သိပ္ပံပညာမှာ အပိုဟိတ်ဟန်တွေ မရသလို ဘုရားရဲ့ တရားမှာလည်း ဒီလိုပဲ။ ဘာသာတရားတွေက အပို ဟိတ်ဟန်တွေနဲ့  မွန်းမံထားတာ တွေပဲ။ အတွင်းမရှိရင် အပြင်ကိုပဲ မွှမ်းရတယ်။ ဘုရားက အပြင် မမွှမ်းဘူး။ ဘုရားရဲ့ ရုပ်သွင်ဟာ ဒီလို အချက်အလက်တွေနဲ့  ချယ်လှယ်ကြည့်မှ အမှန်မြင်ရဖို့  ရှိမယ်။ ဒီလို မြင်စရာတွေ အများအပြား ရှိဦးမှာ ဖြစ်ပေမယ့် လမ်းစပေါ်ရုံလောက်ပဲ လေ့လာ ကြည့်ခွင့်ရမယ်။ ဒီကြည့် ခဲ့ရသမျှ ဘုရား ရုပ်ပုံဟာ ဘုရားရဲ့ တရားကို လေ့လာဖို့  လုံလောက်တဲ့အနေမှာ ရှိလောက်ပါပြီ။
ဘုရားဖြစ်ပြီး သာသနာပြုလှုပ်ရှား
ဘုရားဟာ ဘုရားအဖြစ်ရောက်လို့  တစ်ဝါဆိုပြီးနောက် ရာဇာဂြိုလ်မြို့ က စပြီး မြို့ ရွာတွေကို ဝင်ခဲ့တယ်။ တရားတွေ ဟောခဲ့တယ်။ လေးဆယ့် ငါးနှစ် ကြတဲ့ အထိ မနေမနား လှုပ်ရှားဆောင်ရွက် နေခဲ့တယ်။
ပရိသတ်လေးပါးပြည့်
ဘုရားဆည်းကပ်သူ ယောက်ျား မိန်းမ (ဥပသကာ ဥပါသကီ) နှင့် တရား အကျိုး သယ်ပိုး ဆောင်ရွက်သူ ရဟန်း၊ ယောက်ျား၊ မိန်းမ (ဘိက္ခု ဘိက္ခုနီ) ပရိတ်သတ်လေးပါး အပြည့်အဝ ရရှိခဲတယ်။
ဘုရားကျောင်းများ
သူ့ အတွက် ထင်ရှားတဲ့ ကျောင်းကြီးတွေ လက်ချိုးရေလို့  ရတယ်။ ဝေဠုဝန်၊ အမ္ဗဝန်၊ ဇေတဝန်၊ မဟာဝုန်ပြဿဒ်ကျောင်း၊ ပုပ္ပာရုံ၊ နိကြောဓာရုံ၊ ဃောသိအာရုံ၊ ကုက္ကုဋာရုံ အစရှိတာတွေ လောက်ပါပဲ။
ဘုရားဝါဆိုရာများ
သူဝါကပ်ခဲ့တဲ့ နေရာတွေကလည်းပဲ လက်ချိုးရေလို့ ရတာတွေပါပဲ။ ဇေတဝန်မှာချည်း ဝါနှစ်ဆယ်လောက် ဝါဆိုပါတယ်။ တောထဲမှာတစ်ချို့ ၊ တောင်ခြေမှာတစ်ချို့  ရွာနီးနားတွေမှာတစ်ချို့ နှင့် မြို့ တွေမှာတစ်ချို့  ဖြစ်ပါတယ်။ သူဝါဆိုတဲ့နေရာ ကျောင်းတွေ အားလုံးဟာ မြို့ ရွာပ မြို့ ရွာ အပြင်ဘက်မှာ ချည်းတော့ ဖြစ်ကြပါတယ်။
ဘုရားနောက်ဆုံးဝါမှာ ဖျားနာပြီး အာယုသင်္ခါရလွှတ်
ဘုရားဟာ လေးဆယ့်ငါးနှစ်မြောက်ဝါမှာ နာဖျားမကျန်း အတော်ကြီး ဖြစ်တယ်။ ရဟန်းလည်း အနည်းအပါးပဲ သူအနီးမှာ ရှိတယ်။ အဲဒီနှစ် ဝါခေါင်လမှာ အာယုသင်္ခါရလွှတ်ကြောင်း ရှင်အာနန္ဒာကို ပြောတယ်။ အာယု သင်္ခါရ လွှတ်တယ်ဆိုတာ အသက်ရှင်ဖို့  မပြုပြင် တော့ဘူးလို့  ပြောတာပဲ။ အဲဒီလိုပြောတော့ နာဖျားမကျန်း အတော်ကြီး ဖြစ်နေပြီ။ ဒီနောက် ဘယ်မှ သိပ်မသွားတော့ဘူး။ နောက်ဆယ်လလောက် ရောက်မှပဲ ဒီက မဝေးလှတဲ့ ပါဝါမြို့  ခရီးထွက်လာခဲ့တယ်။
ဘုရားနောက်ဆုံးဆွမ်းနှင့် နောက်ဆုံးခေါင်းချရာ
အဲဒီမှာ ဝက်ပျိုသားပြွမ်း ဆွမ်းစားပြီး ဝမ်းပျက်သွားတာပဲ။ ဒီအထဲကပဲ ဒီနဲ့  မဝေးလှတဲ့ ကုသိနာရုံပြည်ကို ခရီးဆက်သေးတယ်။ အဲဒီက မလ္လာမင်းတွေရဲ့ အင်ကြင်းဥယျာဉ်မှာ နောက်ဆုံး ခေါင်းချတယ်။
လွန်မဲ့ညမှာ ပြောခဲ့တဲ့ ဘုရားစကားများ
သူလွန်မယ့် ညမှာ စကားတွေ အများအပြား ပြောပါသေးတယ်။ သံဃာတွေကို ပြောချင်တဲ့ စကားရှိရင် မပြောလိုက်ရ မဖြစ်ရအောင် အပြောခိုင်တဲ့ စကား -
သူမရှိတဲ့နောက်
၁။ ဝိနယကို သံဃာက ပြင်နိုင်တယ် ဆိုတဲ့စကား
၂။ သူဈာပနကို မလ္လာမင်းတို့  လုပ်သင့်သလို လုပ်လိမ့်မယ်ဆိုတဲ့ စကား
၃။ အငယ်က အကြီးကို ရိုသေစွာ ပြောဆိုရမယ် ဆိုတဲ့စကား
၎။ ဆန္ဒရဟန်းကို ဗြဟ္မဒဏ် ထားရမည်ဆိုတဲ့ စကား
ဘုရား(၅၀) တရားဖော်လို့  ဘုရားဖော်ချက် အမြွက်မျှဖြစ်
Labels:
ဘုရား