ဘုရား(၄၇) အာရောဂျပရမာလာဘာ အနက်မပြ

တစ်ခါက အိမ်တအိမ်မှာ ဘုရားက တည်းခိုနေတယ်။ အဲဒီအိမ်ကို တစ်ခြား ဗြဟ္မဏကြီး တစ်ယောက်က လာလည်တယ်။ အဲဒီ ဗြဟ္မဏကြီးက ဘုရားကို တွေ့ တော့ နှာခေါင်းရှုံ့ ပြီး ပြောဆိုတယ်။ ဒီကတုံးက ဒီမှာ ရောက်နေတာကိုး။ မင်္ဂလာမဲ့လိုက်တာ လို့ ပဲ။ “အာရောဂျ ပရမာလာဘာ၊ ဝိဿသံ ပရမံဉာတီ၊ နိဗ္ဗာနံ ပရမံ သုခံ၊ သံတုဌီ ပရံဓနံ” အဲဒီလို ရှေးဟောင်း ပါဠိကဗျာလေး တစ်ပုဒ်ကို ရွတ်ဆိုပြီး ပုဏ္ဏားကြီးကို ဘုရားက တုန့် ပြန်ခဲ့ တယ်။ ကဗျာ အဓိပ္ပါယ်က -

ရောဂါမရှိတာဟာ အကောင်းဆုံးလာဘ်ပဲ။ အကျွမ်းဝင်တာဟာ အမြင့်ဆုံးအမျိုးပဲ။ ငြိမ်းအေးတာဟာ အကောင်းဆုံးချမ်းသာ၊ ရောင့်ရဲတာဟာ အမြတ်ဆုံးဥစ္စာပဲ။ ဒီကဗျာကို သူလည်း ကြားဖူးတယ် လို့ပုဏ္ဏားကြီးက ဘုရားကို ပြောတယ်။
ဒီတော့ ဘုရားက ပြောတယ်။ ဒီကဗျာကို သင်ကြားဖူးပေမယ့် အဓိပ္ပါယ် မသိပါဘူးလို့  ဘုရားက ပြန်ပြောတယ်။ သိတယ်လို့  ပုဏ္ဏားကြီးက ဖြေတယ်။ သင်သိတာ မှားနေတယ်လို့  ဘုရားက ပြောတယ်။ အဲဒီလိုဆို မှန်တဲ့ အနက်ကို သူသိချင်ပါတယ်။ ပြောပြပေးပါလို့  ပုဏ္ဏားကြီးက ပြန်မေးတယ်။ ဒီအမေးကို ဘုရားက ရှည်ရှည် ဝေးဝေးပဲ ဖြေတယ်။

ဂါထာအနက်မပြရကြောင်း ကြားပြီး ပုဏ္ဏားကျွတ်
ဖြေပုံက ဝမ်းတွင်းကန်း တစ်ယောက်ကို လူနောက်တွေက နောက်ပြောင် လိုတဲ့ အတွက် ချေးအလိမ်းလိမ်း ကပ်တဲ့ လက်နှီးစုတ် အဝတ်ကို ဝတ်စရာချုပ်ပြီး အကန်းကို ဝတ်စေတယ်။ ဒီအဝတ်ဟာ အင်မတန် အရောင် တောက်ပပြီး အလွန်နှုးညံ့တဲ့ အဝတ် အကောင်းစား ဖြစ်တယ်လို့  အသိပေးကြတယ်။ အကန်းကလည်း သူတို့  ပြောတဲ့ အတိုင်း ယုံပြီး လူပုံအလည်မှာ ဝင့်ကြွားတယ်။ လူတွေက မင်းအဝတ်ဟာ မင်းထင်သလို မဟုတ်ဘူး လို့  မှန်တဲ့ အတိုင်း ပြောတော့ အကန်းဟာ စိတ်ဆိုးတယ်။ မယုံဘူး။ တကယ်ယုံသွားရင်လည်း ဝမ်းနည်းမယ်။ သင်ပုဏ္ဏားလည်း ဒီလိုပဲ။
ဒါကြောင့် ဒီကဗျာရဲ့ အဓိပ္ပါယ်ကို ငါမပြောဘူး။ သင်ကိုယ်တိုင် အဓိပ္ပါယ်ဖွင့် နိုင်အောင်ပဲ ငါနည်းလမ်း ပေးမယ်လို့  ပြောခဲ့တယ်။ နောက်ဆုံးမှာ ပုဏ္ဏားကြီးဟာ ဘုရားကို ဆည်းကပ်သူ ဖြစ်သွားခဲ့တယ်။

ဗြဟ္မဏ ကမ္မဝါဒ ဗုဒ္ဓလက်မခံ
အဲဒီခေတ်က ဘာသာရေး ခေါင်းဆောင်ကြီးတွေ အတော်များများဟာ ဘုရားကို အကြိယဝါဒီ (ပြုလုပ်မှုကို ငြင်းသူ) အဖြစ် စွပ်စွဲကြတယ်။ ဘုရားက သူတို့ ရဲ့ ကမ္မဝါဒပုံစံကို လက်မခံပဲ ငြင်းဆန်တဲ့ အတွက် စွပ်စွဲကြတာပဲ။ သူတို့  ကမ္မဝါဒက မမွေးမီဘဝက ပြုခဲ့တဲ့ ကံတွေအလျောက် ဒီဘဝမှာ ဖြစ်နေရတယ်။ ဒီဘဝ ပြုလုပ်တဲ့ ကံတွေ အလျောက် သေပြီး နောက်ဘဝမှာ ဖြစ်ရမှာ ဖြစ်တယ်ဆိုတဲ့ အယူ အဆပဲ။ ဒါကို ဘုရားက လက်မခံခဲ့ဘူး။

ပဋိစ္စသမုပ္ပါဒ်ပြပြီး အကိရိယဝါဒငြင်း
ဒါကို လက်မခံယူဟာ ဘာသာရေး မရှိသူ အကြိယဝါဒီကြီး ဖြစ်တယ်။ ဒီသူကို သူတို့  စက်ဆုတ် ရွံရှာ ကြတယ်။ ဘုရားကို ဒီလိုသူ ဆိုပြီး သူတို့  စက်ဆုတ် ရွံရှာကြတယ်။ ဘုရားရဲ့ ကမ္မဝါဒက ပစ္စုပ္ပန်ကမ္မဝါဒ ဖြစ်တယ်။ ဒါ့ကြောင့် ဘုရားဟာ သူ့ ကိုယ်သူ အကြိယ ဝါဒီမဟုတ်သူ ဆိုတာ သိခဲ့တယ်။ ပဋိစ္စသမုပ္ပါဒ် ဒေသနာ ဆိုပြီး သူ့ ရဲ့ ကမ္မဝါဒကို တခမ်းတနား ဟောခဲ့တယ်။
ဒီဒေသနာအရ ဖော်ပြတာက ကံကြောင့်လူ ဖြစ်တာ မဟုတ်ဘူး။ ကံကြောင့် ဒုက္ခဖြစ်တာသာ ဟုတ်တယ်။ ဒုက္ခဟာ လူမဟုတ်ဘူး။ လူမှာဖြစ်တဲ့ မလိုလားအပ်တဲ့ ပျက်စီး ဆုံးရှုံး နစ်နာမှုသာ ဖြစ်တယ်။ ဒါလည်း ဖော်ပြတယ်။ ဘုရားက လူကို စကားမပြောဘူး။ လူဟာ ပြဿနာလည်း မဟုတ်ဘူး။ ဒုက္ခစကားဘဲ ပြောတယ်။ ဒုက္ခကတော့ ပြဿနာ မဟုတ်လား။ အဲဒီခေတ် ဘာသာရေး သမားတွေက လူမှာ ဖြစ်တဲ့ ဒုက္ခပြဿနာ အဖြေ ပြောတာလောက်ကို အရေးကြီးတယ် ထင်ကြပုံ မပေါ်ဘူး။ ဒါကြောင့် ဘုရားကို အကြိယဝါဒီ စွပ်စွဲ ကြတယ်။

သေပြီး နောင်မယူလို့  ဥစ္ဆေဒ စွပ်စွဲ
အဲဒီ ပုဏ္ဏားတွေက ဘုရားကို ဥစ္ဆေဒဝါဒီ ဘဝပြတ်ယူသူ (ဘာသာမဲ့) ကြီးလို့  စွပ်စွဲကြတယ်။ အဲဒီ ခေတ်က ဘာသာရေးတိုင်းဟာ သေပြီးနောင် ဘဝအတွက်ချည်း လုပ်ငန်းပေးနေကြတယ်။ ဘုရားကတော့ လူမှာဖြစ်တဲ့ ဒုက္ခငြိမ်းဖို့  ညွန်ပြချက်တွေ ပေးနေခဲ့တယ်။ နောက် နောင်ဘဝဆိုတာတွေက ဘုရားကို ဘာသာမဲ့ အဖြစ် ဆဲရေး ပုတ်ခတ်ကြတာပေါ့။

ဘာသာရေးပြဿနာတွေ ဘုရားငြင်း
ပရဗိုဇ်တစ်ဦးက ဘုရားကို မေးတယ်။ အသျှင်ဘုရားဟာ သတ္တဝါတွေ သေပြီး ဖြစ်တယ်လို့  ယူသလားလို့  ဖြစ်တယ်။ မယူဘူးလို့  ဘုရားက ဖြေတယ်။ မဖြစ်ဘူး ယူသလား မေးတော့လည်း ဘုရားက မယူဘူးပဲ ဖြေတယ်။ တစ်ချို့ ဖြစ် တစ်ချို့  မဖြစ် ယူသလား အမေးကိုလည်း မယူဘူးပဲ ဘုရားဖြေတယ်။ ဖြစ်တာလဲ မဟုတ်၊ မဖြစ်တာလဲ မဟုတ် ယူသလား အမေးလဲ မယူဘူးပဲ ဖြေတယ်။

ဘာသာရေးသမား ဘုရားကို နားမလည်
ဒီလို ဖြေတာချည်း ကြားတော့ အသျှင်ဘုရားဟာ ဘာအတွက် ရဟန်း လုပ်နေတာလဲလို့  မေးလာတဲ့ အထိ ဖြစ်တယ်။ ဒါတွေ ဘာမှ မယူရင် ဘာသာရေး အလုပ် မရှိတော့ဘူး။ ရဟန်းဆိုတာ ဘာသာရေး လုပ်ငန်း လုပ်သူ ဖြစ်တယ်။ ဘာသာရေးလုပ်ငန်း မရှိတော့ဘဲ ဘာအတွက် ရဟန်းလုပ်တာလဲလို့  နားမလည်ဖြစ်ကြတဲ့ အထိ ဖြစ်တယ်။ ဘုရားကတော့ အေးဆေးစွာပဲ ဒါကို ဖြေတယ်။ လူတွေမှာ ဒုက္ခ၊ ဒုက္ခဖြစ်ကြောင်းနှင့် ငြိမ်းချမ်း၊ ငြိမ်းချမ်းကြောင်းတွေ ရှိတယ်။ ဒါတွေ အမှန်အကန်ပြောဖို့  ရဟန်းလုပ်တာလို့ ပဲ။
ဘုရားဟာ အဲ့ဒီခေတ် ဘာသာရေးသမားတွေနဲ့  မဆက် မစပ် ဖြစ်နေတယ်။ ဘုရားက လူတွေရဲ့ ပိတ်ဆို့  နေတဲ့ လက်ငင်း ဘဝ ပြချက်နဲ့  လူတွေ လွတ်မြောက်မှု ပြချက်များသာ ဖြစ်နေတယ်။ သူ့ ခေတ် ဘာသာရေး သမားတွေက ဒီလို လက်တွေ့ ကျတဲ့ ပြဿနာ တွေကို လက်ရှောင်ကြတယ်။ အရေအဖတ်မရတဲ့ ပြဿနာ တွေကိုပဲ ကိုင်တွယ်ကြတယ်။ အဲဒီခေတ် ဘာသာရေး သမားတွေကို ကိုင်တွယ်တဲ့ ပြဿနာဟာ ဆယ်ချက်ပဲ ရှိတယ်။ ဒီဆယ်ချက်ထဲက တစ်ချက်ချက်ကို ဘာသာရေး သမားတွေ မလွတ်တမ်း ကိုင်တွယ်ကြတယ်။

Website counter

Back to TOP