ဘုရား(၈) ပြေးနိုင်သူပြေး မပြေးနိုင်သူပုန်း

ဒီတော့ တချို့  အစွမ်းကောင်းကြတဲ့ လူတွေဟာ ဒီအညစ်အကြေးတွေက လွတ်အောင် သစ်ပင်ရင်း၊ ၀ါးပင်အောက် လူနဲ့ လွတ်ရာ တစ်ယောက်တည်းသွားနေတာကို လုပ်တာပဲ။ ဒီလောက် အစွမ်းမကောင်းနိုင်ကြတဲ့ သူတွေကျတော့ လည်း ဒီအညစ်အကြေးကတော့ လူပဲ။ ဒီအညစ်အကြေး ကြောက်ရင် ဒီလူကို ကျောခိုင်းရမှာပဲ ဆိုပြီး အဲဒီလူကို ကျောခိုင်းတယ်။ လောကကြီးကလည်း အဲဒီလိုလူချည်း ဖြစ်တော့ သူမျက်နှာမူရတဲ့လူဟာ မရှိသလောက်ရှားတယ်။ မလွှဲသူလို မျက်နှာမူပြီး မိတ်ဆွေဖွဲ့  နေရသူဆိုတာကိုတောင် သူနှင့် ကိုယ့်အကြား အကန့် အသတ် ထားပြီး ဆက်ဆံနေရတာ ဖြစ်တယ်။


အနာဂတ်မဲ့လူ
ဒါကြောင့်လူဟာ လောကအလယ်မှာ မနေမဖြစ်လို့  နေရပေမယ့် အသည်းငယ်ငယ်နဲ့ ပဲ နေနေရတယ်။ မုန်တိုင်းကြီး ကျလုလုပင်ပင်လယ်သမုဒ္ဒရာထဲက လှေငယ်တစ်စင်းပေါ်မှာရှိနေတဲ့ လူတစ်ယောက်လိုပဲ။ ဒီတော့ ခံစရာရှိသမျှ ခံရုံပဲလို့  စိတ်ဒုံးဒုံးချနေဖို့ ကလွဲလို့ တခြားဘာရှိသေးသလဲ။ ကိုယ့်အနာဂတ် မမြင်ရတဲ့ အဖြစ်ရောက်အောင်ပျောက် လုလု ဖြစ်နေပြီ မဟုတ်လား။
ဒီလိုဖြစ်တော့ လူမှာ အသိဉာဏ်ဆိုတာ ကုန်ခဲ့ပြီ။ စိတ်ဓာတ်တွေလည်း ကျခဲ့ပြီ။ ဘာဆန္ဒမှလည်းမရှိတော့ဘူး။ လုံ့ လ ၀ိရိယ ဆိုတာကတော့ ဝေလာဝေး ဖြစ်ခဲ့ပြီ။ ဒါတွေဟာ လူ့ ဦးဆောင် သဘာဝတွေပဲ။ ဒါတွေမရှိတော့ဘူးဆိုတော့ သူဟာ မသေသေးဘူး ပြောရတဲ့ အသက် ရှင်စဉ်အတွင်းမှာပဲ သေနေပြီ မဟုတ်လား။

ကြည့်တတ်သူမြင်ရ သံဝေဂ
ဒီလူဟာ သေပြီဖြစ်ပေမယ့် အသက်ရှင်နေသေးတော့ ဂယောင်အမျိုးမျိုးတွေ ယောင်ရတယ်။ ဖုတ်ဝင်တယ်ဆိုတာမျိုး ပဲ။ ဒါဟာ အထိန်းအချုပ်မဲ့ အလုပ်လုပ်တာရဲ့ နာမည်ပဲ။ လူဟာ အသက်မသေသေးလဲ သေရင်ဒီလိုဖြစ်တာပဲ။ လူ့ လောက ဒီလိုဖြစ်တာကို လူ့ လောက အကြောင်း ခွဲခြမ်းစိတ်ဖြာ ကြည့်မိသူတိုင်း မြင်ကြတယ်။ နည်းနည်းကြည့်သူက နည်းနည်းမြင်ပြီး၊ များများကြည့်သူက များများမြင်ကြတာပဲ။ နည်းနည်းမှ မကြည့်ဘူးဆိုရင်တော့ နည်းနည်းမှ မမြင်တာတွေလည်း ရှိတာပေါ့။
ဒီလိုမြင်သွားကြတဲ့ လူတွေထဲမှာ ဘုရားမဖြစ်ခင်က သူလည်းပါဝင်တယ်။ မြင်ကြသူတွေဟာ လူ့ လောကကို စိတ်ပျက်ကြတယ်။ ဒီလူလောကက လွတ်ရာကို ထွက်ပြေးကြတယ်။ ဒီလူ့ လောကကို ဒီလို အဖြစ်က လွတ်အောင် ကုစားပေးဖို့ တော့ စိတ်မကူးကြဘူး။ ဒီအထဲမှာ သူကတော့ ဒါပဲ စိတ်ကူးနေတယ်။ ဒါကြောင့်လောကရဲ့  ဖြစ်ရပ်ကို ကုန်စင်အောင်ပဲ ကြည့်ခဲ့တယ်။
လူ့ လောကဟာ အသိဉာဏ် အစရှိတဲ့ လူဦးဆောင် နိုင်တာတွေ ကျပျောက်ခံရတဲ့ အခါမှာ ဦးဆောင်မဲ့ အတွေးဖြစ်တဲ့ အစွဲအတွေးတွေ လွှမ်းမိုးလာတာ ခံရတယ်။ အစွဲအတွေးဆိုတာ မရှိမဟုတ်တာတွေကို အရှိလုပ်တွေးတာတွေပဲပေါ့။ ဒါကြောင့် ဒီအတွေးအမြင် ခံရတဲ့ သူဟာ လူ့ လောကနဲ့  လွတ်သွားသူပဲ ဖြစ်တယ်။
သူပြုသမျှတွေဟာ လူတွေမခံသာစရာတွေပဲ ဖြစ်လိမ့်မယ်။ သူပြောသမျှတွေဟာလည်း ဒီလိုပဲ လူတွေ လက်မခံစရာ တွေပဲဖြစ်လိမ့်မယ်။ ဘာမှအလုပ်မဖြစ်တဲ့ အပြုအမူနဲ့  အပြောအဆို တွေချည်း ဖြစ်နေတယ်ပေါ့။ ဒီတော့ ဒီသူဟာ ပတ်ဝန်းကျင်နဲ့  အဆက်မပြတ်လာတယ်။ ကိုယ့်သူနားမလည်၊ သူ့  ကိုယ်နားမလည် တွေဖြစ်ပြီ။
နားမလည်သူတွေအချင်းချင်း အုပ်စုဖွဲ့  နေတာထက် အုပ်စုအပြင်အပမှာ တစ်ယောက်တည်းနေရတာက ပိုမိုသာလွန် တယ်လို့  လူတွေသိကြတယ်။ ဒါပေမယ့် အုပ်စုအတွင်းမှာ မွေးဖွား ကြီးပြင်းလာကြတာဆိုတော့ အုပ်စုပြင်ဘက်ကို တစ်ယောက်တည်း ခွဲခွာမသွား ၀ံ့ကြဘူး ဖြစ်နေတယ်။ ဒီတော့ အုပ်စုထဲက လည်ဝယ်တဲ့ သူတွေရဲ့  ချယ်လှယ်ချင်သ လိုချယ်လှယ်တာကို မကျေနပ်ပေမယ့် အနေတတ်တာကြောင့် ခါးစည်းခံနေကြရတယ်။

ဖောက်ထွက်ဆင်ခြင်ခြင်း
လူ့ လောကရဲ့ အိုစာနေတဲ့အဖြစ်၊ နာမကျန်းသူလို ဖြစ်နေတဲ့အဖြစ်၊ အသက်မ၀င် မရှင်မသန် ဖြစ်နေရတဲ့ အဖြစ်၊ ဒီအဖြစ်တွေဟာ လူ့ အညစ်အကြေးတွေပဲ ၊ ဒီအညစ်အကြေးတွေရဲ့  အရင်းအကျဆုံး အရာကို အရကောက်ရင် လူ့ အဖြစ်ရတာ မဟုတ်ဘူး။ လူမဟုတ်ဘူးလို့ ရတယ်။ လောကလို့ ခေါ်တဲ့လူတစ်ဦးနဲ့  တစ်ဦး ပေါင်းစည်း ဆက်ဆံမှုရဲ့  အချိုးမကျမှုပဲ ဖြစ်တယ်။ တစ်ဦးအပေါ် တစ်ဦးက ကျူးလွန်တဲ့ ဆက်ဆံမှု ဖြစ်တာဟာ အရင်းအကျဆုံး အညစ်အကြေး ဖြစ်တယ်ပေါ့။

လူနဲ့ အညစ်အကြေးခွဲကြည့်
လူဟာအညစ်အကြေးမဟုတ်ဘူး။ လူ့ ရဲ့ ကျူးလွန်မှုသာ အညစ်အကြေး ဖြစ်တယ်လို့ အဖြေထွက်တယ်။ ဒီအဖြေဟာ ရှင်းလင်းတဲ့ အဖြေဖြစ်တယ်။ ဦးခေါင်းမူးနောက်တာနဲ့  ဦးခေါင်း၊ ၀မ်းဗိုက်နာကျင်တာနဲ့  ၀မ်းဗိုက်၊ ဒါတွေဟာ ဦးခေါင်း နဲ့ ဝမ်းဗိုက်နာကျင်တာတွေ မဟုတ်ဘူး။ မူးနောက်နာကျင် ခံရတာတွေပဲ ဟုတ်ကြတယ်။ မူးနောက် နာကျင်မှု ရောဂါ ဝေဒနာ တွေကသာ မူးနောက်နာကျင်မှု အစစ်အမှန်တွေ ဖြစ်ကြတယ်။ ဒါကြောင့်မူးနောက် နာကျင်မှုကို ပျောက်အောင် ဗိုက်နာပျောက်အောင် မူးနောက်နဲ့ ဗိုက်နာ ရောဂါတွေကိုပဲ ဖျောက်ဖျက်တဲ့ အကုအသ ခံကြတာ အထင်အရှားဖြစ်တယ်။
မူးနောက်တာဟာ ဦးခေါင်းမဟုတ်ဘူး။ ဦးခေါင်းဟာ မူးနောက်တာကို ဆောင်ထားသူသာ ဖြစ်တယ်။ နာတာဟာ ဗိုက်မဟုတ်ဘူး။ ဗိုက်ဟာ နာတာကို ဆောင်ထားတဲ့အရာသာ ဖြစ်တယ်။ ဒီလိုပဲ အညစ်အကြေးဟာ လူမဟုတ်ဘူး။ လူဟာ အညစ်အကြေးကို ဆောင်ထားတဲ့ သူသာဖြစ်တယ်ပေါ့။
ဒီနေရာမှာ စဉ်းစားစရာတော့ ရှိတယ်။ ခေါင်းနဲ့ ခေါင်းမူးနောက်တာကို ခွဲလိုက်ရင် ဗိုက်နဲ့ ဗိုက်နာတာကို ခွဲလိုက်ရင် မူးနောက်တယ် နာကျင်တယ်ဆိုတဲ့ ရောဂါဟာ ဘယ်လိုဟာလဲလို့ ပဲ။ ဒီမေးခွန်းအတွက် ဖြေဟာ မငုပ်မကျည်းဘူး။ ဒါကိုယှဉ်ကြည့်ရမယ်။ ခေါင်းဟာသဘာဝဓာတ်ငွေ့ နဲ့ ဖွဲ့  စပ်တည်ရှိနေတဲ့အရာဖြစ်တယ်။ ဗိုက်လည်းဒီလိုပဲ၊ တစ်ခုတည်းရှိတဲ့ အမာခံပစ္စည်း မဟုတ်ဘူး။ ဒီတော့ ဖွဲ့ စပ်ထားတဲ့ သဘာဝဓာတ်တွေထဲက တစ်ခုခု အချိုးမကျဖြစ်ပြီး ဖောက်ပြန်သွားမယ် ဆိုရင် ဒီလိုဖြစ်တာဟာ ရောဂါပဲပေါ့။ မူးတယ် နာတယ်ဆိုတဲ့ ရောဂါဟာ အဲဒီရောဂါကို ဆောင်သူဖြစ်တဲ့ခေါင်း၊ ဗိုက်တို့ ရဲ့  ပစ္စည်းအစိတ်အပိုင်းတစ်ခုခု ချွတ်ယွင်း ဖောက်ပြန်တာရဲ့ နာမည်ပဲ ဖြစ်တယ်။ ဒီအစိတ်အပိုင်းဟာခေါင်းနဲ့  ဗိုက်အဖြစ် ရောက်တဲ့အထိအဆင့်မရှိဘူး။ ဒါကြောင့်ခေါင်းနဲ့ ဗိုက်မှာ ဖြစ်တဲ့ရောဂါဟာ ခေါင်းနဲ့ ဗိုက် မဟုတ်ဘူး။ ခေါင်းနဲ့ ဗိုက်မှာဖြစ်တဲ့ ရောဂါပဲ ဟုတ်တယ်လို့ ဆိုခဲ့တာ ဖြစ်တယ်။
လူနဲ့  လူအညစ်အကြေးလည်း ဒီလိုပဲ။ လူဟာ အညစ်အကြေး မဟုတ်ဘူး။ လူဟာ အညစ်အကြေးကို ဆောင်သူပဲ ဖြစ်တယ်။ အညစ်အကြေးဟာ လူရဲ့ အဆောင်ခံသာ ဖြစ်တယ်ပေါ့။ လူနဲ့  လူ့ အညစ်အကြေးကို ခွဲလိုက်တော့ အညစ် အကြေးကို အရကောက်ဖို့ မှာ စဉ်းစားစရာ ရှိလာတာပေါ့။ ဒီစဉ်းစား စရာလည်း မငုပ်မကျည်းဘူး။


လူနဲ့  အညစ်အကြေးကွဲပြား
လူဟာလည်း ဓါတ်သဘာဝ ပစ္စည်းတွေနဲ့  စပ်ဟပ်ဖွဲ့ စည်း တည်ဆောက်ခံထားရတဲ့ အရာပဲ ဖြစ်တယ်။ တစ်ခုတည်း ဖြစ်တဲ့ အမာခံ သဘာဝ ပစ္စည်း မဟုတ်ဘူး။ အစိတ်အပိုင်း ပစ္စည်းပေါင်း အမြောက်အမြားပဲ အဲဒီထဲမှာ ကိုယ်ဆိုတဲ့ အစိတ်အပိုင်း၊ စိတ်ဆိုတဲ့ အစိတ်အပိုင်း၊ ဒီနှစ်ပိုင်းဟာ အတော် ထင်ရှားတာတွေပဲ။ ဒီအစိတ်အပိုင်း ပစ္စည်တွေထဲက တစ်ခုခု ချွတ်ယွင်း ဖောက်ပြန်တဲ့ လူ့ အစိတ်အပိုင်း တစ်ခုခုရဲ့ နာမည်ပဲပေါ့။
အဲဒီ အစိတ်အပိုင်းဟာ လူဆိုတဲ့ နာမည်မရဘူး။ လူဟာအဲဒီ အစိတ်အပိုင်းတွေ ပေါင်းစပ်ပြီးမှ ဖြစ်တည်နေတာရဲ့ နာမည်ပဲ ဖြစ်တယ်။ ဒါကြောင့် ဒီ ချွတ်ယွင်း ဖောက်ပြန်တဲ့ အစိတ်အပိုင်းဟာ လူမဟုတ်ဘူး။ လူမှာ ဖြစ်တဲ့ အညစ်အကြေး စုတွေပဲ ဖြစ်တယ်ပေါ့။
အဲဒီ ချွတ်ယွင်းဖောက်ပြန်တဲ့ လူရဲ့ အစိတ်အပိုင်း ပစ္စည်းဟာ ဘာလဲ။ လူ့ အမှုတွေပဲ ဖြစ်တယ်။ လူရဲ့ကိုယ်နဲ့  ကျူးလွန်တဲ့ အမှု၊ နှုတ်နှင့် ကျူးလွန်တဲ့ အမှု နှင့် စိတ်နှင့် ကျူးလွန်တဲ့ အမှုတွေပဲပေါ့။ ဒီအမှုတွေဟာ လူဆိုတဲ့ အပေါင်းအရာ ဝတ္ထုကြီးရဲ့ အစိတ်အပိုင်းတွေ ဖြစ်တယ်။ ဒါကြောင့် အစိတ်အပိုင်းဖြစ်တဲ့ ဒီအမှုတွေဟာ လူတွေ မဟုတ် ကြဘူး။

လွန်ကျူးမှုတွေဟာ အနတ္တတွေ

လူ့ အစိတ်အပိုင်းပစ္စည်း ဖြစ်တဲ့ ဒီလွန်ကျူးမှုတွေဟာ အပြစ်တွေ ဖြစ်တယ်။ လူက စွန့် ပစ်ရမယ့် အရာဖြစ်လို့  ခေါ်ရတဲ့ နာမည်ပေါ့။ အနာအဆာလို့  ခေါ်ရတဲ့ အာဗာဓတွေ ဖြစ်တယ်။ ရောဂါဘယ တွေဖြစ်တယ်။ ပရလို့  ခေါ်ရတဲ့ သူစိမ်းပြင်ပ ရန်သူတွေဖြစ်တယ်။ ကိုယ်မဟုတ်တဲ့ အနတ္တ ဖြစ်တယ်။ အညစ်အကြေးတွေ ပဲပေါ့။
ဒါတွေဟာ လူတွေရဲ့ လွန်ကျူးမှု ဖြစ်တဲ့ အမှုလို့  ခေါ်ရတဲ့ ကမ္မတွေပဲ။ ဒီကမ္မတွေဟာ လူကို ချယ်လှယ်တဲ့ တစ်ခုတည်း ပစ္စည်းလို့  ပြောရလောက်အောင် ရှိတယ်။ လူတွေကို တစ်ဦးနဲ့  တစ်ဦး ကွဲပြားခြားနားစေတဲ့ အနိမ့်၊ အမြင့်၊ အကောင်း၊ အဆိုး၊ အမျိုးမျိုးကို ဖန်တည်းပေးတဲ့ အရာပဲ။ ဒီကမ္မဟာ တစ်ဦးနဲ့  တစ်ဦး အငြိအစွန်းတွေတွေကို ဖြစ်စေတယ်။ မက်မောမှုကိုလား၊ ဒါမှမဟုတ် ကြောက်ရွံ့ မှုကိုလား။ တစ်မျိုး တစ်မျိုး အားဖြင့် လူကို ဆွဲဆောင် ညှို့ ငင် နိုင်တယ်။ ဒါကြောင့် ကမ္မဟာ လူတွေကို တစ်ဦးနဲ့  တစ်ဦး စွဲငြိစေတဲ့ အရာ ဖြစ်တယ်။ ချစ်လို့ လည်း စွဲငြိနေတာပဲ၊ မုန်းလို့ လည်း စွဲငြိနေတာပဲ။ ဒီလို တစ်ဦးနဲ့  တစ်ဦး စွဲငြိနေတဲ့ လူ့ အပေါင်း အဖွဲ့ ကြီးကိုပဲ လောကလို့  ခေါ်ရတာ ဖြစ်တယ်။
ဒီကမ္မတွေဟာ လူတွေကို မှီခိုသူနဲ့  အမှီခိုခံသူ အဖြစ်တွေကို ဖြစ်စေတဲ့ အရာတွေ ဖြစ်တယ်။ ကိုယ်က ကံပြုတဲ့ အခါ ကိုယ့်ကို သူများက မှီခိုတယ်။ ကိုယ်ကလည်း ကိုယ့်အပေါ် ကံပြုသူကို မှီခိုပြန်တယ်။ ဒီလိုပဲ လူတွေဟာ တစ်ဦးနဲ့  တစ်ဦး အပြန်အလှန် မှီခိုနေကြတာပဲ။ ဒီလို တစ်ဦးနဲ့  တစ်ဦး ပေါင်းစပ်ဖွဲ့ စည်း နေတာဟာ အညစ်အကြေး တွေရဲ့ ဖြစ်တည်မှု ကြီးပဲပေါ့။ ဒီလို ဖြစ်တည်မှု ကြီးဟာ လွှမ်းမိုး နေတဲ့ လူတွေရဲ့ ပေါင်းစပ်ဖွဲ့ စည်းမှုကို လောကလို့  ခေါ်ရတာပဲ။

Website counter

Back to TOP