်။ ဒီရှစ်ချက် ကလည်း လူတစ်ဦးနှင့် တစ်ဦး ဆက်ဆံကြတဲ့ အချင်းအရာရှစ်ခုရဲ့  သမာကြတဲ့ အဖြစ်တွေပဲလို့  ပဉ္စ၀ဂ်တို့  တွေ့ ကြတယ်။

သမာတဲ့ လူ့ ဆက်ဆံရေး အခြင်းအရာ အစွန်းက လွတ်တာပဲ
ဒါ အလယ်လမ်းတဲ့လား၊ ဒါအလယ်လမ်းမဟုတ်ဘူးလို့ ဘာနဲ့  ပြောကြမလဲ။ ပဉ္စ၀ဂ်တွေမှာ ဒီပြဿနာတွေပေါ်နေကြ တယ်။ ဒါဟာကာမချမ်းသာ ငြိကပ်တာနောက် လိုက်တယ်လို့  လည်းပြောမဖြစ်တာလည်း အမှန်ပဲ။ ကာမချမ်းသာ ငြိကပ်မှုကို သိတတ်မှုတွေ မဖြစ်တာနောက် လိုက်တယ်လို့  ပြောမဖြစ်တာလည်း မှန်တာပဲ။ ဒီသမာတဲ့ လူမှုဆက်ဆံ ရေးအချင်းအရာ ရှစ်ချက်ဟာ အစွန်းနှစ်ခုက လွတ်နေတာဟာ အမှန်ပဲ။ သမာတဲ့ လူမှုဆက်ဆံရေး အချင်းအရာ ရှစ်ချက်ကိုဆောင်တာဟာ အကြိုက်အမုန်း တစ်ခုခု ဖြစ်တဲ့ အစွဲနဲ့  ဆောင်ရွက်မှု မဟုတ်တာ သေချာတယ်။ ပြီးတော့ ဒီလိုဆောင်ရွက်တဲ့အတွက် ချုပ်တည်းအောင့်အီးနေရတာတို့  မသိအောင်နဲ့ သိစရာမရှိအောင် တမင်ဖန်တည်းနေရ တာလည်း မဟုတ်တဲ့အတွက် ကိုယ့်ကိုယ်ကို မပင်ပန်းစေတာလည်း သေချာတာပဲ။ ဒါကြောင့် ဒါကတော့ အစွန်းနှစ်ခုက လွတ်တ်ာသေချာနေပြီ။

သမာတဲ့ဆက်ဆံရေး အချင်းအရာများလို့  အကျိုးများပါ့မလား
သမာတဲ့ လူ့ ဆက်ဆံရေး အချင်းအရာ ရှစ်ချက်ဟာ အစွန်းကလွတ်တာမျှပဲလား။ တကယ်ပဲအကျိုးများဖို့  တွေအထိ ရှိနိုင်ပါ့မလား။ စက္ခုကရဏီတဲ့မျက်စိလုပ်သမား ၊ ဥာဏကရဏီဥာဏ်လုပ်သမား အစစတွေနဲ့  တန်ဖိုးတွေ ဖြစ်ထားတယ်။ ဒါတွေတကယ် ဖြစ်ပါ့မလား။
ပဉ္စ၀ဂ်တွေဟာ ဘုရားရှင်ကသူတရားရခဲ့ပုံ အကြောင်းကိုပြောချက် စကားတစ်လုံးတိုင်းမှာပဲ အံ့သြပြီးရင်းနဲ့  နားကြားကြရတယ်။ ဘုရားရှင်က သူ့ ဟောပြောချက်ရဲ့  နိဂုံးချုပ်အဖြစ် သစ္စာတရားတွေကို အချင်းအရာ တစ်ဆယ့်နှစ်ခုနှစ်အထိ ထိုးထွင်းသိပြီးမှ သမ္မာသမ္ဗုဒ္ဓ (ဘုရား) အဖြစ်ဝန်ခံကြောင်း ပြောဆိုပြီးတဲ့ အခါမှာတော့ ရှင်ကောဏ္ဍညဟာ စကားတုန့် တစ်ခု ပြန်ခဲ့တယ်။

ကောဏ္ဍညတရားနားလည်ပြီ တရားဆည်းကပ်ပြီ
သူ့ စကားက ဘုရားဟောပြောလိုက်တဲ့ သစ္စာတရားတွေကို သူနားလည်ပြီဆိုတဲ့ အဓိပ္ပါယ်ပဲ။ ရှင်ကောဏ္ဍညရဲ့  ပြောဆိုချက်ကို ဘုရားရှင်ကလည်း စကားတုန့် ပြန်မိန့် ကြားခဲ့တယ်။ ရှင်ကောဏ္ဍညသိသွားပြီရောလို့ ပဲ။ ဒီမိန့် ကြား ချက်ကို ရှင်ကောဏ္ဍညကြားတဲ့အခါ ဘုရားထံ တောင်းဆိုစကား လျှောက်ထားလိုက်တယ်။ တပည့်တော် အရှင်ဘုရားဆီမှာ တရားကျင့်ပါရစေ။ ပြီးတော့ ဒီတရားကို တပည့်တော်ရဲ့  ဘ၀ကိုလည်းပေးပါရစေ ဆိုတာမျိုးပဲ။

Website counter

Back to TOP