လောကဟာ အညစ်အကြေးတွေ အလိမ်းလိမ်း ဖြစ်နေတဲ့ လူ့ အဖွဲ့  အစည်းရဲ့ အမည် ဖြစ်ပေမယ့် အညစ်အကြေး မလိမ်းကျန်တဲ့ လူ့ အဖွဲ့ အစည်းရှိတယ် ဆိုရင်လည်း အဲဒီလူ့ အဖွဲ့ အစည်း ဟာလည်း လောကပဲ ဖြစ်တယ်။ အညစ် အကြေး အလိမ်းလိမ်း ကပ်နေတဲ့ လူ့ အဖွဲ့ အစည်းကို လောကလို့  ခေါ်တာ မိစ္ဆာဒိဌိကို ဒိဌိလို့  ခေါ်တာမျိုးပဲ။ အထင် ရုဠီပဲ ဖြစ်တယ်။ ဒိဌိဆိုတာ မိစ္ဆာဒိဌိ တစ်ခုတည်းရဲ့ အမည် မဟုတ်ပေမယ့် မိစ္ဆာဒိဌိ တစ်ခုတည်း ယူရတယ်။ ဒီလိုပဲ လူလောကဟာ အညစ်အကြေးမဟုတ်ဘူး။ အညစ်အကြေးဟာ လောက လူတွေရဲ့ လွန်ကျူးတဲ့ ကိုယ်၊ နှုတ်၊ နှလုံး ဖြစ်တဲ့ ကမ္မလို့  ခေါ်တဲ့ မှားယွင်းတဲ့ လူ့ အစိတ်အပိုင်း တစ်ခုသာ ဖြစ်တယ်။ ဒီတော့ အညစ်အကြေး နှလုံးနာလို လူလောကကို စွန့် သွားဖို့  မလိုဘူး။ အညစ်အကြေး၊ နှလုံးနာရင် လူ့  လွန်ကျူးမှု ကိုယ်၊ နှုတ်၊ နှလုံး ကမ္မတွေကို စွန့်  ခွာဖို့ ပဲ လိုအပ်တယ်။
သာမညဖြစ်သူ
ကိုယ်၊ နှုတ်၊ နှလုံး လွန်ကျူးမှု ကမ္မတွေကို စွန့် လွှတ်ရင် စွန့် လွှတ်သူဟာ ကိုယ်က ကံပြုပြီး အမှီခိုခံ အဖြစ်လည်း မဖန်တီးဘူး။ တခြား ကံပြုသူများကိုလည်း ကိုယ်က မမှီခိုဘူး။ ဒီတော့ ပတ်ဝန်းကျင် လူသားလောက ကိုလည်း မစွဲငြိ ဘူး။ ပတ်ဝန်းကျင် လူသားလောကရဲ့ အစွဲအငြိလည်း မဖြစ်တော့ဘူး။ သူဟာ သာမည ဖြစ်သွားတယ်။ လူတွေကို ကိုယ် ၊ နှုတ် ၊ နှလုံးအားဖြင့် ဆက်ဆံနေမှာ ဖြစ်ပေမယ့် လူတွေနဲ့  မလိမ်းကျံဘဲ ဖြစ်နေမယ်။ လွန်မြောက်သူ ဖြစ်နေမယ် ပဲပေါ့။
သာမည ဖြစ်သွားတယ် ဆိုလို့  သာမန်ညောင်းည ဖြစ်သွားတယ်လို့  တော့ နားလည်ကြလို့  မဖြစ်ဘူး။ သာမည ဆိုတဲ့ စကားဟာ သာမာန်ညောင်းည ဆိုတဲ့ အထီးကျန်လူ၊ သူတောင်းစားသူ၊ ကိုးကွယ်ရဲ့မဲ့လူ ဒီလိုမျိုး အဓိပ္ပါယ်ရှိတဲ့ စကား မဟုတ်ဘူး။ သာမညအဖြစ်ဆိုတဲ့ အဓိပ္ပါယ် ရှိတဲ့ စကားပဲ ဖြစ်တယ်။
သာမညမူလအနက်
သာမဏကလည်း ဘာထူးသလဲ မပြောလိုက်နဲ့ ။ သာမဏဆိုတာ သမန ဆိုတာက ဖြစ်ပွားတဲ့ စကားပဲ။ အဓိပ္ပါယ် တူသူပေါ့။ လူတွေမှာ တစ်ဦးနဲ့ တစ်ဦး ကွဲပြားမှုတွေ ကုဋေကုဋာ ထဲက တူမျှတာ ရှိတယ်။ အဲဒါက အမှန်တရား ဖြစ်တဲ့ သမာမှု ကို မြတ်နိုးခြင်းပဲ။ မသမာမှုကို ကိုယ်တိုင် မပြတ် ကျင့်သုံးနေသူကပင် သမာမှုကို မြတ်နိုးတာပဲ။ အဲဒါ ထင်ရှား အောင် ကြည့်လို့ ရတယ်။ မသမာမှု အမြဲမပြတ် ပြုနေသူကို တစ်ဦးက မသာမှု ပြုတာ ခံရရင် အတော်ကြီး မကျေ မနပ် ဖြစ်မယ်။ သမာမှု ပြုတာခံရရင် အတော်ြံကီးကျေနပ် တာကို ခံရမှာ ဖြစ်တယ်။ ဒီတော့ မသမာတဲ့ ကိုယ် နှုတ် နှလုံး ဖြစ်တဲ့ ကျူးလွန်မှု ကမ္မမရှိသူဟာ ဒီကမ္မကို ဒီလို ကျူးလွန်တာဟာ အညစ်အကြေးတွေပဲ လို့  ခံယူကြတယ်။ ဒါ ကြောင့် သမာမှုဟာ လူ့ သဘာဝပဲ။ အဲဒီ သဘာဝဖြစ်တဲ့ သမာမှု ဖြစ်နေသူဟာ လူတိုင်းနဲ့  တူညီတဲ့သူ သာမည ဖြစ်တာပဲပေါ့။
သာမညနဲ့  အရိယ
သာမည အဖြစ်ဟာ လူ့ သဘာဝ ရှိသူရဲ့ အမည်ပဲ။ ဒီအဖြစ်ဟာ ရိုးသားတဲ့ အဖြစ်ပဲ။ ဒါဟာ အဆုံးစွန် ဖြူ်စင်တာပဲ။ ဖြူစင်မှုဆိုတဲ့ အဓိပ္ပါယ်ကို ဆောင်နိုင်တဲ့ စကားလုံးဟာ အရိယလို့ ပဲ ဖြစ်တယ်။ အရိယ ဖြစ်သူဟာ လွတ်မြောက်သူပဲ ပေါ့။ အရိယလို့ ပဲ ဖြစ်တယ်။ အရိယ ဖြစ်သူဟာ လွတ်မြောက်သူပဲပေါ့။ အရိယ အဖြစ်ရောက်သူ ကလည်း ကိုယ့်ကို မငြိဘူး။ ကိုယ်ကလည်း သူ့ ကို မငြိဘူး။ ဒီတော့ လွတ်မြောက်တာပေါ့။ လွတ်မြောက်မှုဟာ လောကရဲ့ အမြတ်ဆုံး ငြိမ်းချမ်းမှု ဖြစ်တယ်။
အရိယသစ္စာ လူတွေမသိ
ငြိမ်းချမ်းမှုကို လူ့ လောကဟာ လိုလားကြတယ်။ ဒီငြိမ်းချမ်းမှုကို လောကက လိုလားပေမယ့် မသိကြဘူးပဲ။ ဒီငြိမ်းချမ်း မှုဟာ လူဆိုက်ရောက်ရမယ့် အရာဖြစ်တယ်လို့  မသိကြဘူး။ ဒီတော့ ဒီငြိမ်းချမ်းမှုကို ရောက်ဖို့  ဝေးတော့တာပေါ့။
ဒီလိုပဲ လူ့ အညစ်အကြေးတွေကိုလည်း လူတွေဟာ ရွံမုန်းကြတယ်။ ဒါပေမယ့် လူ့ အညစ်အကြေး အမှန်ဟာ လူ့  ကိုယ်၊ နှုတ်၊ နှလုံး တစ်ခုခု လွန်ကျူးမှု ကမ္မဖြစ်တယ်လို့  မသိကြဘူး။ ဒီတော့ ဒါကို ပိုင်းပိုင်းခြားခြား သိအောင် မလုပ်နိုင်ကြ ဖြစ်ပြီး မသိကြတာပေါ့။
ဒီလို ဒုက္ခကို အမှန်မသိတော့ ဒုက္ခဖြစ်ကြောင်း အမှန်ကို မသိတော့တာပေါ့။ ဒီတော့ဒါဟာ ပယ့်ရမယ့် အရာဆိုတာ မသိတော့ ဘူးပဲ။ နောက်ဆုံးတော့ မပယ်နိုင်တော့တာပေါ့။
လွတ်မြောက်ချင်အာသာနဲ့ နေကြရ
ဒီလိုတွေဘာကြောင့် ဖြစ်နေရတာလည်း ဆိုတဲ့ မေးခွန်းပေါ်လာတယ်။ ဒါရဲ့ အဖြေက လူ့  လောကဟာ ကိုယ်၊ နှုတ်၊ နှလုံးကို အမြင်မှန်မှန်ကလေးနဲ့  အကျူးအလွန် မဖြစ်အောင် နေထိုင်ပြီး ကျူးလွန်မှုရဲ့ အပြစ်အနာအဆာကို သဘာဝ ကျကျ ရှုကြည့်တာဟာ လွတ်မြောက်ကြောင်း အမှန်ဖြစ်တယ်လို့  မသိကြတာကြောင့် လို့  ဖြစ်တယ်။ ဒါကို ဒီလို လောက်တောင် မသိတော့ ဒါဟာ ကျင့်စရာလို့  မဖြစ်တော့ဘူးပေါ့။ ဒါကြောင့် လွတ်မြောက်မှုဟာ လူ့  လောကရဲ့ လိုချင်အာသာ အဖြစ်နဲ့ ပဲ တည်နေတာ ဖြစ်တယ်။
မဂ္ဂအရိယ သစ္စာဖော်နိုင်
ဒါကိုသိပြီး ကာမရဲ့ ချမ်းသာ အစွဲနောက်လိုက်ပြီး လွတ်မြောက်မှုရှာတာနဲ့  ကာမရဲ့ ချမ်းသာ အစွဲက လွတ်ရာနောက် ကို လိုက်ပြီး လွတ်မြောက်မှု ရှာတာတွေဟာ ရိုးသားမှု ဆိုင်ရာ အမှန်တွေသိဖို့  မဟုတ်ဘူးလို့  မြင်ခဲ့တယ်။ ဒီအစွန်း သွားလမ်း နှစ်ကြောင်းရဲ့ အလယ်ကျတဲ့သွားလမ်းတစ်ခုကို တွေ့  ခဲ့တယ်။
ကိုယ့်ဝန်းကျင် လူ့ လောကမှာ ရှိတဲ့ ကာမရူပါ ရူပ ဝတ္ထုတွေကို သမာတဲ့ မျက်စေ့နဲ့  ကြည့်တယ်။ သမာတဲ့ စိတ်နဲ့  တွေးတယ်။ သမာတဲ့ ကိုယ် နှုတ် နှလုံးနဲ့  ပြုမူ ပြောဆို နေထိုင်တယ်။ သမာတဲ့ ကြိုးစား၊ နိုးကြား၊ စိတ်ထားနဲ့  ကိုယ်၊ နှုတ်၊ နှလုံးတွေ သမာနေအောင် ထကြွ၊ နိုးကြား၊ စိတ်ထားနေတယ်။
ဒီတော့ အမြင်သစ်၊ အသိသစ်တွေ ပေါက်ပြီး ငြိမ်းအေးမှု အသိထူး ဖြစ်မှု၊ ထိုးထွင်းသိမြင်မှု၊ စေးအညော်မဲ့မှုတွေ ဖြစ်လာတယ်။ ဘယ်လို အမြင်သစ်၊ အသိ အသစ်တွေ ဖြစ်လာလည်း မေးစရာပဲ။ လူဟာ အညစ်အကြေး မဟုတ်ဘူး။ အညစ်အကြေးဟာ လူရဲ့ ကျူးလွန်မှုတွေကို အမှန်သိလာတယ်။ ဒီအညစ်အကြေးတွေရဲ့ အကြောင်းကိုလည်း လူ အဖြစ်မမွေးမီ အတိတ်ကာလက ကံတွေ မဟုတ်ဘူး။ ကျူးလွန်မှုကို အကောင်းထင်ပြီး ကျူးလွန်လိုတဲ့ အာသာ ဖြစ်တယ်လို့  သိသာတယ်။ ငြိမ်းချမ်း လွတ်မြောက်မှု အမှန်ဟာလည်း လူ့ ကံတွေကုန်ဆုံးပြီး သေပြီးနောက်မှာ ဘဝ ဖြစ် မရှိတော့တာ မဟုတ်ဘူး။ လူ့  ကိုယ် နှုတ် နှလုံးတွေဟာ တစ်ခုခုကမှ လွန်ကျူးမှု မဖြစ်နိုင်တော့အောင် လွန်ကျူးရမှုကို အကောင်းထင်မှု အားလုံး ကုန်ဆုံးခြင်းသာ ဖြစ်တယ်လို့  ဖြစ်တယ်။
ဒီငြိမ်းချမ်း လွတ်မြောက်မှုကိုလည်း ကာမချမ်းသာ စွဲ လွတ်ရာနောက် လိုက်တာ မဟုတ်ပဲ၊ ကာမ ချမ်းသာနောက် လိုက်တာလည်း မဟုတ်ဘဲ ကာမချမ်းသာ အစွဲနှင့် ကာမချမ်းသာစွဲက လွတ်ရာ ဒီနှစ်ဖြာ ကိုယ်စိတ်မှာ မထားဘဲ မသမာတဲ့ ပြောဆို ပြုမှု နေထိုင်မှုတွေ မဖြစ်အောင် နေပြီး မသမာတဲ့ ကြိုးစား၊ နိုးကြား၊ စိတ်ထားဖြစ်တဲ့ မသမာတဲ့ ပြောဆိုပြုမူ နေထိုင်မှုများ မထကြွ၊ မနိုးကြား အာရုံမထားမိအောင် နေတယ်။ မသမာတဲ့ ကိုယ်၊ နှုတ်၊ နှလုံးများ ဖြစ်ပွားလျှင် လူ့ အညစ်အကြေးများ ဖြစ်ပွားပြီး သမာတဲ့ ကိုယ် နှုတ် နှလုံးများ ပွားများမှ ငြိမ်းချမ်းသုခ ရတယ်လို့  သမာတဲ့ အမြင်၊ အတွေးနဲ့  နေတယ်။ ဒီလိုနေတာဟာ လွတ်မြောက် ငြိမ်းချမ်းကြောင်း အမှန် ဖြစ်တယ်လို့  အမြင် အသိအသစ်တွေ ပေါ်ပေါက်လာတယ်။
အညစ်အကြေးနဲ့  လူ အတူထင်စရာ
လူ့ လောကဟာ ကိုယ်၊ နှုတ်၊ နှလုံး လွန်ကျူးမှု ကမ္မတွေကို လူ့ အညစ်အကြေးတွေ ဖြစ်တယ်လို့  မထင်ကြတာ မဟုတ်ဘူး။ ဒီအညစ်အကြေးတွေဟာ ပယ်ဖျောက်လို့  ရကောင်းတာတွေလို့  မထင်ကြလို့  ဒီအညစ် အကြေးတွေဟာ လူ့  သဘာဝ ပစ္စည်းတွေ ဖြစ်တယ်။ လူရှိနေသမျှ ဒီအညစ်အကြေးတွေ ရှိနေမှာပဲ ဆိုပြီး အညစ်အကြေးနဲ့  လူကို တထပ်တည်း ယူလိုက်ကြတာ ဖြစ်တယ်။ ဒီအညစ် အကြေးတွေကလည်း ဒီလို ထင်ချင်စရာ ဖြစ်တယ်။
ဘုရား(၉) လောကအနက်
Labels:
ဘုရား