ဘုရား(၁၆) ဝါကျွတ်မှာ ရဟန္တာ(၆၀)ပါးကို သာသနာပြုမိန့် ခွန်း ဘုရားမိန့် 

တန်ဆောင်မုန်းလပြည့်နေ့  ရောက်တဲ့ အခါ ဘုရားမှာ တပည့်သာဝက ရဟန်းခြောက်ဆယ်ရှိနေပြီ။ ဘုရားက ဒီနေ့  မှာပဲ ဒီရဟန်းခြောက်ဆယ်ကို အရေးကြီးတဲ့ မိန့် ခွန်းတစ်ခု ပေးတယ်။ အဲဒါက သာသနာပြု မိန့် ခွန်းပဲ။ ရဟန်းတို့  တစ်ပါးလျှင် တစ်လမ်းကျ ဒေသလှည့်လည် ထွက်ကြ။ လူအများကြီး ပွားအောင် ချမ်းသာအောင် လောကကို စောင့်ရှောက်မှု ဖြစ်အောင် တရားတွေကို ဟောပြောကြလို့ ပဲ။


မိဂဒါမှ ဘုရားခွာ
ဒီမိန့် ကြားချက်အရ မနက်ဖြန် တန်ဆောင်မုန်း လပြည့်ကျော် တစ်ရက်နေ့  ကစပြီး ခရီးထွက်ကြတယ်။ ဘုရားကလည်း သူ့  သပိတ်သူဆောင်၊ သူ့ သင်္ကန်းသူသယ်ကာ လမ်းခရီး တစ်ကြောင်းကို သူယူခဲ့တယ်။ ဒီခရီးကို ထွက်လာခဲ့တဲ့ ဘုရားဟာ မိဂဒါနဲ့  ဥရုဝေဠ အကြားက ကပ္ပါသိကတောအရောက် သစ်တစ်ပင်အောက်မှာ နေ့ သန့်  နေတယ်။

ဘဒ္ဒဝဂ် ညီနော်တို့ ကိုချွတ်
အဲဒီအချိန်က ကပ္ပါသိကတောထဲမှာ ကောသလနဲ့  ဖတူ၊ မိကွဲ ဖြစ်ကြတဲ့ ဘဒ္ဒဝဂ္ဂီညီနောင် သုံးဆယ်တို့  လည်း ရောက်နေကြတယ်။ သူတို့ ကတော့ ဒီတောထဲကို တောကစား ရောက်နေကြတာပဲ။ သူတို့  မှာ မိန်းမတွေလည်း ပါလာတယ်။ အငယ်ဆုံး ညီအတွက် မိန်းမမရှိလို့  ငှါးလာတဲ့ မိန်းမလည်း ပါလာတယ်။ အဲဒီမိန်းမက သူ့ ကို ဆင်ယင် ဝတ်စားထားတာတွေကို ခိုးပြီး ထွက်ပြေးလို့  ညီအစ်ကိုတွေ အားလုံး ဒီမိန်းမကို တောထဲမှာ လိုက်ရှာနေကြတယ်။
ဘဒ္ဒဝဂ္ဂီတို့  ဘုရားကို တွေ့ တော့မေးကြတာပေါ့။ ဒီနားက မိန်းမတစ်ယောက်သွားလာတာ မြင်မိသလားလို့  ပဲ။ ဘုရား ကပြန်ဖြေတယ်။ မိန်းမကို ဘာလုပ်ဖို့ ရှာတာလဲ။ မင်းသားတို့ ဟာ မိန်းမကို ရှာတာနဲ့  ကိုယ့်ကိုယ်ကို ရှာတာ ဘယ်ဟာက ကောင်းလို့ လဲလို့  မေးတယ်။ မင်းသားတွေလည်း ဒီမေးခွန်းစကားကို စိတ်ဝင်စား သွားကြတယ်။
ကိုယ့်ကိုယ်ရှာတာက ကောင်းမွန်မြင့်မြတ်ကြောင်း ပြောကြတယ်။
ဒီလိုဆိုရင် မိန်းမအရှာရပ်ပြီး ကိုယ့်ကိုယ်ကို ရှာရအောင်လား၊ ရှာလိုကြတယ် ဆိုရင် ထိုင်ကြမင်းသားတို့ လို့  ဘုရားက မိန့် ကြားတယ်။ ဘုရားဟာ ဘဒ္ဒဂ္ဂီ ညီနောင်သုံးဆယ် သူတို့  ကိုယ်ကို သူတို့  တွေ့ ကြတဲ့ အထိ စကား အဆင့်ဆင့် သွယ်ပြီး ပြောဟောသွားတယ်။ နောက်ဆုံးမှာ သူတို့ ဟာ သူတို့  ကိုယ်ကိုသူတို့  တွေ့  သွားကြတယ်။

ဘုရား ကဿပညီနောင်တို့  စခန်းရောက်

ဘုရားဟာ ဘဒ္ဒဝဂ္ဂီတို့ ကို တရားနဲ့  မြှောက်ထောက်ပံ့ခဲ့ပြီး ဥရုဝေဠ ဘက်ကို တစ်ပါးတည်းပဲ ခရီးဆက်ခဲ့တယ်။ တော အုပ်ထဲက နေရဉ္စရာမြစ်ကလေးရဲ့ ဘေးမှာ ရှိတဲ့ ကဿပစခန်း သုံးခုထဲက အထက်အကျဆုံး စခန်းဖြစ်တဲ့ ကဿပ အစ်ကိုကြီးရဲ့ စခန်းကို ဝင်ရောက်ခဲ့တယ်။ တည်းခိုနေထိုင်ခွင့် တောင်းတဲ့ အခါ မီးတင်းကုတ်မှာပဲ နေစရာ ရှိတော့တယ် လို့  ညွှန်ပြခံရပြီး ဘုရားဟာ မီးတင်းကုတ်မှာပဲ နေခဲ့တယ်။
အဲဒီ မီးတင်းကုတ်ဟာ မြွေဆိုး တစ်ကောင်က သောင်းကျန်းနေတယ်။ ဒါကြောင့် ကဿပရဲ့ တပည့်တွေဟာ ရဟန်း ဂေါတမ မနက်လင်းအောင်မှ ခံပါ့မလား စိုးမိကြတယ်။ ဘုရားဟာ မြွေဆိုးကို အလပ္ပါယ်လို ယဉ်ပါးစေခဲ့တယ်။ ကဿပတွေက ဘုရားကို အံ့သြကြတယ်။ ဒါပေမယ့် သူတို့ က သူတို့ လို ကိလေသာ ကုန်သူ မဟုတ်ဘူးလို့  လည်း အထင်သေးကြတယ်။

ကဿပ ပူဇော်ပွဲ ဘုရားရှောင်
ဘုရား ဒီစခန်းမှာ နေစဉ်မှာပဲ မာဂဓတိုင်းသူတွေက ကဿပတွေကို ပူဇော်တဲ့ တစ်နေ့ နဲ့ ကြုံခဲ့တယ်။ အဲဒီနေ့  မှာ ဘုရားက ဆွမ်းခံရာက ပြန်မလာခဲ့ဘူး။ ရွာစွန်မှာ အစွန့် ခံထားရတဲ့ အဝတ်စုတ် အနွမ်းတွေကို အညစ်အကြေးနဲ့  ပိုးလောက်တွေကို ဖယ်ရှားပြီး ယူခဲ့ကာ လျှော်ဖွပ် နေလှမ်း ဆွမ်းစားပြီး သစ်ရိပ်မှာ အဝတ်တွေကို ချုပ်နေခဲ့တယ်။ ဆောင်း ခြုံစရာ အနွေးသင်္ကန်းပေါ့။
ဘုရားကဿပစခန်း ပြန်ရောက်ချိန်မှာ ပူဇော်ပွဲပြီးစီးလို့  ပူဇော်လာသူတွေ ပြန်သွားကြပြီ ဖြစ်တဲ့ အချိန်ပဲ။ ကဿပ တွေဟာ ဘုရားကို တွေ့ ကြတော့ စကားအလှတွေ ဝေဝေဆာဆာ ပြောကြတယ်။ ဘုရား ဂေါတမဟာ ဒီနေ့ မှဘယ်သွားနေတယ် မသိဘူး။ ဒီနေ့  ဒီမှာ ပူဇော်သူတွေ လာရောက် ပူဇော်ကြတာ၊ ရဟန်း ဂေါတမကို မျှော်နေကြတာ၊ ပူဇော်သူတွေရဲ့ ပူဇော်တာခံဖို့ ပေါ့လို့  ဖြစ်တယ်။ ကဿပတို့ ဟာ ဒီနေ့  မှာ ဂေါတမ ရဟန်းကို မခေါ် မကောင်း ခေါ်မကောင်း ဖြစ်နေခဲ့သူများ ဖြစ်ကြတယ်။ ဘုရားက အလေးမထားဘဲ ဒီပွဲကို ရှောင်ရှားပေးခဲ့တာ အတွက် ကဿပတွေ အနေချောင်ခဲ့ရတယ်။

ဘုရားရဲ့ အလိုက်သိမှု ကဿပတို့  ကြိုက်ပြီး တရားရ
ဘုရားဟာ အလိုက်သိစွာပေါင်းသင်း နေထိုင်သူ ဖြစ်တယ်။ ဒါကြောင့် ကဿပတွေဟာ ဘုရားကို ရင်းနှီး ကျွမ်းဝင်းစွာ ဆက်ဆံလာကြတယ်။ ဒီလို ပေါင်းသင်းတဲ့ အတွက် တစ်နေ့ မှာ ကဿပအကြီးအကဲဟာ ဘုရားနဲ့  ပြောဆိုရာက ဘုရားရဲ့ သစ္စာအရောင်ကို ရိပ်မိ သိရှိသွားခဲ့တယ်။ သူဟာ ဒီလို ဖြစ်တယ် ဆိုရင်ပဲ သူ့ တပည့် ကဿပ သုံးရာကျော် လောက်ကို အစည်းအဝေးခေါ်လိုက်တယ်။ စုံညီတဲ့ အခါ သူစကားပြောတာပဲ။

ကဿပတို့  ဘုရားထံ တပည့်ခံကြပြီ
တပည့်တို့  ငါတော့ ရဟန်းဂေါတမရဲ့ တပည့်အဖြစ်ကို ခံယူတော့မယ်။ တပည့်တို့ ကတော့ ကြိုက်သလို ဆုံးဖြတ်နိုင် ကြတယ်။ ရဟန်း ဂေါတမရဲ့ တပည့်အဖြစ်ခံယူလိုကလည်း ခံယူနိုင်ကြတယ်။ မခံယူလိုကလည်း မခံယူဘဲ နေနိုင်ကြတယ်။ ခေါင်းဆောင် ကဿပက ဒီလိုပြောတော့ တပည့်ကဿပတွေက ပြန်ပြောကြတယ်။ ဆရာက ဒီလို လုပ်ရင် တပည့်တို့ လည်း ဘာမှ ငြင်းဆန်နေစရာ မရှိကြပါ။ အားလုံးလည်း ရဟန်းဂေါတမထံ တပည့်ရဟန်း အဖြစ်ခံ ယူကြပါမယ်လို့ ပဲ။

Website counter

Back to TOP