ခံစားမှုနဲ့  စပ်ပြီး နောက်ထပ် ထင်ရှားတာလေးတစ်ခု ရှိတယ်။ အဲဒါ ဃောသိတာရုံကျောင်း သံဃာချင်း ရန်ဖြစ်ကြတဲ့ ကိစ္စဘဲ။ အဲဒီကျောင်းမှာ ဘုရားလည်း ရှိတယ်။ ရဟန်းတွေ ရန်ဖြစ်ကြတယ်။ ရပ်လို့  မရဘူး။ အကြောင်းကလည်း ရပ်မရစရာဘဲ။ ဓမ္မဆောင် ဘုန်ကြီးတစ်ပါး အိမ်သာတတ်တဲ့အခါ ရေဆေးခွက်ကို ရေကျန်နဲ့  ပက်လက်ထားခဲ့တယ်။ ဒါကို ဝိနည်းဆောင် ဘုန်းကြီးက တွေ့ တယ်။ ဓမ္မဆောင် ဘုန်းကြီးကို ဒီလို မလုပ်ကောင်းဘူးလို့  သူကပြောတယ်။ ဓမ္မဆောင်က မသိလို့ ပါ အပြစ်ရှိရင် ဖျောက်ပါ့မယ်လို့  ပြန်ပြောတယ်။
မသိလို့  လုပ်တာဆိုတော့ အပြစ်မရှိဘူးလို့  ဝိနည်းဆောင်က ပြောသွားတယ်။ ဝိနည်းဆောင်ရဲ့ အပေါင်းအသင်းတွေက သိကြတော့ ဓမ္မဆောင်ဟာ အပြစ်ဖျောက်တာ ဘာကြောင့် မလုပ်သလဲလို့  အပြစ်တင်ကြတယ်။ ဒါကို ဓမ္မဆောင် အပေါင်းအသင်းတွေက ကြားတော့ မခံနိုင်ဘူး။ ပြန်ပြောကြတယ်။ အစကတော့ အပြစ်မရှိဘူးပြောပြီး ခုအပြစ်တင်ကြတယ်။ အပြစ်မရှိ အပြစ် ရှာတာပဲ။ ဒီလို ဖြစ်ကြတယ်။ ဒီတော့ နှစ်ဖက်လုံးဟာ လျော့စရာမရှိဘူး။ ဒီသံဃာရန်ပွဲကို ဘုရားလည်း စဲအောင် မလုပ်ရဘူး။
ဒီတော့ ဘုရားဘာလုပ်မလဲ။ ဘုရားနေရာက ကြည့်ရင် ဘယ်လို ဖြစ်မလဲ။ ဘုရားဟာသူ့  ကျောင်းကလေးထဲက သိမ်းစရာရှိတာ ကလေးသိမ်းပြီး တစ်ယောက်ထဲဘဲ ကျောင်က ကျောခိုင်း ထွက်ခွာသွားတယ်။
ဘုရားပလလဲတောကြွ
ဒါကို အာနန္ဒာက မြင်လိုက်တယ်။ ဘုရားဟာ သူ့ ကို အသိမပေးဘဲ သွားတာဆိုတော့ သူသွားတာကို မတားချင်လို့ ဘဲ။ ငါတားတို့  မဖြစ်ဘူး။ သွားပါစေလို့  နေလိုက်တယ်။ ဘုရားလည်း “ပလလဲ” ရွာ အနီးက တောမှာ တစ်ပါးတည်း သွားရောက်နေထိုင်တယ်။ နောက်မှာ တကာတွေက ရန်ဖြစ်တဲ့ ဘုန်းကြီးတွေကို ဆွမ်းမလောင်းဘဲ ဆန္ဒပြကြလို့  ရန်ငြိမ်းသွားပြီး ဘုရားကို လာပင့်မှ ဘုရားလည်း ပြန်လာတယ်။
အဲဒီမှာ ဘုရားပြောခဲ့တဲ့ စကားတစ်ခု မှတ်သားစရာဘဲ။ “ရဟန်းတွေကို ငါဆောင်ထားတာ မဟုတ်ဘူး” တဲ့ ဒီ စကားကို သူများတွေ နားမလည်စရာဘဲ။ ဒါပေမယ့် ဒါဟာ သူသဘောထားဘဲ။ ဒီအချက်ဟာလည်း ဘုရား ခံစားချက်နဲ့  ပတ်သက်တဲ့ အချက်တစ်ခုဘဲ။
ဒေဝဒတ်လုပ်ချက်နဲ့ ဘုရား
နောက်ဆုံးတစ်ချက်က ဒေ၀ဒတ်က ဘုရားဆီက ဂိုဏ်းခွဲသွားတဲ့ လုပ်ငန်းဘဲ။ ဒေ၀ဒတ်ဟာ ဘုရားကို ပြိုင်ဆိုင်ပြီး ဂိုဏ်းခွဲတယ်။ သံဃာတစ်ချို့  သူ့ နောက်ပါသွားတယ်။ ဘုရားအနေနဲ့  ဒီလိုဖြစ်ရတာဟာ ဘယ်လိုနေမလဲ သူ့ တပည့် ကြီးး သာရိပုတ္တာနဲ့  မောဂ္ဂလန်တို့ ကို ပါသွားတဲ့ ရဟန်းတွေကို ပြန်စည်းရုံးခိုင်းတယ်။ အတော်များများ ပြန်ပါလာပေမယ့် ဒေ၀ဒတ်နဲ့ တချို့ ကတော့ ခွဲကျန်ခဲ့တာပဲ။ နောက်ပိုင်းမှာ သူတို့  အမျိုးမျိုး စိတ်အနှောင့်အယှက် ဖြစ်အောင်လုပ်တာပဲ။ ရာဇဂြိုလ်ထီးနန်းကို အပိုင်စီးတယ်။ သူ့ ကို သေကြောင့်ကြံတယ်။ ဒေ၀ဒတ်ကန်တော့လာတာ ကိုတောင် ဘုရားဟာ လက်မခံဘူး။
ဒီတော့ ဒေ၀ဒတ်နဲ့  စပ်လို့  ဘယ်လို ခံစားရလဲဆိုတာသိသာတယ်။ အခု လေ့လာခဲ့ရတာတွေဟာ ခံစားမှုနဲ့  စပ်ပြီး ဘုရားရဲ့  ခံစားရပုံနဲ့  ခံစားမှုကို တုန့် ပြန်ပုံ အမျိုးမျိုးအကြောင်း သိရချက်ဘဲ။ ဒါတွေအရ ဘုရားဟာ အသည်းနှလုံး မရှိသူမဟုတ်ဘူး။ အသည်းနှလုံးရှိရှိ ခံစားပြီး ဦးနှောက်ရှိရှိ တုန့် ပြန်သူဖြစ်ကြောင်း သိရချက်ပဲ ဖြစ်တယ်။
ဘုရားနဲ့  တန်ခိုး
ဘုရားဟာ ဒီလိုခံစားမှုမှာ လူတွေနဲ့  အတူဆုံးဖြတ်သလို တန်ခိုး ဣိဒ္ဓိအပေါ်မှာ သဘောထားပုံလည်း လူအဆန်ဆုံးဖြတ်တာတွေရဖို့ လိုတယ်။ ဘာသာရေးအခေါင်းဆောင်တွေဟာ သမားဂုဏ်ပြစရာအဖြစ် တန်ခိုးဣိဒ္ဓိ အမျိုးမျိုးကို ဆောင်ထားကြဟန်ရှိတယ်။ အဲဒီခေတ်က တန်ခိုးဣိဒ္ဓိ အထိုက်အလျှောက် ထွန်းကားဟန်ရှိတယ်။ တချို့  ရဟန်းတွေ တန်ခိုးဣိဒ္ဓိရဟန်ရှိတယ်။ ရဟန်းမဖြစ်မီက ရခဲ့ကြတဲ့ အတတ်ပညာတွေဖြစ်ဖို့ ပဲ။
ရဟန်းများတန်ခိုးမပြရ
ဘုရားဟာ ရဟန်းတွေကို တန်ခိုးဣိဒ္ဓိနဲ့  တရားဓမ္မမဟောပြောကြဖို့  မိန့် ကြားတာ တွေ့ ရတယ်။ တန်ခိုးဣိဒ္ဓိကိုလည်း အမျိုးမျိုးတွေ့ ရတယ်။ လူ့ သဘောမလွန်တဲ့ တန်ခိုးဣိဒ္ဓိမျိုးလောက်ဘဲ သုံးခွင့်ပြုတယ်။
ဘုရားပညက်ချက်ဘုရားမကျော်
ရဟန်းတွေက ဘုရားကို ပြောပိုင်ခွင့်ရအောင် လုပ်တယ်။ ဘုရားဟာ ရဟန်းတွေကို ပညက်ပြီး သူက မလိုက်နာရင် သူ့ ကို ရဟန်းတွေက ပြောခွင့်ရှိတာဘဲ။ ဒါကြောင့် သူ့ ပညတ်ချက်ကို သူမကျော်မှာ အသေအချာပါ။ မာနကြီးမင်းကို ချွတ်ဖို့  မင်းမြောက်တန်ဆာဝတ် မင်းမဖြစ် ဖန်ဆင်း တန်ခိုးပြတာ လုံးဝ မရှိထိုက်ပါဘူး။ ရှိတယ်ဆိုရင် နောက်လူတွေ လုပ်ထားတာပါ။ ဒီလိုတစ်မျိုးလည်း နောက်လူတွေ လုပ်တာရှိသေးတယ်။ အဲဒါက ဘုရားနတ်ပြည်တက်ပြီး အဘိဓမ္မာ ဟောတာဘဲ။ နတ်ပြည်တက် တရားဟောတာကို ရှေးကသီဟိုဠ်သားတွေ လုပ်တာလို့  သိရတယ်။
ဘုရားတန်ခိုးမပြ
သူတို့ ဟာ ပိပိရိရိလုပ်တယ်။ ဘုရားတန်ခိုးပြပုံ တခမ်းတနားလုပ်တယ်။ တိတ္ထိတွေနဲ့ ပြိုင်ဖို့ ပြတာလို့  များတောင် လုပ်ထားတယ်။ ပြမယ့်နေရာမှာ ဆွမ်းခံရာကရလာတဲ့ သရက်သီးကို ဆွမ်းစားပြီး ဆက်စားတယ်။ သရက်စေ့ကို မြေချစိုက်လိုက်တယ်။ သပိတ်ဆေးရေနဲ့  လောင်းလိုက်တယ်ဆိုရင်ဘဲ ထွန်တုံးလောက်ရှိတဲ့ သရက်ညှောင့်ကြီး ထလာတယ်။ ချက်ချင်း မြင့်တက် အခက်အရွက်တွေနဲ့  အုံးဆိုင်းဝေဆာတဲ့ သရက်ပင်ကြီး ဖြစ်လာတယ်။
ဘုရားဟာ အဲဒီသရက်ဖြူပင်ကြီးအောက်မှာ လူသူပရိသတ်အများကို ပြသမှု လုပ်တယ်။ နားတစ်ဖက်က ရေအလျံတွေ။ ကျန်နားတစ်ဘက်က မီးလျံတွေ ထွက်နေတာကို လုပ်ပြတယ်လို့  ဆိုတယ်။ ပြီးတဲ့အခါမှာ နတ်ပြည်ကို နှစ်လှမ်းသုံးဖ၀ါးနဲ့  အရောက်ကြွတယ်လို့ လုပ်ထားတယ်။ နတ်ပြည်မှာ သုံးလကြာအောင် အဘိဓမ္မာကို တဆက်ထဲ ဟောတယ်လို့ လည်း လုပ်ထားတယ်။ ဘုရားဒီလို လုပ်ခွင့်မရှိတာကို သီဟိုဠ်သားတွေသိတယ်။ ဒီတော့ ဒီလိုလုပ်ခွင့် ရှိသလို ဖြစ်အောင်လည်း သူတို့ လုပ်ကြသေးတယ်။ အဲဒီက ဘုရင်က ဘုရားကို တန်ခိုးပြဖို့ တောင်းပန်ပုံ၊ ဘုရားက ဘုရင့်အာဏာကို ဘုရင်လိုက်နာဖို့  မလိုသလို ဘုရားအာဏာလည်း ဘုရားလိုက်နာဖို့  မလိုဘူး ပြောပုံမျိုး လုပ်ထား သေးတယ်။ ဒါဟာသူတို့  လုပ်ကြတာပါ။ ဘုရား မလုပ်ပါဘူး။
လူဟာမဖြစ်သေးတဲ့ အဖြစ်ကိုမသိနိုင်ဘူး။ ရှေ့ ဖြစ်ဟောတာ တန်ခိုးဖြစ်တယ်။ ဒီလိုတန်ခိုး မျိုးဆိုရင် မသုံးရဘူး။ တားတာထဲမှာ ပါတယ်။
ဘုရား(၂၁) ရှောင်ရှားသင့်တာ ရှောင်ရှား
Labels:
ဘုရား