ဘုရား(၁၇) ကဿပတို့  ရှေးက ဘာသာရေးအဆောင်တွေစွန့် ကြ

ကဿပ ဆရာတပည့်အားလုံး ညှိနှိုင်း ညီညွှတ်ပြီးသွားရင်ပဲ သူတို့  စခန်းမှာ ရှိကြတဲ့ တစ်ချိန်က ဘာသာရေး အသုံး အဆောင်ပစ္စည်းများကို နေဉ္စရာမြစ်ထဲ လွှင့်မျှောပစ်ကြတယ်။ ဒါကို အောက်စခန်းနှစ်ခုမှာ ရှိကြတဲ့ ကဿညီနှင့် တပည့်တွေက တွေ့ ကြတယ်။ ဘယ်လိုလဲ၊ ဒါဘာဖြစ်တာလဲ အစရှိတဲ့ မေးခွန်းတွေ မေးပြီး တပည့်တွေကို စုရုံးစေကာ အဖြစ်မှန် သိရှိရေး အတွက် နော်တော်ကြီး ကဿပ စခန်းရှိရာကို တက်လာခဲ့တယ်။


ညီကဿပတွေလဲ ရဟန်းပြု

နောင်တောင်ကြီး ကဿပဟာ သူ့ ညီကဿပတွေနဲ့  သူ့ ညီတွေရဲ့ တပည့်တွေကို ဖြစ်ကြောင်းကုန်စင် ရှင်းပြတယ်။ သူနဲ့  တပည့်တွေ အားလုံး ရဟန်းဂေါတမထံမှာပဲ တပည့်ရဟန်း အဖြစ်ယူကြတော့ဖို့  ဖြစ်တယ်။ ဒါကြောင့် စွန့် ပစ် ကြတာပဲ။ ညီတို့ နဲ့  တပည့်တွေကတော့ နော်တော်လိုပဲ လုပ်ချင်လုပ်ခွင့်ရှိတယ်။ မလုပ်ပဲလည်း ကိုယ်ကြိုက်သလိုလည်း နေနိုင်ကြတယ်။ နောင်တော်ကြီး ကဿပရဲ့ စကားကြားကြရတဲ့ ညီကဿတွေနဲ့  တပည့်တွေဟာ နောင်တော်ကြီးကို ပြန်ပြောကြတယ်။
ညီကဿပတွေနဲ့  တပည့်တွေဟာ နောင်တော်ကြီး ကဿပကို ယုံစားသူတွေ ဖြစ်ကြပါတယ်။ နောင်တော်ကြီးဟာ အသစ်ကောင်းလို့  အဟောင်းစွန့် တာ အမှန်ဖြစ်ရမယ်။ ဒီတော့ ညီတို့ နဲ့  တပည့်တွေလည်း ရဟန်းဂေါတမရဲ့ တပည့် ရဟန်းအဖြစ် ခံယူကြမယ်လို့ ပဲ။

ဘုရား ရာဇဂြိုလ်ကြွပြီ

ဘုရားရှင်ဟာ ကဿပညီနောင် ရဟန်းတစ်ထောင်ခြံရံပြီး ဂယာမှ ရာဇဂြိုလ်မြို့ ကို ကြွတယ်။ ဘုရင်ဗိမ္ဗိသာရဟာ ဘုရားကို ဘုရားမဖြစ်မီက တွေ့ ဆုံစကား ပြောခဲ့ဖူးသူဖြစ်တယ်။ ရဟန်းကလေးက ဘယ်ကလဲ။ ငယ်ငယ်ရွယ်ရွယ်နဲ့  ဘာ့ကြောင့် ရဟန်းလုပ်နေသလဲ။ သူ့ တိုင်းပြည်ရဲ့ အာဏာတစ်ဝက်ကို သူပေးမယ်လို့  အထိ ကမ်းလှမ်းခဲ့ဖူးတယ်။
ဘုရားလောင်းလျာ သိဒ္ဓိတ္ထဟာ သူ့ ကမ်းလှမ်းတာကို ငြင်းဆိုခဲ့တယ်။ တရားပဲရှာမယ် ပြောခဲ့တယ်။ ဒီလိုဆိုလည်း ကောင်းပါပြီ၊ တရားရပြီဆိုရင်တော့ သူ့ မြို့ တော်ကို အလျဉ်အဦး ဟောပြောပေးပါလို့  ဖိတ်ကြားတယ်။ ဘုရားဟာ တရားရလို့  အတော်အတန် ဖြန့် ကျက်ပြီးတဲ့ အခါမှာ ရာဇဂြိုလ်ကို ကြွခဲ့ခြင်း ဖြစ်တယ်။

ဗိမ္ဗိသာရ ဥပသကာဖြစ်

ဘုရင် ဗိမ္ဗိသာရ အားရဝမ်းသာ ကြိုဆိုပြီး သူပိုင် ဝါးဥယျာဉ်ထဲမှာ လုံလောက်တဲ့ အထိ ကျောင်းတွေဆောက်စေပြီး သူ့ မြို့သူမြို့သားတွေ ဖူးမျှော်တွေ့ ဆုံ နာကြားလိုသူတိုင်း နာကြားနိုင်အောင် ဘုရားကို သီတင်းသုံး နေထိုင်စေတယ်။ ဘုရင် ဗိမ္ဗိသာရလည်း တရားသိပြီး ချဉ်းကပ်သူ ဥပသကာတစ်ဦး အဖြစ် ခံယူလိုက်တယ်။

မြို့ သားတွေ သံသယ ကဿပဖျောက်

မြို့ သူမြို့သားတွေက ကဿပညီနောင်တို့ ကိုသိကြပြီးတွေ များကြတယ်။ ဝါးဥယျာဉ်မှာ ကဿညီနောင်တို့  နဲ့  ရဟန်း ဂေါတမတို့  ရောက်နေကြတာကို ဘာရောက်တွေ့ ဆုံကြတယ်။ သူတို့  စိတ်မှာ မရှင်းမရှင်းလည်း ဖြစ်ကြတယ်။ ရဟန်းဂေါတမဟာ ကဿညီနောင်တို့ ရဲ့ တပည့်လား။ ကဿပညီနောင်တို့ က ရဟန်းဂေါတမရဲ့ တပည့်လားလို့ ပဲ အမျိုးမျိုးကြိုက်သလို ပြောနေကြတာတွေ ဖြစ်နေကြတယ်။
ဒီယုံမှားဖြစ်ပွားမှုကို ကဿပညီနောင်တို့  သိကြရတဲ့ အဖြစ်ရောက်တဲ့ အခါ နောင်တော်ကြီး ကဿပဟာ ရှင်းလိုက်တယ်။ တစ်နေ့ မှာ လာရောက်တွေ့ ဆုံသူ လူအများရောက်လာခိုက်ဖြစ်တယ်။ နောင်တော်ကြီး ကဿဟာ ဘုရားရှေ့ မှောက် အရောက်သွားပြီး အရိုအသေပြုမှုအပြည့်နှင့် ဘုရားကို လျှောက်ထားလိုက်တယ်။ အရှင်ဟာ တပည့်တော်တို့ ရဲ့ ဆရာအရှင်ဖြစ်ပါတယ်။ တပည့်တော်တို့ ဟာ ဆရာအရှင်ရဲ့ တပည့်များသာ ဖြစ်ကြပါတယ်။ အစရှိ တဲ့ အကြောင်းတွေ ဖြစ်တယ်။ မြို့ သူမြို့သား ပရိတ်သတ်လည်း မီးကို ရေနဲ့ ငြိမ်းလိုက်သလို ငြိမ်းပြီး သံသယတွေ ပျောက်ကြရတယ်။
သူတို့  ပူဇော်ရမယ့် သူဟာ ဘုရားဖြစ်ကြောင်း သိပြီး ဘုရားကို ပူဇော်ကြတယ်။ ဘုရားကလည်း ပရိတ်သတ်ကို တရားဟောတယ်။ ပရိတ်သတ်ထဲက အတော်များများ ဘုရားကို သိသွားကြတယ်။ ရသူလည်း ရသွားကြတယ်။ တချို့ က တပည့်ရဟန်းလုပ်ကြတယ်။ တချို့ က တကာဥပါသ်ခံသွားကြတယ်။ ဒီအလုပ်တွေကို သူ့ တစ်သက်တာရဲ့ ကျန်တဲ့ (၄၅)နှစ်ကြာအောင် လုပ်သွားတယ်။

ဘုရားရဲ့ အောင်ပွဲ
ဘုရားရဲ့ ဒီအဖြစ်တွေဟာ ဆက်တိုက်အောင်ပွဲကြီး တွေလို့  ပြောရမှာပဲ။ ဒါပေမယ့် လောကအားနဲ့  စာရင် မပြောပလောက်တဲ့ အောင်မြင်မှုပေါ့။ သူ့ တရား ဓမ္မဟာ တခြားတရားဓမ္မ ခေါင်းဆောင်တွေရတဲ့ ရလဒ်ထက်ပိုမိုတယ်။ ဒါပေမယ့် လောကရဲ့ ဦးဆောင်လမ်းညွှန် အဖြစ်အထိတော့ မရောက်ခဲ့ဘူး။

ဘုရားရဲ့ အောင်ပွဲ အမြုတေ အောင်ပွဲမျှဖြစ်
သူ့ တရားကြောင့် လောကကြီးရဲ့ အချုပ်အနှောင်အတုတ် အဖွဲ့ စနစ်တွေ ဘာတစ်ခုမှ ပြောင်းလဲမသွားကြဘူး။ ကျွန်ကလည်း ကျွန်အဖြစ်က မပျက်ဘူး။ သခင်ကလည်း သခင်ပဲ၊ ဘုရင်ကလည်း ဘုရင်ပဲ။ သူ့ တရားသိသူ အရေအတွက်ဟာ လောကရဲ့ အတုတ်အဖွဲ့ ကို နဲ့ အောင် လုပ်နိုင်တဲ့ အထိ အားမရှိဘူး။ ဒါကြောင့် သူ့ တရားဟာ လူတွေရဲ့ ဦးဆောင်လမ်းညွှန် သဘောတရားအဖြစ် အောင်ပွဲမခံနိုင်ဘူး။ ဘုရားရှင်ဟာ မြို့ပြရွာနယ် မရွေး အလျှင်းသင့် သလို မရပ်မနား သွားလာနေခဲ့တယ်။ တရားဓမ္မတွေကိုလည်း ဟောပြောပြသခဲ့တယ်။ တပည့်ခံသူ ဥပသမ္ပန္နနဲ့  ဥပသကာတွေလည်း အများအပြားပဲ ရရှိခဲ့တယ်။ ဒါတွေကို ဆုံးမသွန်သင်မှုလည်း လုပ်နေခဲ့တယ်။ မနေမနား လုပ်သလောက်လည်း ဖြစ်ပါတယ်။ ဖြစ်တာက အမြုတေကျတာပေါ်တဲ့အထိပါပဲ။ ဒါဟာလည်း ဘုရားရဲ့ ရုပ်ပုံလွှာပဲ ဖြစ်တယ်။ ဒီရုပ်ပုံလွှာဟာ ဘုရားကို လေ့လာသူတွေ မလွဲမသွေသိရမယ့် အချက်ဖြစ်တယ်။
ဘုရားရှင်ရဲ့ ဘဝရုပ်လွှာကို လေ့လာခဲ့ကြရာမှာ တွေ့ သလောက်ဆိုရင် အတော်ပီပြင်ခဲ့ပြီ။ ဘုရားဟောတဲ့ တရားကို လေ့လာရာမှာ ငုံးတိတိအဖြစ်က လွန်နိုင်လောက်ပါပြီ။ ဒီမှာ ဒီလောက်ဆိုရင် ဘုရားလေ့လာမှု ပြီးသင့်ပါပြီ။

Website counter

Back to TOP