ဒီပညတ်ချက်အရ ရဟန်းတွေ ကတာ၊ ဆိုတာ၊ ကြည့်ရှုနားထောင်လို့  အပြစ်မရှိဘူးဆိုတာ သိခွင့်ရှိတယ်။ ကိုယ့်ပိုင်နက်ထဲမှာ ကမယ်၊ ဆိုမယ်ဆိုရင် ကြည့်လို့  နားထောင်လို့  ရတာပဲ။ ဒါမှ မဟုတ် ကိုယ်ရောက်နေတဲ့ နေရာမှာ ကတာ၊ ဆိုတာတွေက ရောက်လာမယ်ဆိုရင် ကြည့်လို့  နားထောင်လို့  အပြစ်မရှိဘူးဘဲ။
ဘုရားနဲ့  ဂီတ
ဒါကြည့်ရင်လည်း အဆိုအကတွေနဲ့  စပ်ပြီး ဘုရားရဲ့ သဘောထားဟာ ပေါ်လွင်တယ်။ နောက်တစ်ခု ရှိသေးတယ်။ တစ်နေရာမှာ စောင်းတီးသမားရဲ့ သီဆိုတီးမှုတ်သံကို ဘုရားမှတ်ချက် ချခဲ့ဖူးတာ ရှိတယ်။ အဓိပ္ပါယ်က ကောင်းတယ် ဆိုတာမျိုး ကောင်းချီးပေးတာ ဖြစ်တယ်။ သီးချင်းဟာ စောင်းသံကို မလွန်ဘူး။ စောင်းသံကလည်း သီချင်းကို မလွန်ဘူးလို့ ပဲ။ ဒီစကားဟာ ဒီကနေ့  ဂီတအရသာ ခံစားသူတွေရဲ့ အဆင့်မြင့်မြင့် ခံစားပြတာရဲ့ ပြောဆိုသံနဲ့  တစ်ထပ်တည်း ဖြစ်တယ်။
ဂီတကို ဘုရားအပြစ်မတင်
ဒီတော့ ဘုရားကိုယ်တိုင် ဂီတအရသာကို ခံစားတယ် ဆိုတဲ့ အမှတ်အသားအဖြစ် ထင်ရှားတဲ့ သက်သေပဲ။ ဒီကနေ့  သိနေသလို ဂီတ စတာတွေကို ဘုရားကျောခိုင်းတယ် ဆိုရင် ချီးချီးမြှောက်မြှောက် ဒီလိုပြောမယ့် အစား အနှောက်အယှက်ဖြစ်လိုက်တာ စုန်းတွေ၊ မိစ္ဆာတွေ လွန်ကျူးနေကြတာ ကြားရသလို စိတ်ဆင်းရဲလိုက်တာလို့  ပြောမှာပဲ။ ဘုရား ဒီလို မပြောဘူး။
နောက်တစ်ချက်လည်း တွေ့ နိုင်သေးတယ်။ အကသမားကြီးတစ်ယောက်က ဘုရားဆည်းကပ်ပြီး တစ်နေ့  မှာ သူကြားဖူးတာကို ဘုရားမေးတယ်။ ကချေသည်တွေသေရင် ပဟာသနတ် ဖြစ်တယ်လို့  ရှေးက ပြောစကား ရှိတယ်။ အဲဒါ အမှန်ပဲလားလို့ ပဲ။ ဘုရားက ပဟာသငရဲကျသူလည်း ရှိတယ်ဆိုတဲ့ အကြောင်းဖြေတယ်။ ဒီနေရာမှာ စာအဆောင်က မှားထားတာရှိတယ်။ ငရဲချည်းပဲ ကျသလိုမျိုးပေါ့။ သူတို့ ရဲ့ အကအပေါ် မြင်တာနဲ့  ထပ်မိအောင် ဆောင်ထားတာပဲ။
ပြဇာတ်က ဇာတ်တွေအကျိုး
အဓိပ္ပါယ်က အကတွေဟာ လူတွေကို ခံစားမှုပေးတဲ့ အရာတွေပဲ။ အဲဒီခံစားမှုကတဆင့် သနားတတ်ဖို့ ၊ ဝမ်းသာတတ်ဖို့  ပြည့်ဝတတ်ဖို့  ဗြဟ္မဝိဟာရတွေဖြစ်အောင် ဗြဟ္မစိုရ်တရားတွေ အသိပညာတွေ ပေးတာပဲ။ ဒီလိုပေးရာမှာ ခံစားမှု လိမ်းကျံပြီး ပေးတာဖြစ်လို့  သကြားအုပ်ထားတဲ့ ဆေးခါးသောက်ရတာလို သောက်လို့  လည်းကောင်း၊ နေလို့ လည်းကောင်း အကျိုးနှစ်မျိုး ပြီးတာပေါ့။
အကသမားရဲ့ နတ်နဲ့  ငရဲ
ဒါပေမယ့် အကစတာတွေကို ခံစားမှုပဓာနထားပြီး ပေးတာလို့  လူသိများတယ်။ ဒါ့ကြောင့် အကစတာတွေဟာ လူတွေရဲ့ အဖျော်အဖြေတွေပဲလို့  သိကြတယ်။ ကသူတွေဟာ ပျော်တော်ဆက်တွေပေါ့။ သူတို့  သိပ်အောင်မြင် ကြရင် သေပြီးနောက်တောင်မှ သူတို့  အရည်အချင်းကို လူတွေ မမေ့ဖျောက်နိုင်ကြဘူး။ ဒီတော့ သူတို့ ကို ပဟာသတွေလို့  ပြောရတာပေါ့။ မကောင်းတဲ့ အကြောင်းအရာနဲ့  ဖျော်ဖြေသူဆိုရင် မကောင်းတဲ့ သတင်းနဲ့  အတိရခံရမှာပဲ။ ကောင်းတဲ့ အကြောင်းနဲ့  ဖျော်ဖြေသူဆိုရင် ကောင်းတဲ့ သတင်းနဲ့  အတိရခံမှာဘဲ။ ဒါ ပဟာသငရဲနဲ့  ပဟာသနတ်ပဲ။
ဒီခေတ်မှာလည်း ဒါတွေရှိတာ အထင်အရှားပဲ။ သရုပ်ပျက်နဲ့  နာမည်ကြီးတဲ့သူ၊ သရုပ်ဖော်ကောင်းလို့  နာမည် ကြီးတဲ့သူ၊ ဖျော်ဖြေသူတွေဟာ သူ့ နာမည်နဲ့  သူပဲ။ သူတို့ ရဲ့ ဂုဏ်သတင်းတွေဟာ သူတို့  မရှိလည်း မပျောက်ဘူး။ ပဟာသနတ်နဲ့  ငရဲတွေပဲ။ နှစ်မျိုးရှိတာကို လက်ခံရမှာလို့  ဟောခဲ့မှာ ဖြစ်တယ်။
ဝိသုကနစ္စ ဖြစ်သူတွေ ပဟာသငရဲ ဖြစ်မှာပေါ့။ ဝိသူကမဟုတ်တဲ့ နစ္စဂီတသမားတွေ ပဟာသနတ်ဖြစ်မှာပေါ့။ ဘုရားက နစ္စဂီတ စတာကို ဝိသူက (ငြောင့်တံကျင် ဖြစ် မဖြစ်) နဲ့  နှစ်မျိုးပြောမှာပဲ။ အခုခေတ်မှာလည်း ရောက်နေတဲ့ ခေတ်ရဲံ ဆန့် ကျင်ဘက်နဲ့  အလျော်ဘက်အဖြစ် နစ္စဂီတ စတာတွေကို ခွဲသတ်မှတ်ကြတာပဲ။ ဆိုရှယ်လစ်ခေတ်မှာ အရင်းရှင်ကောင်းကြောင်း သရုပ်ဖော်အကအဆိုတွေဟာ “ဝိသုက နစ္စဂီတ” လို့  သတ်မှတ်ခံရမယ်။ ဆိုရှယ်လစ်သရုပ်ဖော် အက အဆို ဆိုရင် “အဝိသုကနစ္စဂီတ” ပေါ့။ ဒါ့ကြောင့် ဘုရားက ပျော်တော်ဆက်တွေအတွက် နတ်ရော ငရဲပါ ပညတ်ခဲ့မှာ အမှန်ပဲ။
ဒါကို ကြည့်ရင် နစ္စဂီတနဲ့  စပ်ပြီး ဘုရားရဲ့ ဆန္ဒဟာ ဒီကနေ့  သိနေသလို မဟုတ်ဘူးဆိုတာ ထင်ရှားတယ်။ နစ္စ ဂီတနဲ့  စပ်လို့ ဆက်စပ် သိစရာရှိတယ်။ အဲဒါက ကာတွန်း၊ ဝတ္ထု၊ ရုပ်ရှင်၊ ဗွီဒီယို တီဗွီတွေ ဖြစ်တယ်။
ဝတ္ထု၊ မဂ္ဂဇင်း၊ တီဗွီ၊ ဗီဒီယို ကြည့်သင့် မကြည့်သင့်
ဒါကြောင့် ဒါတွေအပေါ် သဘောထားကို ကိုယ်ထားချင် သလို ထားကြတယ်။ ဝတ္ထု၊ ကာတွန်း မဖတ်သင့်ဘူး ထားသူလည်း ထားတယ်။ ဖတ်သင့်တယ် ထားတဲ့သူလည်း ထားတယ်။ စာနယ်ဇင်း၊ ရေဒီယို၊ တီဗီ၊ ဗွီဒီယို ကြည့်သင့်တယ်၊ မကြည့်သင့်ဘူး နှစ်မျိုးပြားတယ်။ မသင့်ဘူးဆိုသူက နစ္စဂီတ စတာကို ဘုရားက မျက်နှာလွှဲခိုင်း တယ်ထင်ပြီး ဒါတွေလည်း နစ္စဂီတ အနွယ်တွေတော့ ဖြစ်ကောင်းဖြစ်မယ်။ ဒါပေမယ့် ဘုရား မတားခဲ့ဘူးဆိုပြီး ဆုံးဖြတ်တာပဲ။ ဝတ္ထု၊ ကာတွန်း စတာတွေဟာ နစ္စဂီတတွေလို လူကိုခံစားမှု ကူးဆက်ပေးတဲ့ လုပ်ငန်းခြင်း အတူဖြစ်တယ်။ ခံစားမှု သရုပ်ဖော်ရတဲ့ ပညာကို အနုပညာလို့  ခေါ်ရတယ်။ ဒါတွေဟာ အဆိုအကတွေလို အနုပညာ ပစ္စည်းတွေပဲ။
ဘုရား(၃၉) ရဟန်းများ နစ္စဂီတကြည့်ခွင့်ရှိ
Labels:
ဘုရား