ဘုရား(၂၀) အကောင်းအဆိုး အမှုကလုပ်

ဘုရားက ဒီနှစ်မျိုးရဲ့ အပြင်ဘက်မှာ သူ့ လှုပ်ရှားမှုကို လုပ်တယ်။ သူ့ အနေနဲ့  လူတန်းစားရှိတာကို မကြည့်ဘူး။ ရှိတာကိုလည်း မကြည့်ဘူး။ လူ့ ရဲ့ အမှုကို ကြည့်တယ်။ အမှုကောင်းရင်ကောင်းတယ်။ အမှုဆိုးရင် ဆိုးတယ်။ အမှုမရှိရင် ငြိမ်းတယ်။ ဒီလို လှုပ်ရှားခဲ့တယ်။


အမှုလူမသိ
ဘုရားရဲ့ ကမ္မဝါဒဟာ အစိတ်နဲ့  အစုကို မကြည့်ဘဲ အမှုကြည့်ပြီး လှုပ်ရှားတဲ့ ဝါဒဖြစ်တယ်။ ဒီလှုပ်ရှားမှုဟာ လူတွေနဲ့  အလွန်စိမ်းတာဘဲ။ အစုကို လူတွေသိကြပေမယ့် အမှုကို မသိကြဘူး။ အရာဝတ္ထုတစ်တိုင်းမှာ အစိတ်နဲ့ အစုရှိသလို အမှုရှိတယ်။ ပုံစံ ထုတ်ကြည့်ရင် သိလာတယ်။ ကိုယ့်မှာ နွားတစ်ကောင်ဆိုရင် နွားမှာအစိတ် အစုရှိသလို အစိတ်အစု မဟုတ်တဲ့ အမှုလည်း ရှိတယ်။ ဒီနွားရဲ့ လူကို ယဉ်ပါးမှု၊ ရိုင်းစိုင်းမှု၊ ဝန်းများများ ဆွဲနိုင်မှု၊ မဆွဲနိုင်မှု၊ အချိန်မြန်အောင် ဆွဲနိုင်မှု၊ မဆွဲနိုင်မှု အစရှိတာတွေပဲ။ ဒီအရည်အချင်းတွေ အကောင်းအဆိုး ခွဲခြားပြီး ကောင်း မကောင်း သတ်မှတ်ကာ တုန်ပြန်လှုပ်ရှားမယ်။

အစုနဲ့ အမှု မတူ
ဒီအမှုတွေဟာ နွားရဲ့ အရည်အချင်းတွေပဲ။ နွားကို ကြည့်တဲ့ အခါ ဒီအရည်အချင်းကိုပဲ မြင်အောင်ကြည့်တယ်။ ဒီနွားနဲ့  စပ်ပြီး တုန်ပြန်လှုပ်ရှားရတဲ့ အခါ ဒီအရည်အချင်းကိုပဲ မြင်ပြီးတုန့် ပြန် လှုပ်ရှားတယ်။
သက်မဲ့ဖြစ်တဲ့ အရာတစ်ခု ကြည့်ရအောင်။ ပန်းကန်တစ်လုံး ဆိုပါတော့ ပန်းကန်မှာ ကျောက်သဲမှုန်စတဲ့ အစိတ်တွေ ရှိတယ်။ ပန်းကန်အဖြစ်ရောက်တဲ့ အစိတ်တွေရဲ့ အစုရှိတယ်။ ပြီးတော့ အမှုလည်း ရှိတယ်။ ပန်းကန်ရဲ့ အရည်အချင်း ဟာအမှုပေါ့။ ပန်းကန်နဲ့ စပ်ပြီး တုန့် ပြန်လှုပ်ရှားရတဲ့ အခါ ပန်းကန်မှာပဲတဲ့ ကျောက်မှုန်၊ သဲမှုန် အစိတ်ကို မကြည့်ဘူး။ ပန်းကန်ဆိုတဲ့ အထည်ကိုလည်း မကြည့်ဘူး။ အမှုကိုဘဲ ကြည့်မယ်။ ပန်းကန်အမှုဟာ ခိုင်ခြင်း၊ မခိုင်ခြင်း၊ လေးခြင်း၊ မလေးခြင်း၊ များများ ဝင်ခြင်း၊ မဝင်ခြင်း၊ အထိအခိုက် ခံခြင်း၊ မခံခြင်း၊ အပူအအေး သုံးနိုင်ခြင်း၊ မသုံးနိုင်ခြင်း၊ အစစတွေပဲ။ ဒါတွေဟာ အရည်အချင်းတွေပဲ။ ကောင်းတော့ အရည်အချင်းကောင်း၊ မကောင်းတော့ အရည်အချင်း ညံ့ ဒါပဲကြည့်တယ်။ ဒါနဲ့ တုန့် ပြန်တယ်။
ဘုရားရဲ့ တုန့် ပြန် လှုပ်ရှားမှုဟာ လောကမှာ စိမ်းတယ်။ ဒါပေမယ့် သူ့ ရဲ့ ဒီတုန့် ပြန်လှုပ်ရှားမှုကို ဘယ်သူမှ မငြင်းနိုင် ဘူး။ မငြင်းတာ ဟုတ်တယ်လို့  နားလည်ကြလို့ ပဲ။

ဘုရားရဲ့ သာမညအဖြစ်
ဘုရားရဲ့ တွေးခေါ် ပြောဆို လှုပ်ရှားမှုတွေဟာ လူတွေ အလွန် နားလည်စရာ ကောင်းတာတွေ ဖြစ်တယ်။ ကိုယ့်အလို အစွဲအရ ဘုရားနဲ့  အတူလိုက်ပြီး မလုပ်နိုင်ကြတာပဲ ရှိတယ်။ ငြင်းဆန်နိုင်ကြတာ မရှိဘူး။ နားလည်ကြတာ ချည်းပဲ။ ဘုရားဟာ ကြံစည် ပြောဆို ပြုလုပ်မှုမှာ လူတိုင်း နားလည်တဲ့ ဘာသာရပ် တစ်ရပ်ကို တတ်မြောက်သူ ဖြစ်တယ်လို့  ပြောရလောက်အောင်ပေါ့။ ဘုရားဟာ လူနဲ့  အတူဆုံးသူ ဖြစ်တယ်။ လူတွေ အားလုံးရဲ့ ကွဲပြားတဲ့ အချက်အလက် မရေမတွက်နိုင်တာတွေကို ဖယ်ရှားပြီး အားလုံး တူညီတဲ့ သဘာဝတရားတွေကို စုပြီး တည်ဆောက်လိုက်ရင် အဲဒီ တည်ဆောက် လို့ ရတဲ့ အရာကို သာမညလို့  ခေါ်ရလိမ့်မယ်။ ဘုရားဟာ အဲဒီ သာမညအဖြစ် ရောက်သွားသူပဲ လူတစ်ယောက်တိုင်းမှာ လူတိုင်းနဲ့  တူတဲ့ သာမည လက္ခဏာတွေ ရှိတယ်။ ကွဲပြားတာတွေလည်း ရှိနေတာပေါ့။ လူတွေ တစ်ယောက်နဲ့  တစ်ယောက် နားမလည်တာဟာ ကွဲပြားတာတွေပဲ မြင်နေကြရလို့  ဖြစ်တယ်။ ဘုရားဆီမှာ တော့ လူတစ်ဦးချင်း ဆီမှာ သာရှိတဲ့ ကိုယ်နှုတ် နှလုံးအမှု အမျိုးမရှိဘူး။ လူအားလုံးဆီမှာ အတူရှိပြီး သာမညကျတဲ့ ကိုယ်နှုတ် နှလုံးပဲ ရှိတယ်။ ဒါကြောင့် ဘုရားဟာ သာမည ဖြစ်တယ်။ သာမညဟာ သာမန်နဲ့  အရတူပဲ။ ဘုရားက သူဟာ သာမန် ဖြစ်တယ်လို့  ခံယူသူပဲ။ အဓိပ္ပါယ်က လူအားလုံးမှာ အတူအညီရှိတဲ့ လက္ခဏာနဲ့  တူညီတဲ့ လူလို့  ဖြစ်တယ်။ ဒါကြောင့် ဘုရားဟာ ဘာမှန်းမသိတဲ့သူ မဟုတ်ဘူး။ လူနှင့် မတူသူ မဟုတ်ဘူး။ လူနှင့် အတူဆုံးသူ ဖြစ်တယ်။

ဘုရားမှာလည်း ခံစာမှုနှင့်
ဘုရားဟာ ခံစားရာမှာလည်း လူများနှင့် အတူ ဆင်းရဲ ချမ်းသာများ ခံစားတုန့် ပြန်သူ ဖြစ်တယ်။ တချိန်က သူ့ ကျောင်း မှာ ခရီးလှည့်ပြီး သူ့ ကို တွေ့ ဆုံရန် လာကြသူ ရဟန်းအဖွဲ့  နှစ်ဖွဲ့ ရောက်လာကြတယ်။ ခေါင်းဆောင်တွေက ရှင်သာရိပုတ္တရာနှင့် ရှင်မောဂ္ဂလန်ပဲ။ သူတို့ ဟာ ရဟန်းအများအပြားပါတဲ့ တစ်ဖွဲ့ ဆီရဲ့ ခေါင်းဆောင်တွေပဲ။ ဘုရား ကျောင်းရောက်ကြတဲ့ အခါ ဘုရားနဲ့  တွေ့ ဆုံပြီး ကျောင်းခံရဟန်းတွေနဲ့  အဖွဲ့  နှစ်ဖွဲ့  ရဟန်းတွေ လွတ်လပ်စွာ ဆုံကြ တယ်။ အသိအကျွမ်းဟောင်းတွေ တစ်နယ်သားချင်းတွေလည်း ပါတာပေါ့။ ရှေးဟောင်း နှောင်းဖြစ်တွေ သောသောညံ ပြောနေကြတယ်။ ဒီအခါမှာဘုရားက သူ့  အလုပ်အကြွေး ရှင်အာနန္ဒာကို ပြောတယ်။ ရဟန်းတွေဟာ ငါးဈေးက ငါး အရောင်းအဝယ် လုပ်နေသူတွေလိုပဲ။ သူတို့ ကို ကျောင်းထဲက နှင်ထုတ်ရမယ် လို့ ပဲ။
ရှင်အာနန္ဒာဟာ ဘုရားအမိန့် အရ ရဟန်းတွေကို နှင်တယ်။ နှစ်ဖွဲ့ လုံး ခေါင်းဆောင်တွေပါ ထွက်သွားကြတယ်။ ဒီအကြောင်းကို ဘုရားကို ဆည်းကပ်တဲ့ လူတွေကြားပြီး သူ့ တို့ ဟာ ဘုရားကို တောင်းပန်ကြတယ်။ ရဟန်းတွေဟာ တချို့ က အရှင်ဘုရားကို အယုံထားပြီး ရဟန်းလာပြုကြတာ ဖြစ်တယ်။ အရှင်ဘုရားက နှင်ရင် သူတို့  ဆောက်တည် ရာမဲ့ သွားကြပါမယ်။ ဒါကြောင့် ရဟန်းတွေကို ပြန်လာခွင့် ပြုပါ။ ဒီလိုလျှောက်ကြတယ်။

ခံစားမှုဆိုတာ ဆင်းရဲမဟုတ်

ဘုရားလည်း ခွင့်ပြုလိုက်တယ်။ ရဟန်းတွေလည်း ပြန်ရောက်လာကြတာပေါ့။ ဒါကို ကြည့်ရင် ဘုရားဟာ ရဟန်းတွေ ဆူဆူညံညံ အသံကြောင့် စိတ်ဆင်းရဲမှု ခံစားရတာ တွေ့ ရတယ်။ ဘုရားဟာ ဒုက္ခအဆုံးကို ရောက်ပြီးပေမယ့် ခံစားမှု ဆင်းရဲတော့ သူများလိုပဲ ခံစားရတယ်။ ခံစားမှု ဆင်းရဲဟာ ဘုရားပယ်တဲ့ ဒုက္ခ မဟုတ်ဘူး။ ဒါကြောင့် ခံစားစရာကို သူများလိုပဲ ဘုရား ခံစားရတယ်။

ဘုရားခံနိုင်ရည်
တစ်ခါက ကောသမ္ဘိပြည်ကို ဘုရားရောက်နေတယ်။ ဘုရားဟာ သွားလေရာမှာ အဆဲခံရတယ်။ အကြောင်းကတော့ မာဂန္ဒီ မိဖုရားရဲ့ ငှားရမ်း အဆဲခိုင်းထားတာကြောင့်ဘဲ။ ရှေးက မာဂန္ဒီမိဖုရား မဖြစ်မီက ဘုရားကို မာဂန္ဒီနဲ့  ယူဖို့  ဦးလေးက ပြောတာကို ဘုရားက ငြင်းခဲ့တယ်။ အငြင်းခံရလို့  စိတ်နာပြီး အဆဲခိုင်းတာဘဲ။
သွားလေရာမှာ ဘုရားအဆဲခံရတော့ ဘုရား အလုပ်အကျွေး ရှင်အာနန္ဒာက ဘုရားကို ပြောတယ်။ အရှင်ဘုရား ဒီတိုင်းပြည်ဟာ ရောက်တဲ့နေရာ အဆဲခံ ဆိုခံရတယ်။ ဒါ မကောင်းဘူး။ တခြားတိုင်းပြည် သွားကြပါစို့ လို့ ပဲ၊ အာနန္ဒာ ကို ဘုရားက ပြန်ပြောလိုက်တယ်။ တခြားတိုင်းပြည်မှာလည်း ဒို့ ကို ဆဲနေရင် ဘယ်လို လုပ်မလဲလို့ ဘဲ။
ဘုရားဟာ ခံစားတတ်သလို ခံနိုင်ရည်ရှိတာလည်း တွေ့ နိုင်တယ်။ ခံနိုင်ရည် ရှိပေမယ့် တုန့် ပြန်သင့်တာကို တုန့် ပြန် တာလည်း ရှိတယ်။

တုန့် ပြန်သင့်က တုန်ပြန်

တစ်ခါက ဇေတဝန် ကျောင်းနားမှာ ရှင်းလင်းလုပ်ကိုင် တည်ဆောက်နေတာကို ဘုရားတွေ့ သွားတယ်။ ဘုရားစုံစမ်းတော့ တိတ္ထိတွေရဲ့ ကျောင်းဆောက်တာ ဖြစ်နေတယ်။တိတ္ထိတွေက ဘုရား ကြီးပွားတာ ဇေတဝန် မြေခံ ကောင်းလို့ ပဲ၊ တို့ လည်း ကြီးပွားအောင် ဒီနားကပ်ပြီး ကျောင်းဆောက်မယ်။ ဒီလို စိတ်ကူးနဲ့  ဆောက်ကြတာဘဲ။ ဒါကို သူတို့ က ကောသလမင်းဆီ မကန့် ကွက်နိုင်အောင်လို့  ငွေတစ်သိန်း လာဘ်ထိုး လုပ်ရတာ။ တိတ္ထိကျောင်း ဆောက်တာကို ဘုရားသိတော့ ဘုရားက သူ့ တပည့်ကြီးတွေကို ကောသလထံ လွှတ်တယ်။ ကောသလလည်း ဒီကိစ္စ နဲ့  လာမှန်းသိလို့  တစ်ယောက်မှ အတွေ့ မခံဘူး။ အထပ်ထပ်လွှတ်တယ်။ ဘယ်သူမှ မတွေ့ ခဲ့ရဘူး။ နောက်ဆုံးမှာ ဘုရားကိုယ်တိုင် သွားတွေ့ တယ်။ ကောသလ ရှောင်လို့ မရတော့ဘူး။ အတွေ့ ခံရတယ်။ ဘုရားရ တိတ္ထိကျောင်းကို ကန့် ကွက်ပြတယ်။ ကောသလက ငွေပြန်ပေးပြီး ကျောင်းကို ဖယ်ရှားခိုင်းပေးရတယ်။
ဒီအဖြစ်အပျက်ဟာ ဘုရားရဲ့ ခံစားမှုနဲ့  ပတ်သက်တဲ့ အဖြစ်အပျက်ပဲ တုန့် ပြန်စရာကို အသက်ဝင်တုန့်  ပြန်တာ တွေ့ ရတယ်။

Website counter

Back to TOP