နိဂန္တနာဋပုတ္တဆိုတဲ့ ဘုရား အမည်ခံ တစ်ခြား ပုဂ္ဂိုလ်တစ်ဦး ကိုလည်း အတော်များများ ဝေဖန်ခဲ့တယ်။ နိဂန္တက သဗ္ဗညု အဖြစ်ဘွဲ့ ခံသူ ဖြစ်တယ်။ ဒီဘွဲ့  အဓိပ္ပါယ်က အားလုံးကို သိမြင်သူလို့  ဖြစ်တယ်။ နိဂန္ထက လမ်းမှား လမ်းမှန် မေးတာတွေ၊ ဆွမ်းမလောင်းတဲ့ အိမ်မှာ ဆွမ်းရပ်တာတွေကို ဘယ်လိုလဲ အားလုံးပဲ သိသူဆိုပြီး ဒါတွေကို မသိပါလား ဆိုတာမျိုးဘဲ၊ အစာမစားဘဲ ရက်များစွာနေပြီး စားတဲ့ အခါ အများကြီးစားတာတွေကို ဘယ်လိုလဲလို့  မေးခွန်းတွေ မေးခဲ့တယ်။
နိဂန္ထ ကမ္မဝါဒကို ဝေဖန်
အတိတ်ဘဝက ပါလာတဲ့ ကံတွေကုန်အောင် ကျင့်ကြံချက် ကိုလည်း ကံတွေ ဘယ်လောက် ပါလာတာလဲ။ ကျင့်တဲ့ အတွက် ဘယ်လောက်ကုန်ပြီး ဘယ်လောက် ကျန်သေးသလဲ၊ နောက်ဘယ်လောက်ကျင့်ရင် ကုန်မလဲ၊ ဒီမေးခွန်းတွေကို တစ်ခုမှ မဖြေနိုင်ကြတဲ့ အခါ မင်းတို့  အကျင့်က ဆုံးလို့  မရတဲ့ အကျင့်ဘဲ။ ကျင့်ရတာကလည်း တပင် တပန်းခံရတာ။ ဒီတော့ မင်းတို့ မှာ အပြစ်တင်စရာတွေက အများအပြား ဖြစ်နေတယ်လို့  ဘုရားကသူတို့  ကို အပြစ်တင်ပြခဲ့တယ်။ နိဂန္ထတွေ ဘုရားရဲ့ အပြစ်တင်ချက်တွေကို မဖြေနိုင်ကြဘဲ ခံကြရတယ်။
သစ္စကဝါဒလက်မှိုင်ကျ
အဲဒီခေတ်က ဝါဒတစ်ထောင်ကို ဆောင်တယ် ဆိုတဲ့ ပုဂ္ဂိုလ် တစ်ဦးလည်း ရှိတယ်။ သူဟာ လိစ္ဆဝိမင်းတွေရဲ့ ကိုးကွယ်ခံရသူဘဲ။ နာမည်က သစ္စကဖြစ်တယ်။ တစ်နေ့ မှာ သူက ဘုရားကို ဝါဒပြိုင်တယ်။ သူက ဘုရားရဲ့ ဝါဒကို မေးတဲ့ အခါ ဘုရားက လောကဆိုရတဲ့ ဒုက္ခတရားတွေရဲ့ အနတ္တအဖြစ်ကို ဟောပြောတယ်။ ဘုရားက သစ္စကကို ဒီဟောပြောချက် မမှန်ဘူးထင်ရင် ချေပဖို့  ပြောတယ်။ သစ္စကဟာ ဒါကို လက်ခံရတဲ့ အဖြစ် ရောက်တယ်။ သစ္စကဝါဒ တစ်ထောင်ဟာ ဘုရားရဲ့ ဓမ္မအောက်မှာ ပြားပြားမှောက်ရတယ်။
ရောဟိတသဝါဒ ချွတ်လွတ်
ဘုရားခေတ်က ရောဟိတသဝါဒ ဆိုတာလည်း ရှိခဲ့တယ်။ သူကတော့ လူ လွတ်မြောက်မှု အတွက် စကြာဝဠာ အနန္တနဲ့  ဆက်စပ်တွေးခေါ် သူ ဖြစ်တယ်။ ပတ်ဝန်းကျင်ဟာ စကြာဝဠာ အနန္တအထိကျယ်ပြန့်တယ်။ ဒါဟာ ဘဝတွေကို အမှန်အကန်သိမှ လူလွတ်မြောက်ရေး အမှန်ကို တည်ဆောက်နိုင်ပြီး လူများ လွတ်မြောက်ကြမှာ ဖြစ်တယ်။ သူဒီလို တွေးခေါ်တယ်။
ဘုရားက သူ့  ဝါဒကိုလည်း လမ်းလွှဲပေးခဲ့တယ်။ လူလွတ်မြောက်ခြင်းနဲ့  လွတ်မြောက်ရေးတွေဟာ ပတ်ဝန်းကျင်မှာ မရှိဘူး။ ခြောက်ပေလျော့လျော့ ရှိတဲ့ ဒီလူထဲမှာ ရှိတယ် ညွန်ပြခဲတယ်။ ရောဟိတသဝါဒလည်း ဒီမှာ နိဂုံးချုပ်သွားတယ်။
နောက်ဝါဒတစ်ခုက ဗကဝါဒပဲ။ ဒီဝါဒဟာ ဘုရားမရှိခင် ကတည်းက လောကာယတဝါဒ အဖြစ် ရှိခဲ့တယ်။ ဒီဝါဒကို စာရဝါက ဆိုသူ ထွင်ခဲ့တာ ဖြစ်တယ်။ အဲဒီဝါဒကို ဘုရားက ဗကဝါဒလို့  ခေါ်တယ်။ ဗကဝါဒဟာ ရုပ်ဝါဒပဲ။ သူ့ ဝါဒကို လက်ခံသူလည်း အများအပြားပဲ။ ဒီဝါဒတွေဟာ ကိုယ်တွေ့ ကို အခြေခံသူတွေ ဆိုတော့ အယူသန်ကြတယ်။ ဘယ်သူ့  ကိုမှ အရေးမထားဘူး။ ငြင်းခုန်တိုက်ခိုက်ကြတယ်။
စာရဝါက ဗကရုပ်ဝါဒီများ ကြေပျက်
ဘုရားကို အခါများစွာပဲ သူတို့ တိုက်ခိုက် ငြင်းခုန်ကြတယ်။ လူတွေရဲ့ ဆင်းရဲ ချမ်းသာ တွေဟာ ရုပ်အခြေ အနေ အရ ဖြစ်တယ်။ ဒါကြောင့် ဆင်းရဲ ချမ်းသာတွေ အတွက် ဘာမှကိုးကွယ်စရာ မလိုဘူး။ ဒီလူ ဘဝတွေက ဆင်းရဲ ချမ်းသာကို အတိုးအလျော့ ဘာမှ လုပ်လို့  မရဘူး။ ရုပ်နိယာမအရ ဖြစ်စရာ ရှိတာ ဖြစ်မှာပဲလို့  ခံယူကြတယ်။ ဒီအမှန်ကို ဟောပြောတဲ့ ဗကဗြဟ္မကြီးကိုပဲ သူတို့  ကိုးကွယ်ကြတယ်။
ဘုရားရဲ့ ကမ္မဝါဒ လမ်းစဉ်ဖြစ်တဲ့ မဇ္ဈိမပဋိပဒါ တရားဟာ ဗကဝါဒကို ကြေပျက်စေခဲ့တယ်။ ဒီဝါဒဟာ သူတို့  ဆန့်  ကျင့်တဲ့ ရုပ်မဲ့ ဝါဒလည်း မဟုတ်တဲ့ အတွက် သူတို့ မတိုက်ခိုက်နိုင် ဖြစ်ကြတာပဲ။
မျက်စေ့စောင့်စည်းတဲ့ ဗြဟ္မဏ ဘုရားဆုံးမပုံ
ဘုရားခေတ်က တစ်ချို့ လူတွေကလည်း ဝါဒတွေ ရှိကြတယ်။ တစ်ခါမှာ ပညာသင်ကျောင်းသား တစ်ဦးကို ဘုရားက မေးတယ်။ မင်းတို့  ဆရာက စောင့်စည်း စရာတွေကို ဘာတွေလို့  ညွှန်ပြ သလဲလို့ ပဲ။ မျက်စေ့ စတဲ့ အာရုံခံ အင်္ဂါတွေကို စောင့်ဖို့  ညွှန်းကြောင်း ဖြေတယ်။ ဘယ်လို စောင့်ရမှာတဲ့လဲလို့  မေးတယ်၊ မျက်လွှာချ ထိမ်းသိမ်းဖို့  လို့  ဖြေတော့ ဒီလိုဆိုရင် မျက်မမြင်ဟာ စောင့်ပြီးသား ဖြစ်ပြီပေါ့လို့  ဘုရားကပြောတယ်။
ဘုရားဝါဒဟာ သိပ္ပံအပေါ်မှီကာ သိပ္ပံဝါဒဖြစ်
ဘုရားရဲ့ ဝါဒက အလယ်အလတ်ဝါ ဆိုတော့ လောကကြီးမှာ တည်ရှိနေတာတွေနဲ့ မတူညီဘူး။ လောက လွန်သူက လွန်ပြီး နစ်သူက နစ်နေတယ်။ ရုပ်ကိုးကွယ်သူနဲ့  နတ်ကိုးကွယ်သူ ဒီလိုတွေ ဖြစ်နေတယ်။ ဘုရားရဲ့ လမ်းက လက်တွေ့  လူတွေ ငြိမ်းချမ်းဖို့ ပဲ။ ငြိမ်းချမ်းအောင်ကလည်း လက်တွေ့  မငြိမ်းချမ်းမှုတွေကို အငြိမ်းစား ယူစေတာပဲ။ ဒီတော့ လူမသိနိုင်တာ မပါဘူး။ လူလုပ်လို့  မဖြစ်တာလည်း မပါဘူး။ ဒီနေ့ ခေတ် သိပ္ပံပညာရပ် တွေလို ဖြစ်တယ်။
ဘုရား(၄၉) နိဂန္တရဲ့ သဗ္ဗညုဘွဲ့ ကို ဝေဖန်
Labels:
ဘုရား